၂ ရာ​ချုပ်-17

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ခ မည်း တော် အ ရိုက် အ ရာ၌ နန်း စံ သော ယော ရှ ဖတ် မင်း သည်၊ ဣ သ ရေ လ နိုင် ငံ ကို ခု ခံ ရန်၊ ကိုယ့် နိုင် ငံ ခိုင် ခန့် စေ လျက်၊
  • 2 ယု ဒ ပြည် လုံး ရှိ ခံ တပ် မြို့ များ တွင်၊ ဗိုလ် ထု များ ကို လည်း ကောင်း၊ ယု ဒ ပြည် မှ စ ၍၊ ခ မည်း တော် အာ သ မင်း သိမ်း စု ပါ ဧ ဖ ရိမ် နယ် ရှိ မြို့ ရွာ တိုင်း တွင်၊ ကင်း တပ် များ ကိုလည်း ကောင်း၊ ထား လေ ၏။
  • 3 ယော ရှ ဖတ် မင်း သည် ဗာ လ နတ် များ ကို မ ရှာ မ ဖွေ၊ ခ မည်း တော် ဘု ရား ကို သာ ရှာ ဖွေ လျက်၊ ဣ သ ရေ လ နိုင် ငံ သား တို့ အ လေ့ အ ကျင့် သို့ မ လိုက်၊ ပ ညတ် တော် များ နှင့် ဘင် တော် ဒါ ဝိဒ် မင်း၏ ပ ဌ မ နည်း လမ်း အ တိုင်း လိုက် လျှောက် သော ကြောင့်၊
  • 4
  • 5 ထို မင်း နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ ၍၊ အာ ဏာ တည် စေ တော် မူ၏။ ယု ဒ တစ် မျိုး လုံး လက် ဆောင် ပ ဏ္ဏာ ဆက် သွင်း သ ဖြင့်၊ စည်း စိမ် ချမ်း သာ ဂုဏ် အ သ ရေ များ ပြား လေ ၏။
  • 6 ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ကို စိတ် အား ထက် သန် လျက်၊ ယု ဒ ပြည် ရှိ မြင့် ရာ ဌာ န နှင့် တံ ခွန် တိုင် များ ကို ပယ် ရှား ၏။
  • 7 နန်း စံ သုံး နှစ် တွင်၊ မှူး တော် မတ် တော် ဖြစ် သော ဗင် ဟဲ လ၊ ဩ ဗ ဒိ၊ ဇာ ခ ရိ၊ နာ သ နေ လ၊ မိ က္ခာ တို့ ကိုလည်း ကောင်း၊ လေ ဝိ ဂိုဏ်း သား ရှေ မာ ယ၊ နာ သ နိ၊ ဇေ ဗ ဒိ၊ အာ သ ဟေ လ၊ ရှေ မိ ရာ မုတ်၊ ယော န သန်၊ အ ဒေါ နိ ယ၊ တော ဘိ ယ၊ တော ဘ ဒေါ နိ ယ တို့ ကိုလည်း ကောင်း၊ ပ ရော ဟိတ် ဧ လိ ရှ မာ နှင့် ယ ဟော ရံ တို့ ကို လည်း ကောင်း၊ ယု ဒ မြို့ ရွာ များ တွင် ဩ ဝါ ဒ ပေး စေ ရန် လွှတ် လိုက် သည် နှင့် အ ညီ၊
  • 8
  • 9 ယု ဒ ပြည် လုံး နှံ့ ဒေ သ စာ ရီ လှည့် လည် လျက်၊ ပါ ရှိ သော ထာ ဝ ရ ဘု ရား၏ ပ ည တ္တိ ကျမ်း အ ရ၊ မြို့ သူ မြို့ သား တို့ ကို ဩ ဝါ ဒ ပေး ကြ လေ၏။
  • 10 ယု ဒ ပြည် ပတ် ဝန်း ကျင် ရှိ သ မျှ တိုင်း နိုင် ငံ သား တို့ အ ပေါ် သို့၊ ထာ ဝ ရ ဘု ရား ထံ မှ ဖြစ် ပွား သော ထိတ် လန့် ခြင်း သက် ရောက် သည် ဖြစ်၍၊ ယော ရှ ဖတ် မင်း ကို စစ် မ တိုက် ဝံ့ ကြ ချေ။
  • 11 ဖိ လိ တ္တိ လူ မျိုး အ ချို့ တို့ သည် ယော ရှ ဖတ် မင်း ထံ ငွေ ခွန် တော်၊ ပ ဏ္ဏာ တော် များ ကို ဆက် သွင်း ၍၊ အာ ရပ် လူ မျိုး တို့ လည်း၊ သိုး ထီး ခု နစ် ထောင့် ခု နစ် ရာ၊ ဆိတ် ထီး ခု နစ် ထောင့် ခု နစ် ရာ များ ကို ဆက် သ ကြ ၏။
  • 12 ယော ရှ ဖတ် မင်း သည် ခွန် အား ဗ လ ကြီး ပွား လျက်၊ ယု ဒ ပြည် တွင် ခံ တပ် နှင့် ရိ က္ခာ တော် သို ထား ရာ မြို့ များ ကို တည် ဆောက် သည့် ပြင်၊
  • 13 ယု ဒ မြို့ ရွာ ၌ တည် ဆောက် မှု များ ပြား ၍၊ ယေ ရု ရှ လင် မြို့ တွင် စစ် ခေါင်း မာ သော သူ ရဲ များ ကို ထား ၏။
  • 14 အိမ် ထောင် များ အ လိုက် စာ ရင်း ဝင် သော ယု ဒ အ နွယ်၊ ထောင် တပ် မှူး တို့ မှာ၊ ဗိုလ် မှူး အာ ဒ န နှင့် စစ် ခေါင်း မာ သူ သုံး သိန်း၊
  • 15 ဒု တိ ယ ဗိုလ် မှူး ယော ဟ နန် နှင့် နှစ် သိန်း ရှစ် သောင်း၊
  • 16 တ တိ ယ၊ ထာ ဝ ရ ဘု ရား ထံ ကိုယ် စိတ် နှစ် ပါး ကို လှူ သော၊ ဇိ ခ ရိ သား အာ မ သိ နှင့် စစ် ခေါင်း မာ သူ နှစ် သိန်း၊
  • 17 ဗင်္ယာ မိန့် အ နွယ်၊ စစ် ခေါင်း မာ သူ ဧ လျာ ဒ နှင့်၊ လေး၊ ဒိုင်း လွှား ကိုင် နှစ် သိန်း၊
  • 18 ဒု တိ ယ၊ ယော ဇ ဗဒ် နှင့်၊ လက် နက် ကိုင် သူ ရဲ တစ် သိန်း ရှစ် သောင်း တို့ တည်း။
  • 19 ယု ဒ ပြည် လုံး နှံ့ ခံ တပ် မြို့ များ တွင် ဘု ရင် မင်း ထား သော သူ ရဲ များ မှ တစ် ပါး၊ အ မှု တော် ကို ထမ်း ဆောင် သူ တို့ ကား၊ ထို သူ တို့ ပင် တည်း။
回到本卷目录 回到本版本目录 回到首页