1
အာ ခတ် မင်း သည်၊ အိမ် နိမ့် နှစ် ဆယ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ ဆယ့် ခြောက် နှစ် စိုး စံ ရာ၊ ဘေး တော် ဒါ ဝိဒ် မင်း ကဲ့ သို့၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ မ ပြု မ ကျင့် ဘဲ၊
2
ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း အ တိုင်း လိုက် လျှောက် လျက်၊ ဗာ လ နတ် ရုပ် များ ကို သွန်း လုပ် လေ ၏။
3
ဣ သ ရေ လ အ မျိုး သား တို့ ရှေ့၊ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ ခဲ့ သော လူ မျိုး ခြား တို့ ရွံ ရှာ ဖွယ် ဓ လေ့ အ လိုက်၊ ဟိ န္နုံ ချိုင့် တွင် မီး ဖြင့် ဆက် ကပ် လျက်၊ သား တော် သ မီး တော် တို့ ကို ပူ ဇော် သည့် ပြင်၊
4
မြင့် ရာ ဌာ န များ ၌ လည်း ကောင်း၊ ကုန်း များ ပေါ်၌ လည်း ကောင်း၊ အ ရပ် ရပ် ရှိ စိမ်း လန်း သော သစ် ပင် များ အောက်၌ လည်း ကောင်း၊ ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် လေ့ ရှိ ၏။
5
သို့ ဖြစ်၍၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ရှု ရိ ဘု ရင်၏ လက် တွင်း သို့ အပ် နှင်း တော် မူ သည် နှင့် အ ညီ၊ ရှု ရိ တပ် တို့ လုပ် ကြံ လျက်၊ ယု ဒ လူ မျိုး အ မြောက် အ မြား ကို ဒ မာ သက် မြို့ သို့ သုံ့ ဘမ်း သိမ်း သွား လေ ၏။ လုပ် ကြံ သတ် ဖြတ် သော ဣ သ ရေ လ ဘု ရင့် လက် တွင်း သို့ လည်း အပ် နှင်း တော် မူ သ ဖြင့်၊
6
ရေ မ လိ သား ပေ ကာ မင်း သည်၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို၊ စွန့် ခွာ သော ယု ဒ သူ ရဲ ကောင်း၊ တစ် သိန်း နှစ် သောင်း တို့ ကို၊ နေ့ ချင်း လုပ် ကြံ ရာ၊
7
ဘု ရင် မင်း၏ သား တော် မာ သေ ယ၊ လက် သုံး တော် ချုပ် အာ ဇ ရိ ကံ၊ နန်း ရံ ဧ လ ကာ န တို့ ကို လည်း၊ ဧ ဖ ရိမ့် အ နွယ် သူ ရဲ ဇိ ခ ရိ ကွပ် မျက် သည့် ပြင်၊
8
ဣ သ ရေ လ လူ မျိုး တို့ သည်၊ ကိုယ့် ဆွေ မျိုး သား ချင်း တို့ အ နက်၊ မိန်း မ နှင့် သား သ မီး ပါ၊ လူ ပေါင်း နှစ် သိန်း ကို သုံ့ ဘမ်း၍၊ လက် ရ ဥ စ္စာ များ နှင့် တ ကွ ရှ မာ ရိ မြို့ သို့ သိမ်း သွား လေ ၏။
9
ထို မြို့ နေ၊ ဩ ဒက် အ မည် ရှိ သော ထာ ဝ ရ ဘု ရား ၏ ပ ရော ဖက် သည်၊ ရှ မာ ရိ မြို့ သို့ ပြန် လာ သော ဗိုလ် ထု ကို ခ ရီး ဦး ကြို ဆို လျက်၊ သင် တို့ ဘိုး ဘေး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မျက် တော် ထား ၍၊ သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ သော ယု ဒ အ မျိုး ကို၊ မိုး ကောင်း ကင် အ ထိ တက် သော ဒေါ သ ဟုန် ဖြင့်၊ လုပ် ကြံ ကြ ပြီ တ ကား။
10
ယ ခု မှာ သင် တို့ သည်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ကို နင်း ချေ၍၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ အ ဖြစ် စေ စား ရန် အ ကြံ ရှိ ကြ လေ စွ။ သင် တို့ ကား၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တွင်၊ ဒု စ ရိုက် နှင့် ကင်း သ လော။
11
သို့ ဖြစ်၍ သင် တို့ အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား၏ အ မျက် တော် အ ရှိန် တည် လျက် ရှိ သော ကြောင့်၊ ငါ့ စ ကား ကို နာ ယူ လျက်၊ သုံ့ ဘမ်း ခဲ့ သော အ မျိုး သား ချင်း တို့ ကို ပြန် လွှတ် ကြ လော့ ဟု နှိုး ဆော် သည် နှင့် အ ညီ၊
12
ဧ ဖ ရိမ် အ မျိုး သား တို့ အ ကြီး အ ကဲ၊ ယော ဟ နန် သား အာ ဇ ရိ၊ မေ ရှိ လ မုတ် သား ဗေ ရ ခိ၊ ရှ လ္လုံ့ သား ဟေ ဇ ကိ၊ ဟာ ဒ လဲ သား အာ မ သ တို့ သည်၊ စစ် ပြန် သူ တို့ နှင့် ဆန့် ကျင် ဘက် ပြု၍၊ သုံ့ ဘမ်း လူ များ ကို မြို့ တွင်း သို့ မ သွင်း ရ။
13
ဒု စ ရိုက် များ ပြား သည့် အ လျောက် အ မျက် တော် ဒဏ် ခံ ထိုက် လျက် နေ ရ သော ဣ သ ရေ လ အ မျိုး ၌၊ ရှိ ရင်း အ ပြစ် ဒု စ ရိုက် အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား ရှေ့ ဒု စ ရိုက် အ သစ် ထပ် တင် ရန် အ ကြံ ရှိ ကြ သည် တ ကား ဟု မြစ် တား ကြ သည့် အ တိုင်း၊ လက် နက် ကိုင် သူ ရဲ တို့ သည်၊
14
သုံ့ ဘမ်း လူ နှင့် လက် ရ ဥ စ္စာ များ ကို၊ မှူး တော် မတ် တော် မှ စ သော လူ ပ ရိ သတ် တို့ ရှေ့ ထား ခဲ့ ကြ လေ ၏။
15
ထို အ ခါ၊ ဆို ခဲ့ သော အ ကြီး အ ကဲ တို့ သည် ထ သွား လျက်၊ သုံ့ ဘမ်း လူ များ ကို ခေါ် ပြီး လျှင်၊ အ ဝတ် နွမ်း သူ တို့ အား၊ အ ဝတ် နှင့် ဖိ နပ် များ ကို၊ လက် ရ ဥ စ္စာ ထဲ က ဝတ် ဆင် စေ ခြင်း၊ အ စား အ သောက် ကျွေး မွေး ခြင်း၊ ဆီ လိမ်း ကျံ စေ ခြင်း များ ပြု ပြီး နောက်၊ အား နည်း သူ တို့ ကို မြည်း စီး စေ လျက်၊ ဆွေ မျိုး သား ချင်း တို့ ရှိ ရာ၊ စွန် ပ လွံ မြို့ ခေါ်၊ ယေ ရိ ခေါ မြို့ ရောက် ပို့ ပြီး မှ၊ ရှ မာ ရိ မြို့ သို့ ပြန် ကြ ကုန် ၏။
16
ထို ကာ လ၊ ယု ဒ အ မျိုး ကို ပေါက် လွတ် ထား လျက်၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ဖောက် ကျော် သော အာ ခတ် မင်း အ တွက်၊ ယု ဒ လူ မျိုး အား ထာ ဝ ရ ဘု ရား နှိမ့် ချ တော် မူ သည် နှင့် အ ညီ၊ ဧ ဒုံ တပ် တို့ သည်၊ ယု ဒ ပြည် သို့ ချီ တက် တိုက် ခိုက်၍၊ လူ အ များ သုံ့ ဘမ်း သိမ်း သွား သော ကြောင့် လည်း ကောင်း၊ ဖိ လိ တ္တိ တပ် တို့ သည်၊ ယု ဒ ပြည်၊ ရှ ဖေ လာ ခ ရိုင်၊ နေ ဂပ် ခ ရိုင် ရှိ မြို့ ရွာ များ တွင် အ နု ကြမ်း စီး လျက် ဗက် ရှေ မက်၊ အာ ယ လုန်၊ ဂ ဒေ ရုတ် မြို့ များ မှ စ၍၊ စော ခေါ၊ တိ မ နတ်၊ ဂိ မ ဇော မြို့ များ နှင့်၊ ဆိုင် ရာ နိ ဂုံး များ ပါ၊ သိမ်း ယူ နေ ထိုင် ကြ သော ကြောင့် လည်း ကောင်း၊ အာ ခတ် မင်း သည် အာ ရှု ရိ ဘု ရင် ထံ ရာ ဇ သံ စေ လွှတ်၍ စစ် ကူ တောင်း သည့် အ တိုင်း၊
17
18
19
20
အာ ရှု ရိ ဘု ရင် တိ ဂ လတ် ပိ လေ သာ မင်း ချီ လာ ရာ၊ အာ ခတ် မင်း သည် ဗိ မာန် တော်၊ နန်း တော် နှင့် မှူး တော် မတ် တော် တို့ အိမ် ရှိ ဘ ဏ္ဍာ များ ကို ယူ ငင် ပေး ဆက် သော် လည်း၊ အား ပေး ခြင်း၊ ကူ ညီ ခြင်း မ ရ။ ကျဉ်း မြောင်း ခြင်း သာ ဖြစ် ရ ချေ ၏။
21
22
ထို သို့ ကျဉ်း မြောင်း သော အ ခါ အာ ခတ် မင်း က၊ ရှု ရိ ဘု ရင် တို့ ဘု ရား များ သည် ထို မင်း တို့ ကို မ စ တော် မူ သည့် အ တွက်၊ ငါ လည်း မ စ ခံ ရ စေ ရန်၊ ၎င်း တို့ ထံ ယဇ် ပူ ဇော် မည် ဟု အောက် မေ့ လျက်၊ ကိုယ် ကို လုပ် ကြံ ခဲ့ သော ဒ မာ သက် မြို့ ဘု ရား များ အား ပူ ဇော် သည် နှင့်၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို သာ၍ ဖောက် ကျော် လေ ၏။ ထို ဘုရား တို့ ကား၊ ဘု ရင် မင်း မှ စ ၍ ဣ သ ရေ လ တစ် မျိုး လုံး ကို၊ ဖြို လှဲ ရန် အ ကြောင်း ဖြစ် သ တည်း။
23
24
အာ ခတ် မင်း သည်၊ ဘု ရား သ ခင် ဗိ မာန် တော် တန် ဆာ များ ကို ချွတ် ယူ စု ပုံ လျက်၊ တံ ခါး တော် များ ကို ပိတ် ထား ပြီး လျှင်၊ ယေ ရု ရှ လင် မြို့ လမ်း ထောင့် ရှိ သ မျှ တွင် ယဇ် ပ လ္လင် များ ကို တည် လုပ်၍၊
25
ယု ဒ ပြည် လုံး နှံ့ မြို့ ရွာ များ၌ လည်း၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘုရား အ မျက် တော် တိုက်၊ အ ခြား ဘုရား တို့ အား မီး ဖြင့် ဆက် ကပ် ရန်၊ မြင့် ရာ ဌာ န များ ကို စီ မံ လေ ၏။
26
အာ ခတ် မင်း အ စ အ ဆုံး ပြု မူ ကျင့် ကြံ သ မျှ အ ကြွင်း အ ကျန် သည်၊ ယု ဒ၊ ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။
27
ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် သော အာ ခတ် မင်း ကို၊ သင်္ချိုင်း တော်၌ စျာ ပ န မ ပြု ဘဲ၊ ယေ ရု ရှ လင် မြို့ တွင် ပြု ကြ လျှင်၊ သား တော် ဟေ ဇ ကိ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။