1
ငါ အ မှန် ဆို သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် သည် တန် ခိုး နှင့် တ ကွ တည် ကြောင်း ကို ဤ အ ရပ် ရှိ သော သူ အ ချို့ တို့ သည် မ မြင် မှီ သေ ခြင်း သို့ မ ရောက် ရ ကြ ဟု မိန့် တော် မူ ၏။
2
ခြောက် ရက် လွန် သော အ ခါ ယေ ရှု သည် ပေ တ ရု၊ ယာ ကုပ်၊ ယော ဟန် တို့ ကို ခေါ် ၍၊ အ ခြား သူ မ ပါ ဘဲ မြင့် လှ စွာ သော တောင် ပေါ် တွင် ဆိတ် ကွယ် ရာ အ ရပ် သို့ ဆောင် ကြွ တော် မူ ၏။ သူ တို့ ရှေ့ ၌ ထူး ခြား သော အ ဆင်း အ ရောင် နှင့် ပြည့် စုံ သည် ဖြစ် ၍၊
3
အ ဝတ် တော် လည်း ပြောင် လက် လျက်၊ ဤ မြေ ပေါ် ၌ အ ဘယ် ခ ဝါ သည် မျှ မ တတ် နိုင် အောင် မိုဃ်း ပွင့် ကဲ့ သို့ အ လွန် ဖြူ လျက် ရှိ ၏။
4
မော ရှေ နှင့် ဧ လိ ယ သည် ထင် ရှား ၍ ယေ ရှု နှင့် အ တူ စ ကား ပြော လျက် ရှိ ၏။
5
ထို အ ခါ ပေ တ ရု က၊ အ ရှင် ဘု ရား၊ ဤ အ ရပ် ၌ နေ ဘွယ် ကောင်း ပါ ၏။ ကိုယ် တော် ဘို့ တဲ တ ဆောင်၊ မော ရှေ ဘို့ တ ဆောင်၊ ဧ လိ ယ ဘို့ တ ဆောင်၊ တဲ သုံး ဆောင် ကို အ ကျွန်ုပ် တို့ ဆောက် လုပ် ပါ ရ စေ ဟု လျှောက် လေ ၏။
6
တ ပည့် တော် တို့ သည် အ လွန် ကြောက် သော ကြောင့် ပေ တ ရု သည် ယောင် ယမ်း ၍ ထို သို့ လျှောက် သ တည်း။
7
ထို အ ခါ မိုဃ်း တိမ် သည် သူ တို့ ကို လွှမ်း မိုး ၍၊ ဤ သူ သည် ငါ ၏ ချစ် သား ပေ တည်း။ သူ ၏ စ ကား ကို နား ထောင် ကြ လော့ ဟု မိုဃ်း တိမ် က အ သံ တော် ဖြစ် လေ ၏။
8
ထို ခ ဏ ခြင်း တွင် တ ပည့် တော် တို့ သည် ပတ် လည် သို့ ကြည့် ရှု လျှင်၊ မိ မိ တို့ နှင့် အ တူ ယေ ရှု တ ယောက် တည်း မှ တ ပါး အ ဘယ် သူ ကို မျှ မ မြင် ကြ။
9
တောင် ပေါ် မှ ဆင်း ကြ သော အ ခါ ကိုယ် တော် က၊ လူ သား သည် သေ ခြင်း မှ မ ထ မြောက် မှီ တိုင် အောင် သင် တို့ ယ ခု မြင် သော အ ရာ ကို အ ဘယ် သူ အား မျှ မ ကြား မ ပြော ကြ နှင့် ဟု တ ပည့် တော် တို့ ကို ပ ညတ် တော် မူ ၏။
10
တ ပည့် တော် တို့ သည် ထို စ ကား ကို မှတ် မိ ၍ သေ ခြင်း မှ ထ မြောက် ခြင်း သည် အ ဘယ် သို့ ဆို လို သ နည်း ဟု အ ချင်း ချင်း ဆွေး နွှေး မေး မြန်း ကြ ၏။
11
ထို အ ခါ တ ပည့် တော် တို့ က၊ ဧ လိ ယ သည် အ ရင် လာ မည် ဟု ကျမ်း ပြု ဆ ရာ တို့ သည် အ ဘယ် ကြောင့် ဆို ပါ သ နည်း ဟု မေး လျှောက် ကြ လျှင်၊
12
ကိုယ် တော် က၊ ဧ လိ ယ သည် အ ရင် လာ ၍ အ လုံး စုံ တို့ ကို ပြု ပြင် ရ သည် မှန် ပေ ၏။ လူ သား သည် လည်း အ လွန် ဆင်း ရဲ ၍ ကဲ့ ရဲ့ ပယ် ထား ခြင်း ကို ခံ ရ မည် ဟု ကျမ်း စာ လာ ၏။
13
ငါ ဆို သည် ကား၊ ဧ လိ ယ သည် ရောက် လေ ပြီ။ သူ ၏ အ ကြောင်း ကို ကျမ်း စာ ၌ ရေး ထား သည် အ တိုင်း လူ များ သည် သူ့ အား ပြု ချင် သ မျှ ကို ပြု ကြ ပြီ ဟု မိန့် တော် မူ ၏။
14
တ ပည့် တော် တို့ ရှိ ရာ သို့ ရောက် တော် မူ သော အ ခါ များ စွာ သော လူ အ စု အ ဝေး သည် သူ တို့ ကို ဝိုင်း လျက်၊ ကျမ်း ပြု ဆ ရာ တို့ သည် သူ တို့ နှင့် ဆွေး နွှေး မေး မြန်း ကြ သည် ကို မြင် တော် မူ ၏။
15
စု ဝေး လျက် ရှိ သော သူ လူ အ ပေါင်း တို့ သည် ကိုယ် တော် ကို မြင် လျှင် ချက် ခြင်း အံ့ ဩ မိန်း မော ခြင်း ရှိ လျက် အ ထံ တော် သို့ ပြေး ၍ နှုတ် ဆက် ကြ ၏။
16
ကိုယ် တော် က လည်း၊ သင် တို့ သည် သူ တို့ နှင့် အ ဘယ် သို့ ဆွေး နွှေး မေး မြန်း ကြ သ နည်း ဟု ကျမ်း ပြု ဆ ရာ တို့ ကို မေး တော် မူ လျှင်၊
17
လူ အ စု အ ဝေး ၌ ပါ သော သူ တ ယောက် က၊ အ ရှင် ဘု ရား၊ အ သော နတ် အ စွဲ ခံ ရ သော အ ကျွန်ုပ် ၏ သား ကို အ ထံ တော် သို့ ဆောင် ခဲ့ ပါ ပြီ။
18
နတ် သည် ဘမ်း စား လေ ရာ ရာ ၌ သူ့ ကို မြေ ပေါ် မှာ လှဲ ၍၊ သူ သည် လည်း ခံ တွင်း မှ အ မြှုတ် ထွက် လျက်၊ အံ သွား ခဲ ကြိတ် လျက်၊ ပိန် ခြောက် လျက် နေ ရ ပါ ၏။ ထို နတ် ကို နှင် ပါ မည် အ ကြောင်း တ ပည့် တော် တို့ အား အ ကျွန်ုပ် လျှောက် ၍ သူ တို့ သည် မ တတ် နိုင် ကြ ပါ ဟု လျှောက် သော်၊
19
ကိုယ် တော် က၊ ယုံ ကြည် ခြင်း မ ရှိ သော အ မျိုး၊ ငါ သည် သင် တို့ နှင့် တ ကွ အ ဘယ် မျှ ကာ လ ပတ် လုံး နေ ရ မည် နည်း။ သင် တို့ ကို အ ဘယ် မျှ ကာ လ ပတ် လုံး သည်း ခံ ရ မည် နည်း။ သူ ငယ် ကို ငါ့ ထံ သို့ ယူ ခဲ့ ကြ ဟု မိန့် တော် မူ သည် အ တိုင်း၊
20
ယူ ခဲ့ ကြ ၏။ ထို နတ် သည် ကိုယ် တော် ကို မြင် လျှင် ချက် ခြင်း သူ ငယ် ကို တောင့် မာ စေ သ ဖြင့် သူ ငယ် သည် မြေ ပေါ် မှာ လဲ ၍ အ မြှုတ် ထွက် လျက် ကိုယ် ကို လှိမ့် လျက် နေ ၏။
21
ကိုယ် တော် က လည်း၊ ဤ သို့ ဖြစ် သည် ကား၊ အ ဘယ် မျှ လောက် ကြာ ပြီ နည်း ဟု သူ ငယ် ၏ အ ဘ အား မေး တော် မူ လျှင်၊ အ ဘ က၊ ငယ် သော အ ရွယ် က ပင် ဖြစ် ပါ ၏။
22
သူ ငယ် ကို သေ စေ ခြင်း ငှါ မီး ၌ ၎င်း၊ ရေ ၌ ၎င်း အ ကြိမ် ကြိမ် လဲ စေ တတ် ၏။ သို့ သော် လည်း ကိုယ် တော် သည် တတ် နိုင် တော် မူ လျှင် အ ကျွန်ုပ် တို့ ကို သ နား ၌ ကယ် မ တော် မူ ပါ ဟု လျှောက် လေ ၏။
23
ယေ ရှု က လည်း၊ သင် သည် ယုံ ကြည် နိုင် သ လော။ ယုံ ကြည် သော သူ ဖြစ် လျှင် ခပ် သိမ်း သော အ မှု တို့ ကို တတ် နိုင် သည် ဟု မိန့် တော် မူ ၏။
24
သူ ငယ် ၏ အ ဘ သည် ချက် ခြင်း ဟစ် ကြော် ၍ အ ကျွန်ုပ် ယုံ ကြည် ပါ ၏ သ ခင်။ မ ယုံ ကြည် သည် ကို မ စ တော် မူ ပါ ဟု မျက် ရည် နှင့် လျှောက် ပြန် လေ ၏။
25
ထို အ ခါ လူ များ တို့ သည် စု ဝေး လျက် ပြေး လာ ကြ သည် ကို ယေ ရှု သည် မြင် လျှင်၊ နား ပင်း ၍ စ ကား အ သော နတ်၊ သူ ငယ် မှ ထွက် လော့၊ နောက် တ ဖန် မ ဝင် နှင့် ငါ အ မိန့် ရှိ ၏ ဟု ထို ညစ် ညူး သော နတ် ကို ဆုံး မ ၍ မိန့် တော် မူ သ ဖြင့်၊
26
နတ် သည် အော် ဟစ် ၍ အ လွန် တောင့် မာ စေ ပြီး မှ ထွက် သွား ၏။ သူ ငယ် သည် သေ သ ကဲ့ သို့ ဖြစ် ၏။ သေ ပြီ ဟု လူ များ ဆို ကြ ၏။
27
ယေ ရှု သည် သူ ၏ လက် ကို ကိုင် ၍ ချီ ကြွ တော် မူ သ ဖြင့် သူ သည် ထ လေ ၏။
28
အိမ် သို့ ဝင် တော် မူ ပြီး မှ တ ပည့် တော် တို့ က၊ အ ကျွန်ုပ် တို့ သည် ထို နတ် ကို အ ဘယ် ကြောင့် မ နှင် ထုတ် နိုင် ပါ သ နည်း ဟု တိတ် ဆိတ် စွာ မေး လျှောက် ကြ သော်၊
29
ကိုယ် တော် က၊ ဆု တောင်း ခြင်း၊ အ စာ ရှောင် ခြင်း မှ တ ပါး အ ဘယ် သို့ သော အား ဖြင့် ထို နတ် မျိုး သည် မ ထွက် နိုင် ဟု မိန့် တော် မူ ၏။
30
ထို အ ရပ် မှ ထွက် ၍ ဂါ လိ လဲ ပြည် အ လယ် ၌ ရှောက် သွား ကြ စဉ် တွင် အ ဘယ် သူ မျှ သိ စေ ခြင်း ငှါ အ လို တော် မ ရှိ။
31
အ ကြောင်း မူ ကား၊ လူ သား သည် လူ တို့ လက် သို့ အပ် နှံ ခြင်း ကို ၎င်း၊ အ သေ သတ် ခြင်း ကို ၎င်း ခံ ရ မည်။
32
ခံ ပြီး မှ သုံး ရက် မြောက် သော နေ့ ၌ ထ မြောက် လိမ့် မည် ဟူ သော အ ကြောင်း များ ကို တ ပည့် တော် တို့ အား ပြ တော် မူ ၏။ ထို အ ကြောင်း များ ကို သူ တို့ သည် နား မ လည် သော် လည်း၊ ကိုယ် တော် ကို မ မေး မ လျှောက် ဝံ့ ကြ။
33
က ပေ ရ နောင် မြို့ သို့ ရောက် ၍ အိမ် ၌ ရှိ တော် မူ လျှင်၊ သင် တို့ သည် လမ်း ၌ အ ဘယ် အ မှု ကို အ ချင်း ချင်း ငြင်း ခုံ ကြ သ နည်း ဟု မေး တော် မူ သည် ကို၊
34
သူ တို့ သည် တိတ် ဆိတ် စွာ နေ ကြ ၏။ အ ကြောင်း မူ ကား၊ အ ဘယ် သူ သည် သာ ၍ ကြီး မြတ် အံ့ နည်း ဟု လမ်း ၌ အ ချင်း ချင်း ငြင်း ခုံ ကြ ၏။
35
ထို အ ခါ ကိုယ် တော် သည် ထိုင် လျက် တ ကျိပ် နှစ် ပါး တို့ ကို ခေါ် တော် မူ ၍။ အ ရင် အ ဦး ဖြစ် လို သော သူ မည် သည် ကား နောက် ဆုံး ဖြစ် ရ မည်။ အ လုံး စုံ တို့ ၏ အ စေ ခံ လည်း ဖြစ် ရ မည် ဟု မိန့် တော် မူ ၏။
36
သူ ငယ် တ ယောက် ကို လည်း ယူ ၍ သူ တို့ အ လယ် ၌ ထား ပြီး မှ လက် တော် နှင့် ချီ ပိုက် လျက်၊
37
အ ကြင် သူ သည် ငါ့ မျက် နှာ ကို ထောက် ၍ ဤ ကဲ့ သို့ သော သူ ငယ် တ စုံ တ ယောက် ကို လက် ခံ ၏၊ ထို သူ သည် ငါ့ ကို ပင် လက် ခံ ၏။ ငါ့ ကို လက် ခံ သော သူ သည် လည်း ငါ့ ကို သာ လက် ခံ သည် မ ဟုတ်။ ငါ့ ကို စေ လွှတ် တော် မူ သော သူ ကို ပင် လက် ခံ သည် ဟု မိန့် တော် မူ ၏။
38
ယော ဟန် က လည်း၊ အ ရှင် ဘု ရား၊ အ ကျွန်ုပ် တို့ နှင့် အ တူ မ လိုက် ဘဲ လျက် ကိုယ် တော် ၏ နာ မ ကို အ မှီ ပြု ၍ နတ် ဆိုး တို့ ကို နှင် ထုတ် သော သူ တ ယောက် ကို အ ကျွန်ုပ် တို့ တွေ့ ပါ ၏။ သူ သည် အ ကျွန်ုပ် တို့ နှင့် အ တူ မ လိုက် သော ကြောင့် အ ကျွန်ုပ် တို့ သည် မြစ် တား ကြ ပါ သည် ဟု လျှောက် လေ သော်၊
39
ယေ ရှု က၊ ထို သူ ကို မ မြစ် တား ကြ နှင့်။ ငါ့ နာ မ ကို အ မှီ ပြု လျက် တန် ခိုး ကို ပြ ၍ ငါ့ ကို အ လွယ် တ ကူ ကဲ့ ရဲ့ နိုင် သော သူ တ ယောက် မျှ မ ရှိ။
40
သင် တို့ ၏ ရန် သူ ဘက် ၌ မ ရှိ သော သူ သည် သင် တို့ ဘက် ၌ ရှိ ၏။
41
သင် တို့ သည် ခ ရစ် တော် နှင့် ဆိုင် သည် ဟု ငါ့ မျက် နှာ ကို ထောက် ၍ အ ကြင် သူ သည် သင် တို့ အား ရေ တ ခွက် ကို မျှ ပေး ၏၊ ထို သူ သည် အ ကျိုး ကို မ ရ ဘဲ မ နေ ရာ၊ ငါ အ မှန် ဆို ၏။
42
ငါ့ ကို ယုံ ကြည် သော ဤ သူ ငယ် တ စုံ တ ယောက် ကို အ ကြင် သူ သည် မှား ယွင်း စေ ၏၊ ထို သူ သည် လည် ပင်း ၌ ကြိတ် ဆုံ ကျောက် ကို ဆွဲ ၍ ပင် လယ် ၌ ချ ခြင်း ကို ခံ ရ လျှင် အ နေ သာ ၍ ကောင်း ၏။
43
သင် ၏ လက် သည် သင့် ကို မှား ယွင်း စေ လျှင် လက် ကို ဖြတ် လော့။
44
ပိုး မ သေ၊ မီး မ ငြိမ်း ရာ၊ င ရဲ အ တွင်း မ ငြိမ်း နိုင် သော မီး ထဲ သို့ လက် နှစ် ဘက် စုံ နှင့် ဝင် ရ သည် ထက်၊ လက် ချို့ တဲ့ ၍ အ သက် ရှင် ခြင်း သို့ ဝင် စား သော် သာ ၍ ကောင်း ၏။
45
သင် ၏ ခြေ သည် သင့် ကို မှား ယွင်း စေ လျှင် ခြေ ကို ဖြတ် လော့။
46
ပိုး မ သေ၊ မီး မ ငြိမ်း ရာ၊ င ရဲ အ တွင်း မ ငြိမ်း နိုင် သော မီး ထဲ သို့ ခြေ နှစ် ဘက် စုံ နှင့် ချ ခြင်း ကို ခံ ရ သည် ထက်၊ ခြေ ချို့ တဲ့ ၍ အ သက် ရှင် ခြင်း သို့ ဝင် စား သော် သာ ၍ ကောင်း ၏။
47
သင် ၏ မျက် စိ သည် လည်း သင့် ကို မှား ယွင်း စေ လျှင် မျက် စိ ကို ထုတ် လော့။
48
ပိုး မ သေ၊ မီး မ ငြိမ်း ရာ၊ င ရဲ မီး ထဲ သို့ မျက် စိ နှစ် ဘက် စုံ နှင့် ချ ခြင်း ကို ခံ ရ သည် ထက်၊ မျက် စိ တ ဘက် နှင့် ဘု ရား သ ခင် ၏ နိုင် ငံ တော် သို့ ဝင် စား သော် သာ ၍ ကောင်း ၏။
49
ယဇ် ကောင် ရှိ သ မျှ တို့ ၌ ဆား ခတ် ရ သ ကဲ့ သို့ ခပ် သိမ်း သော သူ တို့ သည် မီး ဆား ခတ် ခြင်း ကို ခံ ရ ကြ မည်။
50
ဆား သည် ကောင်း ၏။ သို့ သော် လည်း အ ငန် ကင်း ပျောက် လျှင်၊ ငန် သော အ ရ သာ ကို အ ဘယ် သို့ ရ ပြန် မည် နည်း။ သင် တို့ ၌ ဆား ရှိ စေ ကြ လော့။ အ ချင်း ချင်း အ သင့် အ တင့် နေ ကြ လော့ ဟု မိန့် တော် မူ ၏။