1
ယု ဒ နိုင် ငံ သား တို့ သည်၊ အိမ် နိမ့် ဆယ့် ခြောက် နှစ် ရှိ သော ဩ ဇိ ကို၊ ခ မည်း တော် အာ မ ဇိ မင်း အ ရိုက် အ ရာ၌ မင်း မြှောက် ကြ လေ ၏။
2
ထို မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ၊ အ ထက် ဘု ရင် ကျိန်း စက် ပြီး နောက်၊ ဧ လုတ် မြို့ ကို ယု ဒ နိုင် ငံ အ ဝင် ပြန် ဖြစ် စေ လျက်၊ ပြု စု လေ ၏။
3
ဩ ဇိ မင်း သည်၊ အိမ် နိမ့် ဆယ့် ခြောက် နှစ် ရှိ သော်၊ နန်း တက် ၍၊ ယေ ရု ရှ လင် မြို့၌၊ ငါး ဆယ့် နှစ် နှစ် စိုး စံ လေ ၏။ မယ် တော့် အ မည် ကား၊ ယေ ရု ရှ လင် မြို့ သူ ယေ ခေါ လိ တည်း။
4
ထို မင်း သည်၊ ခ မည်း တော် အာ မ ဇိ မင်း ပြု သ မျှ အ တိုင်း၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် လျက်၊
5
ဘု ရား သ ခင့် ရူ ပါ ရုံ ကို ဖော် ပြ တတ် သော ဇာ ခ ရိ လက် ထက် ကာ လ ပတ် လုံး၊ ဘု ရား သ ခင် ကို ရှာ ဖွေ လေ ၏။ ထို သို့ ရှာ ဖွေ စဉ် တွင် ဘု ရား သ ခင် အောင် မြင် စေ တော် မူ သည် နှင့် အ ညီ၊
6
ဖိ လိ တ္တိ လူ မျိုး တို့ ကို ချီ တက် တိုက် ခိုက် ၍၊ ဂါ သ၊ ယာ ဗ နေ၊ အာ ဇုတ် မြို့ ရိုး များ ကို ဖြို ဖျက် ပြီး မှ၊ ဖိ လိ တ္တိ လူ မျိုး တို့ နေ ရာ အာ ဇုတ် နယ် တွင် မြို့ ရွာ များ ကို တည် ထောင် လေ ၏။
7
၎င်း ပြင်၊ ဂု ရ ဗာ လ မြို့ နေ၊ အာ ရပ် လူ မျိုး၊ မ ဟု နိမ် လူ မျိုး တို့ ကို တိုက် ခိုက် ရာ တွင်၊ ဘု ရား သ ခင် မ စ တော် မူ၍၊ အ မ္မုန် လူ မျိုး တို့ လည်း၊
8
ဩ ဇိ မင်း ထံ အ ခွန် ဆက် သွင်း ရ ကြ ၏။ ခွန် အား ဗ လ များ စွာ တိုး တက် လျက်၊ အိ ဂျစ် ပြည် နယ် စပ် တိုင် အောင် ကျော် စော ကိ တ္တိ ရှိ ၏။
9
ဩ ဇိ မင်း သည်၊ ယေ ရု ရှ လင် မြို့ ရိုး ထောင့် တံ ခါး၊ ချိုင့် တံ ခါး၊ မြို့ ရိုး ထောင့် ထိပ် တွင် ခိုင် ခံ့ သော ပြ အိုး များ ကို တည် ဆောက် လျက်၊
10
တိ ရ စ္ဆာန် များ စွာ ရှိ သော ကြောင့်၊ တော တွင်လည်း ကောင်း၊ ပျံ့ တွင်လည်း ကောင်း၊ ရှ ဖေ လာ ခ ရိုင် တွင် လည်း ကောင်း၊ ရဲ တိုက် တည် ခြင်း၊ ရေ တွင်း တူး ခြင်း များ ကို စီ မံ ပြီး လျှင်၊ မြေ အ လုပ် ကို ဝ သီ တော် ပါ သည် နှင့်၊ တောင် ယာ၊ ခြံ၊ စ ပျစ်၊ ဥ ယျာဉ် များ ၌၊ လုပ် သူ လုပ် သား များ ကို စေ ခိုင်း ၏။
11
ဗိုလ် မှူး တော် ဟာ န နိ ကြီး ကြပ် လျက်၊ ဗိုလ် တပ် ရေး မာ သေ ယ နှင့် သံ တော် ဆင့် ယေ လ တို့ စာ ရင်း ယူ သည့် အ တိုင်း၊ တပ် စဉ် အ လိုက် ချီ ထွက်၍ တိုက် ခိုက် တတ် သော၊ ဩ ဇိ မင်း ရှိ အ လုံး အ ရင်း မှာ၊
12
အိမ် ထောင် အ အုပ် အ ချုပ်၊ စစ် ခေါင်း မာ သူ နှစ် ထောင့် ခြောက် ရာ တို့ လက် အောက်၊
13
ရန် သူ တော် တို့ ကို ခွန် အား ဗ လ နှင့် စစ် တိုက် သော သူ ရဲ ကောင်း သုံး သိန်း ခု နစ် ထောင့် ငါး ရာ တည်း။
14
ဩ ဇိ မင်း သည်၊ ဗိုလ် ထု တော် အ ဖို့၊ ဒိုင်း လွှား၊ လှံ၊ သံ မောက် ရူ၊ ရင် အုပ်၊ လေး၊ လောက် လွှဲ ပစ် ရန် ကျောက် များ ကို ပြု ပြင် ပြီး မှ၊
15
ပ ညာ ရှိ တို့ ကြံ စည် တတ် မြောက် သည် နှင့် အ ညီ၊ ကြီး စွာ သော ကျောက် နှင့် မြှား ကို ပစ် လွှတ် နိုင် သော ယ န္တ ယား စက် ကို၊ ယေ ရု ရှ လင် မြို့ ရိုး ထိပ် ပြ အိုး ပေါ် တွင် ဆင် ထား လေ၏။ ထို သို့ ခွန် အား ဗ လ တိုး တက် သည့် တိုင် အောင်၊ အံ့ ဩ ဖွယ် မ စ တော် မူ ခြင်း ကို ခံ ရ သည် ဖြစ်၍၊ ကျော စော ကိ တ္တိ အ နှံ့ ပြား ရောက် ၏။
16
ခွန် အား ဗ လ တိုး တက် သည့် အ တွက် စိတ် နေ မြင့် သော်၊ ဩ ဇိ မင်း ဖောက် ပြန်၍၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို ဖျက် လျက်၊ နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော် ပေါ် တွင် တင် ရှို့ မည့် အ ကြံ နှင့် ဗိ မာန် တော် သို့ ဝင် ရာ၊
17
ပ ရော ဟိတ် အာ ဇ ရိ သည်၊ ရဲ ရင့် သူ ထာ ဝ ရ ဘု ရား ၏ ပ ရော ဟိတ် ရှစ် ကျိပ် နှင့် တ ကွ၊ နောက် ထပ် လိုက် ဝင် ပြီး လျှင်၊
18
အို ဩ ဇိ မင်း၊ ထာ ဝ ရ ဘု ရား အား နံ့ သာ ပေါင်း တင် ရှို့ ခြင်း အ မှု သည်၊ ဘုရင် မင်း နှင့် မ ဆိုင် ပါ။ တင် ရှို့ ရန် သီး သန့် ထား သော အာ ရုန့် အ နွယ် ပ ရော ဟိတ် တို့ နှင့် သာ ဆိုင် ပါ ၏။ သန့် ရှင်း ရာ ဌာ န မှ ထွက် တော် မူ ပါ။ သ စ္စာ တော် ကို ဖျက် လေ ပြီ။ ထာ ဝ ရ ဘု ရား အ ထံ တော် မှ ဂုဏ် အ သ ရေ ရ ရှိ တော့ မည် မ ဟုတ် ပါ ဟု မြစ် တား သည့် အ တွက်၊
19
နံ့ သာ ပေါင်း တင် ရှို့ ရန် မီး ကျီး ခံ ကိုင် လျက် နေ သော ဩ ဇိ မင်း သည်၊ ပ ရော ဟိတ် တို့ ကို အ မျက် ထား လျှင် ထား ချင်း၊ ဗိ မာန် တော် တွင်၊ နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော့် အ နီး၊ ပ ရော ဟိတ် တို့ ရှေ့ မှောက်၌ ပင်၊ ဘု ရင် မင်း န ဖူး မှာ သ ဖန်း သီး ပေါ် လေ ၏။
20
ပ ရော ဟိတ် မင်း အာ ဇ ရိ မှ စ ၍ ပ ရော ဟိတ် အ ပေါင်း တို့ သည်၊ န ဖူး တော် တွင် သ ဖန်း သီး ပေါ် သည် ကို မြင် သော်၊ အ ဆော တ လျင် ထွက် စေ ကြ ၏။ ဘု ရင် မင်း လည်း၊ ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သည် ကို သိ၍၊ အ မြန် ထွက် ကြွ လေ ၏။
21
ဩ ဇိ မင်း သည်၊ အ သက် ထက် ဆုံး၊ နူ နာ စွဲ သည့် အ တွက်၊ ဗိ မာန် တော် ထဲ သို့ ဝင် ခွင့် မ ရ ဘဲ၊ စံ နန်း ဆောင် တွင် သီး ခြား စံ နေ ရ လျှင်၊ သား တော် ယော သံ သည်၊ နန်း တော်၊ နိုင် ငံ တော် ကို အုပ် စိုး စီ ရင် ရ ၏။
22
ဩ ဇိ မင်း အ စ အ ဆုံး ပြု မူ သော အ ကြွင်း အ ကျန် ကို၊ အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ ရေး ထား သ တည်း။
23
ဩ ဇိ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် သော်၊ နူ နာ စွဲ သည် ဟု ဆို လျက်၊ သင်္ချိုင်း တော် မြေ တစ် ကွက် တွင် စျာ ပ န ပြု ကြ ရာ၊ သား တော် ယော သံ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ၏။