ရော​မ-2

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 သူ တ ပါး ကို စစ် ကြော စီ ရင် တတ် သော သူ၊ သင် သည် ကိုယ် အ ပြစ် ကို မ ဖုံး နိုင် ရာ။ အ ကြောင်း မူ ကား၊ သင် သည် စစ် ကြော စီ ရင် သော အ မှု ကို ပင် ကိုယ် တိုင် ပြု သည် ဖြစ် ၍၊ သူ တ ပါး ကို စစ် ကြော စီ ရင် သည် တွင် ကိုယ် အ ပြစ် ရှိ ကြောင်း ကို စီ ရင် ဆုံး ဖြတ် ရာ ရောက် ၏။
  • 2 ဘု ရား သ ခင် သည် ထို သို့ ပြု သော သူ တို့ ကို စီ ရင် တော် မူ ခြင်း အ ရာ သည် သမ္မာ တ ရား နှင့် ညီ သည် ကို ငါ တို့ သိ ကြ ၏။
  • 3 ထို သို့ သော အ မှု ကို ကိုယ် တိုင် ပြု လျက် ပင်၊ သူ တ ပါး ပြု သည် ကို စစ် ကြော စီ ရင် သော သူ၊ သင် သည် ဘု ရား သ ခင် စီ ရင် တော် မူ ခြင်း နှင့် လွတ် မည် ဟု ထင် မှတ် သ လော။
  • 4 ဘု ရား သ ခင် ၏ ကျေး ဇူး တော် သည် သင့် ကို နောင် တ လမ်း သို့ သွေး ဆောင် သည် ကို မ သိ မ မှတ် ဘဲ၊ ကြွယ် ဝ စွာ ကျေး ဇူး ပြု တော် မူ ခြင်း၊ သည်း ခံ တော် မူ ခြင်း၊ စိတ် ရှည် တော် မူ ခြင်း တို့ ကို မ ထီ မဲ့ မြင် ပြု သ လော။
  • 5 ထို သို့ ပြု လျှင် စိတ် ခိုင် မာ ၍ နောင် တ မ ရ သည် နှင့် အ ညီ ဒေါ သ နေ့ တည်း ဟူ သော ဘု ရား သ ခင် ၏ တ ရား တော် ထင် ရှား သော နေ့ ၌ ကိုယ် ခံ စ ရာ ဘို့ အ မျက် ဒေါ သ ကို ဆည်း ဖူး သ လော။
  • 6 ဘု ရား သ ခင် သည် လူ အ သီး အ သီး တို့ အား မိ မိ တို့ အ ကျင့် နှင့် အ လျောက် အ ကျိုး အ ပြစ် ကို ဆပ် ပေး တော် မူ လ တံ့။
  • 7 ကောင်း သော အ ကျင့် ကို အ မြဲ ကျင့် ၍၊ ဘုန်း အ သ ရေ ကို ၎င်း၊ မ ဖောက် ပြန် သော ဇာ တိ ကို ၎င်း၊ ရှာ သော သူ တို့ အား ထာ ဝ ရ အ သက် ကို ပေး တော် မူ လ တံ့။
  • 8 ငြင်း ဆန် သော သ ဘော ရှိ ၍၊ သမ္မာ တ ရား ကို နား မ ထောင် ဘဲ မ တ ရား သ ဖြင့် ကျင့် သော သူ တို့ ကို ကား၊ ပြင်း စွာ သော ဒေါ သ အ မျက် ထွက် တော် မူ လ တံ့။
  • 9 ရှေ့ ဦး စွာ ၌ ယု ဒ လူ၊ နောက် ၌ ဟေ လ သ လူ၊ ဆိုး ညစ် သော အ မှု ကို ပြု သော သူ ရှိ သ မျှ တို့ သည် ကြီး စွာ သော ဆင်း ရဲ ဒုက္ခ ဝေ ဒ နာ ကို ခံ ရ ကြ လ တံ့။
  • 10 ရှေ့ ဦး စွာ ၌ ယု ဒ လူ၊ နောက် ၌ ဟေ လ သ လူ၊ ကောင်း သော အ ကျင့် ကို ကျင့် သော သူ ရှိ သ မျှ တို့ သည် ဘုန်း အ သ ရေ ချမ်း သာ ကို ခံ စား ရ ကြ လ တံ့။
  • 11 ဘု ရား သ ခင် သည် အ ဘယ် သူ ၏ မျက် နှာ ကို မျှ မှတ် တော် မ မူ။
  • 12 ပ ညတ် တ ရား ကို မ သိ ဘဲ ပြစ် မှား သော သူ တို့ သည် ပ ညတ် တ ရား မဲ့ ပျက် စီး ခြင်း သို့ ရောက် ကြ လိမ့် မည်။ ပ ညတ် တ ရား ကို သိ လျက် ပင် ပြစ် မှား သော သူ တို့ သည် ပ ညတ် တ ရား ၏ စီ ရင် ခြင်း ကို ခံ ရ ကြ လိမ့် မည်။
  • 13 အ ကြောင်း မူ ကား၊ တ ရား နာ သော သူ သည် ဘု ရား သ ခင် ရှေ့ ၌ ဖြောင့် မတ် သည် မ ဟုတ်။ တ ရား ကို ကျင့် သော သူ သာ လျှင် ဖြောင့် မတ် ရာ သို့ ရောက် လိမ့် မည်။
  • 14 သာ သ နာ ပ လူ တို့ သည် ပ ညတ် တ ရား တော် ကို မ သိ ဘဲ၊ ကိုယ် အ လို အ လျောက် တ ရား တော် ကို ကျင့် သော အ ခါ၊ သူ တို့ သည် ပ ညတ် တ ရား တော် ကို မ သိ ဘဲ၊ ကိုယ် ကျင့် တ ရား ကို အ မှီ ပြု သ ဖြင့် ၎င်း၊
  • 15 ကိုယ် ကို ကိုယ် သိ သော စိတ် နှ လုံး သည် သက် သေ ခံ သ ဖြင့် ၎င်း၊ အ ချင်း ချင်း ဆွေး နွှေး ဆင် ခြင် ၍ အ ပြစ် တင် လျက်၊ လွှတ် လျက် နေ သ ဖြင့် ၎င်း၊ မိ မိ တို့ စိတ် နှ လုံး ထဲ ၌ မှတ် သား သော တ ရား ၏ အ ကျိုး ကို ထင် ရှား စွာ ပြ ကြ ၏။
  • 16 ငါ ဟော ပြော သော ဧ ဝံ ဂေ လိ တ ရား အ တိုင်း၊ ဘု ရား သ ခင် သည် ယေ ရှု ခ ရစ် အား ဖြင့် လူ တို့ ၏ မ ထင် ရှား သော အ မှု အ ရာ တို့ ကို စစ် ကြော စီ ရင် တော် မူ သော နေ့ ၌ ထို သို့ စီ ရင် တော် မူ လ တံ့။
  • 17 သင် သည် ယု ဒ လူ ဟု သ မုတ် ခြင်း ကို ခံ သော သူ၊ ပ ညတ် တ ရား တော် ကို ကိုး စား သော သူ၊ ဘု ရား သ ခင် ကို အ မှီ ပြု ၍ ဝါ ကြွား သော သူ၊
  • 18 အ လို တော် ကို သိ သော သူ၊ ပ ညတ် တ ရား တော် ကို လေ့ ကျက် သ ဖြင့် ခြား နား သော အ ရာ တို့ ကို ပိုင်း ခြား တတ် သော သူ ဖြစ် သည် နှင့်၊
  • 19 လူ ကန်း တို့ အား လမ်း ပြ သော သူ၊ မှောင် မိုက် ၌ နေ သော သူ တို့ ကို လင်း စေ သော သူ၊
  • 20 လူ မိုက် တို့ ကို ဆုံး မ တတ် သော သူ၊ သူ ငယ် တို့ ကို နည်း ပေး သော သူ၊ ပ ညတ် တ ရား တော် အား ဖြင့် ပ ညာ ကို ၎င်း၊ သမ္မာ တ ရား ကို ၎င်း ရိပ် မိ သော သူ ဖြစ် သည် ဟူ ၍၊ ကိုယ် ကို ထင် မှတ် တတ် သည် မှန် လျှင်၊
  • 21 သူ တ ပါး ကို ဆုံး မ လျက် ပင် ကိုယ် ကို မ ဆုံး မ သ လော။ သူ့ ဥစ္စာ ကို မ ခိုး နှင့် ဟု တ ရား ဟော လျက် ပင် ကိုယ် တိုင် ခိုး သ လော။
  • 22 သူ့ မ ယား ကို မ ပြစ် မှား နှင့် ဟု ဆို လျက် ပင် ကိုယ် တိုင် ပြစ် မှား သ လော။ ရုပ် တု ကို စက် ဆုပ် ရွံ ရှာ လျက် ပင် ဗိ မာန် တော် ကို လု ယူ ဖျက် ဆီး သ လော။
  • 23 ပ ညတ် တ ရား တော် ကို အ မှီ ပြု ၍ ဝါ ကြွား လျက် ပင် ထို တ ရား ကို လွန် ကျူး ၍ ဘု ရား သ ခင် ၏ ဂုဏ် အ သ ရေ တော် ကို ရှုတ် ချ သ လော။
  • 24 အ ကြောင်း မူ ကား၊ ကျမ်း စာ ၌ လာ သည် နှင့် အ ညီ၊ တ ပါး အ မျိုး သား တို့ သည် သင် တို့ အ ကျင့် ကို ထောက် ၍ ဘု ရား သ ခင် ၏ နာ မ တော် ကို ကဲ့ ရဲ့ တတ် ကြ ၏။
  • 25 သင် သည် ပ ညတ် တ ရား ကို ကျင့် လျှင်၊ အ ရေ ဖျား လှီး ခြင်း အား ဖြင့် အ ကျိုး ရှိ ၏။ ပ ညတ် တ ရား ကို လွန် ကျူး လျှင်၊ သင် ၏ အ ရေ ဖျား လှီး ခြင်း သည် အ ရေ ဖျား မ လှီး ဘဲ ဖြစ် ပြန် ၏။
  • 26 ထို မှ တ ပါး၊ အ ရေ ဖျား လှီး ခြင်း ကို မ ခံ သော သူ သည် တ ရား ၌ ပါ သော ပ ညတ် တို့ ကို စောင့် ရှောက် လျှင်၊ ထို သူ ၏ အ ရေ ဖျား မ လှီး ဘဲ အ ဖြစ် ကို အ ရေ ဖျား လှီး ခြင်း အ ဖြစ် ကဲ့ သို့ မှတ် ရ သည် မ ဟုတ် လော။
  • 27 အ ရေ ဖျား လှီး ခြင်း ကို မ ခံ သော သူ သည် လည်း ကိုယ် အ လို အ လျောက် ပ ညတ် တ ရား ကို ကျင့် လျှင်၊ ကျမ်း စာ နှင့် အ ရေ ဖျား လှီး ခြင်း ရှိ လျက် ပင် ပ ညတ် တ ရား ကို လွန် ကျူး သော သင့် ကို တ ရား တွေ့ ၍ အ ရှုံး ခံ စေ မည် မ ဟုတ် လော။
  • 28 အ ကြောင်း မူ ကား၊ အ ပြင် အား ဖြင့် သာ ယု ဒ လူ ဖြစ် သော သူ သည် ယု ဒ လူ မှန် မ ဟုတ်။ အ ပြင် အား ဖြင့် သာ ကိုယ် အ သား ၌ အ ရေ ဖျား လှီး ခြင်း သည် အ ရေ ဖျား လှီး ခြင်း အ မှန် မ ဟုတ်။
  • 29 အ တွင်း အား ဖြင့် ယု ဒ လူ ဖြစ် သော သူ သည် ယု ဒ လူ မှန် ၏။ အ ရေ ဖျား လှီး ခြင်း သည် လည်း ကျမ်း ဟောင်း တ ရား အား ဖြင့် မ ဟုတ် ဘဲ၊ ဝိ ညာဉ် တော် တ ရား အား ဖြင့် စိတ် နှ လုံး နှင့် စပ် ဆိုင် ၏။ ထို သို့ အ ရေ ဖျား လှီး ခြင်း ကို ခံ သော သူ ၏ အ ချီး အ မွမ်း သည် လူ့ အ လို နှင့် မ စပ် ဆိုင်၊ ဘု ရား သ ခင့် အ လို တော် နှင့် စပ် ဆိုင် သ တည်း။
回到本卷目录 回到本版本目录 回到首页