1
ထို့ နောက် ထာ ဝ ရ ဘု ရား က၊ အ ဆုံး အ မ ပေး သူ သည်၊ အ န န္တ တန် ခိုး ရှင် နှင့် ဘက် ပြိုင် မည် လော။ ငါ ဘု ရား အား ချေ ပ လို သူ သည် တုံ့ ပြန် စေ ဟု၊ ယော ဘ အား မိန့် မြွက် တော် မူ ပြန် လျှင်၊
2
3
ယော ဘ က၊ အ ကျွန်ုပ် သည် ယုတ် ညံ့ လှ၍၊ မည် သို့ ပြန် လျှောက် ရ အံ့ နည်း။ နှုတ် ကို လက် နှင့် ပိတ် ထား ပါ မည်။ တစ် ကြိမ် မ က၊ နှစ် ကြိမ် မြောက် လျှောက် မိ ခဲ့ ပါ ပြီ။ ဆက် လက် ၍ တုံ့ ပြန် တော့ မည် မ ဟုတ် ပါ ဟု၊ ထာ ဝ ရ ဘု ရား အား လျှောက် ထား လေ၏။
4
5
6
ထို အ ခါ၊ ထာ ဝ ရ ဘု ရား သည် လေ ပြင်း မုန် တိုင်း ထဲ မှ ယော ဘ အား တုံ့ ပြန် မိန့် မြွက် တော် မူ သည် ကား၊
7
သင့် အား ငါ မေး မြန်း သည့် အ တိုင်း၊ ယောက်ျား ဘာ ဝ ခါး စည်း လျက် ဖြေ ဆို လော့။
8
သင် သည် ဖြောင့် မတ် ရာ ရောက် စေ ခြင်း ငှာ၊ ငါ ဖြောင့် မတ် ခြင်း ကို ငြင်း ဆို၍၊ ငါ့ ကို ပြစ် တင် စီ ရင် မည် လော။
9
ငါ ဘု ရား ကဲ့ သို့ လက် ရုံး ရည် ရှိ သည့် ပြင်၊ ငါ့ အ သံ ကဲ့ သို့ မိုး ချုန်း နိုင် သ လော။
10
တတ် ပေ မူ၊ မြင့် မြတ် ချီး မြှောက် ခြင်း နှင့် ဆင် ယင် လျက်၊ ဘုန်း အာ နု ဘော် ကို ဝတ် ခြုံ ပြီး လျှင်၊
11
ဒေါ သ အ မျက် ထ၍၊ စိတ် မြင့် ထောင် လွှား သ မျှ သော သူ တို့ ကို ရှု မှတ် ရှုတ် ချ နှိမ် နှင်း လျက်၊ လူ ဆိုး တို့ ကို လည်း နေ ရင်း အ ရပ် တွင် နင်း ချေ ပြီး နောက်၊
12
13
မြေ မုန့် ဖြင့် အ တူ တ ကွ မြှုပ် ကွယ်၍၊ မျက် နှာ များ ကို မှောင် မိုက် နှင့် ဖုံး အုပ် လော့။
14
သို့ ပြု လျှင်၊ ကိုယ့် လက် ရုံး ဖြင့် ကိုယ် ကို ကယ် နိုင် လေ စွ ဟု၊ ငါ ချီး မွမ်း လိမ့် သ တည်း။
15
သင် နှင့် အ တူ ငါ ဖန် ဆင်း သော ရေ မြင်း ကို ဆင် ခြင် လော့။ နွား ကဲ့ သို့ မြက် ကို စား သော် လည်း၊
16
ခါး ၌ လည်း ကောင်း၊ ဝမ်း ကြော၌ လည်း ကောင်း၊ ခွန် အား ဗ လ တည်၍။
17
အ မြီး သည် ထင်း ရူး ခက် ကဲ့ သို့ တွဲ လျား ကျ လျက်၊ ပေါင် ကြော များ လည်း လိမ် ရှက် လျက် ရှိ၏။
18
အ ဋ္ဌိ အ ရိုး များ သည်၊ ကြေး ပြွန် သံ ချောင်း များ နှင့် တူ၏။
19
ထို တိ ရ စ္ဆာန် သည် ဘု ရား သ ခင်၏ က နား ဦး အ မှု အ ရာ ဖြစ် လျက်၊ ဖန် ဆင်း သော အ ရှင် က၊ လက် နက် အပ် ပေး တော် မူ သည့် ပြင်၊
20
၎င်း အ စာ သည်၊ မြေ သ တ္တ ဝါ အ မျိုး မျိုး တို့ မြူး ထူး ရာ တောင် တန်း၌ ပေါက် ထွက် တတ်၏။
21
ရေ မြင်း သည်၊ စိမ့်၊ ကျူ တော၊ မြစ် ချင်း ပင် အောက် များ၌ ဝပ် နေ သ ဖြင့်၊ မြစ် ချင်း ပင် များ သည် အ ရိပ် နှင့် လွှမ်း မိုး၍၊
22
မြစ် နား ရှိ မိုး မ ခ ပင် များ လည်း ဝိုင်း ကာ လျက် ရှိ၏။
23
မြစ် ရေ သည် တ ဟုန် တည်း စီး လာ သော်၊ မ ကြောက်။ ၎င်း ခံ တွင်း ရောက် ယော် ဒန် မြစ် တက် စီး သော် လည်း၊ စိတ် ချ လျက် နေ၏။
24
၎င်း ကို အ ထင် အ ရှား ဖမ်း ယူ၍၊ နား ဖား ဖောက် လျက် ကြိုး ကွင်း တပ် နိုင် သ လော။