1
တစ် ဖန် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အ မျက် တော် ထား ၍ ဣ သ ရေ လ၊ ယု ဒ အ မျိုး ကို စာ ရင်း ယူ စေ ခြင်း ငှါ ဒါ ဝိဒ် မင်း အား နှိုး ဆော် တော် မူ သည် နှင့်
2
ဘု ရင် မင်း က လူ ဦး ရေ ကို ငါ သိ ရန် ဒန် မြို့ မှ စ၍ ဗေ ရ ရှေ ဘ မြို့ တိုင် အောင် ဣ သ ရေ လ အ မျိုး အ နွယ် ရှိ သ မျှ သို့ လှည့် သွား လျက် လူ မျိုး ကို စာ ရင်း ကောက် ခဲ့ လော့ ဟု အ ပါး တော် ထမ်း ဗိုလ် ချုပ် ယွာ ဘ အား မိန့် ဆို ရာ
3
ယွာ ဘ က၊ ကိုယ် တော်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် အ ရှင် မင်း မြတ် ရှု တော် မူ ရန် လူ တို့ ကို အ ဆ တစ် ရာ တိုး ပွား အောင် ပြု တော် မူ ပါ စေ သော။ သို့ ရာ တွင် အ ရှင် မင်း မြတ် သည် ဤ အ မှု ကို အ ဘယ် ကြောင့် ပြု တော် မူ စေ လို ပါ သ နည်း ဟု တင် လျှောက် သော် လည်း
4
ယွာ ဘ နှင့် ဗိုလ် များ အ ပေါ် တွင် အ မိန့် တော် လွှမ်း မိုး သ ဖြင့် ယွာ ဘ နှင့် ဗိုလ် များ တို့ ပါ ဣ သ ရေ လ လူ မျိုး ကို စာ ရင်း ကောက် ရန် အ ထံ တော် မှ ထွက် သွား ကြ ရာ
5
ယော် ဒန် မြစ် ကို ကူး ၍ ချိုင့် လယ် ရှိ သော မြို့ ယာ ဘက်၊ အာ ရော် မြို့ တွင် စ ခန်း ချ ပြီး လျှင်
6
ဂဒ် နယ် သို့ လည်း ကောင်း၊ ယာ ဇာ မြို့ သို့ လည်း ကောင်း၊ ဂိ လဒ် နယ် သို့ လည်း ကောင်း၊ ဟိ တ္တိ ပြည် ကာ ဒေ ရှ မြို့ သို့ လည်း ကောင်း ဒန် မြို့ သို့ လည်း ကောင်း သွား ရောက် ပြီး မှ ဇိ ဒုံ မြို့ ကို လှည့် လျက်
7
တု ရု ခံ မြို့ မှ ဟိ ဝိ နှင့် ခါ န နိ လူ မျိုး တို့ နေ ရာ မြို့ ရွာ ရှိ သ မျှ သို့ သွား ရောက် ပြီး နောက် ယု ဒ နယ်၊ နေ ဂပ် ခရိုင် ရှိ ဗေ ရ ရှေ ဘ မြို့ တိုင် သွား ရောက် ကြ ၏။
8
ထို သို့ နိုင် ငံ တစ် ဝှမ်း လုံး လှည့် သွား ၍ ကိုး လ နှင့် ရက် ပေါင်း နှစ် ဆယ် လွန် မှ
9
ယေ ရု ရှ လင် မြို့ သို့ ပြန် ရောက် ကြ သည့် ကာ လ ယွာ ဘ သည် လူ ဦး ရေ စာ ရင်း ကို ဘု ရင် မင်း အား ဆက် သ ရာ ဣ သ ရေ လ အမျိုး ဓား ကိုင် သူ ရဲ ကောင်း ရှစ် သိန်း၊ ယု ဒ သူ ရဲ ငါး သိန်း စာ ရင်း ရ သ တည်း။
10
ဒါ ဝိဒ် မင်း သည် လူ စာ ရင်း ယူ ပြီး နောက် နောင် တ ရ လျက် အ ကျွန်ုပ် ပြု မိ သည် မှာ ပြစ် မှား လှ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊ အ လွန် မိုက် မှား မိ သော ကျွန် တော် မျိုး ၏ ဒု စ ရိုက် မှု ကို ပယ် ပ တော် မူ ပါ ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် ခံ လေ ၏။
11
နံ နက် အ ချိန် ဒါ ဝိဒ် မင်း ထ သော အ ခါ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သည် ဒါ ဝိဒ် မင်း၏ အ မျှော် အ မြင် ဆ ရာ၊ ပ ရော ဖက် ဂဒ် သို့ ရောက် လာ၍
12
ဒါ ဝိဒ် ထံ သွား ရောက် ဆင့် ဆို ရ မည် မှာ သင့် အ ပေါ် တွင် ငါ မိုး ထား သော ဘေး သုံး မျိုး အ နက် တစ် မျိုး ကို ငါ စီ ရင် ရန် ရွေး ချယ် လော့ ဟူ သော ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ဆင့် ဆို ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း
13
ဂဒ် သည် ဒါ ဝိဒ် မင်း ထံ ဝင် ပြီး လျှင် ပြည် တော်၌ ခု နစ် နှစ် ပတ် လုံး အ စာ ခေါင်း ပါး ခြင်း ကပ် သင့်လို သ လော။ ရန် သူ တို့ လိုက် လံ စဉ် တွင် ၄င်း တို့ ရှေ့ သုံး လ ပတ် လုံး သင် ပြေး လို သ လော။ ပြည် တော်၌ သုံး ရက် ပတ် လုံး ကပ် ရော ဂါ သင့် လို သ လော။ စေ လွှတ် တော် မူ သော အ ရှင့် ထံ ငါ ပြန် လျှောက် ခွင့် ရ ရန် ယ ခု ပင် စဉ်း စား ဆင် ခြင် လော့ ဟု ပြော ဆို သော်၊
14
ဒါ ဝိဒ် မင်း က ငါ သည် ကျဉ်း ကျပ် ရာ ရောက် လေ စွ။ ထာ ဝ ရ ဘု ရား၏ က ရု ဏာ တော် ကြီး လှ သည် ဖြစ်၍ လက် တော် သို့ သာ ရောက် ပါ စေ။ လူ့ လက် သို့ မ ရောက် ပါ စေ နှင့် ဟု ဂဒ် အား ပြန် ပြော သည် နှင့် အ ညီ
15
ထာ ဝ ရ ဘု ရား သည် ထို နံ နက် ယံ မှ စ၍ ပြ ဌာန်း တော် မူ သော နေ့ အ တွင်း ဒန် မြို့ မှ ဗေ ရ ရှေ ဘ မြို့ တိုင် ကပ် ရော ဂါ သင့် စေ တော် မူ သ ဖြင့် ဣ သ ရေ လူ မျိုး ခု နစ် သောင်း သေ ကြ ကုန် ၏။
16
ယေ ရု ရှ လင် မြို့ ကို ဖျက် ဆီး ရန် စေ တ မန် တော် လက် ဆန့် စဉ် ထာ ဝ ရ ဘု ရား သည် ထို ဘေး ဒဏ် မှ စိတ် တော် ပြောင်း လဲ ၍ တော် ပြီ။ သင့် လက် ရုပ် သိမ်း လော့ ဟု လူ မျိုး တော် ကို ဖျက် ဆီး သော စေ တ မန် တော် အား မိန့် တော် မူ ၏။ ထို အ ခါ ယေ ဗု သိ လူ မျိုး အ ရော န၏ ကောက် နယ် တ လင်း အ နီး တွင် စေ တ မန် တော် ရပ် နေ သ တည်း။
17
လူ မျိုး တော် အား ဒဏ် ခတ် သော စေ တ မန် တော် ကို မြင် ရ လျှင် ဒါ ဝိဒ် မင်း က အ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။ ဒု စ ရိုက် ကို ပြု မိ ပါ ပြီ။ ဤ သိုး စု မှာ မူ မည် သို့ ပြု ဘိ သ နည်း။ အ ကျွန်ုပ် နှင့် ဆွေ မျိုး သား ချင်း တို့ အ ပေါ် တွင် သာ လက် တော် သင့် ရောက် ပါ စေ သော ဟု ထာ ဝ ရ ဘု ရား ထံ အ သ နား တော် ခံ လေ ၏။
18
ထို နေ့ တွင် ဒါ ဝိဒ် မင်း ထံ ဝင် ရောက် သော် ဂဒ် က၊ ယေ ဗု သိ လူ မျိုး အ ရော န ၏ ကောက် နယ် တ လင်း ၌ ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် ကို တက် သွား၍ တည် လော့ ဟု
19
ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို ဆင့် ဆို သည့် အ တိုင်း
20
ဒါ ဝိဒ် မင်း တက် သွား ရာ ကျေး ကျွန် သင်း ပင်း တို့ နှင့် တ ကွ ထွက် လာ သည် ကို အ ရော န ကြည့် မြင် လျှင် ဆီး ၍ ဘု ရင် မင်း ထံ ပျပ် ဝပ် ရှိ ခိုး လျက်
21
အ ရှင် မင်း မြတ် သည် ကျွန် တော် မျိုး ရှိ ရာ သို့ အ ဘယ် ကြောင့် ကြွ လာ တော် မူ ပါ သ နည်း ဟု တင် လျှောက် သော် ဒါ ဝိဒ် မင်း က လူ မျိုး တွင် ကပ် ရော ဂါ ရပ် စဲ စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လို ၍ သင့် ကောက် နယ် တ လင်း ကို ဝယ် ရန် လာ သည် ဟု မိန့် ဆို လျှင်
22
အ ရော န က အ ရှင် မင်း မြတ် သ ဘော တော် ရှိ ရာ ယူ ၍ ပူ ဇော် တော် မူ ပါ။ မီး ရှို့ ရာ သ က္ကာ အ ဖို့ နွား များ၊ ထင်း အ ဖို့ စွပ် ဖား နှင့် နွား ထမ်း ပိုး များ ရှိ ပါ သည်။
23
အ လုံး စုံ ကို ဘု ရင် မင်း မြတ် ထံ ကျွန် တော် ဆက် ပါ မည် ဟူ ၍ လည်း ကောင်း၊ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စိတ် တော် နှင့် တွေ့ တော် မူ ပါ စေ သော ဟူ၍ လည်း ကောင်း၊ တင် လျှောက် ရာ
24
ဘု ရင် မင်း က အ ဖိုး မဲ့ ရ သော အ ရာ များ ကို ငါ့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား မီး ရှို့ ပူဇော် မည် မ ဟုတ်။ မု ချ တန် ဖိုး ပေး မည် ဟု မိန့် ဆို သည့် အ တိုင်း ငွေ ဒ င်္ဂါး ငါး ဆယ် ပေး၍ တ လင်း နှင့် နွား များ ပါ ဝယ် ပြီး မှ
25
ထို အ ရပ်၌ ပင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လျက် မီး ရှို့ ရာ သ က္ကာ မိတ် သ ဟာ ယ သ က္ကာ များ ကို ဆက် ကပ် လျှင် ပြည် တော် အ ဖို့ ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ သ ဖြင့် ဣ သ ရေ လ လူ မျိုး ၌ ကပ် ရော ဂါ ဘေး ရပ် စဲ သ တည်း။