1
ထို သို့ ကိုယ် ဖြောင့် မတ် သည် ဟု ယော ဘ ထင် မြင် သော ကြောင့်၊ သုံး ဦး သား တို့ မ တုံ့ ပြန် ဘဲ နေ ကြ ရာ၊
2
ဗု ဇ အ မျိုး၊ ရာ မ အ နွယ်၊ ဗာ ရ ခေ လ၏ သား ဧ လိ ဟု သည် ဒေါ သ မီး လောင် လျက်၊ ဘု ရား သ ခင် ထက် ကိုယ် ဖြောင့် မတ် သည် ဟူ သော စ ကား ကြောင့်၊ ယော ဘ အ ပေါ် တွင် အ မျက် ထွက် သည့် ပြင်၊
3
ယော ဘ အား အ ပြစ် ဖော် ပြ ရန် ချေ ပ ချက် ကို၊ အ ဆွေ ခင် ပွန်း သုံး ဦး တို့ မ တွေ့ ကြ သည့် အ တွက်၊ ၎င်း တို့ ကို လည်း အ မျက် ထွက် သေး၏။
4
ထို သူ တို့ သည် ဧ လိ ဟု ထက် အ သက် ကြီး သည် နှင့် အ ညီ၊ ယော ဘ အား ပြော ခွင့် ရ ရန် ဧ လိ ဟု ဆိုင်း လင့် သော် လည်း၊
5
၎င်း သုံး ဦး တို့ နှုတ် တွင် ချေ ပ လျက် မ ရှိ သည် ကို သိ မြင် သော ကြောင့်၊ အ မျက် ထွက် လေ၏။
6
ထို အ ခါ ဗု ဇ အ မျိုး၊ ဗာ ရ ခေ လ၏ သား ဧ လိ ဟု တုံ့ ပြန် မြွက် ဆို သည် ကား၊ အ ကျွန်ုပ် သည် အ သက် ငယ် ပါ၏။ သင် တို့ မူ ကား အို မင်း ကြ၏။ ထို့ ကြောင့်၊ အ ကျွန်ုပ် အား နာ၍၊ သ ဘော ရှိ တိုင်း သင် တို့ အား မ ဖော် ပြ ဝံ့ ချေ။
7
နေ့ ရက် တာ ရှည် သူ ပြော ဆို သင့်၏။ နှစ် ပေါင်း များ စွာ ရှိ သူ သည်၊ ပ ညာ စ ကား ကို သိ စေ အပ် သည် ဟု၊ အ ကျွန်ုပ် အောက် မေ့ သော် လည်း၊
8
လူ၌ ဝိ ညာဉ် တော် ရှိ၏။ အ န န္တ တန် ခိုး ရှင်၏ ဇီ ဝ အ သက် လည်း၊ နား လည် စေ သ တည်း။
9
ပ ညာ ရှိ သော သူ တို့ မှ၊ အ သက် ကြီး သူ များ မ ဟုတ်။ တ ရား ဆုံး ဖြတ် ခြင်း ကို နား လည် သော သူ တို့ ကား၊ လူ ကြီး များ မ ဟုတ် ချေ။
10
သို့ ဖြစ်၍ အ ကျွန်ုပ် သည်၊ သ ဘော ရှိ တိုင်း ဖော် ပြ ပါ မည်။ နား ထောင် ပါ လော့ ဟု အ ကျွန်ုပ် ဆို ရ၏။
11
ကြည့် ပါ လော့။ သင် တို့ စ ကား ကို အ ကျွန်ုပ် စောင့် စား၏။ မည် သို့ ပြော ဆို မည် ကို ရှာ ဖွေ ကြ စဉ် လည်း အ ချက် ကြီး အ ချက် ကောင်း ကို နား စွင့် လျက် နေ၏။
12
ထို သို့ နား ထောင် သော် လည်း၊ သင် တို့ အ နက် ယော ဘ၏ စ ကား ကို တုံ့ ပြန် ထု ချေ နိုင် သူ မ ရှိ လေ စွ တ ကား။
13
ပ ညာ ရှင် ကို ငါ တို့ တွေ့ ပြီ။ လူ ချင်း မ နိုင်၊ ဘု ရား သ ခင် သာ လျှင်၊ နိုင် တော် မူ မည် ဟု မ ပြော ကြ နှင့်။
14
သူ သည် အ ကျွန်ုပ် တ ဘက်၌ ပြော ဆို ရန် စီ စဉ်၍ မ ထား သေး၊ အ ကျွန်ုပ် လည်း သင် တို့ စ ကား အ တိုင်း ပြန် ပြော မည် မ ဟုတ်။
15
ထို သူ တို့ သည် ကြောက် လန့် သ ဖြင့်၊ စ ကား ဖြတ်၍ ဆက် လက် မ တုံ့ ပြန် နိုင်။
16
ထို သို့ မ တုံ့ ပြန် မ ပြော ဆို ဘဲ နေ ကြ သည့် နည်း တူ၊ အ ကျွန်ုပ် လည်း ဆိုင်း လင့် ရ ဦး မည် လော။
17
အ ကျွန်ုပ် တာ ဝန် အ တိုင်း တုံ့ ပြန်၍၊ သ ဘော ကို ဖော် ပြ ပါ မည်။
18
အ ကျွန်ုပ် သည် စ ကား များ နှင့် ပြည့် လျက်၊ အ တွင်း စိတ် က ကျပ် တည်း စွာ နှိုး ဆော် လှ လေ ပြီ။
19
ဝမ်း လည်း၊ ပေါက် ထွက် ရန် မ ရှိ သော စ ပျစ် ရည် နှင့် တူ လျက်၊ သား ရေ ဘူး သစ် ကဲ့ သို ပေါက် ကွဲ အံ့ သည် ကို စိုး ရိမ်၍၊
20
လွတ် ငြိမ်း စေ ရန် နှုတ် ဖွင့် လျက် တုံ့ ပြန် ပြော ဆို လိမ့် မည်။
21
လူ့ မျက် နှာ ကို အ ကျွန်ုပ် မ ထောက် ပါ ရ စေ နှင့်။ မည် သူ့ ဘွဲ့ နာ မ ကို မျှ အ ကျွန်ုပ် သုံး မည် မ ဟုတ်။
22
ထို သို့ သုံး ရန် လည်း နား မ လည်။ သုံး မိ လျှင် အ ကျွန်ုပ် ကို ဖန် ဆင်း သော အ ရှင် သည်၊ မ ကြာ မီ သိမ်း သွား တော် မူ လိမ့် သ တည်း။