မဿဲ-22

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ဖန် ယေ ရှု သည် ဥ ပ မာ ကို ဆောင် ၍ ပ ရိ သတ် တို့ အား မိန့် မြွက် တော် မူ သည် ကား၊
  • 2 ကောင်း ကင် နိုင် ငံ တော် သည် မိ မိ သား အ ဘို့ ထိမ်း မြား မင်္ဂ လာ ဆောင် ပွဲ ကို စီ ရင် သော မင်း ကြီး နှင့် တူ ၏။
  • 3 ထို မင်း ကြီး သည် ဘိတ် ပြီး သော သူ တို့ ကို ခေါ် စေ ခြင်း ငှါ လု လင် တို့ ကို စေ လွှတ် သော အ ခါ ထို သူ တို့ သည် မ လာ ဘဲ နေ ကြ ၏။
  • 4 တ ဖန် အ ခြား သော လု လင် တို့ ကို စေ လွှတ် ၍ ငါ့ ပွဲ ကို ငါ ပြင် ဆင် ပြီ။ နွား မှ စ သော ဆူ ဖြိုး သော တိ ရစ္ဆာန် များ ကို သတ် ၍ ပြီး ပြီ။ အ လုံး စုံ တို့ သည် အ သင့် ရှိ ပြီ။ မင်္ဂ လာ ဆောင် ပွဲ သို့ လာ ကြ ပါ ဟု ဘိတ် ပြီး သော သူ တို့ အား ပြော ကြ ဟု မှာ လိုက် ပြန် ၏။
  • 5 သို့ သော် လည်း ထို သူ တို့ သည် နား မ ထောင် ဘဲ အ ချို့ တို့ သည် မိ မိ လယ် သို့ သွား ကြ ၏။ အ ချို့ တို့ သည် ကုန် သွယ် ရာ သို့ သွား ကြ ၏။
  • 6 ကြွင်း သော သူ တို့ သည် လည်း လု လင် တို့ ကို ဘမ်း ဆီး ၍ ညှဉ်း ဆဲ ခြင်း၊ အ သေ သတ် ခြင်း ကို ပြု ကြ ၏။
  • 7 ထို မင်း ကြီး သည် ကြား လျှင် အ မျက် ထွက် ၍ စစ် ချီ စေ သ ဖြင့်၊ လူ အ သက် ကို သတ် သော ထို သူ တို့ ကို အ ပြီး လုပ် ကြံ ၍ သူ တို့ ၏ မြို့ ကို မီး ရှို့ လေ ၏။
  • 8 ထို နောက် မှ မင်း ကြီး သည် လု လင် တို့ ကို ခေါ် ၍ ငါ ၏ မင်္ဂ လာ ဆောင် ပွဲ သည် အ သင့် ရှိ ၏။ ခေါ် ဘိတ် သော သူ တို့ သည် မ ထိုက် မ တန် သော ကြောင့်၊
  • 9 လမ်း မ လမ်း ကြား သို့ သွား ၍ တွေ့ သ မျှ သော သူ တို့ ကို ပွဲ သို့ ခေါ် ဘိတ် ကြ ဟု အ မိန့် တော် ရှိ သည် အ တိုင်း၊
  • 10 လု လင် တို့ သည် လမ်း များ သို့ ထွက် သွား ၍ ကောင်း မ ကောင်း တွေ့ သ မျှ သော လူ အ ပေါင်း တို့ ကို စု ဝေး စေ ၍ ပွဲ တော် ၌ အ ပြည့် ရှိ လေ ၏။
  • 11 မင်း ကြီး သည် ပွဲ ၌ လျောင်း သော သူ တို့ ကို ကြည့် ရှု ခြင်း ငှါ ဝင် တော် မူ သော အ ခါ၊ မင်္ဂ လာ ဆောင် ပွဲ ၏ အ ဝတ် ကို မ ဝတ် သော သူ တ ယောက် ကို မြင် လျှင်၊
  • 12 အ ဆွေ၊ မင်္ဂ လာ ဆောင် ပွဲ ၏ အ ဝတ် မ ရှိ ဘဲ အ ဘယ် ကြောင့် ဝင် သ နည်း ဟု မေး တော် မူ သည် ကို ထို သူ သည် မ ပြော နိုင် ဘဲ နေ ၏။
  • 13 ထို အ ခါ မင်း ကြီး သည် အ ခြံ အ ရံ တို့ အား ထို သူ ၏ လက် ခြေ ကို တုပ် နှောင် လော့။ ငို ကြွေး ခြင်း၊ အံ သွား ခဲ ကြိတ် ခြင်း ရှိ ရာ၊ ပြင် အ ရပ် မှောင် မိုက် ထဲ သို့ ယူ သွား ချ လိုက် ကြ ဟု အ မိန့် တော် ရှိ ၏။
  • 14 ထို သို့ ခေါ် တော် မူ သော သူ အ များ ရှိ သော် လည်း၊ ရွေး ကောက် တော် မူ သော သူ နည်း သည် ဟု မိန့် တော် မူ ၏။
  • 15 ထို အ ခါ ဖာ ရိ ရှဲ တို့ သည် ထွက် သွား ပြီး လျှင်၊ ငါ တို့ သည် သူ ၏ စ ကား ကို ချောင်း မြောင်း ၍ အ ပြစ် ပြု ခွင့် ကို အ ဘယ် သို့ ရ နိုင် သ နည်း ဟု မေး မြန်း တိုင် ပင် ပြီး မှ၊
  • 16 မိ မိ တ ပည့် တို့ နှင့် ဟေ ရုဒ် တ ပည့် တို့ ကို အ ထံ တော် သို့ စေ လွှတ် ၍ အ ရှင် ဘု ရား၊ ကိုယ် တော် သည် သစ္စာ ရှိ ပါ ၏။ အ ဘယ် သူ ကို မျှ မ ကြောက်၊ လူ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင် ၏ တ ရား လမ်း ကို ဟုတ် မှန် စွာ ပြ တော် မူ သည် ကို အ ကျွန်ုပ် တို့ သည် သိ ကြ ပါ ၏။
  • 17 သို့ ဖြစ် ၍ ကိုယ် တော် သည် အ ဘယ် သို့ ထင် တော် မူ သ နည်း။ ကဲ သာ ဘု ရင် အား အ ခွန် ကို ဆက် အပ် သ လော၊ မ ဆက် အပ် သ လော အ ကျွန်ုပ် တို့ အား မိန့် တော် မူ ပါ ဟု မေး လျှောက် ကြ ၏။
  • 18 ယေ ရှု သည် ထို သူ တို့ ၏ ဆိုး ညစ် သော သ ဘော ကို သိ တော် မူ လျှင်၊ လျှို့ ဝှက် သော သူ တို့၊ အ ဘယ် ကြောင့် ငါ့ ကို စုံ စမ်း နှောင့် ရှက် ကြ သ နည်း။
  • 19 အ ခွန် ငွေ တ ပြား ကို ပြ ပါ ဟု မိန့် တော် မူ ၍၊ ဒေ နာ ရိ တ ပြား ကို ယူ ခဲ့ ကြ ၏။
  • 20 ဤ ပုံ ဤ လိပ် စာ ကား၊ အ ဘယ် သူ ၏ ပုံ အ ဘယ် သူ ၏ လိပ် စာ ဖြစ် သ နည်း ဟု မေး တော် မူ လျှင်၊
  • 21 ကဲ သာ ဘု ရင် ပုံ၊ လိပ် စာ ဖြစ် ပါ သည် ဟု လျှောက် ကြ သော်၊ ယေ ရှု က လည်း၊ ကဲ သာ ဘု ရင် ၏ ဥစ္စာ ကို ကဲ သာ ဘု ရင် အား ဆက် ပေး ကြ လော့။ ဘု ရား သ ခင် ၏ ဥစ္စာ ကို ကား ဘု ရား သ ခင် အား ဆက် ပေး ကြ လော့ ဟု မိန့် တော် မူ ၏။
  • 22 ထို သူ တို့ သည် ကြား ရ လျှင် အံ့ ဩ ၍ အ ထံ တော် မှ ထွက် သွား ကြ ၏။
  • 23 ထ မြောက် ရှင် ပြန် ခြင်း မ ရှိ ဟူ ၍ အ ယူ ရှိ သော ဇဒ္ဒု ကဲ တို့ သည် ထို နေ့ ၌ အ ထံ တော် သို့ ချဉ်း ကပ် ၍၊
  • 24 အ ရှင် ဘု ရား၊ လူ မည် သည် ကား သား မ ရှိ ဘဲ သေ လျှင်၊ သူ ၏ မ ယား ကို သူ့ ညီ သိမ်း ယူ ၍ အစ် ကို အ မျိုး မ ပြတ် ဆက် နွှယ် စေ ဟု မော ရှေ စီ ရင် ပါ ပြီ။
  • 25 အ ကျွန်ုပ် တို့ တွင် ညီ အစ် ကို ခု နစ် ယောက် ရှိ ပါ ၏။ အစ် ကို အ ကြီး သည် မိန်း မ နှင့် စုံ ဘက် ၍ သား မ ရှိ ဘဲ သေ သ ဖြင့် မိ မိ မ ယား ကို မိ မိ ညီ နှင့် ကျန် ရစ် စေ ၏။
  • 26 ထို အ တူ တ ယောက် နောက် တ ယောက် ခု နစ် ယောက် သော ညီ အစ် ကို တို့ သည် ထို မိန်း မ နှင့် စုံ ဘက် ပြီး မှ သေ ကြ ၏။
  • 27 နောက် ဆုံး ၌ မိန်း မ သည် လည်း သေ လေ ၏။
  • 28 သို့ ဖြစ် ၍ ထ မြောက် ရာ ကာ လ ၌ ထို မိန်း မ သည် ခု နစ် ယောက် သော ညီ အစ် ကို တို့ တွင် အ ဘယ် သူ ၏ မ ယား ဖြစ် ရ ပါ မည် နည်း။ ထို သူ အ ပေါင်း တို့ သည် ထို မိန်း မ နှင့် စုံ ဘက် ခြင်း ကို ပြု ကြ ပြီ ဟု မေး လျှောက် ကြ ၏။
  • 29 ယေ ရှု က လည်း၊ သင် တို့ သည် ကျမ်း စာ ကို နား မ လည်၊ ဘု ရား သ ခင် ၏ တန် ခိုး တော် ကို မ သိ သော ကြောင့် မှား သော အ ယူ ကို ယူ ကြ ၏။
  • 30 ထ မြောက် ရာ ကာ လ ၌ စုံ ဘက် ခြင်း ကို မ ပြု၊ ထိမ်း မြား ပေး စား ခြင်း ကို မ ပြု။
  • 31 ကောင်း ကင် သား ဘု ရား သ ခင် ၏ တ မန် တော် ကဲ့ သို့ ဖြစ် ကြ ၏။
  • 32 ထို မှ တ ပါး သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း အ ရာ မှာ၊ ဘု ရား သ ခင် က၊ ငါ သည် အာ ဗြ ဟံ ၏ ဘု ရား၊ ဣ ဇာက် ၏ ဘု ရား၊ ယာ ကုပ် ၏ ဘု ရား ဖြစ် သည် ဟု သင် တို့ အား မိန့် မြွက် တော် မူ ကြောင်း ကို သင် တို့ သည် မ ဘတ် ဘူး သ လော။ ဘု ရား သ ခင် သည် သေ နေ သော သူ တို့ ၏ ဘု ရား မ ဟုတ်၊ အ သက် ရှင် သော သူ တို့ ၏ ဘု ရား ဖြစ် တော် မူ သည် ဟု မိန့် တော် မူ ၏။
  • 33 ပ ရိ သတ် များ တို့ သည် ကြား ရ လျှင် ဆုံး မ ဩ ဝါ ဒ ပေး တော် မူ သည် ကို အံ့ ဩ ခြင်း ရှိ ကြ ၏။
  • 34 ဇဒ္ဒု ကဲ တို့ ၏ စ ကား ကို ချေ တော် မူ ကြောင်း ကို ဖာ ရိ ရှဲ တို့ သည် ကြား လျှင် စု ဝေး ကြ ၍၊
  • 35 သူ တို့ အ ဝင် အ ပါ ဖြစ် သော ကျမ်း တတ် တ ယောက် သည် ကိုယ် တော် ကို စုံ စမ်း နှောင့် ရှက် ခြင်း ငှါ၊
  • 36 အ ရှင် ဘု ရား၊ ပ ညတ္တိ ကျမ်း ၌ အ ဘယ် မည် သော ပ ညတ် သည် သာ ၍ ကြီး သ နည်း ဟု မေး လျှောက် သော်၊
  • 37 ယေ ရှု က၊ သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ဉာဏ် ရှိ သ မျှ နှင့် ချစ် လော့၊
  • 38 ဟူ သော ပ ညတ် သည် ပ ဌ မ ပ ညတ် ဖြစ် ၏။ ကြီး မြတ် သော ပ ညတ် လည်း ဖြစ် ၏။
  • 39 ထို မှ တ ပါး ကိုယ် နှင့် စပ် ဆိုင် သော သူ ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော ဒု တိ ယ ပ ညတ် သည် ပ ဌ မ ပ ညတ် နှင့် သ ဘော တူ ၏။
  • 40 ဤ ပ ညတ် နှစ် ပါး တို့ ကား ပ ညတ္တိ ကျမ်း နှင့် အ နာ ဂတ္တိ ကျမ်း ရှိ သ မျှ တို့ ၏ အ ချုပ် အ ခြာ ပင် ဖြစ် သ တည်း ဟု မိန့် တော် မူ ၏။
  • 41 ဖာ ရိ ရှဲ တို့ သည် စု ဝေး ၍ နေ ကြ စဉ် တွင် ယေ ရှု က၊ သင် တို့ သည် ခ ရစ် တော် ကို အ ဘယ် သို့ ထင် မှတ် ကြ သ နည်း။
  • 42 အ ဘယ် သူ ၏ သား ဖြစ် သ နည်း ဟု မေး တော် မူ လျှင်၊ ဒါ ဝိဒ် ၏ သား ဖြစ် သည် ဟု လျှောက် ကြ သော်၊
  • 43 သို့ ဖြစ် လျှင် ဒါ ဝိဒ် သည် ခ ရစ် တော် ကို သ ခင် ဟူ ၍ ဝိ ညာဉ် တော် အား ဖြင့် အ ဘယ် ကြောင့် ခေါ် သ နည်း။
  • 44 ဒါ ဝိဒ် ၏ စ ကား မှာ၊ ထာ ဝ ရ ဘု ရား က၊ သင် ၏ ရန် သူ တို့ ကို သင် ၏ ခြေ တင် ရာ ငါ မ ချ မ ထား မှီ တိုင် အောင် ငါ့ လက်ျာ ဘက် ၌ ထိုင် နေ လော့ ဟု ငါ ၏ သ ခင် အား မိန့် တော် မူ သည် ဟု ဒါ ဝိဒ် ဆို သ တည်း။
  • 45 ထို သို့ ဒါ ဝိဒ် သည် ခ ရစ် တော် ကို သ ခင် ဟူ ၍ ခေါ် လျှင်၊ အ ဘယ် သို့ သူ ၏ သား ဖြစ် သ နည်း ဟု မေး တော် မူ သည် ရှိ သော်၊
  • 46 အ ဘယ် သူ မျှ စ ကား တ ခွန်း ကို ပြန် လျှောက် ခြင်း ငှါ မ တတ် နိုင် ကြ။ ထို နေ့ မှ စ ၍ နောက် တ ဖန် အ ဘယ် သူ မျှ မ မေး မ လျှောက် ဝံ့ ကြ။
回到本卷目录 回到本版本目录 回到首页