1
ဘု ရား သ ခင် သား တော် ယေ ရှု ခ ရစ် ၏ ဧ ဝံ ဂေ လိ တ ရား အ စ ကို ဆို ပေ အံ့။
2
အ နာ ဂတ္တိ ကျမ်း စာ ၌ လာ သည် ကား၊ ကြည့် ရှု လော့။ သင် သွား ရာ လမ်း ကို ပြင် ရ သော ငါ ၏ တ မန် ကို သင့် ရှေ့ ၌ ငါ စေ လွှတ် ၏။
3
တော ၌ ဟစ် ကြော် သော သူ ၏ အ သံ မှာ၊ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို ပြင် ကြ လော့။ လမ်း ခ ရီး တော် ကို ဖြောင့် စေ ကြ လော့ ဟု လာ သည် နှင့် အ ညီ၊
4
ယော ဟန် သည် တော ၌ ဗတ္တိ ဇံ ကို ပေး လျက်၊ အ ပြစ် လွှတ် ခြင်း အ ဘို့ အ လို ငှါ နောင် တ နှင့် စပ် ဆိုင် သော ဗတ္တိ ဇံ တ ရား ကို ဟော လျက် ပေါ် ထွန်း ၏။
5
ယေ ရု ရှ လင် မြို့ သား များ မှ စ ၍ ယု ဒ ပြည် သူ ပြည် သား အ ပေါင်း တို့ သည်၊ ယော ဟန် ထံ သို့ ထွက် သွား ၍ မိ မိ တို့ အ ပြစ် များ ကို ဘော် ပြ လျက် ယော် ဒန် မြစ် ၌ ဗတ္တိ ဇံ ကို ခံ ကြ ၏။
6
ယော ဟန် သည် ကု လား အုပ် အ မွှေး နှင့် ရက် သော အ ဝတ် ကို ဝတ် လျက်၊ ခါး ၌ သား ရေ ခါး ပန်း ကို စည်း လျက်၊ ကျိုင်း ကောင် နှင့် တော ၌ ဖြစ် သော ပျား ရည် ကို စား လျက် နေ ၏။
7
ဟော ချက် စ ကား ဟူ မူ ကား၊ ငါ့ ထက် တတ် စွမ်း နိုင် သော သူ သည် ငါ့ နောက် ကြွ လာ ၏။ ထို သူ ၏ ခြေ နင်း တော် ကြိုး ကို မျှ ငုံ့ ၍ ဖြည် ခြင်း ငှါ ငါ မ ထိုက်။
8
ငါ သည် သင် တို့ အား ရေ ၌ ဗတ္တိ ဇံ ကို ပေး ၏။ ထို သူ သည် သန့် ရှင်း သော ဝိ ညာဉ် တော် ၌ သင် တို့ ကို ဗတ္တိ ဇံ ပေး မည် ဟု ဟော သ တည်း။
9
ထို အ ခါ ယေ ရှု သည် ဂါ လိ လဲ ပြည် နာ ဇ ရက် မြို့ မှ ကြွ လာ ၍ ယော ဟန် လက် ဖြင့် ယော် ဒန် မြစ် ၌ ဗတ္တိ ဇံ ကို ခံ တော် မူ ၏။
10
ရေ မှ ပေါ် ထ စဉ် တွင် ကောင်း ကင် ကွဲ ၍ ဝိ ညာဉ် တော် သည် ချိုး ငှက် ကဲ့ သို့ ကိုယ် တော် အ ပေါ် သို့ ဆင်း သက် တော် မူ သည် ကို မြင် ရ ၍၊
11
သင် ကား ငါ နှစ် သက် မြတ် နိုး ရာ၊ ငါ ၏ ချစ် သား ပေ တည်း ဟု ကောင်း ကင် က အ သံ တော် ဖြစ် လေ ၏။
12
ထို ခ ဏ ခြင်း တွင် ဝိ ညာဉ် တော် သည် ယေ ရှု ကို တော သို့ သွား စေ တော် မူ ၏။
13
အ ရက် လေး ဆယ် ပတ် လုံး ထို တော ၌ နေ ၍ စာ တန် ၏ စုံ စမ်း သွေး ဆောင် ခြင်း ကို ခံ တော် မူ ၏။ သား ရဲ တို့ နှင့် အ တူ ရှိ တော် မူ ၏။ ကောင်း ကင် တ မန် တို့ သည် လည်း လုပ် ကြွေး ကြ ၏။
14
ယော ဟန် သည် ထောင် ထဲ သို့ ရောက် သည် နောက်၊ ယေ ရှု သည် ဂါ လိ လဲ ပြည် သို့ ကြွ တော် မူ လျှင်၊
15
အ ချိန် ပြည့် စုံ ပြီ၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် သည် တည် လု နီး ပြီ၊ နောင် တ ရ ကြ လော့။ ဧ ဝံ ဂေ လိ တ ရား ကို ယုံ ကြည် ကြ လော့ ဟူ သော ဘု ရား သ ခင် ၏ နိုင် ငံ တော် နှင့် ယှဉ် သော ဧ ဝံ ဂေ လိ တ ရား ကို ဟော တော် မူ ၏။
16
ဂါ လိ လဲ အိုင် နား မှာ ကြွ တော် မူ စဉ်၊ ရှိ မုန် နှင့် အန္ဒြေ ညီ အစ် ကို နှစ် ယောက် သည် တံ ငါ ဖြစ် ၍၊ အိုင် တွင် ပိုက် ကွန် ဖြန့် ချ သည် ကို မြင် တော် မူ လျှင်၊
17
ထို သူ တို့ အား ငါ့ နောက် သို့ လိုက် ကြ လော့။ သင် တို့ သည် လူ ကို မျှား သော တံ ငါ ဖြစ် စေ ခြင်း ငှါ ငါ ပြု မည် ဟု အ မိန့် တော် ရှိ သော်၊
18
ထို သူ တို့ သည် ချက် ခြင်း ပိုက် ကွန် ကို စွန့် ပစ် ၍ နောက် တော် သို့ လိုက် ကြ ၏။
19
ထို မှ အ နည်း ငယ် လွန် ပြန် လျှင်၊ ဇေ ဗေ ဒဲ ၏ သား ယာ ကုပ် နှင့် ယော ဟန် ညီ အစ် ကို နှစ် ယောက် တို့ သည် လှေ ပေါ် မှာ ပိုက် ကွန် ပြင် နေ သည် ကို မြင် ၍ ချက် ခြင်း ခေါ် တော် မူ ၏။
20
ထို သူ တို့ သည် လည်း လှေ ပေါ် မှာ ရှိ သော သူ ငှါး တို့ နှင့် တ ကွ အ ဘ ဇေ ဗေ ဒဲ ကို စွန့် ပစ် ၍ နောက် တော် သို့ လိုက် ကြ ၏။
21
က ပေ ရ နောင် မြို့ သို့ သွား ကြ လျှင်၊ ဥ ပုသ် နေ့ ၌ ကိုယ် တော် သည် ချက် ခြင်း တ ရား ဇ ရပ် သို့ ဝင် ၍ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ၏။
22
ပ ရိ သတ် တို့ သည် လည်း ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ခြင်း ကို အ လွန် အံ့ ဩ ကြ ၏။ အ ကြောင်း မူ ကား၊ ကျမ်း ပြု ဆ ရာ နည်း တူ မ ဟုတ်၊ အ စိုး ရ တော် မူ သော သူ နည်း တူ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ၏။
23
ထို သူ တို့ ၏ တ ရား စ ရပ် ၌ ညစ် ညူး သော နတ် စွဲ သော သူ ရှိ ၍၊
24
ဪ နာ ဇ ရက် မြို့ သား ယေ ရှု၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ နှင့် အ ဘယ် သို့ ဆိုင် သ နည်း။ အ ကျွန်ုပ် တို့ ကို ဖျက် ဆီး ခြင်း ငှါ လာ သ လော။ ကိုယ် တော် သည် အ ဘယ် သူ ဖြစ် သည် ကို အ ကျွန်ုပ် သိ ပါ ၏။ ဘု ရား သ ခင် ၏ သန့် ရှင်း တော် မူ သော သူ ဖြစ် ပါ သည် ဟု ဟစ် ကြော် လေ ၏။
25
ယေ ရှု က လည်း၊ တိတ် ဆိတ် စွာ နေ လော့။ ထို သူ ၏ အ ထဲ က ထွက် သွား လော့ ဟု ဆုံး မ တော် မူ လျှင်၊
26
ညစ် ညူး သော နတ် သည် ထို သူ ကို တောင့် မာ စေ ပြီး မှ၊ ကြီး သော အ သံ နှင့် အော် ဟစ် ၍ ထွက် သွား ၏။
27
လူ အ ပေါင်း တို့ သည် မိန်း မော တွေ ဝေ ၍၊ ဤ အ မှု သည် အ ဘယ် သို့ နည်း။ ဤ ဆုံး မ ခြင်း အ သစ် သည် အ ဘယ် သို့ နည်း။ ညစ် ညူး သော နတ် တို့ ကို ပင် အာ ဏာ နှင့် မှာ ထား ၍၊ သူ တို့ သည် နား ထောင် ကြ သည် တ ကား ဟု အ ချင်း ချင်း မေး မြန်း ပြော ဆို ကြ ၏။
28
သိ တင်း တော် သည် လည်း ဂါ လိ လဲ ပြည် အ ရပ် ရပ် တို့ ၌ ချက် ခြင်း နှံ့ ပြား ကျော် စော လေ ၏။
29
တ ရား စ ရပ် မှ ထွက် ကြ လျှင်၊ ရှိ မုန်၊ အန္ဒြေ တို့ အိမ် သို့ ယာ ကုပ်၊ ယော ဟန် နှင့် တ ကွ ချက် ခြင်း သွား ကြ ၏။
30
ရှိ မုန် ၏ ယောက္ခ မ သည် ဖျား နာ စွဲ ၍ တုံး လုံး နေ သည် အ ကြောင်း ကို အ လျင် အ မြန် လျှောက် ကြ ၏။
31
ကိုယ် တော် သည် လာ ၍ ထို မိန်း မ ၏ လက် ကို ကိုင် လျက် ချီ ကြွ တော် မူ စဉ် ခ ဏ ခြင်း တွင် သူ သည် အ ဖျား ပျောက် ၍ ဧည့် သည် ဝတ် ကို ပြု လေ ၏။
32
နေ ဝင် ၍ ည အ ချိန် ရောက် လျှင်၊ မ ကျန်း မ မာ သော သူ နှင့် နတ် ဆိုး စွဲ သော သူ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ဆောင် ခဲ့ ၍၊
33
တ မြို့ လုံး သည် တံ ခါး နား မှာ စု ဝေး လျှက် ရှိ ကြ ၏။
34
အ ထူး ထူး အ ပြား ပြား သော အ နာ စွဲ သော သူ များ တို့ ကို သက် သာ စေ တော် မူ ၏။ နတ် ဆိုး များ တို့ ကို လည်း နှင် ထုတ် တော် မူ ၏။ နတ် ဆိုး တို့ သည် ကိုယ် တော် ကို သိ ကြ သော ကြောင့်၊ စ ကား တ ခွန်း ကို မျှ ပြော စေ ခြင်း ငှါ အ ခွင့် ပေး တော် မ မူ။
35
နံ နက် အ ချိန်၊ မိုဃ်း မ လင်း မှီ ကိုယ် တော် သည် ထ ပြီး လျှင် တော အ ရပ် သို့ ထွက် ကြွ ၍ ဆု တောင်း တော် မူ ၏။
36
ရှိ မုန် နှင့် သူ ၏ အ ပေါင်း အ ဘော် တို့ သည် လိုက် ၍ ရှာ ကြ သော်၊
37
ကိုယ် တော် ကို တွေ့ လျှင် လူ အ ပေါင်း တို့ သည် ကိုယ် တော် ကို ရှာ ကြ ပါ သည် ဟု လျှောက် ဆို ၏။
38
ကိုယ် တော် က လည်း ငါ သည် နီး စပ် သော မြို့ ရွာ တို့ ၌ တ ရား ဟော ခြင်း ငှါ သွား ကြ ကုန် အံ့။ ထို သို့ အ လို ငှါ ငါ ကြွ လာ ပြီ ဟု မိန့် တော် မူ ၍၊
39
ဂါ လိ လဲ ပြည် အ ရပ် ရပ် တ ရား စ ရပ် တို့ ၌ တ ရား ဟော လျက် နတ် ဆိုး တို့ ကို နှင် ထုတ် လျက် နေ တော် မူ ၏။
40
နူ နာ စွဲ သော သူ တ ယောက် သည် အ ထံ တော် သို့ လာ ၍ ဒူး ထောက် လျက်၊ ကိုယ် တော် အ လို ရှိ လျှင် ကျွန် တော် ကို သန့် ရှင်း စေ နိုင် တော် မူ သည် ဟု တောင်း ပန် လေ ၏။
41
ယေ ရှု သည် သ နား သော စိတ် ရှိ သ ဖြင့် လက် တော် ကို ဆန့် ၍ ထို သူ ကို တို့ လျက်၊ သန့် ရှင်း ခြင်း သို့ ရောက် စေ ဟု မိန့် တော် မူ ၏။
42
ထို သို့ မိန့် တော် မူ သည် ခ ဏ ခြင်း တွင် နူ နာ ပျောက် ၍ သန့် ရှင်း ခြင်း သို့ ရောက် လေ ၏။
43
ယေ ရှု က လည်း၊ သင် သ တိ ပြု။
44
အ ဘယ် သူ အား စ ကား တ ခွန်း ကို မျှ မ ပြော နှင့်။ ယဇ် ပု ရော ဟိတ် ထံ သို့ သွား ၍ ကိုယ် ကို ပြ လော့။ သူ တ ပါး ၌ သက် သေ ဖြစ် စေ ခြင်း ငှါ သန့် ရှင်း ခြင်း သို့ ရောက် သည် အ တွက်၊ မော ရှေ စီ ရင် မှာ ထား သော ပူ ဇော် သက္ကာ ကို ဆက် လော့ ဟု မြစ် တား ၍ ချက် ခြင်း လွှတ် လိုက် တော် မူ ၏။
45
ထို သူ သည် ထွက် သွား ၍ စ ကား များ သော အား ဖြင့် ထို အ ကြောင်း ကို အ နှံ့ အ ပြား ကျော် စော စေ ၏။ ထို ကြောင့် ကိုယ် တော် သည် နောက် တ ဖန် မြို့ ထဲ သို့ ထင် ရှား စွာ မ ဝင် ရ ဘဲ၊ မြို့ ပြင် တော အ ရပ် ၌ သာ နေ တော် မူ ၍ အ ရပ် ရပ် တို့ မှ အ ထံ တော် သို့ ရောက် လာ ကြ ၏။