ရော​မ-10

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ညီ အစ် ကို တို့၊ ဣ သ ရေ လ လူ တို့ သည် ကယ် တင် တော် မူ ခြင်း သို့ ရောက် စေ ခြင်း ငှါ၊ ငါ ၏ စေ တ နာ အ လို ရှိ ၍ ဘု ရား သ ခင် ကို ဆု တောင်း လေ့ ရှိ ၏။
  • 2 ထို သူ တို့ သည် မှန် သော ပ ညာ မ ရှိ သော် လည်း၊ ဘု ရား သ ခင် ဘက် ၌ စိတ် အား ကြီး သည် ဟု သူ တို့ အ ဘို့ ငါ သက် သေ ခံ ၏။
  • 3 ထို သူ တို့ သည် ဘု ရား သ ခင် ၏ ဖြောင့် မတ် ခြင်း တ ရား ကို မ သိ ဘဲ၊ ကိုယ် ဖြောင့် မတ် ခြင်း ကို တည် စေ ခြင်း ငှါ ရှာ ကြံ သော ကြောင့်၊ ဘု ရား သ ခင် ၏ ဖြောင့် မတ် ခြင်း တ ရား ကို ဝန် မ ခံ ကြ။
  • 4 ယုံ ကြည် သော သူ အ ပေါင်း တို့ သည် ဖြောင့် မတ် ရာ သို့ ရောက် မည် အ ကြောင်း၊ ပ ညတ် တ ရား သည် ခ ရစ် တော် အား ဖြင့် စုံ လင် ခြင်း ရှိ ၏။
  • 5 မော ရှေ က လည်း၊ ထို အ ကျင့် ကို ကျင့် သော သူ သည် ထို အ ကျင့် အား ဖြင့် အ သက် ရှင် လိမ့် မည် ဟု ပ ညတ် တ ရား နှင့် စပ် ဆိုင် သော ဖြောင့် မတ် ခြင်း တ ရား ကို ရည် မှတ် ၍ ရေး ထား သ တည်း။
  • 6 ယုံ ကြည် ခြင်း နှင့် စပ် ဆိုင် သော ဖြောင့် မတ် ခြင်း တ ရား ဆို သည် ကား၊
  • 7 ကောင်း ကင် သို့ အ ဘယ် သူ တက် လိမ့် မည် နည်။ နက် နဲ ရာ ထဲ သို့ အ ဘယ် သူ ဆင်း လိမ့် မည် နည်း ဟု စိတ် ထဲ မှာ မ အောက် မေ့ နှင့် ဆို ၏။ ထို သို့ ဆို သော်၊ ခ ရစ် တော် ကို ဆောင် ခဲ့ ခြင်း ငှါ ကောင်း ကင် သို့ အ ဘယ် သူ တက် လိမ့် မည် နည်း။ ခ ရစ် တော် ကို သေ ခြင်း မှ ထ မြောက် စေ ခြင်း ငှါ နက် နဲ ရာ ထဲ သို့ အ ဘယ် သူ ဆင်း လိမ့် မည် နည်း ဟု ဆို လို သ တည်း။
  • 8 တ ဖန် ဆို သည် ကား၊ တ ရား တော် သည် သင် နှင့် နီး ၏။ သင် ၏ နှုတ် ၌ ၎င်း၊ သင် ၏ နှ လုံး ၌ ၎င်း ရှိ သည် ဟု ဆို ၏။ ထို သို့ ဆို သော်၊ ငါ တို့ ဟော သော ယုံ ကြည် ခြင်း တ ရား ကို ဆို လို သ တည်း။
  • 9 အ ဘယ် သို့ နည်း ဟူ မူ ကား၊ သင် သည် သ ခင် ယေ ရှု ကို နှုတ် ဖြင့် ဝန် ခံ ၍၊ ဘု ရား သ ခင် သည် သူ့ ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ ပြီ ဟု စိတ် နှ လုံး ထဲ ၌ ယုံ ကြည် လျှင်၊ ကယ် တင် ခြင်း သို့ ရောက် လိမ့် မည်။
  • 10 ဖြောင့် မတ် ရာ သို့ ရောက် ခြင်း ငှါ စိတ် နှ လုံး ဖြင့် ယုံ ကြည် ရ ၏။
  • 11 ကယ် တင် ခြင်း သို့ ရောက် ခြင်း ငှါ နှုတ် ဖြင့် ဝန် ခံ ရ ၏။ ကျမ်း စာ လာ သည် ကား၊ ထို ကျောက် ကို အ မှီ ပြု သော သူ မည် သည် ကား၊ ရှက် ကြောက် ခြင်း မ ရှိ နိုင် ရာ ဟု လာ သ တည်း။
  • 12 ယု ဒ အ မျိုး၊ ဟေ လ သ အ မျိုး ကို မ ရွေး၊ လူ အ ပေါင်း တို့ ကို အ စိုး ရ သော အ ရှင် တ ပါး တည်း ရှိ ၍၊ ကိုယ် တော် ကို ပ ဌ နာ ပြု သော သူ အ ပေါင်း တို့ ၌ ကျေး ဇူး ကြွယ် ဝ တော် မူ ၏။
  • 13 အ ကြောင်း မူ ကား၊ ထာ ဝ ရ ဘု ရား ကို ပ ဌ နာ ပြု သော သူ ရှိ သ မျှ တို့ သည် ကယ် တင် တော် မူ ခြင်း သို့ ရောက် ရ ကြ လ တံ့။
  • 14 သို့ ရာ တွင်၊ မ ယုံ ကြည် လျှင် အ ဘယ် သို့ ပ ဌ နာ ပြု နိင် မည် နည်း။ သိ တင်း မ ကြား လျှင် အ ဘယ် သို့ ယုံ ကြည် နိုင် မည် နည်း။ ဟော ပြော သော သူ မ ရှိ လျှင် အ ဘယ် သို့ ကြား နိုင် မည် နည်း။
  • 15 လူ ကို မ စေ လွှတ် လျှင် အ ဘယ် သို့ ဟော ပြော နိုင် မည် နည်း။ ထို သို့ နှင့် အ ညီ ကျမ်း စာ လာ သည် ကား၊ ငြိမ် သက် ခြင်း ၏ ဝမ်း မြောက် စ ရာ သိ တင်း၊ ကောင်း ကျိုး ချမ်း သာ ၏ ဝမ်း မြောက် စ ရာ သိ တင်း ကို ကြား ပြော သော သူ ၏ ခြေ တို့ သည် အ လွန် တင့် တယ် စွ တ ကား ဟု လာ သ တည်း။
  • 16 သို့ သော် လည်း၊ လူ အ ပေါင်း တို့ သည် ဝမ်း မြောက် စ ရာ သိ တင်း ကို နား ထောင် ကြ သည် မ ဟုတ်။ ပ ရော ဖက် ဟေ ရှာ ယ စ ကား ဟူ မူ ကား၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ ဟော ပြော သော သိ တင်း စ ကား ကို အ ဘယ် သူ ယုံ ပါ သ နည်း ဟု ဆို ၏။
  • 17 သို့ ဖြစ် ၍၊ ယုံ ကြည် ခြင်း သည် ကြား နာ ခြင်း အား ဖြင့် ဖြစ် ၏။ ကြား နာ ခြင်း သည် လည်း၊ ဘု ရား သ ခင် ၏ စ ကား တော် အား ဖြင့် ဖြစ် ၏။
  • 18 သို့ ရာ တွင် လူ အ ပေါင်း တို့ သည် မ ကြား ရ ကြ ပြီ လော။ အ မှန် ကြား ရ ကြ ပြီ။ သူ တို့ ၏ အ သံ သည် မြေ တ ပြင် လုံး ၌ နှံ့ ပြား ၍၊ သူ တို့ ၏ စ ကား သည် မြေ ကြီး စွန်း တိုင် အောင် ရောက် လေ ပြီ ဟု ငါ ဆို ၏။
  • 19 တ ဖန် ငါ ဆို သည် ကား၊ ဣ သ ရေ လ လူ တို့ သည် ဤ အ မှု ကို မ သိ ကြ သ လော။ မော ရှေ က၊ မ ရေ ရ သော လူ မျိုး အား ဖြင့် သင် တို့ သည် ငြူ စူ သော စိတ် ရှိ စေ ခြင်း ငှါ ၎င်း၊ ပ ညာ မ ရှိ သော လူ မျိုး အား ဖြင့် စိတ် ဆိုး စေ ခြင်း ငှါ ၎င်း၊ ငါ ပြု မည် ဟု ရှေ့ ဦး စွာ ဆို ၏။
  • 20 ဟေ ရှာ ယ သည် သာ ၍ ရဲ ရင့် စွာ ဆို သည် ကား၊ ငါ့ ကို မ ရှာ သော သူ တို့ သည် ငါ့ ကို တွေ့ ရ ကြ ၏။ ငါ ၏ အ ကြောင်း ကို မ မေး မြန်း သော သူ တို့ ၌ ငါ ထင် ရှား သည် ဟု ဆို ၏။
  • 21 ဣ သ ရေ လ လူ တို့ ကို ရည် မှတ် ၍ တ ဖန် မိန့် တော် မူ သည် ကား၊ နား မ ထောင် ငြင်း ဆန် တတ် သော လူ မျိုး သို့ တ နေ့ လုံး ငါ သည် လက် ဝါး ကို ဖြန့် ရ ပြီ ဟု ဆို သ တည်း။
回到本卷目录 回到本版本目录 回到首页