1
ထို အ ခါ ဗင်္ယာ မိန့် အ နွယ် ဗိ ခ ရိ သား၊ ရှေ ဘ အ မည် ရှိ သော အ ကြောင်း မဲ့ ရောက် လာ သူ လူ ဆိုး လူ သွမ်း သည် တံ ပိုး မှုတ် လျက် အို ဣ သ ရေ လ လူ မျိုး တို့ အ သီး အ သီး နေ အိမ် သို့ ပြန် သွား ကြ လော့။ ဒါ ဝိဒ် မင်း သည် ငါ တို့ ဝေ ပုံ မ ဟုတ်။ ယေ ရှဲ သား သည် ငါ တို့ ပိုင် စု မ ဟုတ် ချေ ဟု ကြော် ငြာ လျှင်
2
ဣ သ ရေ လ သူ ရဲ အ ပေါင်း တို့ သည် ဒါ ဝိဒ် မင်း ထံ မှ ထွက် ခွာ၍ ဗိ ခ ရိ သား ရှေ ဘ နောက် သို့ လိုက် သွား ကြ ၏။ ယု ဒ သူ ရဲ တို့ မူ ကား ယော် ဒန် မြစ် မှ ယေ ရု ရှ လင် မြို့ ရောက်၊ ကိုယ့် ဘု ရင် မင်း နှင့် မ ကွာ လိုက် ကြ ကုန်၏။
3
ဒါ ဝိဒ် မင်း သည် ယေ ရု ရှ လင် မြို့ နန်း တော် သို့ ရောက် သော အ ခါ နန်း တော် စောင့် ထား ခဲ့ သော မောင်း မ ကိုယ် လုပ် တစ် ကျိပ် တို့ ကို ခေါ်၍ ဝန်း ကျင် ကြေး တိုက်၌ လှောင် ထား ပြီး လျှင် ထွက် ဝင် ခြင်း ကို မ ပြု ဘဲ ရိ က္ခာ ကို သာ ထောက် ပံ့ သ ဖြင့် ထို သူ တို့ သည် အ သက် ထက် ဆုံး အ ချုပ် ခံ၍ မု ဆိုး မ သ ဖွယ် နေရ ရှာ ကြ၏။
4
ထို နောက် ဘု ရင် မင်း က၊ ယု ဒ သူ ရဲ တို့ ကို သုံး ရက် အ တွင်း စု ရုံး လျက် သင့် ကိုယ် တိုင် လည်း ထက် ကြပ် လိုက် ခဲ့ လော့ ဟု အာ မ သ အား မိန့် ဆို သည့် အ တိုင်း အာ မ သ သည် ယု ဒ သူ ရဲ တို့ ကို စု ရုံး ရန် သွား ရာ
5
ချိန်း ချက် လိုက် သော နေ့၌ မ ရောက်၊ နောက် ကျ သော ကြောင့်
6
ဒါ ဝိဒ် မင်း က၊ အ ဗ ရှ လုံ ပြု သော အ မှု ထက်၊ ဗိ ခ ရိ သား ရှေ ဘ ပြု သော အ မှု သည် သာ၍ ဆိုး လိမ့် မည်။ သင့် အ ရှင် ငါ၏ စစ် သား တို့ ကို ခေါ်၍ ထို သူ သည် ငါ့ မျက် ကွယ်၊ ခံ တပ် မြို့ တစ် မြို့ သို့ မ ခို ဝင် မိ စေ ရန် လိုက် လံ လော့ ဟု အ ဘိ ရှဲ အား မိန့် ဆို လျှင်
7
ယွာ ဘ၏ လူ များ မှ စ၍ ခေ ရ သိ၊ ပေ လ သိ တပ် တော် နှင့် သူ ရဲ ကောင်း အ ပေါင်း တို့ သည် ဗိ ခ ရိ သား ရှေ ဘ ကို လိုက် လံ အံ့ သော ငှာ ယေ ရု ရှ လင် မြို့ မှ အ ဘိ ရှဲ နောက် လိုက် ချီ ကြ ၏။
8
ဂိ ဗောင် မြို့ နယ် ကျောက် တော် သို့ ရောက်၍ အာ မ သ နှင့် တွေ့ ဆုံ ရာ ယွာ ဘ သည် ဆင် ယင် သော ချပ် ဝတ် တန် ဆာ ပေါ် တွင် အိမ် နှင့် တ ကွ ဓား တစ် စင်း ကို ခါး ၌ ညှပ် စည်း လျက် သွား စဉ် အိမ် မှ ဓား ကျွတ် ၍ ကျ ၏။
9
ယွာ ဘ သည် အာ မ သ မေး ကို ယာ လက် ဖြင့် ကိုင် မ ကာ နမ်း ရှုပ် ဟန် အ ယုံ သွင်း လျက် ငါ့ ညီ၊ မာ ၏ လော ဟု ဆို ပြီး လျှင်
10
ကောက် ကိုင် သော ဓား နှင့် အာ မ သ သ တိ လစ် စဉ်၊ ဝမ်း ကို တစ် ချက် တည်း အ သေ ထိုး သတ် ရာ အူ ထွက်၍ မြေ သို့ ကျ လေ ၏။ ဗိ ခ ရိ သား ရှေ ဘ ကို ယွာ ဘ နှင့် ညီ အ ဘိ ရှဲ တို့ လိုက် လံ ကြ သည့် ကာ လ၊
11
လမ်း လယ် တွင် ကိုယ့် အ သွေး ၌ လူး လှိမ့် နေ သော အာ မ သ အ လောင်း အ နီး ရပ် နေ သူ ယွာ ဘ ၏ လု လင် တစ် ယောက် က ဒါ ဝိဒ် မင်း ဘက် ပါ သူ ယွာ ဘ ကို အ လို ရှိ သူ တို့ ယွာ ဘ နောက် သို့ လိုက် ကြ လော့ ဟု ကြော် ငြာ စဉ် ထို နေ ရာ သို့ ရောက် သူ တပ် သား အ ပေါင်း တို့ ရပ် ကြည့် ကြ သည် ကို မြင် သော ကြောင့် အာ မ သ အ လောင်း ကို လမ်း မှ ချီ ယူ၍ ကွင်း ပြင် သို့ ရွှေ့ ပြီး လျှင် အ ဝတ် နှင့် ဖုံး ထား လေ ၏။
12
13
ထို သို့ ရွှေ့ ထား ပြီး မှ တပ် သား အ ပေါင်း တို့ သည် ယွာ ဘ နောက် လိုက် ချီ၍ ဗိ ခ ရိ သား ရှေ ဘ ကို လိုက် လံ ကြ ၏။
14
ရှေ ဘ သည် ဣ သ ရေ လ အ မျိုး အ နွယ် ရှိ သ မျှ ထံ လှည့် လည် ရာ တွင် ဗေ ရိ လူ မျိုး အ ပေါင်း တို့ လိုက် ကြ လျက် အာ ဗေ လ ဗက် မာ ခါ မြို့ သို့ ရောက်၍ ခို ဝင် ကြ သော်၊
15
ယွာ ဘ နှင့် လိုက် ပါ သူ တို့ သည် ထို မြို့ ကို ဝိုင်း ထား ပြီး လျှင် အ ပြင် မြို့ ရိုး သို့ ကပ် အောင် က တုတ် လှန် လျက် မြို့ ရိုး ကို ဖြို လှဲ ရန် အ ကြံ နှင့် တူး ဆွ ကြ ရာ၊
16
မြို့ တွင်း နေ ပ ညာ ရှိ မိန်း မ တစ် ယောက် က၊ နား ထောင် ကြ ပါ ဦး။ နား ထောင် ကြ ပါ ဦး။ ကျွန် မ သည် ယွာ ဘ နှင့် တိုင် ပင် ခွင့် ရ ရန် ချဉ်း လာ ပါ ဟူ ၍ ယွာ ဘ အား လျှောက် ထား ကြ လော့ ဟု အော် ဟစ် သည့် အ တိုင်း
17
ယွာ ဘ ချဉ်း လာ သော အ ခါ သင် သည် ယွာ ဘ လော ဟု ထို မိန်း မ မေး လျှင် ဟုတ်၏ ဟု ဆို သော်၊ ကျွန် တော် မ ၏ စ ကား ကို နား ထောင် တော် မူ ပါ ဟု လျှောက် ရာ နား ထောင် လျက် နေ သည် ဟု ပြန် ဆို လေ ၏။
18
ထို နောက် မိန်း မ က အ ကြောင်း ပြီး စေ လို သော် အာ ဗေ လ မြို့ တွင် မေး မြန်း ဦး လော့ ဟု ရှေး အ ထက် ဆို ရိုး စ ကား ရှိ ပါ ၏။
19
ကျွန် မ တို့ သည် ဣ သ ရေ လ လူ မျိုး တွင် သ စ္စာ တော် ကို မ ဖောက်၊ အာ ဏာ တော် ကို လည်း ကြောက် ရွံ့ သူ များ ဖြစ် ကြ ပါ၏။ ကိုယ် တော် မူ ကား၊ ဣ သ ရေ လ မြို့ ရွာ များ တွင် အ မိ သ ဖွယ် ဖြစ် သော ဤ မြို့ မ ကို ဖျက် ဆီး ရန် ကြံ ရွယ် လေ စွ။ ထာ ဝ ရ ဘု ရား ပိုင် တော် မူ ရာ မြို့ ကို အ ဘယ် ကြောင့် မျို စား လို ပါ သ နည်း ဟု လျှောက် လျှင်
20
ယွာ ဘ က၊ ဖျက် ဆီး မျို စား ခြင်း အ မှု သည် ငါ နှင့် ကင်း ဝေး ပါ စေ သော။
21
အ ရေး ကား ထို သို့ မ ဟုတ် ပါ။ ဧ ဖ ရိမ် ခင် တန်း နေ၊ ဗိ ခ ရိ သား ရှေ ဘ အ မည် ရှိ သူ သည် ဘု ရင် မင်း မြတ် ဖြစ် သော ဒါ ဝိဒ် မင်း တစ် ဖက် ၌ လက် ရုံး ထောင် လေ ပြီ။ ထို သူ့ ကို အပ် က ဤ မြို့ မှ ငါ ပြန် ချီ မည် ဟု ဆို သော် သူ့ ဦး ခေါင်း ကို ကိုယ် တော် ရှိ ရာ မြို့ ရိုး ထက် ကျော် ပစ် လိုက် ပါ မည် ဟု ဝန် ခံ ပြီး မှ၊
22
ထို မိန်း မ သည် ပ ညာ ရှိ သည့် အ တိုင်း မြို့ သူ မြို့ သား တို့ ထံ သွား ရောက် နှိုး ဆော် ပြီး လျှင် ဗိ ခ ရိ သား ရှေ ဘ၏ ဦး ခေါင်း ကို ဖြတ်၍ ယွာ ဘ ရှိ ရာ ပစ် ချ လိုက် သော အ ခါ ယွာ ဘ တံ ပိုး မှုတ် သ ဖြင့် တပ် သား တို့ သည် အ သီး အ သီး နေ အိမ် သို့ ပြန် လျက် ယွာ ဘ လည်း ယေ ရု ရှ လင် မြို့၊ ဒါ ဝိဒ် မင်း ထံ ပြန် သွား လေ ၏။
23
ယွာ ဘ ကို ဣ သ ရေ လ ဗိုလ် ချုပ်၊ ယော ယ ဒ သား ဗေ နာ ယ ကို ခေ ရ သိ နှင့် ပေ လ သိ တပ် တော် တွင် အ ကြီး အ မှူး၊
24
အ ဒေါ ရံ ကို လ မိုင်း ဝန်၊ အ ဟိ လုဒ် သား ယော ရှ ဖတ် ကို အ တွင်း ဝန်
25
ရှေ ဝ ကို သံ တော် ဆင့် ခန့်၍ ဇာ ဒုတ် နှင့် အ ဗျာ သာ တို့ သည် ပ ရော ဟိတ် ဖြစ် ကြ ၏။
26
ယာ ဣ ရ အ မျိုး သား ဣ ရ လည်း ဒါ ဝိဒ် မင်း၏ ပ ရော ဟိတ် ဖြစ် သ တည်း။