၂ ရာ​ချုပ်-21

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယော ရှ ဖတ် မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဘင် တော် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင်၊ စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် ယေ ဟော ရံ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
  • 2 ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း သား တော်၊ ယ ဟော ရံ မင်း ညီ တော် များ ကား၊ အာ ဇ ရိ၊ ယေ ဟေ လ၊ ဇာ ခ ရိ၊ အာ ဇ ရိ၊ မိ က္ခေ လ၊ ရှေ ဖ တိ တို့ တည်း။
  • 3 ခ မည်း တော် သည်၊ များ စွာ သော လက် ဆောင် ပ ဏ္ဏာ၊ ရွှေ ငွေ ရေ တ နာ နှင့် တ ကွ၊ ယု ဒ ပြည် ရှိ ခံ တပ် မြို့ များ ကို၊ သား တော် ငယ် တို့ အား အ ပိုင် စား ပေး လျက်၊ သား ဦး ယ ဟော ရံ အား၊ နိုင် ငံ ကို အပ် နှင်း ခဲ့ ၏။
  • 4 ယ ဟော ရံ မင်း သည်၊ ခ မည်း တော့် နိုင် ငံ ကို ဆက် ခံ ၍ အား ဗ လ ရှိ သော အ ခါ၊ ညီ တော် အ ပေါင်း တို့ နှင့် ဣ သ ရေ လ မှူး မတ် အ ချို့ တို့ ကို၊ ဓား ဖြင့် ကွပ် မျက် လေ ၏။
  • 5 ယ ဟော ရံ မင်း သည်၊ အိမ် နိမ့် သုံး ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ ရှစ် နှစ် စိုး စံ လေ၏။
  • 6 အာ ဟပ် မင်း သ မီး တော် နှင့် ထိမ်း မြား သ ဖြင့်၊ ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း ကို၊ အာ ဟပ် မင်း မျိုး ကဲ့ သို့ လိုက် လျက်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၏။
  • 7 သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည်၊ ဒါ ဝိဒ် နှင့် သား စဉ် မြေး ဆက် တို့ အ လင်း မ ကွယ် စေ ရ ဟု က တိ ထား လျက် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် ကို ထောက် ထား ၍၊ ထို မင်း မျိုး ကို ဖျက် ပယ် ရန် အ လို တော် မ ရှိ ချေ။
  • 8 လက် အောက် ခံ ဖြစ် သော ဧ ဒုံ ပြည် သည်၊ ထို ယ ဟော ရံ မင်း လက် ထက် ပုန် ကန် လျက်၊ မင်း သစ် တင် မြှောက် ကြ သည် ဖြစ် ၍၊
  • 9 ဗိုလ် မှူး၊ ရ ထား တပ်၊ အ ပေါင်း တို့ နှင့် တ ကွ၊ ဘု ရင် မင်း ချီ သွား စွဲ ရပ် ရာ၊ ကိုယ် တိုင် နှင့် ရ ထား တပ် ဗိုလ် များ ကို ဝိုင်း လာ သော ဧ ဒုံ သူ ရဲ တို့ အား၊ ညဉ့် အ ချိန် ထ၍ တိုက် ခိုက် သော် လည်း၊
  • 10 ယု ဒ ဘု ရင် လက် အောက် ခံ ဖြစ် သော ဧ ဒုံ လူ မျိုး သည်၊ ယ နေ့ တိုင် အောင် ခြား နား လေ၏။ လိ ဗ န မြို့ လည်း၊ ဘေး တော် ဘိုး တော် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့် ခွာ သော ဘု ရင့် လက် အောက် မှ၊ ထို ကာ လ ပုန် ကန် လေ ၏။
  • 11 ထို မင်း သည်၊ ယု ဒ တောင် ပေါ် များ တွင် မြင့် ရာ ဌာ န များ ကို တည် ၍၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ကို၊ အ နိုင့် အ ထက် မှား ယွင်း စေ ၏။
  • 12 ထို ကာ လ၊ ပ ရော ဖက် ဧ လိ ယ ထံ မှ ရောက် လာ သော စာ ဟူ မူ ကား၊ ဘေး တော် ဒါ ဝိဒ် မင်း၏ ဘုရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ယု ဒ ဘု ရင် အာ သ နှင့် ခ မည်း တော် ယော ရှ ဖတ် တို့ နည်း လမ်း ကို မ လိုက်။
  • 13 ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း ကို၊ အာ ဟပ် မင်း မျိုး ကဲ့ သို့ လိုက် လျက်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ပါ၊ မှား ယွင်း စေ သည့် အ ပြင်၊ သင့် ထက် ကောင်း မြတ် သော သား ချင်း တို့ ကို ကွပ် မျက် သည့် အ တွက်၊
  • 14 ငါ ထာ ဝ ရ ဘု ရား သည်၊ သင့် သား မ ယား မှ စ၍ ဆွေ မျိုး သား ချင်း တို့ နှင့် ပိုင် ဆိုင် သ မျှ ကို၊ ကြီး လေး သော ဒဏ် စီ ရင် လျက်၊
  • 15 သင် လည်း အူ ၌ ပြင်း စွာ သော ရော ဂါ ရောက်၍၊ တစ် နေ့ ထက် တစ် နေ့ ထွက် ကျ လ တ္တံ့ ဟူ ၍ တည်း။
  • 16 ထာ ဝ ရ ဘု ရား လည်း၊ ဖိ လိ တ္တိ လူ မျိုး နှင့် ကု ရှ ပြည် အ နီး နေ သော အာ ရပ် လူ မျိုး တို့ စိတ် ကို၊ ယ ဟော ရံ မင်း တစ် ဘက် ထ ကြွ စေ တော် မူ သည့် အ တိုင်း၊
  • 17 ထို သူ တို့ သည် ယု ဒ ပြည် သို့ ချီ တက် တိုက် ဝင် ပြီး လျှင်၊ နန်း တော် တွင် တွေ့ သ မျှ ဥ စ္စာ များ နှင့် မိ ဖု ရား၊ သား တော်၊ သ မီး တော် များ ကို သိမ်း သွား ရာ၊ သား တော် ထွေး အာ ခ ဇိ သာ ကျန် ရစ် လေ၏။
  • 18 ၎င်း နောက် ထာ ဝ ရ ဘု ရား သည်၊ ကု သ၍ မ ရ နိုင် သော၊ အူ၌ ရော ဂါ ရောက် စေ တော် မူ၍၊ နှစ် နှစ် ကျော် လွန် သော အ ခါ၊
  • 19 စွဲ ရောက် သော ဘေး ရော ဂါ ကြောင့် အူ ထွက်၍ ဘု ရင် မင်း ကွယ် လွန် သော်၊ ပြည် သူ ပြည် သား တို့ သည်၊ ပြည် မ ကြိုက် သော ထို မင်း အ လောင်း ကို၊ ဘေး တော် ဘိုး တော် တို့ အ ဖို့၊ မီး ပွဲ သ ဘင် ကျင်း ပ သ ကဲ့ သို့ မ ကျင်း ပ ဘဲ၊ ဒါ ဝိဒ် မြို့ တော် ၌ စျာ ပ န ပြု သော် လည်း၊ သင်္ချိုင်း တော် တွင် မ ပြု ကြ ချေ။ အိမ် နိမ့် သုံး ဆယ့် နှစ် နှစ် ရှိ မှ၊ နန်း တက် သော ယ ဟော ရံ မင်း သည်၊ ယေ ရု ရှ လင် မြို့၌၊ ရှစ် နှစ် သာ နန်း စံ ရ သ တည်း။
  • 20
回到本卷目录 回到本版本目录 回到首页