1
ထာ ဝ ရ ဘု ရား က၊ သင် တို့ သည် သူ တို့ နှင့် မ ပေါင်း မ သင်း ရ။ ပေါင်း သင်း လျှင် ကိုယ့် ဘု ရား များ ဘက် သို့ သင် တို့ စိတ် နှ လုံး ကို မု ချ ငဲ့ ပါ စေ ကြ လိမ့် မည် ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ကန့် ကွက် တော် မူ ခဲ့ သည့် မော ဘ၊ အ မ္မုန်၊ ဧ ဒုံ၊ ဇိ ဒုန်၊ ဟိ တ္တိ အ မျိုး သမီး တည်း ဟူ သော မျိုး ခြား မိန်း မ များ ကို ဖာ ရော မင်း သ မီး တော် မှ တစ် ပါး ရှော လ မုန် မင်း နှစ် သက် မှီ ဝဲ သ ဖြင့်၊
2
3
မိ ဖု ရား ခု နစ် ရာ၊ မောင်း မ ကိုယ် လုပ် သုံး ရာ ရှိ၍ သူ တို့ သည် စိတ် တော် ကို ငဲ့ စေ ကြ ၏။
4
ရှော လ မုန် မင်း အို မင်း သော အ ခါ၊ ဆို ခဲ့ သော မိန်း မ များ က၊ အ ခြား ဘု ရား များ ဘက် သို့ စိတ် နှ လုံး တော် ကို ငဲ့ ပါ စေ ကြ သည် နှင့် ခ မည်း တော် ဒါ ဝိဒ် မင်း ကဲ့ သို့၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ထံ တော် ၌ စုံ လင် သော စိတ် မ ရှိ ဘဲ
5
ဇိ ဒုန် ဘု ရား မ အာ ရှ တ ရက်၊ စက် ဆုပ် ဖွယ် သော အ မ္မုန် ဘု ရား မိ လ ကုံ တို့ နောက် သို့ လိုက် လျက်
6
ထာ ဝ ရ ဘု ရား နောက် ခ မည်း တော် ဒါ ဝိဒ် မင်း စိတ် ပါ ကိုယ် ရောက် လိုက် ရှာ သည့် နည်း တူ၊ မ လိုက် မ ရှာ၊ မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် လေ ၏။
7
ထို ကာ လ ရှော လ မုန် မင်း သည် စက် ဆုပ် ဖွယ် သော မော ဘ ဘု ရား ခေ မု ရှ၊ အ မ္မုန် အ မျိုး သား တို့ ဘု ရား မော လုတ် တို့ အ ဖို့၊ ယေရု ရှ လင် မြို့ ရှေ့၊ တောင် ပေါ် တွင် မြင့် ရာ ဌာ န ကို ပြု ပြင် သည့် ပြင်
8
ကိုယ့် ဘု ရား များ အား ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် လေ့ ရှိ သော မျိုး ခြား မိန်း မ တ ကာ အ တွက် လည်း ပြု ပြင် သေး ၏။
9
နှစ် ကြိမ် မြောက် ထင် ရှား တော် မူ လျက် အ ခြား ဘု ရား များ နောက် သို့ မ လိုက် ရ ဟု ကန့် ကွက် တော် မူ ခဲ့ သော ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် ကို မ လိုက် နာ ဘဲ အ ထံ တော် မှ စိတ် ပြောင်း လဲ သော ရှော လ မုန် မင်း အ ပေါ် တွင် အ မျက် ထား တော် မူ ၏။
10
11
ထာ ဝ ရ ဘု ရား က၊ သင် သည် ငါ မိန့် မှာ သော ထုံး ဖွဲ့ ချက် များ နှင့် ပ ဋိ ညာဉ် တ ရား ကို မ စောင့် ရှောက် လို သော ကြောင့် နိုင် ငံ တော် ကို သင့် လက် မှ ငါ မု ချ ဆုတ် ဖြတ် လျက် သင့် ကျွန် အား ပေး မည်။
12
သို့ ရာ တွင် သင့် အ ဘ ဒါ ဝိဒ် ကို ထောက် ထား ၍ သင့် လက် ထက် ငါ မ ဆုတ် ဖြတ် သေး။
13
သင့် သား လက် မှ ဆုတ် ဖြတ် မည်။ ၎င်း ပြင် ကျွန် တော် ရင်း ဒါ ဝိဒ် နှင့် ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ ကို ထောက် ထား ၍ နိုင် ငံ လုံး ဆုတ် ဖြတ် မည် မ ဟုတ်။ သင့် သား လက် ဝယ် တစ် နွယ် ကို ထား ဦး မည် ဟု ရှော လ မုန် မင်း အား ဗျာ ဒိတ် ပေး တော် မူ ၏။
14
ထို အ ခါ ထာ ဝ ရ ဘု ရား သည် ရှော လ မုန် မင်း အား ရန် မူ မည့် သူ၊ ဧ ဒုံ မင်း မျိုး ဟာ ဒဒ် ကို ပေါ် ထွန်း စေ တော် မူ ၏။
15
ဟာ ဒဒ် ကား၊ ယ မန် ကာ လ တွင် ဒါ ဝိဒ် မင်း နှင့် လိုက် ပါ သော ဗိုလ် ချုပ် ယွာ ဘ သည် ကျ ဆုံး သော အ လောင်း များ ကို သင်္ဂြိုဟ် ရန် ဧ ဒုံ ပြည် သို့ ချီ တက် ၍ ပြည် သား ဟူ သ မျှ ကို မ သတ် ရ မ ချင်း၊ ဣ သ ရေ လ အ လုံး အ ရင်း နှင့် တ ကွ ခြောက် လ တိုင် တိုင် စွဲ ရပ် နေ စဉ်
16
17
ငယ် ရွယ် သူ ဖြစ် လျက် ဧ ဒုံ အ မျိုး သား ခ မည်း တော်၏ ကျေး ကျွန် သင်း ပင်း အ ချို့ နှင့် အ တူ အိ ဂျစ် ပြည် သို့ ပြေး သွား ရာ
18
မိ ဒျန် ပြည် မှ ပါ ရန် မြို့ သို့ ဆိုက် ရောက် သော်၊ ၎င်း မြို့ သား အ ချို့ ကို ခေါ် လျက် အိ ဂျစ် ပြည်၊ ဖာ ရော မင်း ထံ ရောက် လျှင် ထို မင်း ထံ မြေ နှင့် အိမ် ကို ရ ၍ ရိ က္ခာ ထောက် ပံ့ ခံ ရ သူ ဖြစ် သ တည်း။
19
ဖာ ရော မင်း သည် ဟာ ဒဒ် ကို အ ထူး မျက် နှာ သာ ပေး သ ဖြင့် မိ ဖု ရား တာ ပ နက် ညီ မ တော် နှင့် ဆောင် နှင်း ရာ
20
ညီ မ တော် ဖွား မြင် သော သား ဂေ နု ဗတ် ကို နန်း တော် တွင် တာ ပ နက် မွေး စား သည် နှင့် အ ညီ ဂေ နု ဗတ် သည် ဖာ ရော မင်း သား တော် များ နှင့် အ တူ နန်း တော် အ တွင်း ကြီး ပွား လေ ၏။
21
ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ဒါ ဝိဒ် မင်း ကျိန်း စက် ကြောင်း ကို လည်း ကောင်း၊ ဗိုလ် ချုပ် ယွာ ဘ သေ ကြောင်း ကို လည်း ကောင်း၊ အိ ဂျစ် ပြည်၌ ဟာ ဒဒ် ကြား လျှင် ကျွန် တော့် ပြည် သို့ ပြန် သွား ခွင့် ပြု တော် မူ ပါ ဟု တောင်း ပန် သော်၊
22
ဖာ ရော မင်း က၊ သင့် ပြည် သို့ ပြန် လို သည် မှာ ငါ့ ထံ၌ အ ဘယ် အ ရာ လစ် ဟင်း ၍ နည်း ဟု မေး မြန်း သည့် ကာ လ မ လစ် ဟင်း ပါ။ သို့ ရာ တွင် ပြန် ခွင့် ပေး တော် မူ ပါ ဟု တင် လျှောက် ပြန် ၏။
23
ရှော လ မုန် မင်း အား ရန် မူ မည့် သူ၊ ဧ လျာ ဒ သား ရေ ဇုန် ကို လည်း ဘု ရား သ ခင် ပေါ် ထွန်း စေ တော် မူ ၏။ ထို သူ ကား၊ ကိုယ့် သ ခင်၊ ဇော ဘ ဘု ရင် ဟာ ဒ ဒေ ဇာ မင်း ထံ မှ ပြေး ပြီး နောက်
24
၎င်း ပြည် သူ ပြည် သား တို့ ကို ဒါ ဝိဒ် မင်း လုပ် ကြံ သည့် ကာ လ၊ စု ဆောင်း ရ ရှိ သော လူ များ အ ပေါ် တွင် ဗိုလ် လုပ် လျက် ဒ မာ သက် မြို့ သို့ ချီ သွား ၍ မင်း ပြု သူ ဖြစ် သ တည်း။
25
သူ သည် ရှု ရိ ပြည် ကို အုပ် စိုး လျက် ဟာ ဒဒ် ပြု သော အ ဆိုး မှု ပြင်၊ ရှော လ မုန် မင်း လက် ထက် ကာ လ ပတ် လုံး ဣ သ ရေ လ လူ မျိုး ကို ရွံ ရှာ ၍ ရန် မူ လေ ၏။
26
ထို ပြင် ရှော လ မုန် မင်း ၏ ကျေး ကျွန် ဖြစ် သော ဧ ဖ ရိမ့် အ နွယ်၊ ဇေ ရ ဒ ရွာ နေ၊ နေ ဗတ် သား ယေ ရော ဗောင် သည် ဘု ရင် မင်း တစ် ဘက် လက် ရုံး ထောင် သူ ဖြစ် ၏။ အ မိ ကား ဇေ ရွာ အ မည် ရှိ သော မု ဆိုး မ တည်း။
27
လက် ရုံး ထောင် သည် မှာ မိ လ္လော ပြ အိုး ကို တည်၍ ခ မည်း တော် ဒါ ဝိဒ် မင်း မြို့ ရိုး ပေါက် ကို ရှော လ မုန် မင်း ပြု ပြင် သော အ ခါ
28
စွမ်း ရည် ကောင်း သော ယေ ရော ဗောင် သည် အ မှု အ ရေး ၌ လုံ့ လ ထုတ် သူ ဖြစ် ကြောင်း ကို သိ မြင် လျှင် ယော သပ် အ နွယ် တို့ တာ ဝန် ပေါ် တွင် အ ကြီး အ ကြပ် ခန့် ထား လေ ၏။
29
တစ် နေ့ သ၌ ယေ ရော ဗောင် သည် ယေ ရု ရှ လင် မြို့ ပြင် သို့ ထွက် သွား စဉ် ဝတ် လုံ သစ် ရုံ ရှိ သော ရှိ လော မြို့ နေ ပ ရော ဖက် အ ဟိ ယ နှင့် တွေ့ ဆုံ၍ မြို့ ပြင်၌ နှစ် ယောက် တည်း ရှိ ကြ ရာ
30
အ ဟိ ယ သည် ကိုယ် ရုံ သော ဝတ် လုံ သစ် ကို ကိုင် လျက်
31
ဆယ့် နှစ် ပိုင်း ဆုတ် ဖြတ် ပြီး လျှင် ယေ ရော ဗောင် အား ဆယ် ပိုင်း ကို ယူ လော့။ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ နိုင် ငံ တော် ကို ရှော လ မုန့် လက် မှ ငါ ဆုတ် ဖြတ် လျက် ကျွန် တော် ရင်း ဒါ ဝိဒ် ကို လည်း ကောင်း၊ ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နေ ရာ မြို့ ရွာ များ အနက် ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ ကို လည်း ကောင်း၊ ထောက် ထား ၍ တစ် နွယ် ကို သူ့ လက် ၀ယ် ချန် လျက် ဆယ် နွယ် ကို သင့် အား ငါ အပ် ပေး မည်။
32
33
ထို သူ သည် ငါ့ ကို စွန့်၍ ဇိ ဒုန် ဘု ရား မ အာ ရှ တ ရက်၊ မော ဘ ဘု ရား ခေ မု ရှ၊ အ မ္မုန် အ မျိုး သား တို့ ဘု ရား မိလ ကုံ များ ကို ရှိ ခိုး လျက်၊ အ ဘ ဒါ ဝိဒ် ကဲ့ သို့ ငါ့ နည်း လမ်း များ ၌ လိုက် လျှောက် ခြင်း၊ ငါ့ မျက် မှောက် တွင် ဖြောင့် မှန် စွာ ကျင့် ခြင်း၊ ငါ့ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ အ တိုင်း စောင့် ထိန်း ခြင်း များ ကို ပြု တော့ သည် မ ဟုတ်။
34
သို့ ရာ တွင် ငါ့ မိန့် မှာ ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် သူ၊ ရွေး ချယ် သော ကျွန် တော် ရင်း ဒါ ဝိဒ် ကို ထောက် ထား ၍ သူ့ လက် မှ နိုင် ငံ လုံး ကို မ နုတ် သေး ဘဲ
35
အ သက် ထက် ဆုံး မင်း ပြု စေ လျက်၊ သူ့ သား လက် မှ နိုင် ငံ ကို နုတ် ပြီး လျှင်၊ ဆယ် နွယ် ကို သင့် အား ငါ ပေး မည်။
36
နာ မ တော် တည် ရန် ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ တွင် ကျွန် တော် ရင်း ဒါ ဝိဒ် သည် ငါ့ မျက် မှောက်၌ ကာ လ အ စဉ် အလင်း ရ စေ ရန် ရှော လ မုန် သား သို့ တစ် နွယ် ကို ငါ ပေး ထား ၏။
37
ငါ ရွေး ယူ သည် နှင့် အ ညီ သင် လည်း သ ဘော ရှိ တိုင်း အုပ် စိုး ခွင့် ရ၍ ဣ သ ရေ လ အ ပေါ် တွင် ဘု ရင် ဖြစ် လိမ့် မည်။
38
သင် သည် ငါ့ မိန့် မှာ တိုင်း နား ထောင် ၍ ကျွန် တော် ရင်း ဒါ ဝိဒ် ကဲ့ သို့၊ ငါ့ နည်း လမ်း များ ၌ လိုက် လျှောက် ခြင်း၊ ငါ့ မျက် မှောက် တွင် ဖြောင့် မှန် စွာ ကျင့် ခြင်း၊ ငါ့ ထုံး ဖွဲ့ မိန့် မှာ ချက် များ အ တိုင်း စောင့် ထိန်း ခြင်း များ ကို ပြု လျှင်၊ သင် နှင့် အ တူ ငါ ရှိ လျက် ဒါ ဝိဒ် အ မျိုး အ နွယ် တည် မြဲ စေ ခဲ့ သည့် နည်း တူ သင့် အ မျိုး အ နွယ် လည်း တည် မြဲ စေ ၍ ဣ သ ရေ လ နိုင် ငံ ကို အပ် ပေး မည်။
39
ဆို ခဲ့ သော ပြစ် မှု ကြောင့် ဒါ ဝိဒ် အ နွယ် ကို ငါ ရှုတ် ချ သော် လည်း အ စဉ် ရှုတ် ချ မည် မ ဟုတ် ဟု မိန့် တော် မူ ကြောင်း ဆင့် ဆို လေ၏။
40
ထို ကြောင့်၊ ယေ ရော ဗောင် ကို ကွပ် မျက် ရန် ရှော လ မုန် မင်း ရှာ ကြံ ရာ ယေ ရော ဗောင် သည် အိ ဂျစ် ပြည်၊ ရှိ ရှက် မင်း ထံ ပြေး ဝင်၍ ရှော လ မုန် မင်း ကွယ် လွန် သည့် တိုင် အောင် အိ ဂျစ် ပြည်၌ ခို နေ လေ ၏။
41
ရှော လ မုန် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် ဉာဏ် ပ ညာ ပါ ရှော လ မုန် အ ရေး တော် ပုံ တွင် ရေး ထား လျက် ရှိ ၏။
42
ရှော လ မုန် မင်း သည် ယေ ရု ရှ လင် မြို့၌ ဣ သ ရေ လ နိုင် ငံ လုံး ကို နှစ် ပေါင်း လေး ဆယ် စိုး စံ ပြီး မှ
43
ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ခ မည်း တော် ဒါ ဝိဒ် မြို့ တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ရော ဗောင် သည် အ ရိုက် အ ရာ ၌ နန်း စံ လေ ၏။