1
အာ မ ဇိ မင်း သည်၊ အိမ် နိမ့် နှစ် ဆယ့် ငါး နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ နှစ် ဆယ့် ကိုး နှစ် စိုး စံ လေ ၏။ မယ် တော့် အ မည် ကား၊ ယေ ရု ရှ လင် မြို့ သူ ယ ဒ္ဒန် တည်း။
2
ထို မင်း သည်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် သော် လည်း၊ စုံ လင် သော စိတ် နှင့် ပြု သည် မ ဟုတ်။
3
အာ ဏာ တော် ခိုင် ခံ့ လျှင် ခိုင် ခံ့ ချင်း၊ ခ မည်း တော် အား လုပ် ကြံ သူ ကျေး ကျွန် တို့ ကို ကွပ် မျက် လေ ၏။
4
ချင်း တို့ သား သ မီး များ ကို ကား၊ ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် အ ရ၊ အ ဘ သည် သား ၏ ပြစ် မှု ကြောင့် လည်း ကောင်း၊ သား သည် အ ဘ၏ ပြစ် မှု ကြောင့် လည်း ကောင်း၊ သေ ဒဏ် မ ခံ ရ။ မည် သူ မ ဆို၊ ကိုယ့် ပြစ် မှု ကြောင့် သာ သေ ဒဏ် ခံ စေ ဟု၊ မော ရှေ့ ကျမ်း တွင် ပ ညတ် သည် နှင့် အ ညီ လိုက်၍ မ ကွပ် မျက် ချေ။
5
၎င်း ပြင် အာ မ ဇိ မင်း သည်၊ ယု ဒ၊ ဗင်္ယာ မိန့် သူ ရဲ အ ပေါင်း တို့ ကို စု ရုံး လျက်၊ ထောင် တပ် မှူး၊ ရာ တပ် မှူး တို့ လက် အောက် တွင်၊ အိမ် ထောင် များ အ လိုက် ဖွဲ့ စည်း ကြည့် ရှု သော အ ခါ၊ လှံ နှင့် ဒိုင်း လွှား ကိုင်၊ စစ် ချီ နိုင် သူ၊ အ သက် နှစ် ကျော်၊ လက် ရွေး သူ ရဲ သုံး သိန်း တို့ ကို ရ၏။
6
ဣ သ ရေ လ စစ် ခေါင်း မာ သူ တစ် သိန်း ကို လည်း၊ ငွေ ချိန် ခွက် သုံး ထောင် နှင့် ငှား ရ၏။
7
ထို ကာ လ၊ ဘု ရား သ ခင့် လူ ယုံ တော် သည် လာ၍၊ အို ဘု ရင် မင်း၊ ဣ သ ရေ လ အ လုံး အ ရင်း အား၊ လိုက် ခွင့် ပြု တော် မ မူ ပါ လင့်။ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး တည်း ဟူ သော ဧ ဖ ရိမ် အ မျိုး သား တို့ နှင့် အ တူ၊ ရှိ တော် မူ သည် မ ဟုတ်။
8
ခေါ် လျှင် မူ ကား၊ လုံ့ လ ထုတ်၍ စစ် တိုက် လော့။ ရန် သူ ရှေ့ ဘု ရား သ ခင် ကျ ဆုံး စေ တော် မူ မည်။ ဘု ရား သ ခင်၌ အောင် မြင် စေ ခြင်း၊ ကျ ဆုံး စေ ခြင်း တန် ခိုး ရှိ တော် မူ သည် ဟု ဆို လျှင်၊
9
အာ မ ဇိ မင်း က၊ ဣ သ ရေ လ အ လုံး အ ရင်း တို့ အား ပေး ရ သော ငွေ ချိန် ခွက် သုံး ထောင်၊ အ ချည်း နှီး ဖြစ် ရ မည် လော ဟု မေး မြန်း သော်၊ ဘု ရား သ ခင့် လူ ယုံ တော် က၊ ထာ ဝ ရ ဘု ရား သည် ထို ငွေ ထက် များ စွာ ပေး တော် မူ နိုင် ၏ ဟု ပြန် ဆို သည် နှင့် အ ညီ၊
10
ဧ ဖ ရိမ် ပြည် မှ လိုက် ပါ သော အ လုံး အ ရင်း ကို၊ အာ မ ဇိ မင်း ခွဲ ထား လျက်၊ နေ ရာ ရင်း သို့ ပြန် လွှတ် သည့် အ တွက်၊ ထို သူ တို့ သည် ယု ဒ အ မျိုး ကို ရန် ငြိုး ဖွဲ့ ပြီး လျှင်၊ ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လျက်၊ နေ ရာ ရင်း သို့ ပြန် သွား ကြ လေ ၏။
11
အာ မ ဇိ မင်း သည်၊ ရဲ ရင့် သော စိတ် နှင့် ဆား ချိုင့် သို့ တပ် ဦး ချီ သွား ၍၊ စိ ရ ပြည် သား တစ် သောင်း ကို လုပ် ကြံ ပြီး မှ၊
12
ယု ဒ ရဲ မက် တို့ လည်း၊ အ ခြား တစ် သောင်း ကို သုံ့ ဘမ်း လျက်၊ ကျောက် တောင် ထိပ် သို့ ဆွဲ ငင် တွန်း ချ ရာ၊ ကျိုး ပဲ့ ပျက် စီး ကြ လေ ၏။
13
စစ် ကူ ခွင့် မ ပေး ဘဲ အာ မ ဇိ မင်း ပြန် လွှတ် သော အ လုံး အ ရင်း မူ ကား၊ ရှ မာ ရိ နယ် စပ် မှ ဗေ သော ရုန် မြို့ တိုင် အောင်၊ ယု ဒ မြို့ ရွာ တစ် လျှောက် အ နု ကြမ်း စီး လျက်၊ လူ သုံး ထောင် ကို သတ် ၍ ဥ စ္စာ များ စွာ လက် ရ သိမ်း သွား ကြ ၏။
14
အာ မ ဇိ မင်း သည်၊ ဧ ဒုံ လူ မျိုး တို့ ကို လုပ် ကြံ၍ ပြန် လာ ပြီး လျှင်၊ ထို စိ ရ ပြည် သား တို့ လက် မှ သိမ်း စု ဘု ရား များ ကို၊ ကိုယ့် ဘု ရား အ ဖြစ် ချီး မြှင့် ရှိ ခိုး လျက်၊ မီး ဖြင့် ပူ ဇော် သည့် အ တွက်၊
15
အာ မ ဇိ မင်း အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား အ မျက် တော် ထား ၍၊ ပ ရော ဖက် ကို စေ လွှတ် ဆင့် ဆို သည် မှာ၊ ဘုရင် မင်း၏ လက် တွင်း မှ ကိုယ့် လူ မျိုး ကို ပင် မ ကယ် ဆယ် နိုင် သော၊ လူ မျိုး ခြား တို့ ဘု ရား များ ကို၊ အ ဘယ့် ကြောင့် ရှာ ဖွေ သ နည်း ဟု ဆင့် ဆို လျှင်၊ သင် သည် မင်း တိုင် ပင် လော။ တိတ် လော့။
16
အ ဘယ့် ကြောင့် သေ ဒဏ် ခံ လို သ နည်း ဟု ဘု ရင် မင်း မိန့် ဆို သော်၊ ပ ရော ဖက် က၊ အ ကျွန်ုပ် ပေး သော အ ကြံ ကို ဘု ရင် မင်း မ လိုက် မ နာ ဘဲ၊ ဤ အ မှု ကို ပြု သော ကြောင့်၊ ဘု ရင် မင်း ကို ဖျက် ဆီး ရန်၊ ဘု ရား သ ခင် ကြံ ရွယ် တော် မူ ကြောင်း ကို၊ အ ကျွန်ုပ် ရိပ် မိ သည် ဟု ပြန် ဆို ပြီး လျှင်၊ ဆိတ် ဆိတ် နေ လေ ၏။
17
ထို နောက်၊ ယု ဒ ဘု ရင် အာ မ ဇိ မင်း သည် တိုင် ပင် လျက်၊ ယေ ဟု မင်း မြေး တော်၊ ယော ခတ် မင်း သား တော်၊ ဣသ ရေ လ ဘု ရင် ယ ဟော ရှ မင်း ထံ စေ လွှတ်၍၊ ကျွန်ုပ် တို့ သည် မျက် နှာ ချင်း ဆိုင် ကြ ကုန် အံ့ ဟု၊ အ မှာ တော် သ လိုက် သော်၊
18
ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း က၊ လေ ဗ နုန် ဆူး ပင် သည်၊ လေ ဗ နုန် သစ် က တိုး ပင် ထံ စေ လွှတ်၍၊ သင့် သ မီး ကို ငါ့ သား နှင့် ထိမ်း မြား လော့ ဟု ဆို ခိုက်၊ လေ ဗ နုန် သား ရဲ တစ် စီး လျှောက် သွား ရာ၊ ဆူး ပင် ကို နင်း မိ လေ စွ တ ကား။
19
အ ကြည် တော် သည်၊ ဧ ဒုံ ပြည် ကို အောင် ခဲ့ သည် ဟု အောက် မေ့ လျက်၊ စိတ် နေ မြင့်၍ ဝါ ကြွား ၏။ နန်း တော် တွင် စံ လော့။ အ ကြည် တော် မှ စ ၍ ယု ဒ အ လုံး အ ရင်း ပါ ကျ ဆုံး ရန်၊ အ န္တ ရာယ် ကို အ ဘယ့် ကြောင့် ရှာ ကြံ ကြ သ နည်း ဟု၊ ယု ဒ ဘုရင် အာ မ ဇိ မင်း ထံ ပြန် ဆို လိုက် ၏။
20
သို့ ရာ တွင်၊ ဧ ဒုံ ဘု ရား များ ကို လိုက် ရှာ သည့် အ တွက်၊ ရန် သူ တို့ လက် တွင်း သို့ အပ် နှင်း ရန် ဘု ရား သ ခင် ပြ ဋ္ဌာန်း တော် မူ သည် နှင့် အ ညီ၊
21
အာ မ ဇိ မင်း မ နာ မ ယူ သော ကြောင့်၊ ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း စစ် ချီ ၍၊ ယု ဒ ပြည်၊ ဗက် ရှေ မက် မြို့ အ နီး၊ မင်း နှစ် ပါး မျက် နှာ ချင်း ဆိုင် ကြ သော အ ခါ၊
22
ယု ဒ အ လုံး အ ရင်း တို့ သည်၊ ဣ သ ရေ လ အ လုံး အ ရင်း ရှေ့ ရှုံး နိမ့် လျက်၊ ကိုယ့် အိမ် သို့ အ သီး သီး ဆုတ် ပြေး ကြ ၏။
23
ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း သည်၊ အာ ခ ဇိ မင်း မြေး တော်၊ ယော ရှ မင်း သား တော်၊ ယု ဒ ဘု ရင် အာ မ ဇိ မင်း ကို၊ ဗက် ရှေ မက် မြို့ တွင် ဖမ်း မိ၍၊ ယေ ရု ရှ လင် မြို့ သို့ ပို့ လျက်၊ ဧ ဖ ရိမ် တံ ခါး မှ ထောင့် တံ ခါး တိုင် အောင်၊ မြို့ ရိုး အ တောင် လေး ရာ ကို ဖြို ဖျက် ပြီး လျှင်၊
24
ဩ ဗ ဒေ ဒုံ့ လက် တွင်၊ ဗိ မာန် တော် ရှိ ရွှေ ငွေ စ သော အ သုံး အ ဆောင် ဟူ သ မျှ၊ နန်း တော် ရှိ ဘ ဏ္ဍာ များ နှင့်၊ ပြည် ရေး အ တွက် အာ မ ခံ တို့ ကို ယူ ပြီး မှ၊ ရှ မာ ရိ မြို့ သို့ ပြန် ချီ လေ ၏။
25
ယော ခတ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယေ ဟော ရှ မင်း ကွယ် လွန် ပြီး နောက်၊ ယော ရှ မင်း သား တော်၊ ယုဒ ဘု ရင် အာ မ ဇိ မင်း သည်၊ စည်း စိမ် တော် ဆယ့် ငါး နှစ် စံ စား ရ သေး ၏။
26
အာ မ ဇိ မင်း အ စ အ ဆုံး စီ ရင် သော အ ကြွင်း အ ကျန် သည်၊ ယု ဒ၊ ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။
27
ထာ ဝ ရ ဘု ရား နောက် တော် သို့ မ လိုက် ဘဲ ပြန် ဆုတ် က တည်း က၊ ယ ရု ရှ လင် မြို့၌ အ တွင်း မီး ထ ကြ သည့် အ တွက်၊ အာ မ ဇိ မင်း ပြေး ခို ရာ၊ လာ ခိ ရှ မြို့ သို့ စေ လွှတ် လုပ် ကြံ ပြီး မှ၊
28
အ လောင်း တော် ကို၊ ယေ ရု ရှ လင် မြို့ သို့၊ မြင်း နှင့် တင် ဆောင် ပြီး လျှင်၊ ယု ဒ မြို့ တော် ရှိ ဘေး တော် ဘိုး တော် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ကြ လေ ၏။