ရော​မ-15

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 သို့ ဖြစ် ၍၊ အား ရှိ သော ငါ တို့ သည် ကိုယ် အ လို သို့ မ လိုက်၊ အား နည်း သော သူ တို့ ၏ အား နည်း ခြင်း ကို သည်း ခံ ရ ကြ မည်။
  • 2 ထို သို့ ငါ တို့ ရှိ သ မျှ သည် ကိုယ် နှင့် စပ် ဆိုင် သော သူ ၏ အ ကျိုး ကို ထောက် ၍၊ သူ့ ကို တည် ဆောက် စေ ခြင်း ငှါ သူ ၏ အ လို သို့ လိုက် ကြ ကုန် အံ့။
  • 3 အ ကြောင်း မူ ကား၊ ခ ရစ် တော် သည် ကိုယ် အ လို သို့ မ လိုက်။ ကျမ်း စာ လာ သည် အ တိုင်း ကဲ့ ရဲ့ ခြင်း ကို ခံ တော် မူ ၏။ ကိုယ် တော် ကို ကဲ့ ရဲ့ သော သူ တို့ ၏ စ ကား သည် အ ကျွန်ုပ် အ ပေါ် သို့ ရောက် ပါ ၏ ဟု ကျမ်း စာ လာ သ တည်း။
  • 4 ငါ တို့ သည် ကျမ်း စာ ၌ ပါ သော သည်း ခံ ခြင်း၊ သက် သာ ခြင်း အ ကြောင်း များ ကို အ မှီ ပြု ၍ မြော် လင့် ရ သော အ ခွင့် ရှိ စေ ခြင်း ငှါ၊ ကျမ်း စာ ၌ အ ထက် က ရေး ထား သ မျှ သည် ငါ တို့ ကို ဆုံး မ ဩ ဝါ ဒ ပေး ၍ ရေး ထား သ တည်း။
  • 5 သင် တို့ သည် ငါ တို့ သ ခင် ယေ ရှု ခ ရစ် ၏ ခ မည်း တော် တည်း ဟူ သော ဘု ရား သ ခင် ကို တ ညီ တ ညွတ် တည်း နှုတ် မြွက် ၍ ချီး မွမ်း စေ ခြင်း ငှါ၊
  • 6 ယေ ရှု ခ ရစ် ၏ အ လို တော် အ တိုင်း အ ချင်း ချင်း စိတ် တ ညီ တ ညွတ် တည်း ရှိ ကြ မည် အ ကြောင်း၊ သည်း ခံ ခြင်း၊ သက် သာ ခြင်း ၏ အ ရှင်၊ ဘု ရား သ ခင် သည် ကယ် မ သ နား တော် မူ ပါ စေ သော။
  • 7 ခ ရစ် တော် သည် ဘု ရား သ ခင် ၏ ဘုန်း တော် ကို ထင် ရှား စေ လျက်၊ သင် တို့ ကို လက် ခံ တော် မူ သည် နည်း တူ၊ သင် တို့ သည် တ ယောက် ကို တ ယောက် လက် ခံ ကြ လော့။
  • 8 တ ဖန် ငါ ဆို သည် ကား၊ ယေ ရှု ခ ရစ် သည် ဘု ရား သ ခင် ၏ သစ္စာ တော် ကို ထောက် ၍၊ ဘိုး ဘေး များ ခံ ရ သော ဂ တိ တော် တို့ ကို တည် စေ ခြင်း ငှါ၊
  • 9 အ ရေ ဖျား လှီး ခြင်း ကို ခံ သော သူ တို့ ၏ အ မှု ကို ဆောင် ရွက် တော် မူ ၏။ တ ပါး အ မျိုး သား တို့ သည် လည်း၊ ဘု ရား သ ခင် ၏ က ရု ဏာ တော် ကို အံ့ ဩ ချီး မွမ်း ကြ လိမ့် မည်။ ထို သို့ နှင့် အ ညီ ကျမ်း စာ လာ သည် ကား၊ ထို ကြောင့် တ ပါး အ မျိုး သား တို့ တွင် ကျေး ဇူး တော် ကို အ ကျွန်ုပ် ချီး မွမ်း ၍၊ နာ မ တော် ကို ထော မ နာ သီ ချင်း ဆို ပါ မည် ဟု လာ သ တည်း။
  • 10 တ ဖန် လာ သည် ကား၊ တ ပါး အ မျိုး သား တို့၊ သင် တို့ သည် ဘု ရား သ ခင် ၏ လူ မျိုး နှင့် အ တူ ဝမ်း မြောက် ခြင်း ရှိ ကြ လော့ ဟု လာ ၏။
  • 11 တ ဖန် ကား၊ လူ မျိုး အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။ လူ အ နွှယ် အ ပေါင်း တို့၊ အ လွန် ချီး မွမ်း ကြ လော့ ဟု လာ ၏။
  • 12 တ ဖန် ဟေ ရှာ ယ ဆို သည် ကား၊ ယေ ရှဲ ၏ အ မြစ် ပေါက် ၍ တ ပါး အ မျိုး သား တို့ ကို အုပ် စိုး ခြင်း ငှါ ပေါ် ထွန်း သော သူ ဖြစ် လိမ့် မည်။ ထို သူ ကို တ ပါး အ မျိုး သား တို့ သည် ကိုး စား ကြ လိမ့် မည် ဟု ဆို သ တည်း။
  • 13 သင် တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် ၏ တန် ခိုး အား ဖြင့် မြော် လင့် ခြင်း ပါ ရ မီ နှင့် ကြွယ် ဝ စေ ခြင်း ငှါ၊ ယုံ ကြည် သော စိတ် ရှိ ၍ ဝမ်း မြောက် သက် သာ ခြင်း အ မျိုး မျိုး နှင့် ပြည့် စုံ မည် အ ကြောင်း၊ မြော် လင့် ခြင်း ၏ အ ရှင်၊ ဘု ရား သ ခင် သည် ကယ် မ သ နား တော် မူ ပါ စေ သော။
  • 14 ညီ အစ် ကို တို့၊ သင် တို့ သည် ကောင်း သော ပ က တိ သ ဘော နှင့် ပြည့် စုံ ၍ အ ရာ ရာ တို့ ကို သိ နား လည် သ ဖြင့်၊ အ ချင်း ချင်း ဆုံး မ ခြင်း ငှါ တတ် နိုင် သည် ကို ငါ သ ဘော ကျ လျက် ရှိ ၏။
  • 15 -
  • 16 သို့ သော် လည်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် သည် သန့် ရှင်း စေ တော် မူ သော နှစ် သက် ဘွယ် ရာ ပူ ဇော် သက္ကာ တည်း ဟူ သော တ ပါး အ မျိုး သား တို့ ကို ပူ ဇော် ခြင်း ငှါ ငါ သည် ဘု ရား သ ခင် ၏ ဧ ဝံ ဂေ လိ တ ရား ကို ဟော ပြော သော အ မှု ကို ဆောင် ရွက် ၍၊ တ ပါး အ မျိုး သား တို့ တွင် ယေ ရှု ခ ရစ် ၏ အ မှု ဆောင် ဖြစ် မည် အ ကြောင်း၊ ဘု ရား သ ခင် သည် ငါ ၌ အပ် ပေး တော် မူ သော ကျေး ဇူး တော် ကို ငါ အ မှီ ပြု ၍၊ ညီ အစ် ကို တို့၊ သင် တို့ ကို သ တိ ပေး လျက် သာ ၍ ရဲ ရင့် စွာ ရေး လိုက် ပါ ၏။
  • 17 ထို ကြောင့်၊ ဘု ရား သ ခင် နှင့် စပ် ဆိုင် သော အ ရာ တို့ ၌ ငါ သည် ယေ ရှု ခ ရစ် ကို အ မှီ ပြု ၍ ဝါ ကြွား ဝမ်း မြောက် ခြင်း အ ကြောင်း ရှိ ၏။
  • 18 -
  • 19 တ ပါး အ မျိုး သား တို့ သည် စ ကား အား ဖြင့် ၎င်း၊ အ ကျင့် အား ဖြင့် ၎င်း၊ နား ထောင် စေ ခြင်း ငှါ၊ ခ ရစ် တော် သည် နိ မိတ် လက္ခ ဏာ၊ အံ့ ဘွယ် သော အ မှု များ ၌ ပါ သော တန် ခိုး၊ သန့် ရှင်း သော ဝိ ညာဉ် တော် ၏ တန် ခိုး ကို ပြ ၍၊ ငါ့ အား ဖြင့် ပြု တော် မူ သ မျှ တို့ ကို သာ ငါ ပြော ဝံ့ ၏။ ထို ကျေး ဇူး တော် ကို အ မှီ ပြု လျက်၊ ငါ သည် ယေ ရု ရှ လင် မြို့ မှ စ ၍ ဣ လု ရိတ် ပြည် တိုင် အောင် ပတ် ဝန်း ကျင် အ ရပ် တို့ ၌ ခ ရစ် တော် ၏ ဧ ဝံ ဂေ လိ တ ရား ကို အ ကုန် အ စင် ဟော ပြော ခဲ့ ပြီ။
  • 20 ထို သို့ အ ခြား သူ တည် သော တိုက် မြစ် အ ပေါ် မှာ ငါ ထပ် ၍ မ တည် မ ဆောက်။ ခ ရစ် တော် ၏ နာ မ ကို မ ကြား ဘူး သော အ ရပ် ၌ ဧ ဝံ ဂေ လိ တ ရား ကို ဟော ခြင်း ငှါ စေ တ နာ စိတ် နှင့် ငါ ကြိုး စား အား ထုတ် လေ့ ရှိ ၏။
  • 21 ထို သို့ နှင့် အ ညီ ကျမ်း စာ လာ သည် ကား၊ ထို သူ ၏ အ ကြောင်း ကို အ ဘယ် သူ မျှ မ ပြ ဘူး သော် လည်း၊ သူ တို့ သည် မြင် ကြ လိမ့် မည်။ မ ကြား ဘူး သော သူ တို့ သည် နား လည် ကြ လိမ့် မည် ဟု လာ သ တည်း။
  • 22 ထို ကြောင့်၊ သင် တို့ ရှိ ရာ သို့ ငါ လာ ရ သော အ ခွင့် မ ရှိ။ အ ဆီး အ တား များ လှ ပြီ။
  • 23 ယ ခု မူ ကား၊ ဤ အ ရပ် တို့ ၌ အ ခွင့် မ ရ သည် ဖြစ် ၍၊ သင် တို့ ရှိ ရာ သို့ သွား ခြင်း ငှါ တာ ရှည် စွာ ကာ လ ပတ် လုံး အ လို ရှိ သော ကြောင့်၊
  • 24 စ ပါ နိ ပြည် သို့ ငါ သွား သော အ ခါ၊ လမ်း ခ ရီး ၌ သင် တို့ ကို တွေ့ မြင် ၍ သင် တို့ နှင့် အ တူ ပေါင်း ဘော် လျက် အ တန် အ ရာ အ လို ပြည့် စုံ ပြီး မှ၊ ထို ပြည် သို့ သင် တို့ ပို့ ဆောင် ခြင်း ကျေး ဇူး ကို ခံ မည် ဟု မြော် လင့် ၏။
  • 25 ယ ခု အ ခါ သန့် ရှင်း သူ တို့ ကို လုပ် ကျွေး ၍၊ ယေ ရု ရှ လင် မြို့ သို့ ငါ သွား ရ မည်။
  • 26 အ ကြောင်း မူ ကား၊ မာ ကေ ဒေါ နိ ပြည် သား တို့ နှင့် အ ခါ ယ ပြည် သား တို့ သည်၊ ယေ ရု ရှ လင် မြို့ ၌ ဆင်း ရဲ သော သန့် ရှင်း သူ တို့ အား ဥစ္စာ ကို ဝေ မျှ ၍ စေ တ နာ စိတ် နှင့် လှူ ကြ ပြီ။
  • 27 စေ တ နာ စိတ် ရှိ သည် ဟု ဆို သော်၊ ထို သူ တို့ သည် ကျေး ဇူး တင် သော သူ ဖြစ် ကြ ၏။ အ ကြောင်း မူ ကား၊ တ ပါး အ မျိုး သား တို့ သည် ဓမ္မ ဥစ္စာ ကို ယု ဒ အ မျိုး သား တို့ နှင့် ဆက် ဆံ ၍ ခံ ရ သည် မှန် လျှင်၊ လော ကီ ဥစ္စာ ကို လှူ ၍ လုပ် ကျွေး အပ် ၏။
  • 28 ထို ကြောင့်၊ ဤ အ မှု ကို ငါ ဆောင် ရွက် ၍ ဤ အ လှူ လက် ဆောင် ကို လုံ ခြုံ စေ ပြီး လျှင်၊ သင် တို့ အ နား မှာ ရှောက် ၍ စ ပါ နိ ပြည် သို့ သွား မည်။
  • 29 သင် တို့ ရှိ ရာ သို့ ငါ ရောက် သော အ ခါ၊ ခ ရစ် တော် ၏ ဧ ဝံ ဂေ လိ တ ရား ၌ ပါ သော ကောင်း ကြီး မင်္ဂ လာ ပြည့် စုံ ခြင်း နှင့် ရောက် လာ မည် ကို ငါ သိ ၏။
  • 30 -
  • 31 ငါ သည် ဘု ရား သ ခင် ၏ အ လို တော် အ တိုင်း ဝမ်း မြောက် သော စိတ် နှင့် သင် တို့ ရှိ ရာ သို့ ရောက် ၍ သင် တို့ နှင့် အ တူ သက် သာ ခြင်း ကို ခံ စား လို သော ငှါ၊ ယု ဒ ပြည် ၌ ငြင်း ဆန် သော သူ တို့ လက် မှ ငါ လွတ် မည် အ ကြောင်း၊ ယေ ရု ရှ လင် မြို့ အား ငါ လုပ် ကျွေး ခြင်း အ မှု ကို သန့် ရှင်း သူ တို့ သည် နှစ် သက် မည် အ ကြောင်း၊ ညီ အစ် ကို တို့၊ သင် တို့ သည် ငါ နှင့် အ တူ ကြိုး စား အား ထုတ် ၍ ငါ့ အ ဘို့ အ လို ငှါ ဘု ရား သ ခင် ကို ဆု တောင်း ပ ဌ နာ ပြု ကြ လော့ ဟု ငါ တို့ သ ခင် ယေ ရှု ခ ရစ် နှင့် ဝိ ညာဉ် တော် ၏ မေတ္တာ က ရု ဏာ ကို အ ကြောင်း ပြု ၍ သင် တို့ ကို ငါ တိုက် တွန်း နှိုး ဆော် ပါ ၏။
  • 32 ငြိမ် သက် ခြင်း ၏ အ ရှင်၊ ဘု ရား သ ခင် သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် နေ တော် မူ ပါ စေ သော။ အာ မင်။
回到本卷目录 回到本版本目录 回到首页