1
ထို နောက် ယာ ကုပ် သည် ထ သွား ၍ အ ရှေ့ ပြည် သား တို့ နေ ရာ အ ရပ် သို့ ရောက် လျှင်၊
2
မျှော် ကြည့် ၍ ကွင်း စား ကျက်၌ ရေ တွင်း တစ် ခု ကို မြင် လေ၏။ ၎င်း တွင်း ၀ ကို ပိတ် သော ကျောက် ကြီး သည် နှင့် သိုး အုပ် ရှိ သ မျှ စု ရုံး မိ မှ သာ တွင်း၀ ရှိ ကျောက် ကို လှိမ့် လှန်၍ သိုး များ ကို ရေ တိုက် ပြီး လျှင် နေ ရာ ရင်း တွင်း၀ ကို ပိတ် မြဲ ပိတ် ထား လေ့ ရှိ ကြ ၏။ ထို တွင်း ထဲ မှ သိုး များ ကို ရေ တိုက် တတ် သည် ဖြစ်၍ တွင်း အ နီး သိုး သုံး အုပ်၀ပ် နေ သော ကြောင့်၊
3
4
ယာ ကုပ် က ညီ အစ် ကို တို့၊ မည် သည့် မြို့ ရွာ က နည်း ဟု မေး လျှင် ငါ တို့ သည် ခါ ရန် မြို့ က တည်း ဟု ပြန် ဆို ကြ ၏။
5
တစ် ဖန် ယာ ကုပ် က နာ ခေါ် မြေး လာ ဗန် ကို သိ ကြ ပါ သ လော ဟု မေး လျှင် သိ ပါ သည် ဟု ပြန် ဆို ကြ သော်၊
6
သူ မာ ပါ ၏ လော ဟု မေး ပြန် လျှင်၊ မာ ပါ၏။ သူ့ သ မီး ရာ ခေ လ သည် သိုး များ နှင့် လာ ပြီ ဟု ဆို ကြ လေ ၏။
7
ယာ ကုပ် က လည်း နေ စော သေး ၏။ သိုး သွင်း ချိန် မ ရောက် သေး။ ရေ တိုက် ပြီး လျှင် သွား ၍ ကျောင်း ကြ ဦး လော့ ဟု ဆို ရာ၊
8
သူ တို့ က၊ သိုး အုပ် ရှိ သ မျှ မ စုံ မီ ငါ တို့ မ တိုက် ရ။ စုံ ပြီး မှ သာ တွင်း၀ ရှိ ကျောက် ကို သူ တို့ လှိမ့် လှန်၍ ရေ တိုက် ရ ကြ ပါ သည် ဟု ပြန် ဆို ကြ ၏။
9
ထို သို့ အ ချင်း ချင်း ပြော ကြ စဉ် သိုး ထိန်း သူ ရာ ခေ လ သည် အ ဘ သိုး များ နှင့် ရောက် လာ ၏။
10
ယာ ကုပ် သည် ဦး ရီး လာ ဗန်၏ သ မီး ရာ ခေ လ နှင့် သိုး များ ကို မြင် သော အ ခါ တွင်း၀ ရှိ ကျောက် ကို ချဉ်း ကပ် လှိမ့် လှန် သ ဖြင့် ဦး ရီး လာ ဗန့် သိုး များ ကို ရေ တိုက် ပြီး နောက်၊
11
ရာ ခေ လ ကို နမ်း ၍ အော် ဟစ် ငို ကြွေး လျက်၊
12
ရာ ခေ လ အ ဘ ၏ တူ၊ ရေ ဗ က္က၏ သား ဖြစ် ကြောင်း ကြား ပြော လျှင် ရာ ခေ လ ပြေး ၍ အ ဘ အား ပြန် ကြား လေ ၏။
13
လာ ဗန် သည် တူ ယာ ကုပ် အ ကြောင်း ကြား ရ သော အ ခါ ကြို ဆို ရန် အ မြန် သွား ၍ ဖက် ရမ်း နမ်း ရှုပ် လျက် အိမ် သို့ ခေါ် သွင်း ပြီး မှ ဖြစ် ပျက် သ မျှ ကို ယာ ကုပ် ကြား ပြော လျှင်၊
14
လာ ဗန် က၊ အ ကယ် စင် စစ် သင် သည် ငါ့ အ ရိုး၊ ငါ့ အ သား တ ကား ဟု ဆို လေ ၏။
15
ယာ ကုပ် သည် တစ် လ ကြာ အ တူ နေ ပြီး မှ လာ ဗန် က၊ သင် သည် ငါ့ တူ ဖြစ် သည် နှင့် အ ကျိုး မဲ့ အ စေ ခံ ရ မည် လော။ ရ လို သော အ ခ ကို ပြော လော့ ဟု ဆို လေ ၏။
16
ထို အ ခါ လာ ဗန်၌ သ မီး နှစ် ယောက် ရှိ ရာ အ ကြီး လေ အာ၊ အ ငယ် ရာ ခေ လ အ မည် ရှိ ကြ ၏။
17
လေ အာ သည် မျက် စိ နုန့် နဲ့ ၏။ ရာ ခေ လ မူ ကား အ ဆင်း သ ဏ္ဌာန် လှ၍ ရှု ချင် ဖွယ် ကောင်း ၏။
18
ယာ ကုပ် သည် ရာ ခေ လ ကို စုံ မက် သည် ဖြစ်၍ လာ ဗန် အား၊ ဦး ရီး သ မီး အ ငယ် ရာ ခေ လ ကို ရ ခြင်း ငှါ ခု နစ် နှစ် အ စေ ခံ ပါ မည် ဟု ဆို လျှင်၊
19
လာ ဗန် က၊ အ ခြား သူ့ အား ထိမ်း မြား သည် ထက် သင့် အား ထိမ်း မြား ရ သော် သာ၍ ကောင်း ၏။ ငါ နှင့် အ တူ နေ ဦး လော့ ဟု ဆို သည့် အ တိုင်း၊
20
ယာ ကုပ် သည် ရာ ခေ လ ကို ရ ခြင်း ငှါ ခု နစ် နှစ် အ စေ ခံ ရာ၊ ရာ ခေ လ ကို စုံ မက် သည့် အ တွက် ရက် အ နည်း ငယ် မျှ သာ ထင် မှတ် သ တည်း။
21
ယာ ကုပ် က လည်း က တိ ထား ခဲ့ သော နေ့ ရက် ပြည့် စုံ ပါ ပြီ။ ၀င် ထွက် သာ အောင် ကျွန် တော့် အား မ ယား ထိမ်း မြား ပါ ဟု လာ ဗန် အား လျှောက် လျှင်၊
22
လာ ဗန် သည် ထို မြို့ သား အ ပေါင်း တို့ ကို ခေါ် ဖိတ် စည်း ၀ေး ၍ ပွဲ ကျင်း ပ ရာ၊
23
ညဉ့် အ ချိန် ရောက် လျှင် သ မီး လေ အာ ကို ဆောင် နှင်း ၍ သူ့ ထံ ယာ ကုပ်၀င် လေ ၏။
24
ကျွန် မိန်း မ ဇိ လ ပ ကို လည်း လေ အာ အား လက် ဖွဲ့ လေ ၏။
25
နံ နက် အ ချိန် ရောက်၍ လေ အာ ဖြစ် မှန်း ကို သိ မြင် လျှင် ယာ ကုပ် က၊ ကျွန် တော် အား ပြု သော အ မှု ကား မည် သို့ နည်း။ ရာ ခေ လ ကို ရ ခြင်း ငှါ အ စေ ခံ ခဲ့ သည် မ ဟုတ် ပါ လော။ ကျွန် တော် ကို အ ဘယ် ကြောင့် လှည့် စား ဘိ သ နည်း ဟု လာ ဗန် အား လျှောက် သော်၊
26
လာ ဗန် က၊ ငါ တို့ ပြည် တွင် သ မီး ဦး ကို မ ထိမ်း မြား မီ အ ငယ် ကို ထိမ်း မြား ရိုး မ ရှိ။
27
အ ကြီး နှင့် ခု နစ် ရက် စေ့ အောင် ပေါင်း ဦး လော့။ ရှေ့ သို့ တစ် ဖန် ခု နစ် နှစ် အ စေ ခံ ရ ဦး မည် အ တွက် အ ငယ် ကို လည်း ထိမ်း မြား မည် ဟု ဆို သည့် အ တိုင်း၊
28
ယာ ကုပ်၀န် ခံ၍ အ ကြီး နှင့် ခု နစ် ရက် စေ့ အောင် ပေါင်း ပြီး မှ လာ ဗန် သည် သ မီး ရာ ခေ လ ကို ထိမ်း မြား လေ ၏။
29
ကျွန် မိန်း မ ဗိ လ ဟာ ကို လည်း ရာ ခေ လ အား လက် ဖွဲ့ လေ ၏။
30
ယာ ကုပ် သည် ရာ ခေ လ ထံ၀င်၍ လေ အာ ကို စုံ မက် သည် ထက် သာ၍ စုံ မက်၏။ ရှေ့ သို့ တစ် ဖန် လာ ဗန့် ထံ ခု နစ် နှစ် အ စေ ခံ လေ ၏။
31
လေ အာ့ အ ပေါ် တွင် မေ တ္တာ မဲ့ သည် ကို ထာ၀ ရ ဘု ရား သိ မြင်၍ သား ဆု ကို ပေး သ နား တော် မူ ၏။
32
ရာ ခေ လ မူ ကား မြုံ၏။ လေ အာ သည် သ န္ဓေ ရ၍ သား ယောက်ျား ကို ဖွား မြင် ရာ ငါ့ စိတ် ဒု က္ခ ကို ထာ၀ ရ ဘု ရား ရှု မြင် တော် မူ ပြီ ဖြစ်၍ ယ ခု ငါ့ ကို ငါ့ လင် စုံ မက် လိမ့် မည် ဟု ဆို လျက် ရု ဗင် အ မည် ဖြင့် မှည့် လေ ၏။
33
တစ် ဖန် သ န္ဓေ ရ ပြန်၍ သား ယောက်ျား ကို ဖွား မြင် သော် ငါ့ အ ပေါ် တွင် မေ တ္တာ မဲ့ သည် ကို ထာ၀ ရ ဘု ရား ကြား သိ၍ ဤ သား ကို လည်း ပေး သ နား တော် မူ ပြီ ဟု ဆို လျက် ရှိ မောင် အ မည် ဖြင့် မှည့် လေ ၏။
34
တစ် ဖန် သ န္ဓေ ရ ပြန်၍ သား ယောက်ျား ကို ဖွား မြင် သော် သား သုံး ယောက် ကို ငါ ဖွား မြင် သော ကြောင့် ယ ခု အ ခါ ငါ့ လင် သည် ငါ့ ကို စွဲ လမ်း လိမ့် မည် ဟု ဆို ၍ လေ ဝိ အ မည် ဖြင့် မှည့် လေ ၏။
35
တစ် ဖန် သ န္ဓေ ရ ပြန်၍ သား ယောက်ျား ကို ဖွား မြင် သော် ထာ၀ ရ ဘု ရား ကို ယ ခု ငါ ချီး မွမ်း မည် ဟု ဆို၍ ယု ဒ အ မည် ဖြင့် မှည့် လေ၏။ ထို နောက် သား ပြတ် ၍ မ ဖွား ဘဲ နေ၏။