၂ ရာ​ချုပ်-22

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အ နု ကြမ်း စီး လာ သော အာ ရပ် လူ မျိုး တို့ သည်၊ တပ် တော် အ တွင်း ဝင်၍ နောင် တော် တို့ ကို ကွပ် မျက် သော ကြောင့်၊ သား တော် ထွေး အာ ဇ ခိ ကို၊ ခ မည်း တော် အ ရိုက် အ ရာ၌၊ ပြည် သူ ပြည် သား တို့ မင်း မြှောက် ကြ ကုန်၏။
  • 2 ယု ဒ ဘု ရင် ယ ဟော ရံ မင်း သား တော် အာ ခ ဇိ မင်း သည်၊ အိမ် နိမ့် လေး ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ တစ် နှစ် သာ စိုး စံ ရ၏။ မယ် တော့် အ မည် ကား၊ ဩ မ ရိ မင်း မြေး တော် အာ သ လိ တည်း။
  • 3 ထို မင်း လည်း၊ မယ် တော် ပေး သော အ ကြံ ဆိုး အ တိုင်း၊ အာ ဟပ် မင်း မျိုး နည်း လမ်း ကို လိုက် လျက်၊ ခ မည်း တော် ကွယ် လွန် ပြီး နောက်၊
  • 4 ပြည် ကျိုး ယုတ် စေ ရန် အ ကြံ ပေး လျက် ရှိ သော အာ ဟပ် မင်း မျိုး ကဲ့ သို့၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ် မှု ကို ပြု ကျင့် ၏။
  • 5 အာ ခ ဇိ မင်း သည်၊ ပေး ကြ သော အ ကြံ အ တိုင်း အာ ဟပ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယော ဟံ မင်း နှင့် အ တူ၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ ချီ၍၊ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း ကို စစ် တိုက် ကြ ရာ၊ ရှု ရိ သူ ရဲ တို့ က၊ ယော ရံ မင်း ကို ထိ မှန် အောင် ပစ် ခတ် ကြ ၏။
  • 6 ထို မြို့၌ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း နှင့် စစ် တိုက်၍ ပစ် ခတ် ခံ ရ သော အ နာ ကို ကု သ ရန်၊ ယေ ဇ ရေ လ မြို့ သို့ ယော ရံ မင်း ဆုတ် ပြန် ခဲ့ ရာ၊ ယာ ဟော ရံ မင်း သား တော်၊ ယု ဒ ဘု ရင် အာ ခ ဇိ မင်း လည်း၊ ယေ ဇ ရေ လ မြို့၌ မ ကျန်း ခန့် သော ထို မင်း ကို သွား ရောက် ကြည့် ရှု လေ ၏။
  • 7 ဘု ရား သ ခင် ပြ ဋ္ဌာန်း တော် မူ သည့် အ တိုင်း၊ အာ ခ ဇိ မင်း ပျက် စီး ရ အံ့ သော အ ကြောင်း ကား၊ ယော ရံ မင်း ထံ အ ကြည့် အ ရှု သွား ရောက် စဉ်၊ အာ ဟပ် အ မျိုး ကို သုတ် သင် စေ ရန်၊ ရာ ဇ ဘိ သိက် ပေး၍၊ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သော၊ နိမ် ရှိ သား ယေ ဟု ကို ဆီး ဆို့ ရန်၊ ယော ရံ မင်း နှင့် အ တူ ချီ ထွက် ခြင်း ကြောင့် တည်း။
  • 8 အာ ဟပ် မင်း မျိုး ကို ပြစ် ဒဏ် အ တိုင်း ယေ ဟု စီ ရင် သော အ ရေး အ တွင်း၊ အာ ခ ဇိ မင်း ထံ ခ စား သော ယု ဒ မှူး တော် မတ် တော် တို့ နှင့်၊ တူ တော် တို့ ကို တွေ့ ဆုံ၍ ကွပ် မျက် ပြီး လျှင်၊
  • 9 ရှ မာ ရိ မြို့၌ ပုန်း ရှောင် လျက် နေ သော အာ ခ ဇိ မင်း ကို လည်း လိုက် ရှာ ဖမ်း ဆီး၍၊ ယေ ဟု ထံ ပို့ အပ် ကွပ် မျက် ကြ ရာ၊ ထာ ဝ ရ ဘု ရား အား စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ ယော ရှ ဖတ် မင်း သား တော် ဖြစ် သည် ကို ထောက် ၍၊ စျာ ပ န ပြု ကြ လေ၏။ အာ ခ ဇိ မင်း မျိုး မှာ၊ နိုင် ငံ ကို အုပ် ချုပ် ရန် စွမ်း ရည် သ တ္တိ မ ရှိ ချေ။
  • 10 အာ ခ ဇိ မင်း၏ မယ် တော် အာ သ လိ သည်၊ သား တော် ကွယ် လွန် ကြောင်း သိ လျှင်၊ ယု ဒ မင်း မျိုး မင်း နွယ် အ ပေါင်း တို့ ကို သုတ် သင် လေ၏။
  • 11 သို့ ရာ တွင်၊ ဘု ရင့် သ မီး တော် ယော ရှေ ဘ သည်၊ ကွပ် မျက် ခံ ရ သူ မင်း ညီ မင်း သား တို့ အ နက်၊ အာ ခ ဇိ မင်း သား တော် ယော ရှ ကို လျှို့ တ ဝှက် ယူ၍၊ အ ထိန်း တော် ပါ၊ စက် ခန်း ဆောင် တွင် ဝှက် ထား လေ ၏။ ထို သို့ ယ ဟော ရံ မင်း သ မီး တော် အာ ခ ဇိ မင်း နှ မ တော်၊ ပ ရော ဟိတ် ယော ယ ဒ ၏ ခင် ပွန်း ယော ရှေ ဘ သည်၊ အာ သ လိ ဓား ဘေး မှ လွတ် စေ ခြင်း ငှာ ဝှက် ထား သည့် အ တိုင်း၊ ပြည် တော် ကို အာ သ လိ စိုး စံ စဉ်၊ သူ တို့ နှင့် အ တူ၊ ဗိ မာန် တော် တွင် ခြောက် နှစ် တိုင် တိုင် ယော ရှ ပုန်း နေ ရ လေ ၏။
回到本卷目录 回到本版本目录 回到首页