ရှင်မာကု-7

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို အ ခါ ဖါ ရိ ရှဲ တို့ နှင့် ယေ ရု ရှ လင် မြို့ မှ ရောက် လာ သော ကျမ်း ပြု ဆ ရာ အ ချို့ တို့ သည် အ ထံ တော် ၌ စု ဝေး ၍၊
  • 2 တ ပည့် တော် တို့ သည် ညစ် ညူး သော လက် တည်း ဟူ သော ရေ မ ဆေး သော လက် နှင့် အ စာ စား သည် ကို မြင် လျှင် အ ပြစ် တင် ကြ ၏။
  • 3 အ ကြောင်း မူ ကား၊ ရှေး လူ ဟောင်း တို့ မှ ဆက် ခံ သော နည်း ဥ ပ ဒေ သ ကို ခံ ယူ သော ဖါ ရိ ရှဲ မှ စ ၍ ယု ဒ လူ အ ပေါင်း တို့ သည် လက် ဆုပ် မ ဆေး ဘဲ အ စာ ကို စား လေ့ မ ရှိ။
  • 4 စျေး မှ ပြန် လာ သော အ ခါ ၌ လည်း ဆေး ခြင်း မ ပြု ဘဲ စား လေ့ မ ရှိ။ ထို မှ တ ပါး၊ ခွက်၊ ဖ လား၊ ကြေး ဝါ ပု ကန်၊ ခု တင် တို့ ဆေး ခြင်း မှ စ ၍ အ ခြား သော ထုံး တမ်း များ ကို ခံ ယူ ၍ ကျင့် လေ့ ရှိ ၏။
  • 5 ထို အ ခါ ဖါ ရိ ရှဲ တို့ နှင့် ကျမ်း ပြု ဆ ရာ တို့ က၊ ရှေး လူ ဟောင်း တို့ မှ ဆက် ခံ သော နည်း ဥ ပ ဒေ သ ကို ကိုယ် တော် ၏ တ ပည့် တို့ သည် မ ကျင့် ဘဲ လျက် အ ဘယ် ကြောင့် ညစ် ညူး သော လက် နှင့် အ စာ စား ကြ ပါ သ နည်း ဟု မေး လျှောက် ကြ လျှင်၊ ကိုယ် တော် က၊ ကျမ်း စာ လာ သည် အ တိုင်း၊
  • 6 ဟေ ရှာ ယ သည် လျှို့ ဝှက် သော သင် တို့ ကို ရည် မှတ် လျက်၊ ဤ လူ မျိုး သည် နှုတ် ခမ်း နှင့် ငါ့ ကို ရို သေ ကြ ၏။ စိတ် နှ လုံး မူ ကား ငါ နှင့် ဝေး လှ ၏။
  • 7 လူ တို့ စီ ရင် သော ပ ညတ် တို့ ကို သွန် သင် ၍ နည်း ဥ ပ ဒေ သ ပေး လျက် ပင် ငါ့ ကို အ ချည်း နှီး ကိုး ကွယ် ကြ ၏ ဟု၊ နောက် ဖြစ် လ တံ့ သော အ ရာ ကို လျောက် ပတ် စွာ ဟော ခဲ့ ပြီ။
  • 8 အ ကြောင်း မူ ကား၊ သင် တို့ သည် ဘု ရား သ ခင် ၏ ပ ညတ် တော် ကို ပယ် ၍ ခွက် ဖ လား ဆေး ခြင်း တည်း ဟူ သော လူ တို့ မှ ဆက် ခံ သော နည်း ဥ ပ ဒေ သ ကို ခံ ယူ လျက်၊ ထို သို့ သော အ ခြား အ ကျင့် အ လေ့ များ ကို ကျင့် လေ့ ရှိ ကြ ၏။
  • 9 သင် တို့ သည် အ ဆက် ဆက် ခံ သော နည်း ဥ ပ ဒေ သ ကို ကျင့် ရ သော အ ခွင့် ရှိ စေ ခြင်း ငှါ၊ ဘု ရား သ ခင် ၏ ပ ညတ် တော် ကို လျောက် ပတ် စွာ ပယ် ကြ သည် တ ကား။
  • 10 မော ရှေ ၏ ပ ညတ် ကား၊ မိ ဘ ကို ရို သေ စွာ ပြု လော့။ အ ကြင် သူ သည် မိ ဘ ကို နှုတ် ဖြင့် ပစ် မှား ၏။ ထို သူ သည် အ သေ သတ် ခြင်း ကို ခံ စေ ဟု လာ သ တည်း။
  • 11 သင် တို့ မူ ကား၊ အ ကြင် သူ သည် ကိုယ် မိ ဘ ကို သင် တို့ အ သုံး ရ နိုင် သ မျှ သော ငါ ၏ ဥစ္စာ သည် အ လှူ ဝတ္ထု တည်း ဟူ သော ကော် ဘန် ဖြစ် စေ ဟု ဆို ၏၊
  • 12 ထို သူ သည် မိ ဘ ဝတ် ကို အ လျင်း မ ပြု ရ ဟု မြစ် တား ၍၊
  • 13 မိ မိ တို့ အ ဆက် ဆက် ခံ သော နည်း ဥ ပ ဒေ သ အား ဖြင့် ဘု ရား သ ခင် ၏ နှုတ် က ပတ် တော် ကို ပယ် ကြ ၏။ ထို သို့ သော အ ကျင့် အ လေ့ များ ကို သင် တို့ သည် ကျင့် လေ့ ရှိ ကြ သည် ဟု မိန့် တော် မူ ၏။
  • 14 ထို အ ခါ လူ အ စု အ ဝေး အ ပေါင်း ကို အ ထံ တော် သို့ ခေါ် ၍၊ သင် တို့ ရှိ သ မျှ သည် နား ထောင် နား လည် ကြ လော့။
  • 15 လူ ပြင် မှ လာ ၍ လူ အ တွင်း သို့ ဝင် လျက်၊ လူ ကို ညစ် ညူး စေ နိုင် သော အ ရာ တ စုံ တ ခု မျှ မ ရှိ။ လူ အ တွင်း မှ ထွက် သော အ ရာ သည် လူ ကို ညစ် ညူး စေ သော အ ရာ ဖြစ် ၏။
  • 16 ကြား စ ရာ နား ရှိ သော သူ မည် သည် ကား ကြား ပါ စေ ဟု မိန့် တော် မူ ၏။
  • 17 လူ အ စု အ ဝေး ရှိ ရာ မှ ကြွ ၍ အိမ် သို့ ဝင် တော် မူ ပြီး လျှင်၊ တ ပည့် တော် တို့ သည် ထို ဥ ပ မာ ကို မေး မြန်း ကြ ၏။
  • 18 ကိုယ် တော် က လည်း သင် တို့ သည် ဤ မျှ လောက် ပ ညာ မဲ့ လျက် နေ သ လော။ လူ ပြင် မှ လာ ၍ လူ အ တွင်း သို့ ဝင် သ မျှ သည် နှ လုံး ထဲ သို့ မ ဝင်။
  • 19 ဝမ်း ထဲ သို့ ဝင် ၍ အ စာ ရှိ သ မျှ ကို သန့် ရှင်း စေ သ ဖြင့် ရေ အိမ် တွင် ဆင်း သွား သော ကြောင့်၊ လူ ကို မ ညစ် ညူး စေ နိုင် သည် ကို နား မ လည် ကြ သ လော။
  • 20 လူ အ တွင်း မှ ထွက် သော အ ရာ မူ ကား၊ လူ ကို ညစ် ညူး စေ သော အ ရာ ဖြစ် ၏။
  • 21 လူ အ တွင်း နှ လုံး ထဲ က မ ကောင်း သော ကြံ စည် ခြင်း၊ သူ့ မ ယား ကို ပြစ် မှား ခြင်း၊ မိန်း မ လွတ် နှင့် မှား ယွင်း ခြင်း၊ လူ အ သက် ကို သတ် ခြင်း၊
  • 22 သူ့ ဥစ္စာ ကို ခိုး ခြင်း၊ လော ဘ လွန် ကျူး ခြင်း၊ မ နာ လို ခြင်း၊ လှည့် စား ခြင်း၊ ညစ် ညူး ခြင်း၊ ငြူ စူ ခြင်း၊ သူ့ အ သ ရေ ကို ဖျက် ခြင်း၊ ထောင် လွှား စော် ကား ခြင်း၊ လျှပ် ပေါ် ခြင်း၊
  • 23 ဤ ဆိုး ညစ် သော အ ရာ များ တို့ သည် အ တွင်း မှ ထွက် လာ ၍ လူ ကို ညစ် ညူး စေ ကြ သည် ဟု မိန့် တော် မူ ၏။
  • 24 ကိုယ် တော် သည် ထို အ ရပ် မှ ထ ၍ တု ရု မြို့ နှင့် ဇိဒုန် မြို့ ၏ ကျေး လက် သို့ ကြွ တော် မူ ပြီး လျှင် အိမ် သို့ ဝင် ၍ အ ဘယ် သူ မျှ မ သိ စေ ခြင်း ငှါ အ လို တော် ရှိ သော် လည်း ပုန်း ရှောင် ၍ နေ တော် မ မူ နိုင်။
  • 25 အ ကြောင်း မူ ကား၊ ညစ် ညူး သော နတ် စွဲ သော မိန်း မ ငယ် ၏ အ မိ သည် သိ တင်း တော် ကို ကြား သ ဖြင့်၊ လာ ၍ ခြေ တော် ရင်း ၌ ပြပ် ဝပ် လျက်၊
  • 26 မိ မိ သ မီး ထဲ က နတ် ဆိုး ကို နှင် ထုတ် တော် မူ မည် အ ကြောင်း တောင်း ပန် လေ ၏။ ထို မိန်း မ ကား၊ ဟေ လ သ အ မျိုး၊ ရှု ရိ ဖိ နိတ် ပြည် သူ ဖြစ် သ တည်း။
  • 27 ယေ ရှု က လည်း၊ ရှေ့ ဦး စွာ သား များ ကို ဝ စွာ ကျွေး ပါ ရ စေ။ သား ၏ အ စာ ကို ယူ ၍ ခွေး အား မ ပေး မ ချ အပ် ဟု မိန့် တော် မူ ၏။
  • 28 မိန်း မ က လည်း မှန် ပါ ၏ သ ခင်။ ခွေး မည် သည် ကား၊ သား တို့ ၏ စား နုပ် စား ပေါက် ကို စား ပွဲ အောက် ၌ စား ရိုး ထုံး စံ ရှိ ပါ ၏ ဟု ပြန် လျှောက် လျှင်၊
  • 29 ကိုယ် တော် က၊ ထို စ ကား ကြောင့် သင် သွား လော့။ နတ် ဆိုး သည် သင် ၏ သ မီး ထဲ က ထွက် သွား ပြီ ဟု မိန့် တော် မူ ၏။
  • 30 ထို မိန်း မ သည် မိ မိ အိမ် သို့ ပြန် ၍ နတ် ဆိုး ထွက် သွား သည် ကို ၎င်း၊ သ မီး သည် အိပ် ယာ ၌ အိပ် လျက် ရှိ သည် ကို ၎င်း တွေ့ ၏။
  • 31 တ ဖန် ကိုယ် တော် သည် တု ရု မြို့ နှင့် ဇိ ဒုန် မြို့ ၏ ကျေး လက် မှ ထွက် ၍ ဒေ ကာ ပေါ လိ ပြည် နယ် ကို ရှောက် သွား သ ဖြင့်၊ ဂါ လိ လဲ အိုင် သို့ ရောက် တော် မူ ၏။
  • 32 ထို အ ခါ နား ပင်း ၍ စ ကား အ သော သူ တ ယောက် ကို အ ထံ တော် သို့ ဆောင် ခဲ့ ၍၊ သူ့ အ ပေါ် မှာ လက် တော် ကို တင် ပါ မည် အ ကြောင်း တောင်း ပန် ကြ ၏။
  • 33 ကိုယ် တော် သည် ထို သူ ကို လူ အ စု အ ဝေး ထဲ က ခေါ် ၍၊ ဆိတ် ကွယ် ရာ အ ရပ် သို့ သွား ပြီး လျှင်၊ လက် ညှိုး တော် ကို သူ ၏ နား ပေါက် ၌ သွင်း တော် မူ ၏။ တံ ထွေး နှင့် ထွေး ၍ သူ ၏ လျှာ ကို လည်း တို့ တော် မူ ၏။
  • 34 ထို နောက် ကောင်း ကင် သို့ ကြည့် မျှော် ၍ ညီး တွား သံ ကို ပြု လျက်၊ ဧ ဖ သ ဟု မိန့် တော် မူ ၏။ အ နက် ကား၊ ပွင့် စေ ဟု ဆို လို သ တည်း။
  • 35 ထို ခ ဏ ခြင်း တွင် သူ သည် နား ပွင့် ခြင်း၊ လျှာ ကြော လွတ် ခြင်း ရှိ သ ဖြင့် စ ကား ပြီ ပြီ ပြော နိုင် ၏။
  • 36 ထို အ ကြောင်း ကို အ ဘယ် သူ အား မျှ မ ပြော စေ ခြင်း ငှါ သူ တို့ ကို ပ ညတ် တော် မူ ၏။ ပ ညတ် တော် မူ သော် လည်း သူ တို့ သည် သာ ၍ အ လွန် သိ တင်း ကြား ပြော ကြ ၏။
  • 37 အ တိုင်း ထက် အ လွန် မိန်း မော တွေ ဝေ လျက် ရှိ ၍၊ သူ သည် အ လုံး စုံ တို့ ကို လျောက် ပတ် စွာ ပြု တော် မူ ပြီ။ နား ပင်း သော သူ တို့ ကို ကြား စေ တော် မူ ပြီ။ အ သော သူ တို့ ကို စ ကား ပြော စေ တော် မူ ပြီ ဟု ဆို ကြ ၏။
回到本卷目录 回到本版本目录 回到首页