1
ရှော လ မုန် မင်း သည် ဗိ မာန် တော်၊ နန်း တော် များ မှ စ ၍ ပြု လုပ် လို သ မျှ ကို အ ပြီး သတ် သည့် ကာ လ၊
2
ဂိ ဗောင် မြို့၌ ထင် ရှား ခဲ့ သည့် နည်း တူ တစ် ဖန် ထာ ဝ ရ ဘု ရား ထင် ရှား ပြန် လျက် ဗျာ ဒိတ် ပေး တော် မူ သည် မှာ
3
ငါ့ မျက် မှောက် တွင် သင့် အ သ နား တော် ခံ တောင်း လျှောက် ချက် ကို ငါ နာ ယူ ပြီ။ သင် တည် ဆောက် သော ဤ ဗိ မာန် ကို ငါ သီး သန့် ထား လျက် နာ မ တော် တည် မြဲ စေ သည့် အ တိုင်း အ စဉ် မ ပြတ် ငါ မျက် မှောက် ပြု ၍ အ ရေး ယူ မည်။
4
သင် သည် ငါ မိန့် မှာ တိုင်း ပြု၍ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို စောင့် ထိန်း လျက် သင့် အ ဘ ဒါ ဝိဒ် ကဲ့ သို့ ငါ့ မျက် မှောက် တွင် ဖြောင့် မှန် စုံ လင် သော စိတ် သ ဘော နှင့် လိုက် လျှောက် လျှင်
5
ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် စံ ရ သော သင့် အ မျိုး မင်း ရိုး မ ပြတ် ရ ဟု သင့် အ ဘ ဒါ ဝိဒ် အား က တိ ထား ခဲ့ သည့် အ တိုင်း ဣ သ ရေ လ နိုင် ငံ ပေါ် တွင် သင့် ရာ ဇ ပ လ္လင် ကို ကာ လ အ စဉ် ငါ တည် မြဲ စေ မည်။
6
သင့် တို့ ဖြစ် စေ၊ သား မြေး တို့ ဖြစ် စေ၊ ငါ စီ ရင် ခဲ့ သော မိန့် မှာ ထုံး ဖွဲ့ ချက် များ ကို မ စောင့် ရှောက် ဘဲ နောက်တော် မှ တွန့် ဆုတ် လျက် အ ခြား ဘု ရား များ နောက် လိုက် သွား ဝတ် ပြု ရှိ ခိုး ကြ လျှင် မူ ကား၊
7
ဣ သ ရေ လ လူ မျိုး ကို ပေး ထား သော ပြည် မှ ပယ် ရှား လျက် ငါ့ နာ မ အ ဖို့ သီး သန့် ထား ခဲ့ သော ဤ ဗိ မာန် ကို လည်း မျက် မှောက် မှ စွန့် ပယ် မည် ဖြစ် ၍ ဣ သ ရေ လ လူ မျိုး သည် လူ အ မျိုး မျိုး တို့ တွင် ပုံ ခိုင်း ရာ ပြောင် လှောင် ရာ ဖြစ် ကြ လိမ့် မည်။
8
မြင့် မြတ် သော ဤ ဗိ မာန့် အ နီး သီ သွား သူ အ ပေါင်း တို့ အံ့ အား သင့် လျက် ထာ ဝ ရ ဘု ရား သည် ထို ပြည် နှင့် ထို ဗိ မာန် ကို အ ဘယ် ကြောင့် ဤ သို့ စီ ရင် တော် မူ သ နည်း ဟု ကဲ့ ရဲ့ မေး မြန်း သော်
9
ဘိုး ဘေး တို့ အား အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သူ တို့ စွန့် ၍ အ ခြား ဘု ရား များ ထံ မှီ ဝဲ ရှိ ခိုး ဝတ် ပြု ကြ သော ကြောင့်၊ ထို ဘေး ဆိုး အ လုံး စုံ ကို ထာ ဝ ရ ဘု ရား သင့် ရောက် စေ တော် မူ ကြောင်း ပြော ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
10
ရှော လ မုန် မင်း သည် ဗိ မာန် တော်၊ နန်း တော်၊ နှစ် ရပ် လုံး ကို ဆောက် ၍ နှစ် ပေါင်း နှစ် ဆယ် ပြည့် သော အ ခါ
11
ရှော လ မုန် မင်း သ ဘော တော် အ တိုင်း သစ် က တိုး၊ ထင်း ရူး သား နှင့် တ ကွ၊ ရွှေ များ ကို ပေး ပို့ သော တု ရု ဘုရင် ဟိ ရံ မင်း အား ဂါ လိ လဲ ပြည် နယ် အ တွင်း မြို့ ရွာ နှစ် ဆယ် ကို ပေး ရာ
12
ရှော လ မုန် မင်း ပေး သော မြို့ ရွာ များ ကို တု ရု မြို့ မှ ဟိ ရံ မင်း ထွက် လာ ၍
13
ကြည့် ရှု သော် မ နှစ် သက် သ ဖြင့် အ ကြည် တော် ပေး သော ဤ မြို့ ရွာ များ ကား အ သို့ နည်း ဟု ဆို သည် ကို အ စွဲ ပြု ၍ ကာ ဗု လ ဟု ယ နေ့ တိုင် အောင် တွင် သ တည်း။
14
ဟိ ရံ မင်း လည်း ရှော လ မုန် မင်း အား ရွှေ ချိန် ခွက် သုံး ထောင့် ခြောက် ရာ ကို ပေး လေ ၏။
15
ရှော လ မုန် မင်း သည် လ မိုင်း အ မှု ထမ်း ဖွဲ့ ခြင်း အ ကြောင်း မှာ ဗိ မာန် တော်၊ နန်း တော်၊ မိလ္လော ပြ အိုး၊ ယေ ရု ရှ လင် မြို့ ရိုး မှ စ ၍ ဟာ ဇော် မြို့၊ မေ ဂိ ဒ္ဒေါ မြို့၊ ဂေ ဇာ မြို့ များ ကို တည် ဆောက် ရန် တည်း။
16
ဂေ ဇာ မြို့ ကို ကား အိ ဂျစ် ဘု ရင် ဖာ ရော မင်း ချီ တက် တိုက် ခိုက် မီး ရှို့ လျက်၊ ခါ နာန် အ မျိုး မြို့ သူ မြို့ သား တို့ ကို လုပ် ကြံ ပြီး မှ သ မီး တော် ဖြစ် သော ရှော လ မုန် မင်း မိ ဖု ရား သို့ လက် ဖွဲ့ သည် နှင့် အ ညီ
17
ရှော လ မုန် မင်း တည် ထောင် ပြု စု လေ ၏။
18
၎င်း ပြင် အောက် ဗေ သော ရုန် မြို့၊ ဗာ လတ် မြို့၊ ပြည် တော် အ တွင်း သဲ က န္တာ ရ ရှိ တာ ဒ မော် မြို့ များ နှင့်
19
ရိ က္ခာ တော် သို ရာ မြို့ များ၊ စစ် ရ ထား ထိန်း မြို့ များ၊ မြင်း စီး သူ ရဲ နေ ရန် မြို့ များ မှ စ ၍ ယေ ရု ရှ လင် မြို့ လေ ဗ နုန် တောင်၊ နိုင် ငံ တော် အ ရပ် ရပ် တွင် တည် ဆောက် လို သ မျှ ကို တည် ဆောက် ၏။
20
ဣ သ ရေ လ အ မျိုး သား တို့ မြေ မ လှန် နိုင် သ ဖြင့် ပြည် တော် အ တွင်း ကြွင်း သေး သော တစ် ပါး အ မျိုး သား၊ အာ မော ရိ၊ ဟိ တ္တိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ အ နွယ်၊ သား စဉ် မြေး ဆက် တို့ ကို ယ နေ့ တိုင် အောင် လ မိုင်း အ မှု ထမ်း ဖွဲ့ လျက်
21
22
ဣ သ ရေ လ အ မျိုး သား တို့ ကို မ ဖွဲ့ ဘဲ ရဲ မက် တော်၊ ကျေး ကျွန် သင်း ပင်း၊ မှူး တော်၊ မတ် တော်၊ စစ် ကဲ၊ ရ ထား တပ် ဗိုလ်၊ မြင်း တပ် ဗိုလ် ရာ ထူး များ တွင် သာ ခန့် ထား လေ ၏။
23
စီ မံ သ မျှ သော အ မှု တော် ကို လုပ် ဆောင် သူ တို့ အ ပေါ် တွင် ကြီး ကြပ် ကြည့် ရှု ရ သော အ ကြီး အ ကဲ ငါး ရာ့ ငါး ဆယ် ရှိ သ တည်း။
24
ဖာ ရော မင်း သ မီး တော် သည် ဒါ ဝိဒ် မြို့ တော် မှ ထွက် ၍ မိ ဖု ရား အ ဖို့ တည် ဆောက် သော နန်း မ တွင် စံ နေ စဉ်၊ မိ လ္လော ပြ အိုး ကို ရှော လ မုန် မင်း ပြင် ဆင် လေ ၏။
25
ရှော လ မုန် မင်း လည်း ထာ ဝ ရ ဘု ရား အ ဖို့ တည် သော ရှေ့ တော် ရှိ ပ လ္လင် တော် ပေါ် တွင် နံ့ သာ ပေါင်း နှင့် တ ကွ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို တစ် နှစ် သုံး ကြိမ် ပူ ဇော် လေ့ ရှိ ၏။ ဗိ မာန် တော် တည် ဆောက် မှု အ ပြီး သတ် ပြီး လျှင်
26
ရှော လ မုန် မင်း သည် ဧ ဒုံ ပြည်၊ ဧ လုတ် မြို့ အ နီး၊ ပင် လယ် နီ ဆိပ် ကမ်း ရှိ ဧ ဇ ယုန် ဂါ ဗာ မြို့ တွင် သင်္ဘော အ များ တည် လုပ် ရာ ဟိ ရံ မင်း လည်း
27
ပင် လယ် သွား ကျွမ်း ကျင် သူ ကိုယ့် သင်္ဘော သား တို့ ကို ရှော လ မုန် မင်း ၏ သင်္ဘော သား တို့ နှင့် အ တူ စီး စေ ၍
28
သြ ဖိ ရ ပြည် သို့ လွှင့် သွား လျက် ရွှေ ချိန် ခွက် တစ် သောင်း နှစ် ထောင့် ခြောက် ရာ ကို ဆောင် ယူ ခဲ့ ပြီး လျှင် ရှော လ မုန် မင်း ထံ ဆက် သ ကြ လေ ၏။