ရော​မ-11

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 သို့ ဖြစ် လျှင်၊ ဘု ရား သ ခင် သည် မိ မိ လူ မျိုး ကို ပယ် တော် မူ ပြီ လော ဟု မေး သော်၊ ပယ် တော် မ မူ ဟု ဆို ရ ၏။ ငါ ပင် ဣ သ ရေ လ လူ ဖြစ် ၏။ အာ ဗြ ဟံ အ မျိုး၊ ဗင်္ယာ မိန် အ နွှယ် ဖြစ် ၏။
  • 2 ဘု ရား သ ခင် သည် အ ထက် က သိ မှတ် တော် မူ သော မိ မိ လူ တို့ ကို ပယ် တော် မ မူ။ ပ ရော ဖက် ဧ လိ ယ က၊
  • 3 အို ထာ ဝ ရ ဘု ရား၊ သူ တို့ သည် ကိုယ် တော် ၏ ပ ရော ဖက် များ ကို သတ် ကြ ပါ ပြီ။ ကိုယ် တော် ၏ ယဇ် ပလ္လင် များ ကို ဖြို ဖျက် ကြ ပါ ပြီ။ အ ကျွန်ုပ် တ ယောက် တည်း ကျန် ရစ် ၍၊ အ ကျွန်ုပ် အ သက် ကို ပင် ရှာ ကြ ပါ ၏ ဟု ဘု ရား သ ခင့် ရှေ့ မှာ ဣ သ ရေ လ အ မျိုး တ ဘက် ၌ လျှောက် ထား သည် ကို ကျမ်း စာ ၌ ပါ သော အ ကြောင်း ကို သင် တို့ သည် မ သိ ကြ သ လော။
  • 4 ထို သို့ လျှောက် သော အ ခါ၊ အ ဘယ် သို့ ဗျာ ဒိတ် ထား တော် မူ သ နည်း ဟူ မူ ကား၊ ဗာ လ ရှေ့ ၌ ဒူး မ ထောက် သော လူ ခု နစ် ထောင် တို့ ကို ငါ့ အ ဘို့ ငါ ကျန် ကြွင်း စေ ပြီ ဟု မိန့် တော် မူ ၏။
  • 5 ထို နည်း တူ၊ ယ ခု ကာ လ တွင် ပင် ကျေး ဇူး တော် အ တိုင်း ရွေး ကောက် တော် မူ သော အ ကြွင်း အ ကျန် ရှိ သေး ၏။
  • 6 ကျေး ဇူး တော် အား ဖြင့် ရှိ လျှင်၊ ကိုယ် ကျင့် သော အ ကျင့် အား ဖြင့် မ ရှိ။ ရှိ လျှင် ကျေး ဇူး သည် ကျေး ဇူး မ ဟုတ်။ ကိုယ် ကျင့် သော အ ကျင့် အား ဖြင့် ရှိ လျှင်၊ ကျေး ဇူး အား ဖြင့် မ ရှိ။ ရှိ လျှင် ကိုယ် ကျင့် သော အ ကျင့် သည် အ ကျင့် မ ဟုတ်။
  • 7 သို့ ဖြစ် လျှင် အ ဘယ် သို့ နည်း။ ဣ သ ရေ လ လူ တို့ သည် ရှာ သော အ ရာ ကို မ တွေ့ မ ရ ကြ။ ရွေး ကောက် တော် မူ သော သူ တို့ သာ တွေ့ ရ ကြ ၏။ ကြွင်း သော သူ တို့ ကို မှောင် မိုက် ဖုံး လွှမ်း ၏။
  • 8 ထို သို့ နှင့် အ ညီ ကျမ်း စာ လာ သည် ကား၊ ဘု ရား သ ခင် သည် အိပ် ချင် သော သ ဘော ကို ၎င်း၊ မ မြင် နိုင် သော မျက် စိ ကို ၎င်း၊ မ ကြား နိုင် သော နား ကို ၎င်း၊ ထို သူ တို့ အား ပေး တော် မူ ပြီ ဟု လာ ၏။ ထို ကျမ်း စာ ချက် သည် ယ နေ့ တိုင် အောင် ပြည့် စုံ သ တည်း။
  • 9 ဒါ ဝိဒ် ၏ စ ကား ဟူ မူ ကား၊ သူ တို့ စား ပွဲ သည် သူ တို့ ၌ ကျော့ ကွင်း သော် ၎င်း၊ ဂျမ်း သော် ၎င်း၊ ထောင် ချောက် သော် ၎င်း၊ ခံ ထိုက် သော အ ပြစ် သော် ၎င်း ဖြစ် ပါ စေ။
  • 10 သူ တို့ သည် မ မြင် နိုင် အောင် မျက် စိ ကွယ် ပါ စေ။ သူ တို့ ကျော သည် လည်း အ စဉ် ကုန်း ပါ စေ ဟု လာ သ တည်း။
  • 11 သို့ ဖြစ် လျှင်၊ ဣ သ ရေ လ လူ တို့ သည် လဲ ၍ နေ ရ သည် တိုင် အောင် ထိ မိ ကြ ပြီ လော ဟု မေး သော်၊ လဲ ၍ မ နေ ရ ကြ။ သူ တို့ ၏ စိတ် ကို နှိုး ဆော် စ ရာ အ ကြောင်း ရှိ စေ ခြင်း ငှါ၊ သူ တို့ ၏ လဲ ခြင်း အား ဖြင့် ကယ် တင် တော် မူ ခြင်း ကျေး ဇူး သည် တ ပါး အ မျိုး သား တို့ ၌ သက် ရောက် လေ ၏။
  • 12 သူ တို့ ၏ လဲ ခြင်း အ ရာ သည် လော ကီ သား တို့ ၏ စီး ပွား ကို ၎င်း၊ သူ တို့ ၏ ရှုံး ခြင်း အ ရာ သည် တ ပါး အ မျိုး သား တို့ ၏ စီး ပွါး ကို ၎င်း ပြု စု လျှင်၊ သူ တို့ ၏ ပြည့် စုံ ခြင်း အ ရာ သည် သာ ၍ ပြု စု မည် မ ဟုတ် လော။
  • 13 -
  • 14 ထို သို့ ဆို သော်၊ ငါ သည် တ ပါး အ မျိုး သား တို့ နှင့် ဆိုင် သော တ မန် တော် ဖြစ် သည် နှင့် အ ညီ၊ ထို တ မန် တော် ၏ အ ရာ ကို ချီး မွမ်း လျက်၊ ငါ့ အ မျိုး သား ချင်း တို့ ၏ စိတ် ကို တ ခု ခု အား ဖြင့် နှိုး ဆော် ၍၊ အ ချို့ တို့ ကို ကယ် တင် ခြင်း ငှါ၊ တ ပါး အ မျိုး သား ဖြစ် သော သင် တို့ အား ဆို ရ သ တည်း။
  • 15 ထို သူ တို့ ကို ပယ် တော် မူ ခြင်း အ ရာ သည် လော ကီ သား တို့ ၏ မိဿ ဟာ ယ ဖွဲ့ ခြင်း အ ကြောင်း ဖြစ် လျှင်၊ သူ တို့ ကို သိမ်း ဆည်း တော် မူ ခြင်း အ ရာ သည် သေ ခြင်း မှ ထ မြောက် ရှင် ပြန် ခြင်း ကဲ့ သို့ ဖြစ် လိမ့် မည် မ ဟုတ် လော။
  • 16 အ ဦး နယ် သော မုန့် စိမ်း သည် သန့် ရှင်း လျှင်၊ တ ပုံ လုံး သန့် ရှင်း လိမ့် မည်။ အ မြစ် သန့် ရှင်း လျှင်၊ အ ခက် အ လက် များ လည်း သန့် ရှင်း ကြ လိမ့် မည်။
  • 17 အ ချို့ သော အ ခက် တို့ ကို ချိုး ဖဲ့ ပြီး မှ၊ ရိုင်း သော သံ လွင် ပင် တည်း ဟူ သော သင့် ကို အ ထက် ငုတ် ၌ ဆက် ၍ စိုက် သ ဖြင့်၊ အ ခက် များ နှင့် အ တူ သံ လွင် ပင် အ မြစ် ကို ၎င်း၊ အ ဆီ ဩ ဇာ ကို ၎င်း ဆက် ဆံ လျှင်၊ ချိုး ဖဲ့ သော အ ခက် တို့ ကို ကဲ့ ရဲ့ ဝါ ကြွား ခြင်း မ ရှိ နှင့်။
  • 18 ဝါ ကြွား လျှင် မူ ကား၊ သင် သည် အ မြစ် ကို မ ဆောင်၊ အ မြစ် သည် သင့် ကို ဆောင် ၏။
  • 19 ငါ့ ကို ဆက် ၍ စိုက် ခြင်း ငှါ ထို အ ခက် တို့ ကို ချိုး ဖဲ့ ပြီ ဟု သင် ဆို ပြန် လျှင်၊ မှန် စေ တော့။
  • 20 မ ယုံ ကြည် သော စိတ် ရှိ သော ကြောင့် သူ တို့ ကို ချိုး ဖဲ့ သည် ဖြစ် ၍၊ သင် သည် ယုံ ကြည် ခြင်း အား ဖြင့် သာ တည် ၏။ မာ န စိတ် မ ရှိ စေ နှင့်။ ကြောက် ခြင်း စိတ် ရှိ စေ လော့။
  • 21 အ ကြောင်း မူ ကား၊ ဘု ရား သ ခင် သည် ပ က တိ အ ခက် များ ကို နှ မြော တော် မ မူ လျှင်၊ သင် တို့ ကို နှ မြော တော် မူ မည် လော။
  • 22 သို့ ဖြစ် ၍၊ လဲ သော သူ တို့ ၌ ပြင်း စွာ စီ ရင် တော် မူ ခြင်း ကို ၎င်း၊ ကျေး ဇူး တော် ၌ သင် သည် တည် နေ လျှင်၊ သင် ၌ ပြု တော် မူ သော ကျေး ဇူး တော် ကို ၎င်း၊ ဤ နှစ် ပါး ကို အောက် မေ့ လော့။ ကျေး ဇူး တော် ၌ မ တည် မ နေ လျှင်၊ သင် သည် လည်း ခုတ် ပစ် ခြင်း ကို ခံ ရ မည်။
  • 23 သူ တို့ သည် မ ယုံ ကြည် သော စိတ် ပျောက် လျှင်၊ အ ပင် ၌ တ ဖန် ဆက် ၍ စိုက် သော အ ခွင့် ကို ရ ကြ လိမ့် မည်။ သူ တို့ ကို တ ဖန် ဆက် ၍ စိုက် ခြင်း ငှါ ဘု ရား သ ခင် တတ် နိုင် တော် မူ ၏။
  • 24 အ ဘယ် သို့ နည်း ဟူ မူ ကား၊ ပ က တိ ရိုင်း သော သံ လွင် ပင် မှ သင့် ကို ခုတ် ယူ ၍၊ ကောင်း သော သံ လွင် ပင် ၌ ပ က တိ ကို မ လိုက် ဘဲ ဆက် ၍ စိုက် သည် မှန် လျှင်၊ ပ က တိ အ ခက် ဖြစ် သော ထို သူ တို့ သည် မိ မိ တို့ သံ လွင် ပင် ၌ ဆက် ၍ စိုက် သော အ ခွင့် ကို သာ ၍ ရ ကြ မည် မ ဟုတ် လော။
  • 25 ညီ အစ် ကို တို့၊ သင် တို့ သည် ဝါ ကြွား သော စိတ် မ ရှိ စေ မည် အ ကြောင်း၊ တ ပါး အ မျိုး သား အ ပေါင်း တို့ သည် မ ဝင် မှီ တိုင် အောင်၊ ဣ သ ရေ လ လူ အ ချို့ တို့ ကို မှောင် မိုက် ဖုံး လွှမ်း ခြင်း တည်း ဟူ သော နက် နဲ သော အ ရာ ကို မ သိ ဘဲ နေ စေ ခြင်း ငှါ ငါ အ လို မ ရှိ။
  • 26 ထို သို့ ကျမ်း စာ နှင့် အ ညီ၊ ဣ သ ရေ လ လူ အ ပေါင်း တို့ သည် ကယ် တင် ခြင်း သို့ ရောက် ကြ လိမ့် မည်။ ကျမ်း စာ ချက် ဟူ မူ ကား၊ ကယ် လွှတ် သော သ ခင် သည် ဇိ အုန် တောင် ၌ ပေါ် ထွန်း ၍၊ မ တ ရား သော အ မှု ကို ယာ ကုပ် အ မျိုး သား တို့ မှ လွှဲ တော် မူ လ တံ့။
  • 27 သူ တို့ အ ပြစ် များ ကို ငါ ပယ် ရှင်း သော အ ခါ၊ သူ တို့ ၌ ငါ ပေး သော ပ ဋိ ညာဉ် တ ရား သည် ထို သို့ သော တ ရား ဖြစ် ၏ ဟု လာ သ တည်း။
  • 28 သူ တို့ သည် ဧ ဝံ ဂေ လိ တ ရား အား ဖြင့် မူ ကား သင် တို့ အ ကြောင်း ကြောင့် ရန် သူ ဖြစ် ကြ ၏။ ရွေး ကောက် တော် မူ ခြင်း အား ဖြင့် မူ ကား၊ ဘိုး ဘေး များ အ ကြောင်း ကြောင့် ချစ် သူ ဖြစ် ကြ ၏။
  • 29 အ ဘယ် သို့ နည်း ဟူ မူ ကား၊ ဘု ရား သ ခင် ပေး သ နား တော် မူ ခြင်း၊ ခေါ် ထား တော် မူ ခြင်း ကျေး ဇူး သည် ဖောက် ပြန် ခြင်း သ ဘော မ ရှိ။
  • 30 သင် တို့ သည် အ ထက် က၊ ဘု ရား သ ခင် ၏ စ ကား တော် ကို နား မ ထောင် ဘဲ နေ သော် လည်း၊ ယ ခု တွင် သူ တို့ နား မ ထောင် ခြင်း အ မှု အား ဖြင့် သ နား တော် မူ ခြင်း ကို ခံ ရ သ ကဲ့ သို့၊
  • 31 ထို နည်း တူ၊ သင် တို့ ခံ ရ သော သ နား တော် မူ ခြင်း အား ဖြင့် သူ တို့ လည်း သ နား တော် မူ ခြင်း ကို ခံ ရ မည် အ ကြောင်း၊ ယ ခု တွင် သူ တို့ သည် နား မ ထောင် ဘဲ နေ ရ ကြ ၏။
  • 32 ဘု ရား သ ခင် သည် လူ အ ပေါင်း တို့ ကို သ နား တော် မူ ခြင်း အ ခွင့် ရှိ စေ ခြင်း ငှါ လူ အ ပေါင်း တို့ ကို နား မ ထောင် ခြင်း အ ဖြစ် ၌ ချုပ် ထား တော် မူ ၏။
  • 33 ဘု ရား သ ခင် ၏ ပ ညာ နှင့် ဉာဏ် တော် သည် အ လွန် ကျယ် ဝန်း နက် နဲ စွ တ ကား။ စီ ရင် တော် မူ ချက် တို့ ကို အ ဘယ် သူ မျှ စစ် ၍ မ ကုန် နိုင်။ ကြွ တော် မူ ရာ လမ်း တို့ ကို လိုက် ၍ ရှာ သော် လည်း မ တွေ့ မ မှီ နိုင်။
  • 34 ထာ ဝ ရ ဘု ရား ၏ စိတ် တော် ကို အ ဘယ် သူ သိ သ နည်း။ ထာ ဝ ရ ဘု ရား နှင့် အ ဘယ် သူ သည် တိုင် ပင် ဘက် ပြု သ နည်း။
  • 35 ကျေး ဇူး ဆပ် တော် မူ ရ မည် အ ကြောင်း၊ ထာ ဝ ရ ဘု ရား ၌ အ ဘယ် သူ သည် ကျေး ဇူး ပြု ဘူး သ နည်း။
  • 36 ခပ် သိမ်း သော အ ရာ တို့ သည် ကိုယ် တော် အ ထဲ က ၎င်း၊ ကိုယ် တော် အား ဖြင့် ၎င်း၊ ကိုယ် တော် အ ဘို့ အ လို ငှာ ၎င်း ဖြစ် ကြ ၏။ ကမ္ဘာ အ ဆက် ဆက် ဘုန်း ကြီး တော် မူ စေ သ တည်း။ အာ မင်။
回到本卷目录 回到本版本目录 回到首页