ရော​မ-14

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ယုံ ကြည် အား နည်း သော သူ တို့ ကို လက် ခံ ကြ လော့။ သို့ ရာ တွင် ယုံ မှား ဘွယ် သော ပြဿ နာ တို့ ကို ထို သူ နှင့် မ ဆွေး နွှေး ကြ နှင့်။ အ စာ အ မျိုး မျိုး ကို စား အပ် သည် ဟု လူ အ ချို့ ယုံ ၏။
  • 2 အား နည်း သော သူ မူ ကား၊ ဟင်း သီး ဟင်း ရွက် ကို သာ စား ၏။
  • 3 အ မျိုး မျိုး ကို စား သော သူ သည် မ စား သော သူ ကို မ ထီ မဲ့ မြင် မ ပြု စေ နှင့်။ မ စား သော သူ သည် လည်း၊ စား သော သူ ကို မ စစ် ကြော မ စီ ရင် စေ နှင့်။ အ ကြောင်း မူ ကား၊ ဘု ရား သ ခင် သည် သူ့ ကို လက် ခံ တော် မူ ပြီ။
  • 4 သူ တ ပါး ပိုင် သော လူ ကို စစ် ကြော စီ ရင် သော သင် သည် အ ဘယ် သူ နည်း။ သူ သည် မိ မိ သ ခင် စီ ရင် သော အား ဖြင့် သာ အ ပြစ် လွတ် ခြင်း၊ အ ပြစ် ခံ ခြင်း သို့ ရောက် ရ ၏။ သူ သည် အ ပြစ် လွတ် ခြင်း သို့ ရောက် လိမ့် မည်။ အ ကြောင်း မူ ကား၊ ဘု ရား သ ခင် သည် သူ ၏ အ ပြစ် ကို လွှတ် ခြင်း ငှါ တတ် နိုင် တော် မူ ၏။
  • 5 နေ့ ရက် တ ရက် ထက် တ ရက် သာ ၍ မြတ် သည် ဟု လူ အ ချို့ ထင် တတ် ၏။ လူ အ ချို့ မ ထင်။ လူ တိုင်း မိ မိ စိတ် သ ဘော ကျ ပါ စေ။
  • 6 နေ့ ရက် ကို စောင့် သော သူ သည် သ ခင် ဘု ရား ကို ထောက် ၍ စောင့် ၏။ နေ့ ရက် ကို မ စောင့် သော သူ သည် လည်း၊ သ ခင် ဘု ရား ကို ထောက် ၍ မ စောင့် ဘဲ နေ ၏။ စား သော သူ သည် သ ခင် ဘု ရား ကို ထောက် သော စိတ် နှင့် စား ၍ ကျေး ဇူး တော် ရှိ သည် ဟု ဝန် ခံ ၏။ မ စား သော သူ သည် လည်း၊ သ ခင် ဘု ရား ကို ထောက် သော စိတ် နှင့် မ စား ဘဲ နေ ၍၊ ကျေး ဇူး တော် ရှိ သည် ဟု ဝန် ခံ ၏။
  • 7 ငါ တို့ တွင် အ ဘယ် သူ မျှ ကိုယ် အ ဘို့ အ လို ငှါ အ သက် မ ရှင်။ အ ဘယ် သူ မျှ ကိုယ် အ ဘို့ အ လို ငှါ မ သေ။
  • 8 အ သက် ရှင် လျှင်၊ သ ခင် ဘု ရား အ ဘို့ အ လို ငှါ ရှင် ၏။ သေ လျှင် လည်း၊ သ ခင် ဘု ရား အ ဘို့ အ လို ငှါ သေ ၏။ ထို ကြောင့် အ သက် ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ၊ သ ခင် ဘု ရား ဆိုင် တော် မူ ၏။
  • 9 အ ကြောင်း မူ ကား၊ ခ ရစ် တော် သည်၊ သေ သော သူ တို့ ကို ၎င်း၊ ရှင် သော သူ တို့ ကို ၎င်း၊ အ စိုး ရ သော အ ရှင် ဖြစ် လို သော ငှါ အ သေ ခံ ၍၊ ခံ ပြီး မှ အ သက် ရှင် ပြန် တော် မူ ၏။
  • 10 သင် သည် ညီ အစ် ကို ချင်း ကို အ ဘယ် ကြောင့် စစ် ကြော စီ ရင် သ နည်း။ ညီ အစ် ကို ချင်း ကို အ ဘယ် ကြောင့် မ ထီ မဲ့ မြင် ပြု သ နည်း။ ငါ တို့ ရှိ သ မျှ သည် ခ ရစ် တော် ၏ တ ရား ပလ္လင် တော် ရှေ့ သို့ ရောက် ရ ကြ မည်။
  • 11 ကျမ်း စာ လာ သည် ကား၊ ငါ အ သက် ရှင် တော် မူ သည် ဖြစ် ၍၊ ငါ့ ရှေ့ ၌ လူ တိုင်း ဒူး ထောက် ရ မည်။ ဘု ရား သ ခင် အား လူ တိုင်း မိ မိ နှုတ် နှင့် သစ္စာ ခံ ရ မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 12 သို့ ဖြစ် ၍၊ ငါ တို့ ရှိ သ မျှ သည် ဘု ရား သ ခင် စစ် ကြော တော် မူ ခြင်း ကို ခံ ရ ကြ မည်။
  • 13 ထို ကြောင့်၊ ငါ တို့ သည် ယ ခု မှ စ ၍ အ ချင်း ချင်း မ စစ် ကြော မ စီ ရင် ဘဲ နေ ကြ ကုန် အံ့။ ညီ အစ် ကို ချင်း ထိ မိ ၍ လဲ စ ရာ အ ခွင့်၊ မှား ယွင်း စ ရာ အ ခွင့် မ ရှိ စေ မည် အ ကြောင်း သာ ၍ စီ ရင် ကြ ကုန် အံ့။
  • 14 အ ဘယ် အ စာ မျှ ပ က တိ အ တိုင်း မ ညစ် ညူး ကြောင်း ကို၊ ငါ သည် သ ခင် ယေ ရှု ကို အ မှီ ပြု လျက် သ ဘော ကျ ၍ အ မှန် သိ ၏။ သို့ သော် လည်း၊ ညစ် ညူး သည် ဟု အ ကြင် သူ သည် ထင် ၏၊ ထို သူ ၌ ညစ် ညူး ၏။
  • 15 သင် ၏ ညီ အစ် ကို သည် သင် စား သော အ စာ ကြောင့် စိတ် နာ ရ လျှင်၊ သင် သည် မေတ္တာ တ ရား ကို မ ကျင့်။ ခ ရစ် တော် သည် အ သေ ခံ တော် မူ သော ကျေး ဇူး တော် ကို ခံ သော သူ ကို သင် ၏ အ စာ အား ဖြင့် အ ကျိုး မ နည်း စေ နှင့်။
  • 16 သင် တို့ သည် အ ခွင့် ရ သည် အ မှု မှာ ကဲ့ ရဲ့ စ ရာ အ ကြောင်း မ ရှိ စေ နှင့်။
  • 17 ဘု ရား သ ခင် ၏ နိုင် ငံ တော် သည် အ စား အ သောက် ၌ မ တည်။ ဖြောင့် မတ် ခြင်း၊ ငြိမ် သက် ခြင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ခံ ရ သော ဝမ်း မြောက် ခြင်း ၌ တည် ၏။
  • 18 ထို သို့ ကျင့် ၍ ခ ရစ် တော် ၏ အ မှု ကို ဆောင် ရွက် သော သူ သည် ဘု ရား သ ခင့် ရှေ့ ၌ နှစ် သက် ဘွယ်၊ လူ တို့ တွင် ချီး မွမ်း ဘွယ် ဖြစ် ၏။
  • 19 ထို ကြောင့်၊ ငြိမ် သက် ခြင်း နှင့် ၎င်း၊ အ ချင်း ချင်း တည် ဆောက် ခြင်း နှင့် ၎င်း ယှဉ် သော အ ရာ တို့ ကို မှီ အောင် လိုက် ကြ ကုန် အံ့။
  • 20 ဘု ရား သ ခင် ၏ အ မှု တော် ကို သင် ၏ အ စာ အ လို ငှါ မ ဖျက် ဆီး နှင့်။ အ စာ အ မျိုး မျိုး တို့ သည် စင် ကြယ် ၏။ သို့ သော် လည်း သူ တ ပါး ထိ မိ ၍ လဲ စ ရာ အ ကြောင်း နှင့် စား သော သူ သည် အ ပြစ် ရှိ ၏။
  • 21 အ မဲ သား ကို စား ခြင်း၊ စ ပျစ် ရည် ကို သောက် ခြင်း ကိစ္စ မှ စ ၍၊ ညီ အစ် ကို ထိ မိ ၍ လဲ စ ရာ အ ကြောင်း၊ မှား ယွင်း စ ရာ အ ကြောင်း၊ အား နည်း စ ရာ အ ကြောင်း များ ကို ရှောင် အပ် ၏။
  • 22 သင် သည် ယုံ ခြင်း ရှိ လျှင် ကိုယ် အ လို အ လျောက် ဘု ရား သ ခင့် ရှေ့ ၌ ရှိ စေ လော့။ ကိုယ် လက် ခံ သော အ မှု မှာ ကိုယ် ကို မ စစ် ကြော မ စီ ရင် သော သူ သည် မင်္ဂ လာ ရှိ ၏။
  • 23 ယုံ မှား သော သူ သည် စား လျှင်၊ ယုံ သော စိတ် မ ရှိ ဘဲ စား သော ကြောင့် အ ပြစ် စီ ရင် ခြင်း ကို ခံ ရ ၏။ ယုံ သော စိတ် မ ရှိ ဘဲ ကျင့် သ မျှ သော အ ကျင့် တို့ သည် အ ပြစ် ရှိ ကြ ၏။
回到本卷目录 回到本版本目录 回到首页