ကမ္ဘာ​ဦး-25

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန် အာ ဗြ ဟံ သည်၊ ကေ တု ရ အ မည် ရှိ သော နှောင်း မ ယား ကို ယူ ၍၊
  • 2 ဇိ မ ရံ၊ ယုတ် ရှန်၊ မေ ဒန်၊ မိ ဒျန်၊ ဣ ရှ ဗက်၊ ရှု အာ တို့ ကို ထို မိန်း မ ဖွား မြင် လေ ၏။
  • 3 ယုတ် ရှန့် သား များ ကား၊ ရှေ ဘ နှင့် ဒေ ဒန် တည်း။ ဒေ ဒန့် သား များ ကား၊ အာ ရှု ရိမ်၊ လေ တု ရှိမ်၊ လုမ် မိမ် တို့ တည်း။
  • 4 မိ ဒျန့် သား များ ကား၊ ဧ ဖာ၊ ဧ ဖေ ရ၊ ဟာ နုတ်၊ အ ဘိ ဒ၊ ဧ လ ဒါ တို့ တည်း။ ထို သူ အ ပေါင်း တို့ ကား ကေ တု ရ သား မြေး တို့ တည်း။
  • 5 အာ ဗြ ဟံ သည် ဥ စ္စာ ရှိ သ မျှ ကို သား ဣ ဇာက် အား အပ် ပေး လျက်၊
  • 6 မ ယား ငယ် တို့ ဖြင့် ရ သော သား တို့ အား အ သက် ရှင် သေး သော အ ခါ အ မွေ ပြတ် ဆု များ ကို ၀ေ ပေး ၍ သား ဣ ဇာက် ထံ မှ အ ရှေ့ ပြည် သို့ လွှတ် လိုက် လေ ၏။
  • 7 ထို နောက် အာ ဗြ ဟံ သည် အ သက် အ ရွယ် နှစ် ပေါင်း တ ရာ့ ခု နစ် ဆယ့် ငါး နှစ် ရှိ လျင်၊
  • 8 အို မင်း ကြီး ရင့်၍ သေ လွန် သ ဖြင့် ဘိုး ဘေး တို့ ထံ သွား ရ သော် မံ ရေ မြို့ ရှေ့၊ ဟိ တ္တိ လူ မျိုး ဇော့ ဟာ့ သား၊
  • 9 ဧ ဖ ရုန့် မြေ ကွက် ရှိ မ ပ္ပေ လ ဂူ တွင် သား ဣ ဇာက် နှင့် ဣ ရှ မေ လ တို့ သင်္ဂြိုဟ် ကြ၏။ ထို သို့၊ ဟေ သ အ မျိုး သား တို့ ထံ အာ ဗြ ဟံ ၀ယ် ထား ခဲ့ သော မြေ ကွက် တွင် မ ယား စာ ရာ နှင့် အ တူ အာ ဗြ ဟံ အ လောင်း ကို သင်္ဂြိုဟ် ရ ကြ သည်။
  • 10
  • 11 အာ ဗြ ဟံ သေ လွန် ပြီး နောက် သား ဣ ဇာက် အား ဘု ရား သ ခင် ကောင်း ကြီး ပေး တော် မူ လျက် ဣ ဇာက် သည် ဗေ ရ လ ဟဲ ရော ရေ တွင်း အ နီး နေ သ တည်း။
  • 12 စာ ရာ ၏ ကျွန် မိန်း မ၊ အိ ဂျစ် ပြည် သူ ဟာ ဂ ရ ဖွား၍ အာ ဗြ ဟံ ရ သော သား၊ ဣ ရှ မေ လ ၏ သား စဉ် မြေး ဆက်၊
  • 13 အ မျိုး အ နွယ် အ လိုက် ဣ ရှ မေ လ သား တို့ အ မည် များ ကား၊ သား ဦး န ဗာ ယုတ်၊ ကေ ဒါ၊ အာ ဒ ဗေ လ၊ မိ ဗ သံ၊
  • 14 မိ ရှ မ၊ ဒု မာ၊ မာ စ၊ ဟာ ဒဒ်၊ တေ မ၊ ယေ ဟု ရ၊ နာ ဖိ ရှ၊ ကေ ဒ မာ တို့ တည်း။
  • 15
  • 16 ထို သို့ အ မည် ရှိ သော ဣ ရှ မေ လ သား တို့ သည် အ မျိုး အ လိုက်၊ ကိုယ့် ရွာ၊ ကိုယ့် တပ် ချ ရာ များ တွင် နေ ထိုင် သော အ ကြီး အ ကဲ ဆယ့် နှစ် ပါး ဖြစ် ကြ ၏။
  • 17 ဣ ရှ မေ လ သည် အ သက် အ ရွယ် နှစ် ပေါင်း တ ရာ့ သုံး ဆယ့် ခု နစ် နှစ် ရှိ လျင် သေ လွန် သ ဖြင့် ဘိုး ဘေး တို့ ထံ သွား ရ သော်၊
  • 18 သား တို့ သည် အာ ရှု ရိ ပြည် လမ်း၊ ဟ၀ိ လ မြို့ မှ အိ ဂျစ် ပြည် အ ရှေ့၊ ရှု ရ မြို့ တိုင် အောင် နေ ကြ၏။ ထို သို့ လျှင် ဣ ရှ မေ လ သည် ဆွေ မျိုး သား ချင်း အ ပေါင်း တို့ အ ရှေ့ ဘက် တွင် နေ ရာ ကျ သ တည်း။
  • 19 အာ ဗြ ဟံ့ သား ဣ ဇာက်၏ အ တ္တု ပ္ပ တ္တိ ဟူ မူ ကား၊ အာ ဗြ ဟံ သည် သား ဣ ဇာက် ကို ရ လေ ၏။
  • 20 ဣ ဇာက် သည် အ သက် လေး ဆယ် ရှိ သော အ ခါ ပါ ဒ နာ ရံ ပြည် သား၊ အာ ရံ လူ မျိုး ဗေ သွေ လ၏ သ မီး၊ ၎င်း လူ မျိုး လာ ဗန့် နှမ ရေ ဗ က္က နှင့် အိမ် ထောင် ဘက် ပြု လေ၏။
  • 21 ဣ ဇာက် သည် မ ယား မြုံ သော ကြောင့် ထာ၀ ရ ဘု ရား ထံ သား ဆု ပန် သည့် အ တိုင်း ထာ၀ ရ ဘု ရား နား ညောင်း တော် မူ၍ မ ယား ရေ ဗ က္က သ န္ဓေ ရ ရှိ လေ ၏။
  • 22 ဝမ်း တွင်း အောင်း သော သူ ငယ် တို့ သည် အ ချင်း ချင်း တိုး ၀ှေ့ ကြ သ ဖြင့် အ မိ က၊ ထို သို့ ဖြစ် လျှင် မည် သို့ နေ နိုင် ပါ အံ့ နည်း ဟု ဆို လျက် ထာ၀ ရ ဘု ရား ကို လျှောက် မေး ရန် သွား သော်၊
  • 23 ထာ ဝ ရ ဘု ရား က၊ သင့် ၀မ်း တွင်း၌ လူ နှစ် မျိုး ရှိ၍ ၀မ်း တွင်း က ပင် ခြား နား သော လူ နှစ် စု ကို ဖွား ရ လိမ့် မည်။ လူ တစ် မျိုး သည် တစ် မျိုး ထက် အား ကြီး လိမ့် မည်။ အ ကြီး သည် အ ငယ့် ထံ ကျွန် ခံ ရ လိမ့် မည် ဟု မိန့် တော် မူ၏။
  • 24 ဖွား ချိန် စေ့ သော အ ခါ ဝမ်း တွင် သား အ မွှာ ရှိ သ ဖြင့်၊
  • 25 အ ဦး ဖွား သော သား သည် အ ဆင်း နီ၍ သား မွေး အ၀တ် ကဲ့ သို့ တစ် ကိုယ် လုံး အ မွေး ပါ သော ကြောင့် သူ့ ကို ဧ သော အ မည် ဖြင့် မှည့် ကြ ၏။
  • 26 ထို နောက် ညီ သည် ဧ သော၏ ဖ နှောင့် ကို ကိုင် လျက် ဖွား လာ၍ သူ့ ကို ယာ ကုပ် အ မည် ဖြင့် မှည့် ကြ၏။ ထို သား တို့ ကို ဖွား မြင် သော အ ခါ ဣ ဇာက် သည် အ သက် ခြောက် ဆယ် ရှိ သ တည်း။
  • 27 သူ ငယ် တို့ ကြီး ပွား၍ ဧ သော ကား တော ပျော် မု ဆိုး ကောင်း ဖြစ်၏။ ယာ ကုပ် ကား တဲ နေ လူ ရိုး ဖြစ် လေ ၏။
  • 28 ဣ ဇာက် သည် ဧ သော၏ အ မဲ ကို စား လေ့ ရှိ သော ကြောင့် သူ့ ကို ချစ်၏။ ရေ ဗ က္က မူ ကား ယာ ကုပ် ကို ချစ် ၏။
  • 29 တစ် နေ့ သ ၌ ယာ ကုပ် ဟင်း ချက် နေ စဉ် ဧ သော သည် တော မှ လာ၍ မော ပန်း သ ဖြင့်၊
  • 30 ယာ ကုပ် အား ထို နီ သော ဟင်း ကို စား ပါ ရ စေ။ ငါ မော ပန်း လာ သည် ဟု ဆို လေ၏။ ဤ သည် ကို အ စွဲ ပြု ၍ သူ့ အ မည် ကို ဧ ဒုံ ဟု တွင် သ တည်း။
  • 31 ယာ ကုပ် က လည်း ယ ခု ပင် သင့် သြ ရ သ ရိုက် ရာ ကို ကျွန်ုပ် အား ရောင်း ချ ပါ ဟု ဆို လျှင်၊
  • 32 ဧ သော က၊ ငါ သေ လု ပြီ။ ထို အ ရိုက် အ ရာ အား ဖြင့် မည် သည့် အ ကျိုး ရှိ ပါ အံ့ နည်း ဟု ဆို ရာ ယာ ကုပ် က လည်း၊
  • 33 ယ ခု ပင် ကျွန်ုပ် အား သ စ္စာ ထား ပါ လော့ ဟု ဆို သော် သ စ္စာ ထား လျက် သြ ရ သ ရိုက် ရာ ကို ယာ ကုပ် အား ရောင်း ချ လေ ၏။
  • 34 ထို အ ခါ ယာ ကုပ် သည် မုန့် နှင့် ပဲ ဟင်း ကို ဧ သော အား ကျွေး ၍ သူ စား သောက် ပြီး မှ ထ သွား လေ၏။ ထို သို့ လျှင် ဧ သော သည် သြ ရ သ ရိုက် ရာ ကို မ ထီ မဲ့ မြင် ပြု သ တည်း။
回到本卷目录 回到本版本目录 回到首页