ဆာ​လံ-17

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ထာ ဝ ရ ဘု ရား၊ ဖြောင့် မှန် ရာ ကို နာ ခံ လျက်၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ကြား နာ လျက်၊ ပ ရိ ယာယ် ကင်း သော နှုတ် မှ ထွက် ရာ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။
  • 2 မျှ တ ခြင်း တ ရား ကို မျက် မှောက် ပြု တော် မူ သည့် အ လျောက်၊ အ ကျွန်ုပ် ခံ ထိုက် ရာ စီ ရင် ချက် ကို ထုတ် ဆင့် တော် မူ ပါ။
  • 3 ကိုယ် တော် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ကို စံ ချ လျက်၊ ညဉ့် အ ခါ၌ ရှု ကြည့် လျက်၊ ချော် မ တွေ့ ဘဲ ချွတ် တော် မူ ပါ ပြီ။ နှုတ် ဖြင့် မ ကျူး မ လွန် ရ ဟူ၍၊ အ ကျွန်ုပ် ပြ ဋ္ဌာန်း ပါ၏။
  • 4 လူ တို့ ဘာ ဝ အ ပြု အ ကျင့် များ ကို၊ ထောက် လျှင်၊ နှုတ် တော် ထွက် ဗျာ ဒိတ် တော် အား ဖြင့်၊ ကြမ်း ကြုတ် သူ တို့ နည်း လမ်း မှ၊ အ ကျွန်ုပ် လွှဲ ရှောင် လျက် နေ ခဲ့ ပါ ပြီ။
  • 5 ခြေ မ ချော် ဘဲ၊ နည်း လမ်း တော် ကို စွဲ မြဲ စွာ လျှောက် လိုက် ခဲ့ ပါ ပြီ။
  • 6 အို ဘု ရား သ ခင်၊ ထူး တော် မူ မည် ဖြစ် သော ကြောင့်၊ အ ကျွန်ုပ် ခေါ် ပါ၏။ နား တော် လှည့်၍၊ လျှောက် ဆို ချက် ကို နာ ခံ တော် မူ ပါ။
  • 7 ကိုး စား သူ တို့ ကို၊ ထ ကြွ သူ တို့ မှ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ သော အို အ ရှင်၊ အံ့ ဖွယ် သော မေ တ္တာ ကျေး ဇူး တော် များ ကို ပြ တော် မူ ပါ။
  • 8 အ ကျွန်ုပ် ကို ဝန်း ဝိုင်း၍ လု ယက် သော လူ ဆိုး၊ အ သက် အ န္တရာယ် ရှာ ကြံ သော ရန် သူ တို့ မှ၊ စ က္ခု သူ ငယ် အိမ် သ ဖွယ် စောင့် ထိန်း လျက်၊ အ တောင် တော် အောက်၌ ကွယ် ကာ ထား တော် မူ ပါ။
  • 9
  • 10 ထို သူ တို့ သည်၊ သ နား စိတ် ချုပ် ချယ်၍ မောက် မာ စွာ ပြော ဆို လျက်၊
  • 11 အ ကျွန်ုပ် တို့ ခြေ ရာ ကို၊ ယ ခု ဝိုင်း မိ သ ဖြင့် မြေ ကြီး အထိ ဖြို လှဲ ရန် စိုက် ကြည့် လျက်၊
  • 12 ကိုက် စား လို သော ခြင်္သေ့ အို၊ ခို အောင်း သော ခြင်္သေ့ ပျို သ ဖွယ် နေ ကြ ပါ၏။
  • 13 အို ထာ ဝ ရ ဘု ရား၊ ထ ပြီး လျှင်၊ ဆိုင် ပြိုင်၍ ဖြို လှဲ တော် မူ ပါ။ အ ကျွန်ုပ် အ သက် ကို၊ လူ ဆိုး တို့ လက် မှ ဓား တော် ဖြင့်လည်း ကောင်း၊
  • 14 လော က သား တို့ လက် မှ လက် ရုံး တော် ဖြင့် လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။ ထို သူ တို့ သည်၊ ဤ ဘ ဝ၌ ကိုယ့် ပိုင် စု ကို ရ လျက်၊ ဘ ဏ္ဍာ တော် များ ကြောင့် ဝမ်း ပြည့် လျက်၊ သား သ မီး များ ကို ရ ရှိ ၍၊ ကျန် ရစ် သော ပ စ္စည်း ကို၊ ကိုယ့် သား ငယ် ကို ဆက် ခံ ရ ကြ ပါ ၏။
  • 15 အ ကျွန်ုပ် မူ ကား၊ ဖြောင့် မတ် သော အ ဖြစ် ၌ မျက် နှာ တော် ကို ဖူး မျှော် ခွင့်၊ နိုး ထ ရ သည့် ကာ လ၊ ပုံ သ ဏ္ဌာန် တော် နှင့် ရောင့် ရဲ ခွင့် ရ ပါ လိမ့် မည်။
回到本卷目录 回到本版本目录 回到首页