ရှင်မာကု-3

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ရား စ ရပ် သို့ တ ဖန် ဝင် တော် မူ ၍၊ ထို စ ရပ် ၌ လက် တ ဘက် သေ သော သူ တ ယောက် ရှိ ၏။
  • 2 ဥ ပုသ် နေ့ ၌ သူ ၏ ရော ဂါ ကို ငြိမ်း စေ မည် မ ငြိမ်း စေ မည် ကို ထို သူ တို့ သည် ကိုယ် တော် ၌ အ ပြစ် တင် ခွင့် ကို ရှာ ၍ ချောင်း ကြည့် ကြ ၏။
  • 3 ကိုယ် တော် က လည်း၊ အ လယ် ၌ မတ် တတ် နေ လော့ ဟု လက် တ ဘက် သေ သော သူ အား မိန့် တော် မူ ပြီး မှ၊
  • 4 ဥ ပုသ် နေ့ ၌ ကျေး ဇူး ပြု အပ် သ လော၊ သူ့ အ ကျိုး ကို ဖျက် ဆီး အပ် သ လော၊ အ သက် ကို ကယ် အပ် သ လော၊ သတ် အပ် သ လော ဟု ပ ရိ သတ် တို့ အား မေး တော် မူ လျှင်၊ ထို သူ တို့ သည် တိတ် ဆိတ် စွာ နေ ကြ ၏။
  • 5 ထို အ ခါ အ မျက် တော် နှင့် သူ တို့ ကို ပတ် လည် ကြည့် ရှု ၍ သူ တို့ စိတ် နှ လုံး မိုက် သော ကြောင့် ဝမ်း နည်း တော် မူ ခြင်း ရှိ လျက်၊ သင် ၏ လက် ကို ဆန့် လော့ ဟု ထို သူ အား မိန့် တော် မူ ၍ သူ သည် မိ မိ လက် ကို ဆန့် လျှင်၊ ထို လက် သည် လက် တ ဘက် ကဲ့ သို့ ပ က တိ ဖြစ် လေ ၏။
  • 6 ထို အ ခါ ဖါ ရိ ရှဲ တို့ သည် ထွက် ၍ ကိုယ် တော် ကို အ ဘယ် သို့ ဖျက် ဆီး ရ အံ့ နည်း ဟု ဟေ ရုဒ် တ ပည့် တို့ နှင့် ချက် ခြင်း တိုင် ပင် ကြ ၏။
  • 7 ယေ ရှု သည် တ ပည့် တော် တို့ နှင့် အ တူ အိုင် နား သို့ ပြောင်း ကြွ တော် မူ ၍၊ ဂါ လိ လဲ ပြည်၊
  • 8 ယေ ရု ရှ လင် မြို့ မှ စ သော ယု ဒ ပြည်၊ ဣ ဒု မဲ ပြည်၊ ယော် ဒန် မြစ် တ ဘက် မှ လာ ကြ သော လူ များ အ ပေါင်း တို့ နှင့် တု ရု မြို့၊ ဇိ ဒုန် မြို့ ပတ် ဝန်း ကျင် အ ရပ် တို့ မှ လာ ကြ သော လူ များ အ ပေါင်း တို့ သည် ပြု တော် မူ သ မျှ ကို ကြား လျှင် အ ထံ တော် သို့ လာ ကြ ၏။
  • 9 လူ များ တို့ သည် ကိုယ် တော် ကို ဝန်း ရံ ၍ မ ထိ ခိုက် စေ မည် အ ကြောင်း၊ ကိုယ် တော် ၏ အ နီး အ ပါး တွင် လှေ တ စင်း ကို အ မြဲ ရှိ စေ ခြင်း ငှါ တ ပည့် တော် တို့ အား အ မိန့် တော် ရှိ ၏။
  • 10 အ ကြောင်း မူ ကား၊ လူ များ တို့ အား ချမ်း သာ ပေး တော် မူ သော ကြောင့်၊ ရော ဂါ ဝေ ဒ နာ နှိပ် စက် သော သူ ရှိ သ မျှ တို့ သည် ကိုယ် တော် ကို တို့ ခြင်း ငှါ တွန်း ကြ ၏။
  • 11 ညစ် ညူး သော နတ် တို့ သည် လည်း ကိုယ် တော် ကို မြင် သော အ ခါ ပြပ် ဝပ် ၍၊ ကိုယ် တော် သည် ဘု ရား သ ခင် ၏ သား တော် ဖြစ် တော် မူ သည် ဟု ဟစ် ကြော် ကြ ၏။
  • 12 သိ တင်း တော် ကို မ ပွင့် စေ မည် အ ကြောင်း သူ တို့ အား ကြပ် တည်း စွာ ပ ညတ် တော် မူ ၏။
  • 13 ထို အ ခါ ကိုယ် တော် သည် တောင် ပေါ် သို့ တက် ၍ အ လို တော် ရှိ သော သူ တို့ ကို ခေါ် တော် မူ လျှင်၊ အ ထံ တော် သို့ လာ ကြ ၏။
  • 14 ကိုယ် နှင့် အ တူ ရှိ နေ စေ ခြင်း ငှါ ၎င်း၊ တ ရား ဟော သော အ ခွင့်၊ အ နာ ရော ဂါ တို့ ကို ငြိမ်း စေ ၍၊
  • 15 နတ် ဆိုး တို့ ကို နှင် ထုတ် နိုင် သော အ ခွင့် နှင့် စေ လွှတ် ခြင်း ငှါ ၎င်း၊ တ ကျိပ် နှစ် ပါး သော သူ တည်း ဟူ သော၊
  • 16 ပေ တ ရု အ မည် သစ် ကို ပေး တော် မူ သော ရှိ မုန်၊
  • 17 မိုဃ်း ကြိုး သား ဟု ဆို လို သော ဗော နေ ရ ဂက် အ မည် သစ် ကို ပေး တော် မူ သော ဇေ ဗေ ဒဲ ၏ သား နှစ် ယောက် ယာ ကုပ် နှင့် ယော ဟန်၊
  • 18 အန္ဒြေ၊ ဖိ လိပ္ပု၊ ဗာ သော လ မဲ၊ မဿဲ၊ သော မ၊ အာ လ ဖဲ ၏ သား ယာ ကုပ်၊ သဒ္ဒဲ၊ ကာ န နိတ် လူ ရှိ မုန်၊
  • 19 ကိုယ် တော် ကို အပ် နှံ သော ယု ဒ ရှ ကာ ရုတ် တို့ ကို ခန့် ထား တော် မူ ၏။
  • 20 ထို သူ တို့ သည် အိမ် သို့ ဝင် ကြ လျှင်၊ အ စာ ကို မ စား နိုင် သည် တိုင် အောင် လူ များ တို့ သည် တ ဖန် စု ဝေး ကြ ပြန် ၏။
  • 21 ကိုယ် တော် ၏ အ ဆွေ အ မျိုး တို့ သည် ကြား လျှင်၊ သူ သည် အ ရူး ဖြစ် ၏ ဟု ဆို ၍ ကိုယ် တော် ကို ဘမ်း ဆီး ခြင်း ငှါ ထွက် သွား ကြ ၏။
  • 22 ယေ ရု ရှ လင် မြို့ မှ လာ သော ကျမ်း ပြု ဆ ရာ တို့ က လည်း၊ သူ သည် ဗေ လ ဇေ ဗု လ စွဲ သော သူ ဖြစ် ၏။ နတ် ဆိုး မင်း ကို အ မှီ ပြု ၍ နတ် ဆိုး တို့ ကို နှင် ထုတ် သည် ဟု ဆို ကြ ၏။
  • 23 ကိုယ် တော် သည် သူ တို့ ကို ခေါ် ၍ ဥ ပ မာ ကို ဆောင် တော် မူ လျက်၊ စာ တန် သည် စာ တန် ကို အ ဘယ် သို့ နှင် ထုတ် နိုင် သ နည်း။
  • 24 တိုင်း နိုင် ငံ သည် မိ မိ နှင့် မ သင့် မ တင့် ကွဲ ပြား လျှင် မ တည် နိုင် ရာ။
  • 25 အိမ် သည် လည်း မိ မိ နှင့် မ သင့် မ တင့် ကွဲ ပြား လျှင် မ တည် နိုင် ရာ။
  • 26 စာ တန် သည် မိ မိ တ ဘက် ၌ ထ ၍ မိ မိ နှင့် မ သင့် မ တင့် ကွဲ ပြား လျှင် မ တည် နိုင် ဘဲ ဆုံး ခြင်း သို့ ရောက် လိမ့် မည်။
  • 27 သူ ရဲ ကို ရှေ့ ဦး စွာ မ ချည် နှောင် လျှင်၊ သူ ၏ အိမ် သို့ ဝင် ၍ သူ ၏ ဥစ္စာ ကို အ ဘယ် သူ မျှ မ လု မ ယူ နိုင်။ သူ ရဲ ကို ချည် နှောင် ပြီး မှ သူ ၏ အိမ် ကို လု ယူ နိုင် ၏။
  • 28 ငါ အ မှန် ဆို သည် ကား၊ ပြစ် မှား သော အ ပြစ် အ မျိုး မျိုး၊ ဘု ရား ကို ကဲ့ ရဲ့ သော အ ပြစ် အ မျိုး မျိုး ရှိ သ မျှ တို့ နှင့် လွတ် စေ ခြင်း အ ခွင့် ကို လူ သား တို့ သည် ရ နိုင် ကြ ၏။
  • 29 သန့် ရှင်း သော ဝိ ညာဉ် တော် ကို ကဲ့ ရဲ့ သော သူ သည် အ ပြစ် လွတ် စေ ခြင်း အ ခွင့် ကို အ ဘယ် ကာ လ ၌ မျှ မ ရ နိုင် ကြ။ ထာ ဝ ရ အ ပြစ် ဒဏ် ကို ခံ ရ သော သူ ဖြစ် ပေ ၏ ဟု မိန့် တော် မူ ၏။
  • 30 အ ဘယ် ကြောင့် ဤ သို့ မိန့် တော် မူ သ နည်း ဟူ မူ ကား၊ ကိုယ် တော် သည် ညစ် ညူး သော နတ် စွဲ သော သူ ဖြစ် သည် ဟု ဆို ကြ သ တည်း။
  • 31 ထို အ ခါ မယ် တော် နှင့် ညီ တော် တို့ သည် လာ ၍ ပြင် မှာ ရပ် နေ လျက်၊ တ စုံ တ ယောက် သော သူ ကို ကိုယ် တော် ထံ သို့ စေ လွှတ် ၍ ခေါ် ကြ ၏။
  • 32 ခြံ ရံ လျက် ထိုင် သော သူ များ တို့ က၊ မယ် တော် နှင့် ညီ တော် တို့ သည် ကိုယ် တော် ကို ရှာ လျက် ပြင် မှာ ရှိ ကြ ပါ ၏ ဟု လျှောက် လျှင်၊
  • 33 ကိုယ် တော် က၊ ငါ့ အ မိ၊ ငါ့ ညီ ကား အ ဘယ် သူ နည်း ဟု မေး တော် မူ ၍၊
  • 34 ခြံ ရံ လျက် ထိုင် သော သူ တို့ ကို ပတ် လည် ကြည့် ရှု ၍၊ ဤ သူ တို့ ကား ငါ့ အ မိ၊ ငါ့ ညီ ပေ တည်း။
  • 35 ဘု ရား သ ခင် ၏ အ လို တော် ကို ဆောင် သော သူ သည် ငါ့ ညီ၊ ငါ့ နှ မ၊ ငါ့ အ မိ ဖြစ် သ တည်း ဟု မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页