၂ ရာ-18

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဒါ ဝိဒ် မင်း သည် နောက် တော် ပါ တို့ ကို ကြည့် ရှု စစ် ဆေး ပြီး လျှင် ထောင် တပ် မှူး၊ ရာ တပ် မှူး တို့ ကို ခန့် ထား ၏။
  • 2 တပ် တော် ကို သုံး စု ခွဲ၍ တစ် စု ကို ယွာ ဘ သို့လည်း ကောင်း၊ တစ် စု ကို ဇေ ရု ယာ့ သား၊ ယွာ ဘ ညီ၊ အ ဘိ ရှဲ သို့ လည်း ကောင်း၊ တစ် စု ကို ဂါ သ မြို့ သား အိ တ္တဲ သို့လည်း ကောင်း အပ် လျက် ငါ့ ကိုယ် တိုင် ကြပ် မ ချီ တက် မည် ဟု တပ် တော် သား တို့ အား မိန့် ဆို ရာ
  • 3 တပ် တော် သား တို့ က၊ ချီ တက် တော် မ မူ ပါ နှင့်။ ကျွန် တော် တို့ ဆုတ် ပြေး ရ သည် ဖြစ် စေ၊ ထက် ဝက် ကျ ဆုံး သည် ဖြစ် စေ၊ ရန် သူ တို့ အ ရေး မ ယူ လောက် ပါ။ ဘု ရင် မင်း မှာ မူ လူ တစ် သောင်း ထက် မြတ် ပါ သည်။ သို့ အ တွက် ကျွန် တော် တို့ ကို မ စ ရန် မြို့ တွင်း၌ အ သင့် စံ တော် မူ ပါ လျှင် သာ၍ ကောင်း ပါ လိမ့် မည် ဟု တင် လျှောက် ကြ သော်၊
  • 4 ဘု ရင် မင်း က၊ သင် တို့ သ ဘော အ တိုင်း ငါ ပြု မည် ဟု မိန့် ဆို လေ၏။ တပ် တော် သား တို့ လည်း ထောင် တပ်၊ ရာ တပ် ချီ ထွက် ကြ ရာ ဘု ရင် မင်း သည် မြို့ တံ ခါး ဝ လမ်း နံ ဘေး တွင် ရပ် နေ လျက်
  • 5 ယွာ ဘ၊ အ ဘိ ရှဲ၊ အိ တ္တဲ တို့ အား ငါ့ မျက် နှာ ကို ထောက်၍ သား တော် အ ဗ ရှ လုံ ကို ညှာ တာ ကြ လော့ ဟု မိန့် မှာ လိုက် ၏။ တပ် အ လုံး တို့ လည်း အ ဗ ရှ လုံ နှင့် စပ် လျဉ်း၍ ဗိုလ် ချုပ် တို့ အား အ မှာ စ ကား ကို ကြား သိ ကြ လေ ၏။
  • 6 တပ် တော် သား တို့ သည် ဣ သ ရေ လ ရဲ မက် တို့ ကို ဆီး ဆို့ ရန် စစ် မြေ ပြင် သို့ ချီ ထွက်၍ ဧ ဖ ရိမ် သစ် တော၌ တိုက် ခိုက် ကြ ရာ
  • 7 ဣ သ ရေ လ တပ် သား တို့ သည် ဒါ ဝိဒ် မင်း၏ သူ ရဲ တို့ ရှေ့၊ ရှုံး နိမ့် လျက်၊ အ ပြင်း အ ထန် လုပ် ကြံ သ ဖြင့် ထို နေ့ ချင်း တွင် လူ နှစ် သောင်း ကျ ဆုံး လေ ၏။
  • 8 ထို နေ့၌ တော တောင် အ နှံ့ စစ် သား တို့ ကွဲ လွင့် ကြ သည် ဖြစ်၍ တော စာ ဖြစ် သူ တို့ သည် ဓား စာ ဖြစ် သူ တို့ ထက် များ လေ စွ တ ကား။
  • 9 လား စီး လျက် ပြေး သော အ ဗ ရှ လုံ သည် ဒါ ဝိဒ် မင်း သူ ရဲ တို့ နှင့် တွေ့ ဆိုင် မိ သည် နှင့် အ ကိုင်း အ ခက် ရှုပ် ထွေး သော ညန် ပင် အောက် သို့ စီး ဝင် ရာ လည် ကို အ ကိုင်း ညှပ် သော်၊ လား ရုန်း ထွက် သ ဖြင့် မိုး မြေ အ ကြား တွဲ လွဲ နေ ရစ် လေ ၏။
  • 10 မြင် သူ တစ် ယောက် က ညန် ပင်၌ အ ဗ ရှ လုံ တွဲ လွဲ နေ သည် ကို ကျွန် တော် မြင် ခဲ့ သည် ဟု ယွာ ဘ အား ကြား ပြော ရာ
  • 11 သင် မြင် ခဲ့ သည် မှန် က မြေ သို့ ကျ အောင် အ ဘယ် ကြောင့် မ ထိုး သတ် သ နည်း။ သတ် ခဲ့ လျှင် ငွေ ဒ င်္ဂါး တစ် ဆယ် နှင့် ခါး စည်း ကို ငါ ဆု ပေး လေ ပြီ ဟု ယွာ ဘ ပြော ဆို သော်
  • 12 ကျွန် တော် သည် ငွေ အ ခွက် တစ် ဆယ် ပင် လက် ဝယ် ခံ ရ သော် လည်း ဘု ရင့် သား တော် ကို လက် ရောက် ပြု ဝံ့ မည် မ ဟုတ် ပါ။ ကျွန် တော် တို့ ကြား ရ ခဲ့ သည့် အ တိုင်း သား တော် အ ဗ ရှ လုံ အား စောင့် ရှောက် ကြ လော့ ဟု ကိုယ် တော် နှင့် အ ဘိ ရှဲ အိ တ္တဲ တို့ ကို ဘု ရင် မင်း မှာ တော် မူ လိုက် ပါ၏။
  • 13 အ ကယ်၍ သ စ္စာ တော် ကို ဖောက် လျက် အ သက် အ န္တ ရာယ် ကို ကျွန် တော် ရှာ ကြံ လျှင် ဘု ရင် မင်း ထံ ဝှက် ကွယ် နိုင် သော အ ရာ တစ် စုံ တစ် ခု မျှ မ ရှိ သည် နှင့် အ ညီ ကိုယ် တော် ပင် ကျွန် တော့် ဘက်၌ နေ မည် မ ဟုတ် ပါ ဟု ပြော ဆို သော်၊
  • 14 ယွာ ဘ က၊ သင် နှင့် အ တူ ဖင့် နွှဲ့ စွာ ငါ မ နေ နိုင် ဟု ဆို လျက် လှံ ယဉ် သုံး စင်း ကို ကိုင် ဆောင်၍ ညန် ကိုင်း လယ် တွင် အ သက် ရှိ သေး သော အ ဗ ရှ လုံ၏ နှ လုံး ကို ထုတ် ချင်း ပေါက် ထိုး လျှင်
  • 15 လက် နက် ကိုင် တစ် ကျိပ် တို့ လည်း ဝိုင်း ဝန်း ခုတ် သတ် ကြ သ ဖြင့် အ ဗ ရှ လုံ သေ လေ ၏။
  • 16 ယွာ ဘ သည် တပ် တော် သား တို့ အား ပြန် သိမ်း ရန် တံ ပိုး မှုတ် သော်၊ ဣ သ ရေ လ ရဲ မက် တို့ ကို လိုက် လံ ရာ မှ တပ် တော် သား တို့ ပြန် လာ ကြ ၏။
  • 17 အ ဗ ရှ လုံ့ အ လောင်း ကို လည်း ဖြုတ် ယူ၍ ထို တော ရှိ တွင်း နက် ထဲ သို့ ချ ပြီး လျှင် ကျောက် များ ကို ဖို့ ပုံ ကြ လေ ၏။ ဣ သ ရေ လ ရဲ မက် အ ပေါင်း တို့ သည် အ သီး အ သီး နေ အိမ် သို့ ပြန် ပြေး ကြ ၏။
  • 18 အ ဗ ရှ လုံ သည် ကိုယ့် အ မည် မ တိမ် ကော စေ ခြင်း ငှါ သား မ ရှိ ဟု အောက် မေ့၍ အ သက် ရှင် စဉ် အ ခါ မင်း ချိုင့် တွင် ကျောက် တိုင် ကို စိုက် ထူ လျက် ကိုယ့် အ မည် ဖြင့် သ မုတ် ခဲ့ သော ကြောင့် ယ နေ့ တိုင် အောင် အ ဗ ရှ လုံ့ မော် ကွန်း ဟု တွင် လေ သ တည်း။
  • 19 ထို အ ခါ ဇာ ဒုတ် သား အ ဟိ မတ် က၊ ထာ ဝ ရ ဘု ရား သည် ရန် သူ တော် တို့ လက် တွင်း မှ ကယ် လွှတ် တော် မူ ကြောင်း ကို ကျွန် တော် အ သော့ သွား ၍ ဘု ရင် မင်း ထံ သ တင်း ကြား လျှောက် ပါ ရ စေ ဟု ခွင့် ပန် လျှင်
  • 20 ယွာ ဘ က၊ သင် သည် ယ နေ့ သ တင်း ပေး မ ဖြစ် ရ။ နောက် နေ့ သ တင်း ကို ကား ပေး ခွင့် ရှိ၏။ ယ နေ့ မှာ သား တော် ကွယ် လွန် သည့် အ တွက် သင် သ တင်း ပေး ရန် မ သင့် ဟု ဆို ပြီး မှ
  • 21 ကု ရှ လူ မျိုး တစ် ယောက် အား၊ ဘု ရင် မင်း ထံ သွား၍ သိ မြင် သ မျှ ကို လျှောက် ကြား လော့ ဟု မိန့် ဆို သည့် အ တိုင်း ကု ရှ လူ မျိုး သည် ယွာ ဘ အား ဦး ညွှတ် လျက် အ သော့ သွား လေ ၏။
  • 22 တစ် ဖန် ဇာ ဒုတ် သား အ ဟိ မတ် က၊ ဘေး တွေ့ မည် ဖြစ် သော် လည်း ထို ကု ရှ လူ မျိုး၏ နောက် ထပ် အ သော့ လိုက် ပါ ရ စေ ဟု အ ခွင့် တောင်း ပြန် သော်၊ ငါ့ သား ဆု ရ ထိုက် သော သ တင်း မ ဟုတ် ဘဲ လျက် အ ဘယ် ကြောင့် သွား လို သ နည်း ဟု ယွာ ဘ မြစ် တား ရာ
  • 23 ဘေး တွေ့ ပါ စေ တော့။ ကျွန် တော် သွား ပါ မည် ဟု ဆို လျှင် ယွာ ဘ အ ခွင့် ပေး သ ဖြင့် အ ဟိ မတ် သည် မြစ် ကမ်း ခြေ လမ်း ဖြင့် သွား၍ ကု ရှ လူ မျိုး ကို လွန် လေ ၏။
  • 24 ဒါ ဝိဒ် မင်း သည် တံ ခါး တော် နှစ် ထပ် ကြား မှာ ထိုင် နေ ရာ တံ ခါး တော် အ ထက် မြို့ ရိုး ပေါ် သို့ တက် သွား သော ကင်း စောင့် မြော် ကြည့် ၍ လူ တစ် ယောက် ပြေး လာ သည် ကို မြင် လျှင်
  • 25 ဘု ရင် မင်း အား အော် ဟစ် တင် လျှောက် သော် ဘု ရင် မင်း က၊ တစ် ယောက် တည်း ဖြစ် လျှင် သ တင်း ပေး ဖြစ် လိမ့် မည် ဟု မိန့် ဆို လေ ၏။
  • 26 ထို သူ ချဉ်း လာ ရာ ကင်း စောင့် သည် အ ခြား သူ ပြေး လာ သည် ကို မြင် သည့် အ တိုင်း လူ တစ် ယောက် ပြေး လာ သေး သည် ဟု တံ ခါး စောင့် အား အော် ဟစ် ပြန် ကြား သည့် ကာ လ ဘု ရင် မင်း က ထို သူ လည်း သ တင်း ပေး ဖြစ် မည် ဟု မိန့် ဆို လေ ၏။
  • 27 အ ရင် သူ ၏ လာ ခြင်း ကား၊ ဇာ ဒုတ် သား အ ဟိ မတ် လာ ခြင်း နှင့် တူ ပါ သည် ဟု လျှောက် သော်၊ ဘု ရင် မင်း က၊ ထို သူ ကား လူ ကောင်း ဖြစ် သည်။ သ တင်း ကောင်း ပေး လိမ့် မည် ဟု အ မိန့် ရှိ ၏။
  • 28 အ ဟိ မတ် က၊ သု ခ ချမ်း သာ ရှိ ပါ စေ သော ဟု အော် ဟစ် ပြီး လျှင် မျက် မှောက် တော် တွင် ပျပ် ဝပ် ရှိ ခိုး လျက် အ ရှင် မင်း မြတ် တစ် ဘက် ၌ လက် ရုံး ထောင် သူ တို့ ကို အပ် နှင်း တော် မူ သော ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘုရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော ဟု တင် လျှောက် ရာ
  • 29 ဘု ရင် မင်း က၊ သား တော် အ ဗ ရှ လုံ ချမ်း သာ၏ လော ဟု မေး လျှင် အ ဟိ မတ် က၊ ယွာ ဘ သည် ဘု ရင် မင်း မြတ်၏ ကျွန် တော် မျိုး ကို စေ လွှတ် သော အ ခါ ရုန်း ရင်း ခတ် ဖြစ် ဆဲ ကို သာ မြင် ရ သ ဖြင့် တပ် ရာ မ သိ ခဲ့ ရ ပါ ဟု တင် လျှောက် သည့် ကာ လ
  • 30 ရွှေ့၍ ရပ် နေ ဦး လော့ ဟု ဘု ရင် မင်း မိန့် ဆို သည့် အ တိုင်း ရွှေ့ ရပ် လေ၏။
  • 31 ကု ရှ လူ မျိုး ထပ် ရောက် သော် အ ရှင် မင်း မြတ် ထံ သ တင်း ပေး ရန် လာ ပါ၏။ ထာ ဝ ရ ဘု ရား သည် ပုန် ကန် သူ အ ပေါင်း တို့ လက် တွင်း မှ ကိုယ် တော် ကို ယ နေ့ ကယ် လွှတ် တော် မူ ပါ ပြီ ဟု တင် လျှောက် လျှင်
  • 32 သား တော် အ ဗ ရှ လုံ ချမ်း သာ၏ လော ဟု ဘု ရင် မင်း မေး ပြန် သော်၊ ကု ရှ လူ မျိုး က၊ အ ရှင် မင်း မြတ်၏ ရန် သူ တော် မှ စ၍ အ ကျိုး တော် ပျက် ရန် သောင်း ကျန်း သူ အ ပေါင်း တို့ သည် သား တော် ကဲ့ သို့ ဖြစ် ကြ ပါ စေ သော ဟု တင် လျှောက် သည့် ကာ လ
  • 33 ဘု ရင် မင်း သည် နှ လုံး တော် မ သာ လျက် မြို့ တံ ခါး ထိပ် တန် ဆောင်း တွင်း သို့ ဝင် ရန် တက် သွား စဉ် အို ငါ့ သား အ ဗ ရှ လုံ၊ ငါ့ သား၊ ငါ့ သား၊ အ ဗ ရှ လုံ၊ သင့် ကိုယ် စား ငါ မ သေ ပါ လေ။ အို အ ဗ ရှ လုံ၊ ငါ့ သား၊ ငါ့ သား ဟု ငို ကြွေး မြည် တမ်း လေ ၏။
回到本卷目录 回到本版本目录 回到首页