1
အာ သ မင်း နန်း စံ သုံး ဆယ့် ခြောက် နှစ် တွင်၊ ဣ သ ရေ လ ဘု ရင် ဗာ ရှာ မင်း သည်၊ ယု ဒ ပြည် နယ် စပ် သို့ ချီ သွား ပြီး လျှင်၊ ယု ဒ ဘုရင် အာ သ မင်း ထံ ထွက် ဝင် ခွင့် မ ရှိ ကြ စေ ရန်၊ ရာ မ မြို့ ကို တည် ရာ၊
2
အာ သ မင်း သည်၊ ဗိ မာန် တော်၊ နန်း တော် ရှိ ရွှေ ငွေ ဘ ဏ္ဍာ များ ကို ထုတ် ယူ၍၊ ဒ မာ သက် မြို့ စံ၊ ရှု ရိ ဘု ရင် ဗင်္ဟာ ဒဒ် မင်း ထံ ပေး ပို့ လျက်၊
3
ကျွန်ုပ် သည် အ ကြည် တော် နှင့် လည်း ကောင်း၊ ခ မည်း တော် သည် အ ကြည် တော့် ခ မည်း တော် နှင့်လည်း ကောင်း၊ မ ဟာ မိတ် ဖြစ် ကြ သည့် အ လျောက်၊ ရွှေ ငွေ များ ကို ကျွန်ုပ် ပေး ပို့ ပါ၏။ ကျွန်ုပ် နယ် စပ် မှ ဣ သ ရေ လ ဘု ရင် ဗာ ရှာ မင်း ထွက် သွား စေ ရန်၊ သူ နှင့် ဖွဲ့ ခဲ့ သော မ ဟာ မိတ် ကို ဖျက်၍၊ ကူ ညီ ပါ ဟူ သော အ မှာ တော် ကို၊ ဗင်္ဟာ ဒဒ် မင်း လိုက် နာ လျက်၊
4
ဣ သ ရေ လ မြို့ ရွာ များ သို့ တပ် ဗိုလ် တို့ ကို ချီ တက် စေ သည့် အ တိုင်း၊ ဣ ယုန်၊ ဒန်၊ အ ဗေ လ မိမ် မှ စ၍၊ နဿ လိ တစ် နယ် လုံး ရှိ ရိ က္ခာ တော် သို ထား ရာ မြို့ များ ကို လုပ် ကြံ ကြ ၏။
5
ထို သ တင်း ကို ဗာ ရှာ မင်း ကြား သော်၊ ရာ မ မြို့ တည် ဆောက် မှု ကို လက် လွှတ် ခဲ့ ရာ တွင်၊
6
အာ သ မင်း သည်၊ ယု ဒ တစ် မျိုး လုံး ကို ဆင့် ခေါ် ပြီး လျှင်၊ ဗာ ရှာ မင်း တည် ဆဲ ဖြစ် သော ရာ မ မြို့ မှ၊ ကျောက်၊ သစ် သား များ ကို သယ် ယူ၍၊ မိ ဇ ပါ၊ ဂေ ဗ မြို့ များ ကို ချဲ့ တည် လေ၏။
7
ထို အ ခါ အ မြော် အ မြင် ဆ ရာ ဟာ နန် သည်၊ ယု ဒ ဘု ရင် အာ သ မင်း ထံ ဝင် လာ၍၊ ဘု ရင် မင်း သည်၊ ကိုယ့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား အား မ ကိုး စား ဘဲ၊ ရှု ရိ ဘု ရင် ကို ကိုး စား သည့် အ တွက်၊ ရှု ရိ ဘု ရင့် အ လုံး အ ရင်း သည်၊ ဘုရင် မင်း လက် တွင်း မှ လွတ် မြောက် လေ စွ တ ကား။
8
ကု ရှ၊ လိ ဗု ရဲ မက် တို့ သည်၊ ရ ထား၊ မြင်း စီး သူ ရဲ အ မြောက် အ မြား ပါ သော အ လုံး အ ရင်း ကြီး ဖြစ် လျက်၊ ထာဝ ရ ဘု ရား ကို ဘုရင် မင်း ကိုး စား သော ကြောင့်၊ လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ သည် မ ဟုတ် လော။
9
ထာ ဝ ရ ဘု ရား ဘက် တော် သို့ စုံ လင် သော စိတ် ရှိ သူ တို့ အ ဖို့ တန် ခိုး ပြ ခြင်း ငှာ၊ မြေ တစ် ပြင် လုံး နှံ့ စ က္ခု တော် လှည့် လှည် ကြည့် ရှု ၏။ ဤ အ ရေး ၌ ဘု ရင် မင်း မိုက် မဲ စွာ ပြု လေ စွ တ ကား။ ယ ခု မှ စ၍ စစ် ရေး ပေါ် ထွက် ရ လ တ္တံ့ ဟု ဆင့် ဆို လေ ၏။
10
ထို သို့ သော စ ကား ကြောင့်၊ အာ သ မင်း သည် ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လျက်၊ အ မြော် အ မြင် ဆ ရာ ကို နှောင် အိမ် တွင် သွင်း ထား လေ၏။ ထို ကာ လ ပြည် သူ ပြည် သား အ ချို့ တို့ ကို လည်း ညှဉ်း ပန်း လေ ၏။
11
အာ သ မင်း အ စ အ ဆုံး ပြု မူ သ မျှ သည်၊ ယု ဒ၊ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
12
နန်း စံ သုံး ဆယ့် ကိုး နှစ် ရှိ သော်၊ ခြေ တော် တွင် အ နာ ဆိုး ရောက် သော် လည်း၊ ထာ ဝ ရ ဘု ရား ကို မ ရှာ၊ ဆေး ဆရာ များ ကို သာ မှီ ဝဲ လေ ၏။
13
အာ သ မင်း သည်၊ နန်း စံ လေး ဆယ့် တစ် နှစ် တွင်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် ကွယ် လွန် လျက်၊
14
ဒါ ဝိဒ် မြို့ တော် တွင်၊ အ မွှေး ပ ညာ သည် အ တတ် ဖြင့် ဖော် စပ် ပြီး နံ့ သာ ပေါင်း အ မွှေး အ ကြိုင် နှင့် ပြည့် သော၊ ကိုယ် ထွင်း ခဲ့ သည့် သင်္ချိုင်း ဂူ ရှိ သော သလွန် တော်၌ စျာ ပ န ပြု ကြ ရာ၊ ကြီး စွာ သော မီး ပွဲ သ ဘင် ကျင်း ပ ကြ ကုန်၏။