1
အာ ဗြ ဟံ့ လက် ထက် ထို ပြည် တွင် သင့် ဘူး သော အ စာ ခေါင်း ပါး ခြင်း ကပ် မှ တစ် ပါး၊ နောက် တစ် ဖန် အ စာ ခေါင်း ပါး ခြင်း ကပ် သင့် ပြန်၍ ဣ ဇာက် သည် ဖိ လိ တ္တိ မင်း အ ဘိ မ လက် စံ နေ သော ဂေ ရာ မြို့ သို့ သွား လေ ၏။
2
ထာ ဝ ရ ဘု ရား သည် သူ့ အား ထင် ရှား ၍ အိ ဂျစ် ပြည် သို့ မ သွား နှင့်။ ငါ ပြ လ တ္တံ့ သော ပြည် ၌ နေ လော့။
3
ဤ ပြည် ၌ ပင် တည်း ခို နေ လော့။ သင် နှင့် အ တူ ငါ ရှိ၍ ကောင်း ကြီး ပေး မည်။ သင် နှင့် အ မျိုး အ နွယ် အား ဤ ပြည် ထောင် ရှိ သ မျှ ကို ငါ ပေး ၍ သင့် အ ဘ အာ ဗြ ဟံ အား ထား ခဲ့ သော သ စ္စာ အ တိုင်း ငါ ပြု မည်။
4
သင့် အ မျိုး အ နွယ် ကို ကောင်း ကင် ကြယ် လုံး ရေ ကဲ့ သို့ ပွား များ စေ မည်။ ထို အ မျိုး အ နွယ် အား ဤ ပြည် ထောင် ရှိ သ မျှ ကို ငါ ပေး မည်။ ၎င်း အ မျိုး အ နွယ် အား ဖြင့် လည်း မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် မင်္ဂ လာ ခံ ရ ကြ လိမ့် မည်။
5
အ သို့ ဆို သော်၊ အာ ဗြ ဟံ သည် ငါ့ စ ကား ကို နား ထောင် ၍ ငါ့ မှာ ထား ချက်၊ မိန့် ဆို ချက်၊ ထုံး ဖွဲ့ ချက်၊ ဥ ပ ဒေ ချက် များ ကို စောင့် ရှောက် ခဲ့ သ တည်း ဟု မိန့် တော် မူ ၏။
6
ဂေ ရာ မြို့၌ ဣ ဇာက် နေ စဉ် တွင်၊
7
သူ့ မ ယား အ ကြောင်း ၎င်း မြို့ သား တို့ မေး ကြ သည့် ကာ လ၊ ရေ ဗ က္က ရှု ချင် ဖွယ် အ ဆင်း လှ သည် နှင့် သူ့ အ တွက် ငါ့ ကို ဤ မြို့ သား တို့ သတ် မည် စိုး၍ မ ယား ဖြစ် ကြောင်း မ ဆို ဝံ့။ ငါ့ နှ မ ဖြစ် သည် ဟု ပြော ဆို ၏။
8
ထို မြို့၌ ကာ လ အ တန် ကြာ နေ ပြီး မှ၊ ဖိ လိ တ္တိ မင်း အ ဘိ မ လက် သည် လေ သာ ပြူ တင်း မှ ရှု ကြည့် ရာ၊ ဣဇာက် နှင့် မ ယား ရေ ဗ က္က တို့ ရယ် ရွှင် နေ ကြ သည် ကို မြင် လျှင် ဣ ဇာက် ကို ခေါ် ၍၊
9
ထို မိန်း မ ကား သင့် မ ယား အ မှန် ဖြစ် လျက် နှ မ ဖြစ် ကြောင်း အ ဘယ် ကြောင့် ပြော ရ သ နည်း ဟု မေး သော် ဣ ဇာက် က၊ သူ့ အ တွက် နှင့် ကျွန် တော် သေ ရ မည် စိုး ရိမ် ပါ သည် ဟု လျှောက် ဆို၏။
10
အ ဘိ မ လက် မင်း က လည်း ငါ တို့၌ သင် ပြု သော အ မှု ကား မည် သို့ နည်း။ သင့် မ ယား နှင့် တစ် စုံ တစ် ယောက် သော သူ သင့် မြတ် မိ ခဲ့ လျှင် သင် သည် ငါ တို့ အား အ ပြစ် ရောက် စေ လေ ပြီ ဟု မိန့် ဆို ပြီး မှ၊
11
ထို လင် မ ယား ကို ထိ ပါး သော သူ သည် မု ချ ကွပ် မျက် ခံ ရ မည် ဟု လူ အ ပေါင်း တို့ အား အ မိန့် ထုတ် လေ ၏။
12
ထို ပြည် ၌ ဣ ဇာက် သည် မျိုး စေ့ ကို ကြဲ ၍ တစ် နှစ် ချင်း တွင် အ ဆ တစ် ရာ ရ လေ၏။ ထာ ဝ ရ ဘု ရား လည်း ကောင်း ကြီး ပေး တော် မူ သ ဖြင့်၊
13
သူ ကြီး ပွါး ၍ အ စဉ် အ တိုင်း တိုး တက် လျက် အ ထူး ကြီး မြတ် ခြင်း သို့ ရောက် လေ ၏။
14
သိုး၊ ဆိတ်၊ နွား၊ ကျွန် များ နှင့် ပြည့် စုံ ကြွယ် ဝ သော ကြောင့် ဖိ လိ တ္တိ လူ တို့ သည် သူ့ ကို ငြူ စူ ၍၊
15
အ ဘ အာ ဗြ ဟံ့ လက် ထက်၊ ၎င်း ကျွန် တို့ တူး ဖော် ခဲ့ သော ရေ တွင်း ရှိ သ မျှ ကို မြေ နှင့် ဖို့ ပိတ် ကြ ၏။
16
အ ဘိ မ လက် မင်း က လည်း သင် သည် ငါ တို့ ထက် တန် ခိုး ကြီး သည် ဖြစ်၍ ငါ တို့ ထံ မှ ထွက် သွား လော့ ဟု ဣ ဇာက် အား အ မိန့် ရှိ သည့် အ တိုင်း၊
17
ဣ ဇာက် သည် ထို မြို့ မှ ထွက် သွား ပြီး လျှင် ဂေ ရာ ချိုင့်၌ တဲ စိုက် ၍ နေ စဉ်၊
18
အ ဘ အာ ဗြ ဟံ့ လက် ထက် တူး ဖော်၍ အ ဘ သေ လွန် ပြီး နောက် ဖိ လိ တ္တိ လူ တို့ ဖို့ ပိတ် ထား သော ရေ တွင်း များ ကို တူး ဖော် ပြန် လျက် အ ဘ သ မုတ် ခဲ့ သော အ မည် ဖြင့် မှည့် လေ ၏။
19
ထို ချိုင့်၌ ဣ ဇာက် ကျွန် တို့ တူး၍ စမ်း ရေ ပေါက် ကို တွေ့ ကြ သော်၊
20
ဂေ ရာ မြို့ နေ နွား ကျောင်း တို့ က၊ ဤ ရေ သည် ငါ တို့ ရေ ဖြစ် သည် ဟု ဣ ဇာက် နွား ကျောင်း တို့ နှင့် ခိုက် ရန် ပြု လျက် ပြော ဆို ကြ၏။ ထို သို့ ခိုက် ရန် ပြု ကြ သည် ကို အ စွဲ ပြု၍ ၎င်း ရေ တွင်း ကို ဧ သက် အ မည် ဖြင့် မှည့် လေ၏။
21
တစ် ဖန် အ ခြား ရေ တွင်း ကို တူး ဖော် ကြ သော် ထို ရေ တွင်း နှင့် စပ် ၍ လည်း ခိုက် ရန် ပြု ကြ သ ဖြင့် သိ တ န အ မည် ဖြင့် မှည့် လေ ၏။
22
ထို အ ရပ် မှ နေ ရာ ပြောင်း လျက် အ ခြား ရေ တွင်း ကို တူး ဖော် သော် ထို ရေ တွင်း နှင့် စပ်၍ ခိုက် ရန် မ ပြု သည် နှင့်၊ ငါ တို့ နေ ရာ ကို ထာ၀ ရ ဘု ရား ကျယ် ၀န်း စေ တော် မူ ပြီး ဖြစ် သော ကြောင့်၊ ဤ ပြည်၌ ပွား များ ခွင့် ရ ကြ လိမ့် မည် ဟု ဆို လျက် ထို ရေ တွင်း ကို ရ ဟော ဘုတ် အ မည် ဖြင့် မှည့် သ တည်း။
23
တစ် ဖန် ထို အ ရပ် မှ ဗေ ရ ရှေ ဘ အ ရပ် သို့ ထွက် သွား ပြီး မှ၊
24
ထို ညဉ့် တွင် ပင် ထာ၀ ရ ဘု ရား ထင် ရှား တော် မူ၍ ငါ သည် သင့် အ ဘ အာ ဗြ ဟံ၏ ဘု ရား ပေ တည်း။ ကြောက် ရွံ့ ခြင်း မ ရှိ နှင့်။ သင် နှင့် အ တူ ငါ ရှိ ၍ ကောင်း ကြီး ပေး မည်။ ငါ့ ကျွန် ရင်း အာ ဗြ ဟံ့ အ တွက် သင့် အ မျိုး အ နွယ် ကို ပွား များ စေ မည် ဟု မိန့် တော် မူ သ ဖြင့်၊
25
ဣ ဇာက် သည် ထို အ ရပ် ၌ ပူ ဇော် ရာ ပ လ္လင် တော် ကို တည် ၍ ထာ ဝ ရ ဘု ရား ၏ နာ မ တော် အား ဖြင့် ပ ဌ နာ ပြု လျက် တဲ ကို စိုက် လေ၏။ ကျွန် တို့ သည် ရေ တွင်း ကို တူး ဖော် ကြ ၏။
26
ထို အ ခါ အ ဘိ မ လက် မင်း သည် အ ဆွေ တော် အ ဟု ဇာတ် နှင့် ဗိုလ် ချုပ် ဖိ ကော လ တို့ ပါ ဂေ ရာ မြို့ မှ ဣ ဇာက် ရှိ ရာ သို့ ကြွ ရောက် သော်၊
27
ဣ ဇာက် က၊ ကျွန် တော် ကို မုန်း ထား ၍ နှင် ထုတ် ပြီး ဖြစ် လျက်၊ အ ဘယ် ကြောင့် ကြွ ရောက် ကြ ပါ သ နည်း ဟု မေး လျှောက် လျှင်၊
28
ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ ကြောင်း ငါ တို့ အ မှန် သိ မြင် သည် ဖြစ်၍ ငါ တို့ သည် သင့် ကို မ ထိ မ ပါး၊ အ ကောင်း ကို သာ ပြု လျက် ချမ်း သာ စွာ လွှတ် လိုက် သည့် နည်း တူ၊ သင် လည်း ငါ တို့ ကို အ ဆိုး မ ပြု ပါ ဟု ငါ တို့ တစ် ဘက်၊ သင် တစ် ဘက်၊ နှစ် ဘက် သား တို့ သ စ္စာ ထား၍ မိတ် ဖွဲ့ ကြ ကုန် အံ့။ သင် သည် ထာ၀ ရ ဘု ရား ၏ ကောင်း ကြီး မင်္ဂ လာ တော် ခံ ရ သူ ဖြစ် သည် ဟု မိန့် ဆို ကြ လေ သော်၊
29
30
ဣ ဇာက် သည် သူ တို့ အ ဖို့ စား သောက် ပွဲ ကို ခင်း ကျင်း ၍ စား သောက် ကြ ကုန် ၏။
31
နံ နက် အ ချိန် ထ၍ အ ချင်း ချင်း သ စ္စာ ထား ကြ ပြီး မှ ဣ ဇက် လွှတ် သည့် အ လျောက် သူ တို့ သည် ချမ်း သာ စွာ ပြန် ကြွ ကြ ၏။
32
ထို နေ့ တွင် ပင် ဣ ဇာက် ကျွန် တို့ သည် လာ၍ တူး သော တွင်း ၌ ရေ တွေ့ ကြောင်း ကြား ပြော ကြ လျှင်
33
ထို ရေ တွင်း ကို ရှေ ဘ အ မည် ဖြင့် မှည့် လေ ၏။ ထို ကြောင့် ၎င်း မြို့ ကို ဗေ ရ ရှေ ဘ ဟု ယ နေ့ တိုင် အောင် တွင် သ တည်း။
34
ဧ သော သည် အ သက် လေး ဆယ် ရှိ သော အ ခါ ဟိ တ္တိ လူ မျိုး ဗေ ရိ သ မီး ယု ဒိတ်၊ ၎င်း လူ မျိုး ဧ လုန့် သ မီး ဗာ ရှ မတ် တို့ နှင့် အိမ် ထောင် ဘက် ပြု လေ ၏။
35
ထို မိန်း မ တို့ ကြောင့် ဣ ဇာက် နှင့် ရေ ဗ က္က တို့ စိတ် ပူ ဆွေး ရန် အ ကြောင်း ဖြစ် သ တည်း။