၂ ရာ​ချုပ်-23

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ခု နစ် နှစ် မြောက် သော အ ခါ၊ ယော ယ ဒ သည် အား ယူ၍၊ ရာ တပ် မှူး ဖြစ် သူ၊ ယေ ရော ဟံ့ သား အာ ဇ ရိ၊ ယော ဟ နန် သား ဣ ရှ မေ လ၊ ဩ ဗက် သား အာ ဇ ရိ၊ အ ဒါ ယ သား မာ သေ ယ၊ ဇိ ခ ရိ သား ဧ လိ ရှ ဖတ် တို့ ကို ပ ဋိ ညာဉ် သစ္စာ ဆို စေ ပြီး နောက်၊
  • 2 ထို သူ တို့ သည် ယု ဒ ပြည် လုံး နှံ့ လှည့် လည် လျက်၊ လေ ဝိ ဂိုဏ်း သား တို့ နှင့်၊ ဣ သ ရေ လ အိမ် ထောင် အ အုပ် အချုပ် တို့ ကို၊ မြို့ ရွာ များ မှ ခေါ်၍၊ ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ ကုန်၏။
  • 3 ဘု ရား သ ခင် ဗိ မာန် တော် တွင်၊ ပ ရိ သတ် ကို မင်း လောင်း နှင့် သ စ္စာ ဆို စေ ပြီး မှ၊ ယော ယ ဒ က၊ မင်း သား လည်း၊ ဒါ ဝိဒ် မင်း သား စဉ် မြေး ဆက် တို့ ကို ရည်၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ထား တော် မူ သည့် အ တိုင်း၊ မင်း ပြု ရ မည်။
  • 4 သင် တို့ ဆောင် ရွက် ကြ ရ မည် မှာ၊ ဥ ပုသ် နေ့ တွင် ဝင် စောင့် ရ သော ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ အ နက်၊ ဗိ မာန် တော် တံ ခါး တော် ကို တစ် စု၊
  • 5 နန်း တော် ကို တစ် စု၊ အ ခြေ ခံ တံ ခါး ကို တစ် စု၊ ခွဲ ဝေ စောင့် ကြပ် ရ မည်။ အ ခြား သူ အ ပေါင်း တို့ သည် ဗိ မာန် တော် တံ တိုင်း အ တွင်း စောင့် နေ ကြ ရ မည်။
  • 6 သီး သန့် သူ ဖြစ် သော ပ ရော ဟိတ် များ နှင့်၊ အ မှု တော် ဆောင် လေ ဝိ ဂိုဏ်း သား တို့ မှ တစ် ပါး၊ မည် သူ မျှ ဗိ မာန် တော် ထဲ သို့ မ ဝင် စေ နှင့်။ အ ခြား သူ အ ပေါင်း တို့ ကား၊ ဘု ရား ဝတ် တော် ကို ဆောင် ရွက် နေ ကြ ရ မည်။
  • 7 လေ ဝိ ဂိုဏ်း သား တို့ သည်၊ မင်း လောင်း ကိုယ် ရံ အ ဖြစ်၊ လက် နက် ကိုယ် စီ စွဲ ကိုင် လျက်၊ ဗိ မာန် တော် အ တွင်း ချဉ်း ဝင် သူ ဟူ သ မျှ ကို ကွပ် မျက်၍၊ မင်း လောင်း ထွက် ဝင် တော် မူ တိုင်း၊ ကာ ကွယ် ကြ ရ မည် ဟု မှာ ထား လေ၏။
  • 8 ထို သို့ ပ ရော ဟိတ် ယော ယ ဒ မှာ ထား သည့် အ တိုင်း။ လေ ဝိ ဂိုဏ်း သာ နှင့် ယု ဒ တစ် မျိုး လုံး လိုက် နာ လျက်၊ အ လှည့် ကျ ထွက် သင့် သူ တို့ ကို၊ ပ ရော ဟိတ် ယော ယ ဒ ထွက် ခွင့် မ ပေး သေး သည် နှင့် အ ညီ၊ ဥ ပုသ် နေ့ စောင့် ရ သူ၊ ထွက် ခွင့် ရ သူ၊ ကိုယ့် တ ပည့် များ ကို ခေါ် ငင် ဝင် ရောက် ကြ သော အ ခါ၊
  • 9 ပ ရော ဟိတ် ယော ယ ဒ သည်၊ ဗိ မာန် တော် ရှိ ဒါ ဝိဒ် မင်း သုံး ခဲ့ သော လှံ၊ ဒိုင်း လွှား၊ လက် နက် များ ကို၊
  • 10 ရာ တပ် မှူး သို့ လက် သို့ အပ် ပြီး လျှင်၊ ရှိ သ မျှ တို့ ကို၊ ဗိ မာန် တော် နှင့် ပူ ဇော် ရာ ပ လ္လင် တော် အား မျက် နှာ မူ လျက်၊ လက် နက် ကိုယ် စီ ကိုင် လျက်၊ မင်း လောင်း ကို ခြံ ရံ ကွယ် ကာ ရန်၊ တစ် ဘက် မှ တစ် ဘက် အ ထိ ရပ် နေ စေ ၏။
  • 11 ထို အ ခါ မင်း သား ကို၊ ယူ ဆောင်၍ သ ရ ဖူ နှင့် မင်း ကျင့် တ ရား ကျမ်း ကို တင် လျက်၊ ယော ယ ဒ နှင့် သား တို့ သည် ရာ ဇ ဘိ သိက် သွန်း ၍ မင်း မြှောက် ကြ ပြီး မှ၊ ဘုရင် မင်း မြတ် သက် တော် ရှည် ပါ စေ သော ဟု ကြွေး ကြော် ကြ ကုန် ၏။
  • 12 အာ သ လိ သည်၊ ပ ရိ သတ် သွား လာ သံ၊ ဘု ရင် မင်း အား ဩ ဘာ ဆက် သံ များ ကို ကြား ၍၊ ပ ရိ သတ် ရှိ ရာ ဗိမာန် တော် သို့ သွား ရောက် သော်၊
  • 13 တပ် မှူး နှင့် တံ ပိုး မှုတ် သူ တို့ ဝန်း ရံ လျက်၊ ဗိ မာန် တော် အ ဝင် တိုင် တော် အ နီး ရပ် နေ သော ဘု ရင် မင်း ကို လည်း ကောင်း၊ ရွှင် လန်း စွာ တံ ပိုး မှုတ် သော ပြည် သူ ပြည် သား တို့ ကိုလည်း ကောင်း၊ တု ရိ ယာ မျိုး ကို တီး လျက်၊ ထော မ နာ ဖွဲ့ သီ ဆို သူ တို့ ကို လည်း ကောင်း၊ မြင် လျှင်၊ ဝတ် လဲ တော် ကို ဆုတ် လျက်၊ တော် လှန် ပြီ၊ တော် လှန် ပြီ ဟု ဟစ် ဆို လေ ၏။
  • 14 ပ ရော ဟိတ် ယော ယ ဒ လည်း၊ ရဲ မက် တို့ အ ပေါ် အုပ် ချုပ် သော ရာ တပ် မှူး တို့ ကို ခေါ် ပြီး လျှင်၊ ဗိ မာန် တော် တွင် မ သတ် လင့် ဟူ ၍ လည်း ကောင်း၊ တပ် အ ကြား တံ တိုင်း ပြင် သို့ ထုတ် လျက်၊ လိုက် လာ သူ တို့ ပါ လုပ် ကြံ ကြ ဟူ၍ လည်း ကောင်း၊ ဆို သည့် အ တိုင်း၊
  • 15 အာ သ လိ ကို ကိုင် ဖမ်း လျက်၊ မြင်း သွင်း သော နန်း တော် တံ ခါး ဝ သို့ ရောက် လျှင် ကွပ် မျက် ကြ ၏။
  • 16 ယော ယ ဒ လည်း၊ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ဖြစ် စေ ရန်၊ ဘု ရင် မင်း မှ စ သော လူ ပ ရိ သတ် နှင့် ကိုယ့် အ ကြား တွင် ပ ဋိ ညာဉ် ဖွဲ့ စေ ပြီး နောက်၊
  • 17 တစ် ပ ရိ သတ် လုံး သည်၊ ဗာ လ၏ ဗိ မာန် ကို သွား ရောက် ဖြို ဖျက် လျက်၊ ယဇ် ပလ္လင် များ နှင့် ရုပ် တု များ ကို ချိုး ဖဲ့ လျက်၊ ဗာ လ၏ ပ ရော ဟိတ် မဿန် ကို၊ ယဇ် ပ လ္လင် များ ရှေ့ ကွပ် မျက် ကြ ၏။
  • 18 ဒါ ဝိဒ် မင်း အ မိန့် တော် အ ရ၊ ရွှင် လန်း စွာ သီ ဆို ခြင်း နှင့် တ ကွ၊ မော ရှေ့ ပည တ္တိ ကျမ်း နှင့် အ ညီ၊ ထာ ဝ ရ ဘုရား ထံ မီး ရှို့ ရာ သ က္ကာ များ ကို ပူ ဇော် အံ့ သော ငှာ၊ ဗိ မာန် တော် တွင် ဒါ ဝိဒ် မင်း ခွဲ ခြား ခဲ့ သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ လက် အောက် ၌၊ ဗိ မာန် တော် ဆိုင် ရာ ရာ ထူး များ ကို ယော ယ ဒ စီ ရင် သည့် ပြင်၊
  • 19 လုံး လုံး မ သန့် ရှင်း သူ တစ် ဦး တစ် ယောက် မျှ၊ ဗိ မာန် တော် တွင်း သို့ မ ဝင် စေ ခြင်း ငှာ၊ တံ ခါး စောင့် တို့ ကို လည်း ခန့် ထား ပြီး လျှင်၊
  • 20 ရာ တပ် မှူး မှ စ၍၊ မှူး တော် မတ် တော်၊ မြို့ ဝန် များ နှင့်၊ ပြည် သူ ပြည် သား အ ပေါင်း တို့ ကို ခေါ် လျက်၊ ဘု ရင် မင်း ကို ဗိ မာန် တော် မှ ဆောင် သည့် အ လျောက်၊ အထက် တံ ခါး တော် ဖြင့် နန်း တော် သို့ ပို့၍ ရာ ဇ ပ လ္လင် ထက် တင် ကြ ရာ၊
  • 21 ပြည် သူ ပြည် သား အ ပေါင်း တို့ ဝမ်း မြောက် လျက်၊ မြို့ တော် ငြိမ်း ချမ်း လေ ၏။ အာ သ လိ ကို ကား၊ ဓား ဖြင့် ကွပ် မျက် နှင့် ကြ သ တည်း။
回到本卷目录 回到本版本目录 回到首页