1
ဣ ဇာက် သည် ယာ ကုပ် ကို ခေါ် ၍ ခါ နာန် အ မျိုး သ မီး နှင့် သင် အိမ် ထောင် ဘက် မ ပြု ရ။
2
သင့် အ မိ၏ အ ဘ ဗေ သွေ လ အ မျိုး သား တို့ နေ ရာ ပါ ဒ နာ ရံ ပြည် သို့ ထ သွား၍ သင့် ဦး ရီး လာဗန် ၏ သ မီး တစ် စုံ တစ် ယောက် နှင့် အိမ် ထောင် ဘက် ပြု လော့။
3
အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည် သင့် ကို ကောင်း ကြီး ပေး၍ လူ မျိုး အ မြောက် အ မြား ဖြစ် စေ ရန် တိုး ပွား စေ တော် မူ သ တည်း။
4
အ ထက် က အာ ဗြ ဟံ အား ပေး တော် မူ၍ သင် ယ ခု လူ စိမ်း အ ဖြစ် နေ သော ဤ ပြည် ကို အ ပိုင် ရ စေ ရန် သင် နှင့် အ မျိုး အ နွယ် အား အာ ဗြ ဟံ ခံ ရ သော ကောင်း ကြီး မင်္ဂ လာ ကို ပေး တော် မူ စေ သ တည်း ဟု ကောင်း ကြီး ပေး လျက် မှာ ထား လွှတ် လိုက် လေ၏။
5
ထို သို့ ယာ ကုပ် နှင့် ဧ သော တို့ အ မိ ရေ ဗ က္က၏ မောင်၊ အာ ရံ လူ မျိုး ဗေ သွေ လ သား လာ ဗန့် ထံ ပါ ဒ နာ ရံ ပြည် သို့ ယာ ကုပ် သွား လေ ၏။
6
ထို သို့ ဣ ဇာက် သည် ယာ ကုပ် ကို ကောင်း ကြီး ပေး၍ အိမ် ထောင် ဘက် ပြု စေ ခြင်း ငှါ ပါ ဒ နာ ရံ ပြည် သို့ လွှတ် လိုက် ကြောင်း ကို လည်း ကောင်း၊ ခါ နာန် အ မျိုး သ မီး နှင့် အိမ် ထောင် ဘက် မ ပြု ရ ဟု ကောင်း ကြီး ပေး စဉ် အ ခါ မှာ ထား ကြောင်း ကို လည်း ကောင်း၊
7
ယာ ကုပ် သည် မိ ဘ စ ကား ကို နာ ခံ၍ ပါ ဒ နာ ရံ ပြည် သို့ သွား ကြောင်း ကို လည်း ကောင်း၊
8
ခါ နာန် အ မျိုး သ မီး တို့ အား အ ဘ ဣ ဇာက် မ နှစ် သက် ကြောင်း ကို လည်း ကောင်း၊ ဧ သော သိ မြင် လျှင်၊
9
ဣ ရှ မေ လ ထံ သို့ သွား၍ ရှိ ရင်း မ ယား တို့ မှ တစ် ပါး အာ ဗြ ဟံ မြေး၊ ဣ ရှ မေ လ သ မီး၊ န ဗာ ယုတ် နှ မ ဖြစ် သူ မ ဟာ လတ် နှင့် အိမ် ထောင် ဘက် ပြု လေ ၏။
10
ယာ ကုပ် သည် ဗေ ရ ရှေ ဘ မြို့ မှ ထွက်၍ ခါ ရန် မြို့ သို့ သွား စဉ် တွင်၊
11
တစ် နေ ရာ သို့ ရောက် သော် နေ၀င် ချိန် ဖြစ် သော ကြောင့် စ ခန်း ချ လျက် ခေါင်း အုံး ရန် ၎င်း အ ရပ် ရှိ ကျောက် တစ် လုံး ကို ထား ပြီး လျှင် အိပ် လေ ၏။
12
အိပ် မက် မြင် ရ သည် မှာ မြေ မှ မိုး ထိ အ ဖျား မှီ အောင် ထောင် ထား သော လှေ ကား တွင် ဘု ရား သ ခင့် စေ တ မန် တော် များ ဆင်း လျက် တက် လျက် ရှိ ကြ ၏။
13
ထာ ဝ ရ ဘု ရား သည် အ နီး တွင် ရပ် တော် မူ လျက် ငါ သည် သင့် အ ဘ အာ ဗြ ဟံ၏ ဘု ရား၊ ဣ ဇာက်၏ ဘု ရား တည်း ဟူ သော ထာ၀ ရ ဘု ရား ဖြစ်၏။ သင့် အိပ် ရာ မြေ ကို သင် နှင့် အ မျိုး အ နွယ် အား ငါ ပေး မည်။
14
သင့် အ မျိုး အ နွယ် သည် မြေ မုန့် နှင့် အ မျှ များ ပြား၍ အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ အ ရပ် များ သို့ နှံ့ ပြား ကြ လိမ့် မည်။ သင် နှင့် အ မျိုး အ နွယ် အား ဖြင့် လည်း မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ မင်္ဂ လာ ခံ ရ ကြ လိမ့် မည်။
15
ငါ သည် သင် နှင့် အ တူ ရှိ လျက် သင် သွား လေ ရာ ရာ ၌ စောင့် ထိန်း ၍ ဤ ပြည် သို့ ပြန် လာ စေ ဦး မည်။ က တိ အ တိုင်း ငါ မ ပြု ရ မီ သင့် ကို စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ၏။
16
အိပ် ရာ မှ နိုး လျှင် ယာ ကုပ် က၊ အ ကယ် စင် စစ် ဤ အ ရပ် တွင် ထာ၀ ရ ဘု ရား ရှိ တော် မူ ကြောင်း ငါ မ သိ ခဲ့ လေ။
17
ဤ အ ရပ် သည် ထိတ် လန့် ဖွယ် ဖြစ် ပေ ၏။ အ ခြား မ ဟုတ်။ ဘု ရား သ ခင့် ဘုံ ဗိ မာန်၊ ကောင်း ကင် တံ ခါး ၀ ဖြစ် ပါ သည် တ ကား ဟု ကြောက် ရွံ့ လျက် မြွက် ဆို လေ ၏။
18
ယာ ကုပ် သည် နံ နက် အ ချိန် ထ လျှင် ခေါင်း အုံး ခဲ့ သော ကျောက် ကို ယူ ၍ မှတ် တိုင် အ ဖြစ် စိုက် ထူ ပြီး မှ၊ ထိပ် ပေါ် တွင် ဆီ လောင်း လျက်၊
19
ထို အ ရပ် ကို ဗေ သ လ အ မည် ဖြင့် မှည့် လေ ၏။ မြို့ အ မည် ဟောင်း ကား လု ဇ တည်း။
20
ထို အ ခါ ယာ ကုပ် က ဘု ရား သ ခင် သည် ငါ နှင့် အ တူ ရှိ လျက် ယ ခု သွား ရာ လမ်း တွင် စောင့် ထိန်း ၍၊ စား ရန် အ စာ၊ ၀တ် ရန် အ ၀တ် ကို ပေး သ နား တော် မူ သ ဖြင့်၊
21
ချမ်း သာ စွာ အ ဘ အိမ် သို့ ပြန် လာ ရ ပါ လျှင်၊ ထာ၀ ရ ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ ၍၊
22
မှတ် တိုင် အ ဖြစ် ငါ စိုက် ထူ သော ဤ ကျောက် သည် ဘု ရား သ ခင့် ဘုံ ဗိ မာန် ဖြစ် ရ ပါ မည်။ ပေး သ နား တော် မူ သ မျှ အ နက် လည်း ဆယ် ဖို့ တစ် ဖို့ ဆက် ကပ် ပါ မည် ဟု သ စ္စာ ပြု သ တည်း။