1
ယော ရှ မင်း သည်၊ အိမ် နိမ့် ခု နစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ နှစ် ပေါင်း လေး ဆယ် စိုး စံ လေ ၏။ မယ် တော့် အ မည် ကား၊ ဗေ ရ ရှေ ဘ မြို့ သူ ဇိဗိ တည်း။
2
ယော ရှ မင်း သည်၊ ပ ရော ဟိတ် ယော ယ ဒ၏ အ သက် ကာ လ ပတ် လုံး၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် လေ့ ရှိ ၏။
3
ယော ယ ဒ ဆောင် နှင်း သော မိ ဖု ရား နှစ် ပါး တွင်၊ သား တော် သ မီး တော် တို့ ကို ရ ၏။
4
ထို့ နောက်၊ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် အ ဖို့ သီး သန့် ထား ခဲ့ သော ဘဏ္ဍာ ဖြင့်၊ ဗာ လ ရုပ် ပွား များ ကို သွန်း လုပ် သူ၊ ယုတ် မာ သော အာ သ လိ၏ သား တို့ ဖောက် ထွင်း ခဲ့ သော ဘု ရား သ ခင့် ဗိ မာန် တော် ကို ပြု ပြင် ရန်၊ ယော ရှ မင်း အ ကြံ ရှိ လျက်၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ကို ခေါ်၍၊ ယု ဒ ပြည် လုံး နှံ လျှောက် လျက်၊ သင် တို့၏ ဘု ရား သ ခင့် ဗိ မာန် တော် ခိုင် ခံ့ စေ ရန်၊ ပြည် သူ ပြည် သား တို့ ထံ အ လှူ တော် နှစ် စဉ် ကောက် ခံ၍ လုံ့ လ ပြု ကြ လော့ ဟု မိန့် ဆို သော် လည်း၊ လေ ဝိ ဂိုဏ်း သား တို့ လုံ့ လ မ ပြု ကြ သော ကြောင့်၊ ဘု ရင် မင်း သည်၊ ပ ရော ဟိတ် မင်း ယော ယ ဒ ကို ခေါ်၍၊ သက် သေ တော် ရှိ တဲ တော် အ ဖို့ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ နှင့် ဣ သ ရေ လ ပ ရိ သတ် တို့ ဝန် ခံ ခဲ့ သော အ လှူ ငွေ ကို၊ ယေ ရု ရှ လင် မြို့ မှ စ သော မြို့ ရွာ ရှိ သ မျှ က ဆောင် ခဲ့ စေ ရန်၊ လေ ဝိ ဂိုဏ်း သား တို့ အား ဆ ရာ မ မှာ ထား သည် ကား အ သို့ နည်း ဟု မိန့် ဆို သည် နှင့် အ ညီ၊
5
6
7
8
သေ တ္တာ တစ် လုံး ကို လုပ် ပြီး လျှင်၊ ဗိ မာန် တော် တံ ခါး ပြင် တွင် ချ ထား ကြ ၏။
9
သဲ တော ၌ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဘု ရား သ ခင် ကျွန် တော် ရင်း မော ရှေ စီ မံ ခဲ့ သော အ လှူ တော် ငွေ ကို ဆက် သွင်း ကြ စေ ရန်၊ ယေ ရု ရှ လင် မြို့ မှ စ၍ ပြည် လုံး နှံ့ ထုတ် ဆင့် ကြော် ငြာ သည့် အ တိုင်း၊
10
မှူး တော် မတ် တော် များ နှင့် ပြည် သူ ပြည် သား အ ပေါင်း တို့ သည်၊ ဝမ်း မြောက် စွာ ဆက် သွင်း လျက်၊ သေ တ္တာ တော် မ ပြည့် မ ချင်း ထည့် လှူ ကြ ၏။
11
အ လှူ ငွေ မြောက် မြား သည် ကို မြင်၍၊ ထို သ တ္တာ တော် ကို ရွှေ တိုက် တော် သို့ လေ ဝိ ဂိုဏ်း သား တို့ ပို့ သွင်း တိုင်း၊ သံ တော် ဆင့် နှင့် သာ သ နာ စာ ရေး တော် ကြီး တို့ လာ ရောက် ထုတ် ယူ ပြီး မှ၊ သေ တ္တာ တော် ကို နေ ရာ ရင်း သို့ ပြန် ပို့ ရ ကြ၏။ ထို သို့ နေ့ စဉ် ပြု၍ ငွေ များ စွာ သို မှီး ရ ရှိ သော်၊
12
ဘု ရင် မင်း နှင့် ယော ယ ဒ တို့ သည်၊ ဗိ မာန် တော် လုပ် ကိုင် မှု ကို ဆောင် ရွက် သူ တို့ အား အပ် ၍၊ ဗိ မာန် တော် ကို ပြု ပြင် ခိုင် ခံ့ စေ ရန် ဗိသု ကာ၊ ပန်း ရန်၊ ပန်း ပဲ၊ ပန်း တဉ်း သ မား တို့ ကို ငှား သည့် အ လျောက်၊
13
ထို သူ တို့ လုပ် ဆောင် လျက်၊ ဘု ရား သ ခင် ဗိ မာန် တော် ကို၊ မူ လ အ တိုင်း ခိုင် ခံ့ စွာ ပြု ပြင် ထေး ဖာ၍ ပြီး စီး ကြ လေ ၏။
14
ထို အ ခါ၊ ကျန် ငွေ ကို ဘု ရင် မင်း နှင့် ယော ယ ဒ တို့ ထံ ဆက် သွင်း ရာ၊ ဗိ မာန် တော် ဝတ် ကို ဆောင် ရွက် ပူ ဇော် ရန် ကိ ရိ ယာ တန် ဆာ၊ ခွက်၊ ရွှေ ငွေ အ သုံး အ ဆောင် တော် များ ကို လုပ် စေ ပြီး လျှင်၊ ယော ယ ဒ အ သက် ကာ လ ပတ် လုံး၊ ဗိ မာန် တော် တွင် မီး ရှို့ ရာ သ က္ကာ များ ကို နေ့ စဉ် ပူ ဇော် လေ့ ရှိ ၏။
15
ယော ယ ဒ သည် အို မင်း လျက်၊ အ သက် တ ရာ့ သုံး ဆယ် ရှိ၍ ကွယ် လွန် သော်၊
16
ဘု ရား သ ခင်၏ အ မှု တော် နှင့် ဗိ မာန် တော် အ မှု၊ ဣ သ ရေ လ ပြည် ကျိုး များ ကို သယ် ပိုး ရွက် ဆောင် သူ ဖြစ် သော ကြောင့်၊ ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ကြ ကုန် ၏။
17
ယော ယ ဒ ကွယ် လွန် ပြီး နောက်၊ ယု ဒ မှူး တော် မတ် တော် တို့ သည် ဘု ရင် မင်း ထံ တိုး ဝင် ပျပ် ဝပ်၍၊ ပေး ကြ သော အ ကြံ ကို ဘု ရင် မင်း လိုက် နာ သည့် အ လျောက်၊
18
ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကို စွန့် လျက်၊ တံ ခွန် တိုင် နှင့် ရုပ် တု များ ကို ဝတ် ပြု ကြ ကုန်၏။ ထို ပြစ် မှု ကြောင့်၊ ယု ဒ ပြည် နှင့် ယေ ရု ရှ လင် မြို့ ပေါ် သို့ အ မျက် တော် သင့် ရောက် သ တည်း။
19
ဆုံး မ သ တိ ပေး ၍ ထာ ဝ ရ ဘု ရား ထံ ပြန် လာ ကြ စေ ရန်၊ ပ ရော ဖက် တို့ ကို စေ လွှတ် တော် မူ သော် လည်း၊ ထို သူ တို့ မ လိုက် မ နာ ကြ ချေ။
20
ထို ကာ လ၊ ဘု ရား သ ခင် ဝိ ညာဉ် တော် သည်၊ ပ ရော ဟိတ် ယော ယ ဒ သား ဇာ ခ ရိ အ ပေါ် သို့ သက် ရောက် ၍၊ လူ ပ ရိ သတ် အ ထက် ရပ် လျက် ဆင့် ဆို သည် မှာ၊ သင် တို့ သည် ကိုယ် ကျိုး ယုတ် စေ ခြင်း ငှာ၊ ငါ ထာ ဝ ရ ဘု ရား၏ ပညတ် တော် များ ကို အ ဘယ့် ကြောင့် လွန် ကျူး ကြ သ နည်း။ ငါ ထာ ဝ ရ ဘု ရား ကို စွန့် ခွာ ကြ သော ကြောင့်၊ ငါ လည်း သင် တို့ ကို စွန့် ခွာ တော် မူ ပြီ၊ ဟူ သော ဘု ရား သ ခင် ဗျာ ဒိတ် တော် ကို ဆင့် ဆို ရာ၊
21
လူ ပ ရိ သတ် တို့ သည် သင်း ဖွဲ့ လျက်၊ ဗိ မာန် တော် တံ တိုင်း အ တွင်း၊ ဘု ရင် မင်း အ မိန့် တော် အ ရ၊ ခဲ နှင့် ပစ် သတ် ကြ ၍၊
22
သေ လု ဆဲ အ ခါ၊ ဤ အ မှု ကို ထာ ဝ ရ ဘု ရား ရှု ကြည့် စီ ရင် တော် မူ ပါ စေ သော ဟု ဆို ခဲ့ ၏။ ယော ရှ မင်း သည်၊ ဇာ ခ ရိ အ ဘ ယော ယ ဒ ပြု ခဲ့ သော ကျေး ဇူး ကို မ ထောက် ထား ဘဲ၊ သား ကို သတ် လေ စွ တ ကား။
23
နှစ် လည် သော အ ခါ၊ ရှု ရိ အ လုံး အ ရင်း တို့ သည်၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ သို့ ချီ တက် ဝင် ရောက်၍၊ မှူး တော် မတ် တော် အ ပေါင်း တို့ ကို သုတ် သင် လျက်၊ လက် ရ ဥ စ္စာ ဟူ သ မျှ ကို ဒ မာ သက် မြို့ ရှိ ဘု ရင် မင်း ထံ ပို့ ဆက် ကြ၏။
24
ယု ဒ လူ မျိုး သည်၊ များ ပြား သော အ လုံး အ ရင်း ဖြစ် လျက်၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့် ခွာ ကြ သော ကြောင့်၊ သိမ် ငယ် သော ရှု ရိ အ လုံး အ ရင်း လက် သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သ ဖြင့်၊ ယော ရှ မင်း ကို ပြစ် ဒဏ် စီ ရင် စေ တော် မူ ၏။
25
ရန် သူ တို့ ပြန် ဆုတ် ပြီး နောက်၊ ယော ရှ မင်း ကျေး ကျွန် တို့ သည်၊ ဝေ ဒ နာ ပြင်း စွာ ခံ နေ ရ သော ဘု ရင် မင်း တစ် ဘက်၊ ပ ရော ဟိတ် မင်း ယော ယ ဒ သား၏ အ သွေး သွန်း မှု အ တွက် အ တွင်း မီး ထ ၍၊ သာ လွန် ပေါ် တွင် အ သေ လုပ် ကြံ ပြီး လျှင်၊ ဒါဝိဒ် မြို့ တော် ၌ စျာ ပ န ပြု သော် လည်း၊ သင်္ချိုင်း တော် တွင် မ ပြု ကြ ချေ။
26
လုပ် ကြံ သူ တို့ ကား၊ အ မ္မုန် အ မျိုး သ မီး ရှိ မတ် သား ဇာ ဗဒ်၊ မော ဘ အ မျိုး သ မီး ရှိ မ ရိတ် သား ယော ဇ ဗက် တို့ တည်း။
27
ယော ရှ မင်း၏ သား တော် တို့ နှင့်၊ ကြီး လေး စွာ ခံ ရ သော ဗျာ ဒိတ်၊ ဗိ မာန် တော် ထေး ဖာ သော အ မှု များ သည်၊ ရာဇ ဝင် ဋီ ကာ တွင် ရေး ထား လျက် ရှိ ၏။ သား တော် အ မ ဇိ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။