ရှင်မာကု-16

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ဥ ပုသ် နေ့ လွန် မှ မာ ဂ ဒ လ မာ ရိ၊ ယာ ကုပ် ၏ အ မိ ဖြစ် သော မာ ရိ နှင့် ရှာ လုံ တို့ သည် သွား ၍၊ အ လောင်း တော် ကို လိမ်း ခြင်း ငှါ နံ့ သာ မျိုး ကို ဝယ် ပြီး လျှင်၊
  • 2 ခု နစ် ရက် တွင် ပ ဌ မ နေ့ ရက် နံ နက် စော စော၊ နေ ထွက် သော အ ချိန် ၌ သင်္ချိုင်း တော် သို့ သွား ကြ ၏။
  • 3 ထို မိန်း မ တို့ က၊ တွင်း ဝ ၌ ပိတ် သော ကျောက် ကို အ ဘယ် သူ လှိမ့် လှန် ၍ ပေး မည် နည်း ဟု အ ချင်း ချင်း ပြော ဆို ပြီး မှ ကြည့် ရှု လျှင်၊ ထို ကျောက် သည် လှိမ့် လှန် လျက် ရှိ သည် ကို မြင် ကြ ၏။
  • 4 ထို ကျောက် ကား အ လွန် ကြီး သော ကျောက် ဖြစ် သ တည်း။
  • 5 မိန်း မ တို့ သည် တွင်း ထဲ သို့ ဝင် ကြ ပြီး လျှင်၊ လု လင် တ ယောက် သည် ဖြူ စင် ရှည် လျား သော အင်္ကျီ ကို ဝတ် လျက် လက်ျာ ဘက် ၌ ထိုင် သည် ကို မြင် ၍ ထိတ် လန့် မိန်း မော ခြင်း သို့ ရောက် ကြ ၏။
  • 6 ထို သူ က လည်း၊ ထိတ် လန့် မိန်း မော ခြင်း မ ရှိ ကြ နှင့်။ လက် ဝါး ကပ် တိုင် မှာ သတ် သော နာ ဇ ရက် မြို့ သား ယေ ရှု ကို သင် တို့ ရှာ ကြ ၏။ ထို သူ သည် ထ မြောက် တော် မူ ပြီ။ ဤ အ ရပ် ၌ မ ရှိ။ အ လောင်း တော် ထား ရာ အ ရပ် ကို ကြည့် ကြ လော့။
  • 7 သင် တို့ ရှေ့ ဂါ လိ လဲ ပြည် သို့ ကြွ တော် မူ ကြောင်း ကို၊ ပေ တ ရု မှ စ ၍ တ ပည့် တော် တို့ အား သွား ၍ ပြော ကြ လော့။ အ ထက် က မိန့် တော် မူ သည် အ တိုင်း၊ ထို ပြည် ၌ သင် တို့ သည် ကိုယ် တော် ကို တွေ့ မြင် ရ ကြ လိမ့် မည် ဟု ပြော ဆို ၏။
  • 8 ထို မိန်း မ တို့ သည် လည်း၊ သင်္ချိုင်း တော် မှ ထွက် ၍ တုန် လှုပ် လျက်၊ မိန်း မော တွေ ဝေ လျက် ပြေး ကြ ၏။ ကြောက် လန့် သော ကြောင့် အ ဘယ် သူ ကို မျှ မ ပြော မ ဆို ကြ။
  • 9 ကိုယ် တော် သည် ခု နစ် ရက် တွင် ပ ဌ မ နေ့ ရက် စော စော အ ချိန် ၌ ထ မြောက် ပြီး မှ၊ အ ထက် က နတ် ဆိုး ခု နစ် ယောက် ကို နှင် ထုတ် တော် မူ သော မာ ဂ ဒ လ မာ ရိ အား ရှေ့ ဦး စွာ ကိုယ် ကို ပြ တော် မူ ၏။
  • 10 မာ ရိ လည်း သွား ၍ ကိုယ် တော် နှင့် ပေါင်း ဘော် သော သူ တို့ သည် ညည်း တွား ငို ကြွေး လျက် နေ ကြ စဉ် တွင်၊ သူ တို့ အား ထို သိ တင်း ကို ကြား ပြော လေ ၏။
  • 11 ကိုယ် တော် သည် အ သက် ရှင် တော် မူ သည် ကို ၎င်း၊ မာ ရိ သည် ကိုယ် တော် ကို မြင် ရ သည် ကို ၎င်း၊ သူ တို့ သည် ကြား လျှင် မ ယုံ ကြ။
  • 12 ထို နောက် တ ပည့် တော် နှစ် ယောက် တို့ သည် တော ရွာ သို့ သွား စဉ် တွင် ကိုယ် တော် သည် ခြား နား သော အ ယောင် ကို ဆောင် လျက် ကိုယ် ကို ပြ တော် မူ ၏။
  • 13 သူ တို့ သည် ပြန် လာ ၍ အ ခြား သော တ ပည့် တော် တို့ အား ထို သိ တင်း ကို ကြား ပြော သော် လည်း မ ယုံ ဘဲ နေ ကြ ၏။
  • 14 ထို နောက် တ ကျိပ် တ ပါး သော သူ တို့ သည် စား ပွဲ ၌ လျောင်း ကြ စဉ် တွင် ကိုယ် တော် ကို ပြ တော် မူ ၍၊ ထ မြောက် လျက် ရှိ သော ကိုယ် တော် ကို မြင် သော သူ တို့ ၏ စ ကား ကို မ ယုံ သော ကြောင့် သူ တို့ မ ယုံ တတ် သော စိတ်၊ ခိုင် မာ သော စိတ် ကို ဆုံး မ ၍ အ ပြစ် တင် တော် မူ ပြီး မှ၊
  • 15 သင် တို့ သည် လော ကီ နိုင် ငံ အ ရပ် ရပ် ရှိ သ မျှ သို့ သွား ၍၊ ဝေ နေ ယျ သတ္တ ဝါ အ ပေါင်း တို့ အား ဧ ဝံ ဂေ လိ တ ရား ကို ဟော ကြ လော့။
  • 16 ယုံ ကြည် ၍ ဗတ္တိ ဇံ ကို ခံ သော သူ သည် ကယ် တင် တော် မူ ခြင်း သို့ ရောက် လ တံ့။ မ ယုံ ကြည် သော သူ မူ ကား အ ပြစ် စီ ရင် ခြင်း ကို ခံ ရ လ တံ့။
  • 17 ယုံ ကြည် သော သူ တို့ ၌ ဖြစ် အံ့ သော နိ မိတ် လက္ခ ဏာ ဟူ မူ ကား၊ ငါ ၏ နာ မ ကို အ မှီ ပြု ၍ နတ် ဆိုး တို့ ကို နှင် ထုတ် ကြ လ တံ့။ ထူး ခြား သော ဘာ သာ စ ကား မျိုး တို့ ကို ပြော ကြ လ တံ့။
  • 18 မြွေ တို့ ကို ဘမ်း ကိုင် ကြ လ တံ့။ သေ စေ တတ် သော အ ဆိပ် အ တောက် ကို သောက် စား လျှင် ဘေး ဥ ပဒ် နှင့် ကင်း လွတ် ကြ လ တံ့။ မ ကျန်း မ မာ သော သူ တို့ အ ပေါ် မှာ လက် ကို တင် ၍ ချမ်း သာ ပေး ကြ လ တံ့ ဟု မိန့် တော် မူ ၏။
  • 19 ထို သို့ သ ခင် ဘု ရား သည် တ ပည့် တော် တို့ အား မိန့် တော် မူ ပြီး မှ၊ ကောင်း ကင် ဘုံ သို့ ဆောင် ယူ ခြင်း ကို ခံ တော် မူ ၍၊ ဘု ရား သ ခင် ၏ လက်ျာ တော် ဘက် ၌ ထိုင် နေ တော် မူ ၏။
  • 20 တ ပည့် တော် တို့ သည် လည်း ထွက် သွား ၍၊ သ ခင် ဘု ရား သည် မ စ တော် မူ သည် နှင့် ၎င်း၊ သူ တို့ ၌ ဖြစ် သော နိ မိတ် လက္ခ ဏာ အား ဖြင့် နှုတ် က ပတ် တ ရား တော် ကို တည် စေ တော် မူ သည် နှင့် ၎င်း၊ ခပ် သိမ်း သော အ ရပ် တို့ ၌ တ ရား ဟော ကြ ၏။ရှင် မာ ကု ခ ရစ် ဝင် ပြီး ၏။
回到本卷目录 回到本版本目录 回到首页