1
ထို နောက် နှစ် ရက် လွန် လျှင် ပ သ ခါ အ ဇု မ ပွဲ ရှိ ၏။ ယဇ် ပု ရော ဟိတ် အ ကြီး တို့ နှင့် ကျမ်း ပြု ဆ ရာ တို့ သည် ကိုယ် တော် ကို အ ဘယ် သို့ ပ ရိ ယာယ် အား ဖြင့် ဘမ်း ဆီး ၍ သတ် ရ အံ့ နည်း ဟု ရှာ ကြံ ကြ ၏။
2
သို့ သော် လည်း လူ များ တို့ သည် ရုန်း ရင်း ခတ် ဖြစ် မည် ကို စိုး ရိမ် ၍ ပွဲ နေ့ တွင် မ ပြု နှင့် ဦး ဟု ပြော ဆို ကြ ၏။
3
ဗေ သ နိ ရွာ တွင် ရှိ မုန် အ မည် ရှိ သော လူ နူ ၏ အိမ် ၌ ကိုယ် တော် ရှိ တော် မူ သည် ဖြစ် ၍၊ မိန်း မ တ ယောက် သည် အ ဘိုး များ စွာ ထိုက် သော နာ ဒု ဆီ မွှေး စစ် နှင့် ပြည့် သော ကျောက် ဖြူ ခွက် တ လုံး ကို ယူ ခဲ့ ၍ ကိုယ် တော် သည် စား ပွဲ နား မှာ လျောင်း တော် မူ စဉ်၊ ကျောက် ဖြူ ခွက် ကို ခွဲ ပြီး မှ ခေါင်း တော် ပေါ် ၌ သွန်း လောင်း လေ ၏။
4
အ ချို့ တို့ သည် ဒေါ သ စိတ် ရှိ သည် ဖြစ် ၍၊ ထို ဆီ မွှေး ကို အ ဘယ် ကြောင့် အ ကျိုး မဲ့ ဆုံး စေ သ နည်း။
5
ဒေ နာ ရိ အ ပြား သုံး ရာ မ က သော အ ဘိုး နှင့် ရောင်း ၍ ဆင်း ရဲ သော သူ တို့ အား ပေး စ ရာ ကောင်း သည် ဟု ဆို ၍ ထို မိန်း မ ကို အ ပြစ် တင် ကြ ၏။
6
ယေ ရှု က လည်း၊ ထို မိန်း မ ကို ရှိ စေ တော့။ အ ဘယ် ကြောင့် နှောင့် ရှက် ကြ သ နည်း။ သူ သည် ငါ ၌ ကောင်း သော အ မှု ကို ပြု ပြီ။
7
ဆင်း ရဲ သော သူ တို့ သည် သင် တို့ ၌ အ စဉ် ရှိ ကြ ၏။ သင် တို့ အ လို ရှိ သည် အ တိုင်း သူ တို့ အား ကျေး ဇူး ပြု နိုင် ၏။ ငါ မူ ကား သင် တို့ ၌ အ စဉ် ရှိ သည် မ ဟုတ်။
8
ဤ မိန်း မ သည် တတ် နိုင် သ မျှ ပြု ပြီ။ ငါ့ အ လောင်း ကို သင်္ဂြိုဟ် မည် ဟု ပြင် ဆင် ခြင်း ငှါ၊ ငါ့ ကိုယ် ကို ဆီ မွှေး နှင့် လူး နှင့် သ တည်း။
9
ငါ အ မှန် ဆို သည် ကား၊ ဧ ဝံ ဂေ လိ တ ရား ကို မြေ တ ပြင် လုံး တွင် ဟော သော အ ရပ် ရပ် တို့ ၌ ဤ မိန်း မ ကို အောက် မေ့ စ ရာ ဘို့ သူ ပြု သော ဤ အ မှု ကို ကြား ပြော ရ ကြ လ တံ့ ဟု မိန့် တော် မူ ၏။
10
ထို အ ခါ တ ပည့် တော် တ ကျိပ် နှစ် ပါး အ ဝင် ဖြစ် သော ယု ဒ ရှ ကာ ရုတ် သည် ကိုယ် တော် ကို အပ် ခြင်း ငှါ ယဇ် ပု ရော ဟိတ် အ ကြီး တို့ ထံ သို့ သွား လေ ၏။
11
ထို သူ တို့ သည် ကြား လျှင် ဝမ်း မြောက် သော စိတ် ရှိ ၍ ငွေ ပေး မည် ဟု ဝန် ခံ ကြ ၏။ ထို နောက် အ ဆင် သင့် သော အ ချိန် ကာ လ ၌ ကိုယ် တော် ကို အ ဘယ် သို့ အပ် ရ မည် နည်း ဟု ရှာ ကြံ လျက် နေ ၏။
12
ပ သ ခါ သိုး သ ငယ် ကို သတ် သော နေ့ တည်း ဟူ သော အ ဇု မ ပွဲ ပ ဌ မ နေ့ ၌ တ ပည့် တော် တို့ သည် အ ထံ တော် သို့ ချဉ်း ကပ် ၍၊ ကိုယ် တော် သည် ပ သ ခါ ပွဲ ကို စား တော် မူ ဘို့ ရာ အ ဘယ် အ ရပ် ၌ အ ကျွန်ုပ် တို့ သည် သွား ၍ ပြင် ဆင် စေ ခြင်း ငှါ အ လို ရှိ တော် မူ သ နည်း ဟု မေး လျှောက် ကြ သော်၊
13
ကိုယ် တော် သည် တ ပည့် တော် နှစ် ယောက် တို့ ကို စေ လွှတ် ၍၊ သင် တို့ သည် မြို့ ထဲ သို့ သွား ကြ။ ရေ အိုး ဆောင် သော သူ ကို တွေ့ လိမ့် မည်။ ထို သူ နောက် သို့ လိုက် ၍၊
14
သူ ဝင် သော အိမ် သို့ ဝင် ပြီး မှ၊ ငါ သည် ငါ့ တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို စား ရ သော ဧည့် သည် အ ခန်း ကား၊ အ ဘယ် မှာ ရှိ သ နည်း၊ ဆ ရာ က မေး သည် ဟု အိမ် ရှင် ကို ပြော ကြ လော့။
15
ထို သူ သည် အ သင့် ပြင် ဆင် လျက် ရှိ သော အ ထက် အ ခန်း ကြီး ကို ပြ လိမ့် မည်။ ထို အ ခန်း ၌ ငါ တို့ ဘို့ ပြင် ဆင် ကြ လော့ ဟု မိန့် တော် မူ ၏။
16
တ ပည့် တော် တို့ သည် သွား ၍ မြို့ ထဲ သို့ ဝင် လျှင်၊ စ ကား တော် အ တိုင်း တွေ့ ၍ ပ သ ခါ ပွဲ ကို ပြင် ဆင် ကြ ၏။
17
ည ဦး ယံ အ ချိန် ရောက် မှ တ ပည့် တော် တ ကျိပ် နှစ် ပါး တို့ နှင့် အ တူ ကြွ လာ တော် မူ ၏။
18
စား ပွဲ ၌ လျောင်း ၍ စား နေ ကြ စဉ် တွင်၊ ယေ ရှု က၊ ငါ အ မှန် ဆို သည် ကား၊ သင် တို့ အ ဝင် ဖြစ် ၍ ငါ နှင့် အ တူ စား သော သူ တ စုံ တ ယောက် သည် ငါ့ ကို အပ် နှံ လိမ့် မည် ဟု မိန့် တော် မူ လျှင်၊
19
တ ပည့် တော် တို့ သည် ဝမ်း နည်း ၍၊ အ ကျွန်ုပ် လော၊ အ ကျွန်ုပ် လော ဟု တ ယောက် နောက် တ ယောက် အ သီး အ သီး မေး လျှောက် ကြ ၏။
20
ကိုယ် တော် က လည်း၊ တ ကျိပ် နှစ် ပါး အ ဝင် ဖြစ် ၍ ငါ နှင့် အ တူ ပု ကန် တွင် နှိုက် သော သူ သည် ငါ့ ကို အပ် နှံ လိမ့် မည်။
21
ကျမ်း စာ လာ သည် အ တိုင်း လူ သား သည် သွား ရ မည်။ သို့ သော် လည်း လူ သား ကို အပ် နှံ သော သူ သည် အ မင်္ဂ လာ ရှိ ၏။ ထို သူ သည် ဘွား မြင် ခြင်း ကို မ ခံ ရ လျှင် အ နေ သာ ၍ ကောင်း သည် ဟု မိန့် တော် မူ ၏။
22
ထို အ ခါ စား လျက် နေ ကြ စဉ် တွင် ယေ ရှု သည် မုန့် ကို ယူ ၍၊ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး မှ မုန့် ကို ဖဲ့ ၍၊ ဤ မုန့် ကား ငါ ၏ ကိုယ် ဖြစ် ၏။ ယူ ၍ စား ကြ လော့ ဟု မိန့် တော် မူ လျက် တ ပည့် တော် တို့ အား ပေး တော် မူ ၏။
23
ခွက် ကို လည်း ယူ ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး မှ သူ တို့ အား ပေး တော် မူ လျှင်၊ ထို သူ ရှိ သ မျှ တို့ သည် သောက် ကြ ၏။
24
ကိုယ် တော် က လည်း၊ ဤ ခွက် ကား၊ ပ ဋိ ညာဉ် တ ရား သစ် နှင့် ဆိုင် ၍၊ လူ များ အ ဘို့ အ လို ငှါ သွန်း သော ငါ ၏ အ သွေး ဖြစ် ၏။
25
ငါ အ မှန် ဆို သည် ကား၊ ဤ စ ပျစ် ရည် မျိုး အ သစ် ကို ဘု ရား သ ခင် ၏ နိုင် ငံ တော် ၌ ငါ မ သောက် မှီ နေ့ တိုင် အောင် ယ ခု မှ စ ၍ တ ဖန် ငါ မ သောက် ရ ဟု မိန့် တော် မူ ၏။
26
ထို နောက် သီ ချင်း ဆို ပြီး မှ သံ လွင် တောင် သို့ ထွက် သွား ကြ ၏။
27
ထို အ ခါ ယေ ရှု က လည်း၊ ကျမ်း စာ လာ သည် ကား၊ သိုး ထိန်း ကို ငါ ရိုက် သတ် ၍ သိုး တို့ သည် ကွဲ လွင့် ရ ကြ လိမ့် မည် ဟု ရေး ထား သည် နှင့် အ ညီ၊ ယ နေ့ ညဉ့် တွင် သင် တို့ ရှိ သ မျှ သည် ငါ့ ကြောင့် စိတ် ပျက် ကြ လိမ့် မည်။
28
သို့ သော် လည်း ငါ သည် ထ မြောက် ပြီး မှ သင် တို့ ရှေ့၊ ဂါ လိ လဲ ပြည် သို့ သွား မည် ဟု မိန့် တော် မူ သော်၊
29
ပေ တ ရု က၊ ဤ သူ ရှိ သ မျှ တို့ သည် စိတ် ပျက် ကြ သော် လည်း အ ကျွန်ုပ် သည် စိတ် မ ပျက် ပါ ဟု လျှောက် လေ ၏။
30
ယေ ရှု က လည်း၊ ငါ အ မှန် ဆို သည် ကား၊ ယ နေ့ ညဉ့် တွင် ပင် ကြက် သည် နှစ် ကြိမ် မ တွန် မှီ သင် သည် သုံး ကြိမ် မြောက် အောင် ငါ့ ကို ငြင်း ပယ် လိမ့် မည် ဟု မိန့် တော် မူ လျှင်၊
31
ပေ တ ရု က၊ ကိုယ် တော် နှင့် တ ကွ သေ ရ သော် လည်း အ ကျွန်ုပ် သည် ကိုယ် တော် ကို မ ငြင်း မ ပယ် ပါ ဟု သာ ၍ ခိုင် ခံ့ သော စ ကား နှင့် လျှောက် ပြန် ၏။ ထို သူ အ ပေါင်း တို့ သည် လည်း ထို နည်း တူ လျှောက် ကြ ၏။
32
ထို အ ခါ ဂေ သ ရှေ မန် အ ရပ် သို့ ရောက် ကြ လျှင် ကိုယ် တော် က၊ ငါ ဆု တောင်း စဉ် တွင် သင် တို့ သည် ဤ အ ရပ် ၌ ထိုင် နေ ကြ လော့ ဟု တ ပည့် တော် တို့ အား မိန့် တော် မူ ပြီး မှ၊
33
ပေ တ ရု၊ ယာ ကုပ်၊ ယော ဟန် တို့ ကို ခေါ် သွား ၍ မိန်း မော တွေ ဝေ ခြင်း၊ စိတ် ပူ ပန် ခြင်း သို့ ရောက် တော် မူ ၏။
34
ထို အ ခါ ငါ သည် သေ လောက် အောင် စိတ် နှ လုံး အ လွန် ညှိုး ငယ် ခြင်း ရှိ ၏။ ဤ အ ရပ် ၌ စောင့် နေ ကြ လော့ ဟု တ ပည့် တော် သုံး ယောက် တို့ အား မိန့် တော် မူ ၍၊
35
ထို မှ အ နည်း ငယ် လွန် ပြန် လျှင်၊ မြေ ပေါ် မှာ ပြပ် ဝပ် ၍၊ အို အ ဘ ခ မည်း တော်၊
36
ကိုယ် တော် သည် အ လုံး စုံ တို့ ကို တတ် နိုင် တော် မူ ၏။ ဤ ခွက် ကို အ ကျွန်ုပ် မှ လွှဲ တော် မူ ပါ။ သို့ သော် လည်း အ ကျွန်ုပ် အ လို ရှိ သည် အ တိုင်း မ ဖြစ် ပါ စေ နှင့်။ ကိုယ် တော် အ လို ရှိ သည် အ တိုင်း ဖြစ် ပါ စေ သော ဟူ ၍ ထို အ ချိန် နာ ရီ သည် မိ မိ နှင့် လွန် သွား နိုင် လျှင် လွန် သွား ပါ မည် အ ကြောင်း ဆု တောင်း တော် မူ ပြီး မှ၊
37
ပြန် လာ ၍ တ ပည့် တော် တို့ သည် အိပ် ပျော် လျက် နေ ကြ သည် ကို တွေ့ တော် မူ လျှင်၊ ရှိ မုန်၊ သင် သည် အိပ် ပျော် သ လော။ တ နာ ရီ ခန့် မျှ စောင့် နေ ခြင်း ငှါ မ စွမ်း နိုင် သ လော။
38
စုံ စမ်း နှောင့် ရှက် ခြင်း နှင့် ကင်း လွတ် မည် အ ကြောင်း ဆု တောင်း လျက် စောင့် နေ ကြ လော့။ စိတ် ဝိ ညာဉ် ကား စေ တ နာ ရှိ ငြား သော် လည်း၊ ကိုယ် မူ ကား အား နည်း သည် ဟု ပေ တ ရု အား မိန့် တော် မူ ပြီး မှ၊
39
တ ဖန် သွား ၍ ရှေ့ မြွက် ဆို သည် နည်း တူ ဆု တောင်း တော် မူ ၏။
40
ထို နောက် တ ပည့် တော် တို့ ရှိ ရာ သို့ ပြန် ၍၊ သူ တို့ သည် မျက် စိ လေး လံ သ ဖြင့် တ ဖန် အိပ် ပျော် လျက် နေ ကြ သည် ကို တွေ့ တော် မူ ၏။ သူ တို့ သည် အ ဘယ် သို့ လျှောက် ရ မည် ကို မ သိ ကြ။
41
သုံး ကြိမ် မြောက် အောင် သူ တို့ ရှိ ရာ သို့ ပြန် လာ လျှင်၊ ယ ခု အိပ် ပျော် ၍ ငြိမ် ဝပ် စွာ နေ ကြ လော့။ အ မှု လွန် ပြီ။ လူ သား ကို ဆိုး သော သူ တို့ လက် သို့ အပ် နှံ ရ သော အ ချိန် ရောက် လာ ပြီ။
42
ထ ကြ။ ငါ တို့ သည် သွား ကြ ကုန် အံ့။ ငါ့ ကို အပ် နှံ သော သူ သည် ရောက် လာ ပြီ ဟု မိန့် တော် မူ ၏။
43
ထို သို့ မိန့် တော် မူ စဉ် တွင် ပင် တ ပည့် တော် တ ကျိပ် နှစ် ပါး အ ဝင် ဖြစ် သော ယု ဒ ရှ ကာ ရုတ် နှင့် အ တူ ယဇ် ပု ရော ဟိတ် အ ကြီး၊ ကျမ်း ပြု ဆ ရာ၊ လူ အ ကြီး အ ကဲ များ စေ လွှတ် သော လူ အ စု အ ဝေး အ ပေါင်း တို့ သည် ထား နှင့် ဒုတ် များ ကို ကိုင် လျက် ချက် ခြင်း လာ ကြ ၏။
44
ကိုယ် တော် ကို အပ် နှံ သော သူ က၊ ငါ နမ်း သော သူ သည် ယေ ရှု ပင် ဖြစ် ၏။ သူ့ ကို ဘမ်း ၍ လုံ ခြုံ စွာ ဆောင် သွား ကြ ဟု ထို သူ တို့ အား အ မှတ် ပေး ခဲ့ သည် အ တိုင်း၊
45
သူ သည် ရောက် လျှင် ကိုယ် တော် ရင်း သို့ ချက် ခြင်း ချဉ်း ကပ် ၍ အ ရှင် ဘု ရား၊ အ ရှင် ဘု ရား ဟု ဆို လျက် နမ်း လေ ၏။
46
ထို သူ တို့ သည် လာ ၍ ကိုယ် တော် ကို ဆွဲ ကိုင် ဘမ်း ဆီး ကြ ၏။
47
အ နား ၌ ရပ် နေ သော သူ တ ယောက် သည် ထား ကို ဆွဲ ထုတ် ပြီး လျှင်၊ ယဇ် ပု ရော ဟိတ် မင်း ၏ ကျွန် တ ယောက် ကို ခုတ် သ ဖြင့် နား ရွက် ပြတ် လေ ၏။
48
ယေ ရှု က လည်း၊ သင် တို့ သည် ထား ပြ ကို ဘမ်း သ ကဲ့ သို့ ငါ့ ကို ဘမ်း အံ့ သော ငှါ ထား နှင့် ဒုတ် များ ကို လက် စွဲ လျက် လာ ကြ သည် တ ကား။
49
ငါ သည် ဗိ မာန် တော် ၌ နေ့ တိုင်း ဆုံး မ ဩ ဝါ ဒ ပေး လျက်၊ သင် တို့ အ လယ် ၌ ရှိ နေ စဉ် အ ခါ သင် တို့ သည် ငါ့ ကို မ ဘမ်း မ ဆီး ကြ။ ဤ အ ကြောင်း အ ရာ ကား၊
50
ကျမ်း စာ ပြည့် စုံ မည် အ ကြောင်း တည်း ဟု ထို လူ များ ကို မိန့် တော် မူ ၏။
51
ထို အ ခါ တ ပည့် တော် အ ပေါင်း တို့ သည် ကိုယ် တော် ကို စွန့် ပစ် ၍ ပြေး ကြ ၏။ လု လင် တ ယောက် သည် စောင် တ ထည် ကို သာ ဝတ် လျက် နောက် တော် သို့ လိုက် သည် ဖြစ် ၍၊ မင်း လု လင် တို့ သည် ထို သူ ကို ဘမ်း ဆီး ကြ ၏။
52
သူ သည် လည်း စောင် ကို စွန့် ပစ် ၍ အ ဝတ် မ ရှိ ဘဲ လု လင် တို့ လက် မှ ထွက် ပြေး လေ ၏။
53
ထို သူ တို့ သည် ယေ ရှု ကို ယဇ် ပု ရော ဟိတ် မင်း ထံ သို့ ဆောင် သွား ကြ ၏။ ထို မင်း ထံ ၌ ယဇ် ပု ရော ဟိတ် အ ကြီး၊ လူ အ ကြီး အ ကဲ၊ ကျမ်း ပြု ဆ ရာ အ ပေါင်း တို့ သည် စည်း ဝေး ကြ ၏။
54
ပေ တ ရု သည် လည်း ယဇ် ပု ရော ဟိတ် မင်း ၏ အိမ် ဦး အ တွင်း သို့ တိုင် အောင် ကိုယ် တော် နှင့် ဝေး စွာ လိုက် ပြီး လျှင်၊ မင်း လု လင် တို့ နှင့် အ တူ ထိုင် ၍ မီး လှုံ လေ ၏။
55
ယဇ် ပု ရော ဟိတ် အ ကြီး တို့ နှင့် လွှတ် အ ရာ ရှိ အ ပေါင်း တို့ သည် ယေ ရှု ကို သတ် ရ မည် အ ကြောင်း သက် သေ ကို ရှာ သော် လည်း မ တွေ့ ကြ။
56
လူ များ တို့ သည် မ မှန် သော သက် သေ ကို ခံ ကြ သော် လည်း သူ တို့ ၏ သက် သေ ခံ ချက် သည် မ ညီ။
57
အ ချို့ တို့ သည် ထ ၍၊ ဤ သူ က၊ လူ တို့ လက် ဖြင့် လုပ် သော၊
58
ဤ ဗိ မာန် တော် ကို ငါ ဖြို ဖျက် ၍ လူ တို့ လက် ဖြင့် မ လုပ် သော ဗိ မာန် တော် တ ဆူ ကို တည် ဆောက် မည် ဟု ပြော ဆို သည် ကို အ ကျွန်ုပ် တို့ ကြား ရ ပါ ပြီ ဟု သက် သေ ခံ ကြ ၏။
59
သို့ သော် လည်း သူ တို့ ၏ သက် သေ ခံ ချက် သည် မ ညီ။
60
ယဇ် ပု ရော ဟိတ် မင်း သည် အ လယ် ၌ မတ် တတ် ထ ၍၊ သင် သည် တ ခွန်း မျှ ပြန် ၍ မ ပြော သ လော။ ဤ သူ တို့ သည် အ ဘယ် သို့ သက် သေ ခံ သ နည်း ဟု ယေ ရှု ကို မေး လျှင်၊
61
ကိုယ် တော် သည် တ ခွန်း မျှ ပြန် ပြော တော် မ မူ ဘဲ တိတ် ဆိတ် စွာ နေ ၏။ တ ဖန် ယဇ် ပု ရော ဟိတ် မင်း က၊ သင် သည် ခ ရစ် တော် တည်း ဟူ သော မင်္ဂ လာ ရှိ သော ဘု ရား သ ခင် ၏ သား တော် မှန် သ လော ဟု မေး ပြန် လျှင်၊
62
ယေ ရှု က၊ မှန် ၏။ နောင် ကာ လ ၌ လူ သား သည် တန် ခိုး တော် ၏ လက်ျာ ဘက် ၌ ထိုင် လျက်၊ မိုဃ်း တိမ် ကို စီး ၍ ကြွ လာ သည် ကို သင် တို့ မြင် ရ ကြ လ တံ့ ဟု မိန့် တော် မူ ၏။
63
ထို အ ခါ ယဇ် ပု ရော ဟိတ် မင်း သည် မိ မိ အ ဝတ် ကို ဆုတ် လျက် အ ဘယ် သက် သေ ကို လို သေး သ နည်း။
64
ဘု ရား ကို လွန် ကျူး ၍ ပြော သော စ ကား ကို သင် တို့ ကြား ရ ပြီ။ အ ဘယ် သို့ ထင် မှတ် ကြ သ နည်း ဟု မေး မြန်း လျှင်၊ ကိုယ် တော် သည် အ သေ ခံ ထိုက် ကြောင်း ကို ထို သူ အ ပေါင်း တို့ သည် စီ ရင် ကြ ၏။
65
ထို အ ခါ အ ချို့ တို့ သည် ကိုယ် တော် ကို တံ ထွေး နှင့် ထွေး ကြ ၏။ မျက် နှာ တော် ကို ဖုံး ပြီး လျှင် လက် သီး နှင့် ထိုး လျက်၊ ပ ရော ဖက် ပြု ၍ ဟော တော် မူ ပါ ဟု ဆို ကြ ၏။ မင်း လု လင် တို့ သည် လည်း ပါး တော် ကို လက် နှင့် ပုတ် ကြ ၏။
66
ပေ တ ရု သည် အောက် မှာ အိမ် ဦး ၌ ရှိ စဉ်၊ ယဇ် ပု ရော ဟိတ် မင်း ၏ အ စေ အ ပါ မိန်း မ တ ယောက် သည် လာ ၍၊
67
ပေ တ ရု သည် မီး လှုံ လျက် နေ သည် ကို မြင် သော အ ခါ သူ့ ကို စေ့ စေ့ ကြည့် ၍၊ သင် သည် လည်း နာ ဇ ရက် မြို့ သား ယေ ရှု နှင့် ပေါင်း ဘော် သော သူ ဖြစ် သည် ဟု ဆို လျှင်၊
68
ပေ တ ရု က၊ သင် ပြော သော အ ရာ ကို ငါ မ သိ၊ နား မ လည် ဟု ငြင်း ခုံ ပြီး မှ အိမ် ဦး ရှေ့ သို့ ထွက် သော် ကြက် တွန် လေ ၏။
69
နောက် တ ဖန် အ စေ အ ပါ မိန်း မ သည် ပေ တ ရု ကို မြင် လျှင်၊ အ နား ၌ ရပ် နေ သော သူ တို့ အား၊ ဤ သူ သည် ထို သူ တို့ အ ဝင် ဖြစ် သည် ဟု ဆို သော်၊
70
ပေ တ ရု သည် တ ဖန် ငြင်း ခုံ ပြန် ၏။ ထို နောက် များ မ ကြာ အ နား ၌ ရပ် နေ သော သူ တို့ က၊ အ ကယ် စင် စစ် သင် သည် ထို သူ တို့ အ ဝင် ဖြစ် ၏။ သင် သည် ဂါ လိ လဲ လူ ဖြစ် ၏။ သင့် စ ကား လည်း တူ ၏ ဟု ပေ တ ရု ကို ဆို ကြ လျှင်၊
71
ပေ တ ရု က၊ သင် တို့ ပြော သော သူ ကို ငါ မ သိ ဟု ဓိဋ္ဌာန် ပြု ၍ ကျိန် ဆို သည် နောက်၊
72
တ ဖန် ကြက် တွန် လေ ၏။ ယေ ရှု က၊ ကြက် သည် နှစ် ကြိမ် မ တွန် မှီ သင် သည် သုံး ကြိမ် မြောက် အောင် ငါ့ ကို ငြင်း ပယ် လိမ့် မည် ဟု မိန့် တော် မူ သော စ ကား ကို၊ ပေ တ ရု သည် သ တိ ရ သ ဖြင့် ခေါင်း ကို ခြုံ ၍ ငို ကြွေး လေ ၏။