၂ ရာ​ချုပ်-19

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း မူ ကား၊ ဘေး ကင်း လျက်၊ ယေ ရု ရှ လင် မြို့ နန်း တော် သို့ ပြန် လာ ရာ၊
  • 2 ဟာ နန့် သား အ မြော် အ မြင် ဆ ရာ ယေ ဟု သည်၊ ခ ရီး ဦး ကြို ဆို လျက်၊ ယော ရှ ဖတ် မင်း အား လျှောက် ဆို သည် မှာ၊ ဘု ရင် မင်း သည် လူ ဆိုး ကို ထောက် မ အပ် သ လော။ ထာ ဝ ရ ဘု ရား အား မုန်း ထား သူ တို့ ကို ချစ် အပ် သ လော။ ဤ အ မှု ကြောင့် ထာ ဝ ရ ဘု ရား အ မျက် တော် သည်၊ ဘု ရင် မင်း အ ပေါ် သို့ သင့် ရောက် လေ ပြီ။
  • 3 သို့ ရာ တွင်၊ တစ် ပြည် လုံး၌ တံ ခွန် တိုင် များ ကို ပယ် ရှား ၍၊ ဘု ရား သ ခင် ကို ရှာ ဖွေ ရန် စိတ် စွဲ လမ်း သည် မှာ၊ ဘုရင် မင်း ၌ ကောင်း သော အ ကျင့် ရှိ သေး သည် ဟု လျှောက် ဆို ၏။
  • 4 ယော ရှ ဖတ် မင်း သည်၊ ယေ ရု ရှ လင် မြို့၌ စံ နေ သည့် ကာ လ၊ ဗေ ရ ရှေ ဘ မြို့ မှ စ၍ ဧ ဖ ရိမ် ခင် တန်း တိုင် အောင့် လှည့် လည် လျက်၊ ပြည် သူ ပြည် သား တို့ ကို၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဘက် တော် သို့ ပြန် ဝင် စေ ၏။
  • 5 ယု ဒ နိုင် ငံ တွင် ခံ တပ် မြို့ အ သီး အ သီး၌ တ ရား သူ ကြီး တို့ ကို ခန့် ထား ၍ မိန့် ဆို သည် မှာ၊
  • 6 သင် တို့ စီ ရင် မှု ကို သ တိ ထား ကြ လော့။ လူ့ ကိုယ် စား မ ဟုတ်။ စီ ရင် ရာ ပါ ရှိ တော် မူ သော ထာ ဝ ရ ဘု ရား၏ ကိုယ် စား စီ ရင် ရ ကြ သော ကြောင့်၊
  • 7 ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော စိတ် ရှိ လျက် သ တိ နှင့် စီ ရင် ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘုရား သည်၊ မျက် နှာ ကြီး ငယ် မ ထောက်၊ တံ စိုး ကို မ စား။ မ တ ရား စီ ရင် တော် မူ သည် မ ဟုတ် ဟု မိန့် ဆို၏။
  • 8 ယေ ရု ရှ လင် မြို့ သို့ ပြန် လာ သော အ ခါ၊ ယော ရှ ဖတ် မင်း သည်၊ သာ သ နာ မှု နှင့် လော က မှု များ ကို စီ ရင် ကြ စေ ရန်၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် တို့ ကို ရွေး ချယ် ခန့် ထား၍ မိန့် ဆို သည် မှာ၊
  • 9 ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ လျက်၊ သ စ္စာ စောင့် လျက်၊ စုံ လင် သော စိတ် နှ လုံး နှင့်၊ စီ ရင် ကြ လော့။
  • 10 မြို့ ရွာ တစ် လျှောက် နေ ထိုင် သော အ မျိုး သား ချင်း တို့ သည်၊ သွေး သွန်း မှု၊ ပ ညတ် တော် နှင့် တ ရား တော် လွန် ကျူး မှု၊ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် လွန် ကျူး မှု တစ် စုံ တစ် ရာ အ တွက်၊ သင် တို့ ရှေ့ အ ယူ ခံ သော အ ခါ၊ သင် တို့ နှင့် အ ယူ ခံ သူ အ မျိုး သား ချင်း တို့ အ ပေါ် သို့ အ မျက် တော် သင့် မည် ကို စိုး ရိမ် လျက်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ပြစ် ဒဏ် ခံ ထိုက် ရာ မ ရောက် ကြ စေ ရန်၊ သ တိ ပေး လော့။ ထို သို့ ပြု လျှင်၊ သင် တို့ သည် ပြစ် ဒဏ် ခံ ထိုက် ကြ မည် မ ဟုတ်။
  • 11 သာ သ နာ မှု ၌၊ ပ ရော ဟိတ် အာ မ ရိ သည် သင် တို့ အ ပေါ် တွင် ဥ က္က ဋ္ဌ ဖြစ် ရ မည်။ မင်း မှု၌၊ ယု ဒ အ နွယ် ကို အုပ် ချုပ် သူ၊ ဣ ရှ မေ လ သား ဇေ ဗ ဒိ သည် ဥ က္က ဋ္ဌ ဖြစ် ရ မည်။ လေ ဝိ ဂိုဏ်း သား တို့ မူ ကား၊ တ ရား စာ ရေး ကြီး ဖြစ် ကြ ရ မည်။ အား ယူ ကြ လော့။ ထာ ဝ ရ ဘု ရား သည် ကောင်း သော သူ တို့ ဘက်၌ တည် ရှိ တော် မူ ပါ စေ သော ဟု မိန့် မြွက် လေ ၏။
回到本卷目录 回到本版本目录 回到首页