1
ကိ ရ ယတ် ယာ ရိမ် မြို့ သား တို့ သည် ဆင်း လာ၍ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို ပင့် ဆောင် လျက် တောင် ပေါ် ရှိ အ ဘိ န ဒပ် အိမ် တွင် သွင်း ထား ပြီး လျှင် သား ဧ လာ ဇာ ကို စောင့် ထိန်း ရန် သီး သန့် ထား ကြ၏။
2
ကိ ရ ယတ် ယာ ရိမ် မြို့ တွင် နှစ် ပေါင်း နှစ် ဆယ် တိုင် တိုင်၊ သေ တ္တာ တော် ကြာ မြင့် စွာ တည် ရှိ သည့် ကာ လ၊ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ထာ ဝ ရ ဘု ရား ကို လွမ်း ဆွတ် ကြ သည် ဖြစ်၍၊
3
ရှ မွေ လ က၊ ထာ ဝ ရ ဘု ရား အား စိတ် လုံး လုံး ပြန် သည် မှန် က ထို ဘု ရား ကို သာ ဝတ် ပြု ရန် စိတ် နှ လုံး ပြင် ဆင် လျက် အာ ရှ တ ရက် နတ် မှ စ၍ ထူး ခြား သော ဘု ရား များ ကို စွန့် ပယ် ကြ လော့။ ကိုယ် တော် သည် ဖိ လိ တ္တိ လူ မျိုး တို့ လက် တွင်း မှ သင် တို့ ကို ကယ် ဆယ် ပါ လိမ့် မည် ဟု ဣ သ ရေ လ တစ် မျိုး လုံး အား ဟော ပြ သည် နှင့် အ ညီ ဣ သ ရေ လ အ မျိုး သား တို့ သည် ဗာ လ နတ်၊
4
အာ ရှ တ ရက် နတ် တို့ ကို စွန့် ပယ် လျက် ထာ ဝ ရ ဘု ရား ကို သာ ဝတ် ပြု ကြ သ တည်း။
5
ထို နောက် ရှ မွေ လ က၊ သင် တို့ အ ဖို့ ထာ ဝ ရ ဘု ရား ထံ ငါ အ သ နား တော် ခံ ရန် မိ ဇ ပါ မြို့၌ ဣ သ ရေ လ တစ် မျိုး လုံး စု ရုံး ကြ စေ ဟု မိန့် ဆို သည့် အ တိုင်း
6
၎င်း မြို့ ၌ စု ရုံး သော နေ့ တွင် ရေ ခပ်၍ ထာ ဝ ရ ဘု ရား ရှေ့ တော် မှာ သွန်း လောင်း ခြင်း၊ အ စာ ရှောင် ခြင်း များ ကို ပြု လျက် ထာ ဝ ရ ဘု ရား ကို အ ကျွန်ုပ် တို့ ပြစ် မှား မိ ခဲ့ ကြ ပြီ ဟု ဝန် ခံ ကြ လေ၏။ ရှ မွေ လ လည်း မိ ဇ ပါ မြို့၌ ဣ သ ရေ လ အ မျိုး သား တို့ ကို အုပ် စိုး စီ ရင် လျက် နေ လေ ၏။
7
ဖိ လိ တ္တိ လူ မျိုး တို့ သည် မိ ဇ ပါ မြို့ တွင် ဣ သ ရေ လ အ မျိုး သား တို့ စု ရုံး ကြောင်း ကြား သိ လျှင် ဣ သ ရေ လ လူ မျိုး ထံ၊ ၎င်း မင်း တို့ စစ် ချီ ရာ၊ ချီ ကြောင်း ဣ သ ရေ လ အ မျိုး သား တို့ ကြား သိ၍ ကြောက် ရွံ့ သ ဖြင့်
8
ရှ မွေ လ အား ကျွန် တော် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဖိ လိ တ္တိ လူ မျိုး တို့ လက် တွင်း မှ ကယ် ဆယ် တော် မူ ပါ မည့် အ ကြောင်း ကျွန် တော် တို့ အ ဖို့ အ စဉ် မ ပြတ် ပ ဌ နာ ပြု ပါ ဟု တောင်း ပန် ကြ သည့် အ တိုင်း၊
9
ရှ မွေ လ သည် နို့ စို့ သိုး သား ငယ် ကို ကောင် လုံး မီး ရှို့ ရာ သ က္ကာ အ ဖြစ် ထာ ဝ ရ ဘု ရား အား ပူ ဇော် လျက် ဣ သ ရေ လူ မျိုး အ ဖို့ ပ ဌ နာ ပြု လျှင် ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ၏။
10
ထို သ က္ကာ ကို ရှ မွေ လ ပူ ဇော် သည့် အ ခိုက်၊ ဖိ လိ တ္တိ တပ် သည် ဣ သ ရေ လ တပ် ကို တိုက် ခိုက် ရန် ချဉ်း လာ ရာ၊ ထာ ဝ ရ ဘု ရား မိုး ခြုန်း စေ တော် မူ သ ဖြင့် ဖိ လိ တ္တိ တပ် သား တို့ အ ထိတ် တ လန့် ဖြစ် လျက် ဣ သ ရေ လ တပ် ရှေ့ ရှုံး ကြ ၏။
11
ဣ သ ရေ လ ရဲ မက် တို့ လည်း မိ ဇ ပါ မြို့ မှ ချီ ထွက်၍ ဗက် ကာ မြို့ အ ရောက် ဖိ လိ တ္တိ တပ် ကို လိုက် လံ လုပ် ကြံ လေ ၏။
12
ထို အ ခါ ရှ မွေ လ သည် မိ ဇ ပါ မြို့ နှင့် ရှင် မြို့ ကြား တွင် ကျောက် တိုင် တစ် တိုင် စိုက် ထူး ပြီး လျှင်၊ ငါ တို့ ကို ယ ခု တိုင် အောင် ထာ ဝ ရ ဘု ရား မ စ တော် မူ ပြီ ဟု ဆို လျက် ဧ ဗ နေ ဇာ ဟူ၍ သ မုတ် လေ ၏။
13
ဖိ လိ တ္တိ လူ မျိုး သည် ထို သို့ နိမ့် ကျ သ ဖြင့် ဣ သ ရေ လ ပြည် နယ် အ တွင်း နောက် တစ် ဖန် မ နင်း မ ကျော် ဝံ့ ချေ။ ရှ မွေ လ လက် ထက် ပတ် လုံး၊ ဖိ လိ တ္တိ လူ မျိုး အ ပေါ် ထာ ဝ ရ ဘု ရား၏ လက် တော် တင် ဖိ လျက် ရှိ ၏။
14
ဖိ လိ တ္တိ လူ မျိုး တို့ သိမ်း ယူ ပြီး ဣ သ ရေ လ ပိုင် မြို့ ရွာ များ ကို ဧ ကြုန် မြို့ မှ စ၍ ဂါ သ မြို့ တိုင် အောင် ပြန် အပ် ရ ကြ၏။ ဣ သ ရေ လ လူ မျိုး သည် ဖိ လိ တ္တိ လူ မျိုး တို့ လက် မှ ကိုယ့် နယ် ကို အ ကုန် အ စင် ပြန် သိမ်း လျက် အာ မော ရိ ပြည် သား တို့ နှင့် မိတ် သဂ ဟ အ ဖြစ် နေ ထိုင် ကြ၏။
15
ရှ မွေ လ သည် ဣ သ ရေလ လူ မျိုး ကို အ သက် ထက် ဆုံး အုပ် စိုး စီ ရင် လျက်
16
ဗေ သ လ မြို့၊ ဂိ လ ဂါ လ မြို့ မိ ဇ ပါ မြို့ များ သို့ နှစ် စဉ် လှည့် ပတ် သွား ရောက် သ ဖြင့် ၎င်း မြို့ ရှိ သ မျှ တွင် စီ ရင် ဆုံး ဖြတ် ခြင်း ပြု ပြီး လျှင်
17
ကိုယ့် အိမ် ရှိ ရာ ရာ မ မြို့ သို့ ပြန် သွား၍ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး မြဲ အုပ် စိုး စီ ရင် လေ၏။ ၎င်း မြို့ တွင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို လည်း တည် လေ သ တည်း။