၂ ရာ​ချုပ်-18

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယော ရှ ဖတ် မင်း သည်၊ ဂုဏ် အ သ ရေ စည်း စိမ် ချမ်း သာ များ ပြား ၍၊ အာ ဟပ် မင်း နှင့် အ မျိုး ဆက် လျက်၊
  • 2 နှစ် အ တော် ကြာ သော်၊ ရှာ မ ရိ မြို့ ရှိ အာ ဟပ် မင်း ထံ လာ ခိုက်၊ ဣ သ ရေ လ ဘု ရင် အာ ဟပ် မင်း သည်၊ ယော ရှ ဖတ် မင်း နှင့် လိုက် ပါ သူ တို့ အ ဖို့၊ သိုး နွား များ စွာ ကို စီ ရင် ပြီး မှ၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ ကို ကူ ညီ တိုက် ခိုက် ရန် နှိုး ဆော် သည် မှာ၊
  • 3 အ ကြည် တော် သည်၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့၊ ကျွန်ုပ် နှင့် အ တူ စစ် ချီ မည် လော ဟု၊ ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း အား မေး ရာ၊ ကျွန်ုပ် သည် အ ကြည် တော် ကဲ့ သို့ လည်း ကောင်း၊ ဗိုလ် ထု လည်း အ ကြည် တော့် ဗိုလ် ထု ကဲ့ သို့လည်း ကောင်း၊ ဖြစ် ပါ၍၊ စစ် ကူ ပါ မည် ဟု ပြန် ဆို လေ ၏။
  • 4 ယော ရှ ဖတ် မင်း က လည်း၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ဦး စွာ မေး လျှောက် ပါ လော့ ဟု၊ ဣ သ ရေ လ ဘုရင် အား ဆို သည့် အ တိုင်း၊
  • 5 ဣ သ ရေ လ ဘု ရင် သည်၊ ပ ရော ဖက် လေး ရာ တို့ ကို စု ရုံး စေ ပြီး လျှင်၊ ငါ တို့ သည်၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ သင့် သ လော၊ မ ချီ သင့် လော ဟု မေး ရာ၊ ချီ တော် မူ ပါ။ ဘု ရင် မင်း လက် တော် သို့ ဘု ရား သ ခင် အပ် နှင်း တော် မူ လိမ့် မည် ဟု တင် လျှောက် ကြ ၏။
  • 6 ကျွန်ုပ် တို့ မေး မြန်း ရန်၊ ထာ ဝ ရ ဘု ရား ၏ ပ ရော ဖက် ရှိ ပါ သေး သ လော ဟု၊ ယော ရှ ဖတ် မင်း မေး ပြန် သော်၊
  • 7 ဣ သ ရေ လ ဘု ရင် က၊ ထာ ဝ ရ ဘု ရား ထံ မေး လျှောက် ရန်၊ ဣ မ လ သား မိ က္ခာ တစ် ပါး ရှိ သေး ၏။ ထို သူ့ ကို ကား မ နှစ် သက်။ ကျွန်ုပ်၌ မင်္ဂ လာ စ ကား ကို မ ဟော၊ အ မင်္ဂ လာ စ ကား ကို သာ အ စဉ် ဟော တတ် သည် ဟု၊ ယော ရှ ဖတ် မင်း အား ဆို လျှင်၊ အ ကြည် တော်၊ ထို သို့ မ ထင် ပါ လင့် ဟု၊ ယော ရှ ဖတ် မင်း ပြန် ဆို သည် နှင့်၊
  • 8 ဣ သ ရေ လ ဘု ရင် သည် အ မတ် တစ် ယောက် ကို ခေါ်၍၊ ဣ မ လ သား မိ က္ခာ ကို အ မြန် ခေါ် သွင်း လော့ ဟု မိန့် ဆို လေ ၏။
  • 9 ထို အ ခါ၊ ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း နှင့်၊ ဣ သ ရေ လ ဘု ရင် တို့ သည်၊ ရှ မာ ရိ မြို့ တံ ခါး ရှေ့ တ လင်း ပြင် ၌၊ ကိုယ် စီ ရာ ဇ ပလ္လင် ထက်၊ မင်း မြောက် တန် ဆာ ဆင် ယင် စံ နေ ကြ စဉ်၊ ရှေ့ တော် တွင် ပ ရော ဖက် အ ပေါင်း တို့ ဟော ပြော ကြ ရာ၊
  • 10 ခေ နာ နာ့ သား ဇေ ဒ ကိ သည်၊ လုပ် ခဲ့ သော သံ ဦး ချို တစ် စုံ ကို ယူ ဆောင် လျက်၊ ရှု ရိ တပ် မ ပျက် မ ချင်း၊ ဤ ဦး ချို ဖြင့် ခတ် ဝှေ့ တော် မူ ရ မည် ဟူ ၍၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ရှိ သည် ဟု ဆို သည့် ပြင်၊
  • 11 ပ ရော ဖက် အ ပေါင်း တို့ က လည်း၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ၍၊ အောင် မြင် တော် မူ ပါ စေ သော။ ဘု ရင် မင်း လက် တော် သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ ပါ လိမ့် မည် ဟု ဟော ပြော ကြ ကုန် ၏။
  • 12 မိ က္ခာ ကို ခေါ် သော သူ က၊ ပ ရော ဖက် အ ပေါင်း တို့ သည်၊ မင်္ဂ လာ စ ကား ကို သာ ဘု ရင် မင်း အား၊ တစ် ခွန်း တစ် သံ တည်း ဟော ကြ ပါ ပြီ။ ကိုယ် တော် လည်း၊ သူ တို့ နည်း တူ၊ မင်္ဂ လာ စ ကား ကို သာ ဟော တော် မူ ပါ ဟု တိုက် တွန်း လျှင်၊
  • 13 ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း၊ ငါ့ ဘု ရား သ ခင်၏ ဗျာ ဒိတ် တော် ချက် ကို သာ ဆင့် ဆို ပါ မည် ဟု၊ မိ က္ခာ ပြန် ပြော လေ ၏။
  • 14 ရှေ့ တော် သို့ ရောက် သော အ ခါ၊ ဘု ရင် မင်း က၊ အ ချင်း မိ က္ခာ၊ ငါ တို့ သည်၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ သင့် သ လော၊ မ ချီ သင့် သ လော ဟု မေး လျှင်၊ စစ် ချီ ၍ အောင် မြင် တော် မူ ကြ ပါ စေ သော။ ဘု ရင် မင်း တို့ လက် သို့ အပ် နှင်း ခြင်း ခံ ရ လိမ့် မည် ဟု မိ က္ခာ ပြန် ဆို သော်၊
  • 15 ဘု ရင် မင်း က၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို ထောက် ၍၊ ဟုတ် မှန် ရာ မှ တစ် ပါး၊ မည် သည် ကို မျှ မ ဟော စေ ရန်၊ ဘယ် နှစ် ကြိမ် သ စ္စာ ဆို စေ ရ မည် နည်း ဟု မိန့် ဆို သည့် ကာ လ၊
  • 16 ဣ သ ရေ လ တစ် မျိုး လုံး သည်၊ အ ထိန်း မဲ့ သိုး အုပ် ကဲ့ သို့၊ တောင် ရိုး ပေါ် တွင် ကွဲ လွင့် လျက် နေ ကြ သည် ကို၊ အ ကျွန်ုပ် မြော် မြင် ရ လေ စွ။ အ ရှင် မ ရှိ သော ဤ သူ အ သီး အ သီး တို့၊ ကိုယ့် နေ ရာ ရင်း သို့ ဘေး မဲ့ ပြန် ကြ ပါ လေ စေ ဟူ ၍၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟု ဆင့် ဆို လေ ၏။
  • 17 ထို အ ခါ၊ ဣ သ ရေ လ ဘု ရင် က၊ ဤ သူ သည် အ ကျွန်ုပ်၌ မင်္ဂ လာ စ ကား ကို မ ဟော၊ အ မင်္ဂ လာ စ ကား ကို သာ ဟော တတ် သည် ဟူ ၍၊ ကျွန်ုပ် ပြော ခဲ့ ပြီ မ ဟုတ် လော ဟု၊ ယော ရှ ဖတ် မင်း အား ဆို လျှင်၊ မိ က္ခာ ဖော် ပြ သည် မှာ၊
  • 18 ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ ပါ ဦး။ ထာ ဝ ရ ဘု ရား သည် ပ လ္လင် တော် ထက် စံ တော် မူ လျက်၊ ဝဲ ယာ တော် နှစ် ဘက်၌ ကောင်း ကင် ဗိုလ် ခြေ အ ပေါင်း တို့ ခ စား နေ ကြ သည် ကို အ ကျွန်ုပ် မြင် ရ ပါ ပြီ။
  • 19 ထာ ဝ ရ ဘု ရား က လည်း၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ ၍ ကျ ဆုံး စေ ရန်၊ ဣ သ ရေ လ ဘု ရင် အာ ဟပ် ကို မည် သူ သွေး ဆောင် မည် နည်း ဟု မေး တော် မူ လျှင်၊ ထို ထို ဤ ဤ တစ် ပါး တစ် မျိုး စီ လျှောက် ပြီး နောက်၊
  • 20 ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ ဝိ ညာဉ် တစ် ပါး ထွက် ရပ် လျက်၊ အ ကျွန်ုပ် သွေး ဆောင် ပါ မည် ဟု လျှောက် သော်၊
  • 21 အ သို့ နည်း ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ ရာ၊ ထို မင်း ၏ ပ ရော ဖက် အ ပေါင်း တို့ နှုတ် တွင်၊ လှည့် ပတ် သော နတ် အ ဖြစ်၊ အ ကျွန်ုပ် သွား ရောက် စောင့် တည် ပါ မည် ဟု ပြန် လျှောက် သည် နှင့် အ ညီ၊ သွား ၍ ထို သို့ ပြု လော့။ သွေး ဆောင် နိုင် လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 22 သို့ ဖြစ် ၍ ထာ ဝ ရ ဘု ရား သည်၊ ထို ပ ရော ဖက် တို့ နှုတ် တွင် လှည့် ပတ် သော နတ် ပူး ကပ် စေ တော် မူ သည့် အ တိုင်း၊ ဘု ရင် မင်း အ ပေါ် ၌ လည်း၊ အ မင်္ဂ လာ ဗျာ ဒိတ် ကို ပေး တော် မူ ခဲ့ ပြီ ဟု ဖော် ပြ လေ ၏။
  • 23 ထို နောက် ခေ နာ နာ့ သား ဇေ ဒ ကိ သည် ချဉ်း လာ၍၊ မိ က္ခာ၏ ပါး ကို ပုတ် လျက်၊ ထာ ဝ ရ ဘု ရား ၏ ဝိ ညာဉ် တော် သည်၊ ငါ့ ထံ မှ ထွက် ခွာ၍ သင့် ကို ထောက် ခံ ရန်၊ မည် သို့ ရောက် လာ သ နည်း ဟု မေး လျှင်၊
  • 24 ပုန်း ရှောင် ခြင်း ငှာ အ တွင်း ခန်း သို့ ဝင် သော နေ့၌ ပင်၊ သိ ရ လိမ့် မည် ဟု၊ မိ က္ခာ ပြန် ဆို ၏။
  • 25 ဣ သ ရေ လ ဘု ရင် က လည်း၊ မိ က္ခာ ကို မြို့ ဝန် အာ မုတ် နှင့် သား တော် ယော ရှ တို့ ထံ ယူ သွား ၍၊
  • 26 ချမ်း သာ စွာ ငါ မ ပြန် မီ တိုင် အောင်၊ နှောင် အိမ် ၌ သွင်း လျက်၊ ဆင်း ရဲ စွာ စား သောက် စေ၊ ဟူ သော အ မိန့် တော် ကို ဆင့် ဆို ကြ လော့ ဟု မိန့် မှာ လျှင်၊
  • 27 မိ က္ခာ က၊ အ ကယ်၍ ဘု ရင် မင်း ချမ်း သာ စွာ ပြန် လာ ရ လျှင်၊ ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် အား ဖြင့် ဗျာ ဒိတ် ပေး တော် မူ သည် မ ဟုတ် ဟူ၍ လည်း ကောင်း၊ အို လူ မျိုး အ ပေါင်း တို့၊ နာ ခံ ကြ လော့ ဟူ ၍ လည်း ကောင်း၊ ဆို လေ ၏။
  • 28 ထို နောက်၊ ဣ သ ရေ လ ဘု ရင် နှင့် ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း တို့ သည်၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ ကြ ရာ၊
  • 29 ဣ သ ရေ လ ဘု ရင် က၊ ကျွန်ုပ် သည် မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် မည်။ အ ကြည် တော် မူ ကား၊ မင်း မြောက် တန် ဆာ ကို ဆင် ယင် ပါ လော့ ဟု၊ ယော ရှ ဖတ် မင်း အား ဆို ပြီး မှ၊ ဣ သ ရေ လ ဘု ရင် သည်၊ မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် ကြ သ တည်း။
  • 30 ရှု ရိ ဘု ရင် က၊ အ ခြား သူ၊ အ ယုတ် အ မြတ် အ လတ် တို့ ကို မ တိုက် ဘဲ၊ ဣ သ ရေ လ ဘု ရင် ကို သာ တိုက် ကြ လော့ ဟု၊ ရ ထား တပ် ဗိုလ် မှူး တို့ အား မိန့် မှာ နှင့် သည့် အ တိုင်း၊
  • 31 ရ ထား တပ် ဗိုလ် မှူး တို့ သည်၊ ယော ရှ ဖတ် မင်း ကို မြင် ကြ သော အ ခါ၊ ဤ သူ ကား ဣ သ ရေ လ ဘု ရင် တည်း ဟု အောက် မေ့ လျက်၊ တိုက် ရန် ဝိုင်း ဆီး ကြ ရာ၊ ယော ရှ ဖတ် မင်း ဟစ် ခေါ် သံ ပြု လျှင်၊ ထာ ဝ ရ ဘု ရား သ ခင် မ စ၍ ရန် သူ တို့ ကို ဆုတ် ခွာ စေ တော် မူ ၏။
  • 32 ဣ သ ရေ လ ဘု ရင် မ ဟုတ် ကြောင်း ရ ထား တပ် မှူး တို့ သိ သော်၊ လွှဲ ရှောင် ကြ လေ ၏။
  • 33 သူ ရဲ တစ် ယောက် ယမ်း ဆ ပစ် ခတ် သော မြှား သည်၊ ဣ သ ရေ လ ဘု ရင် ကို၊ သံ ချပ် ရင် အုပ် အ မြိတ် ကြား တွင် မှန် သော်၊ ငါ့ ကို ထိ ပြီ။ စစ် ပွဲ က လှည့် မောင်း လော့ ဟု၊ ရ ထား တော် ထိန်း အား မိန့် ဆို ပြီး နောက်၊
  • 34 တစ် နေ့ လုံး တိုး တက် တိုက် ခိုက် ကြ၏။ ဣ သ ရေ လ ဘု ရင် သည်၊ ရ ထား တော် ကို တံ ကဲ ပြု လျက်၊ ည နေ စောင်း တိုင် တိုင် ရှု ရိ တပ် ဘက် သို့ မျက် နှာ မူ၍ နေ ပြီး လျှင်၊ နေ ဝင် ချိန် ခန့် တွင် ကွယ် လွန် လေ၏။
回到本卷目录 回到本版本目录 回到首页