1
ဣ သ ရေ လ တစ် မျိုး လုံး သို့ ရှ မွေ လ စ ကား ရောက် လာ သ တည်း။
2
တစ် ဖန် ဣ သ ရေ လ တပ် သည် ဖိ လိ တ္တိ တပ် ကို ဆီး ကြို တိုက် ခိုက် ခြင်း ငှါ ချီ သွား၍ ဧ ဗ နေ ဇာ မြို့ အ နီး စွဲ ရပ် လျှင် ဖိ လိ တ္တိ တပ် လည်း အာ ဖက် မြို့၌ စွဲ ရပ် လျက် နေ ကြ၏။ ဖိ လိ တ္တိ တပ် သည် စစ် ခင်း ကျင်း ပြီး နောက် ဣ သ ရေ လ တပ် ကို ဆီး ကြို တိုက် ခိုက် သော အ ခါ ဣ သ ရေ လ တပ် ရှုံး၍ စစ် မြေ ပြင် တွင် ရဲ မက် လေး ထောင် ခန့် ဆုံး ပါး ကြ ၏။
3
တပ် စ ခန်း သို့ စစ် သား တို့ ပြန် ရောက် လျှင် ဣ သ ရေ လူ ကြီး တို့ က ထာ ဝ ရ ဘု ရား သည် ဖိ လိ တ္တိ တို့ ရှေ့ ငါ တို့ ကို ယ နေ့ အ ဘယ် ကြောင့် ရှုံး နိမ့် စေ တော် မူ သ နည်း။ ငါ့ တို့ ထံ ရောက် လာ၍ ရန် သူ တို့ လက် တွင်း မှ ကယ် ဆယ် ရန် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ရှိ လော မြို့ မှ ပင့် ဆောင် ခဲ့ ကြ ကုန် အံ့ ဟူ၍ နှီး နှော ပြီး သည့် အ တိုင်း၊
4
ရှိ လော မြို့ သို့ စေ လွှတ် လျက် ခေ ရု ဗ တို့ အ ထက် စံ တော် မူ သော ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေတ္တာ ကို ပင့် ဆောင် ကြ ရာ၊ ဧ လိ သား ဟော ဖ နိ နှင့် ဖိ န ဟတ် နှစ် ပါး တို့ သည် ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ နှင့် အ တူ ပါ လာ ကြ ၏။
5
တပ် စား ခန်း သို့ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ရောက် သော အ ခါ ဣ သ ရေ လ တစ် တပ် လုံး သည် သည်း စွာ ကြွေး ကြော် သ ဖြင့် မြေ ပ ထ ဝီ ပဲ့ တင် ခတ် လေ၏။
6
ကြွေး ကြော် သံ ကို ဖိ လိ တ္တိ တပ် သား တို့ ကြား လျှင် ဟေ ဗြဲ တပ် စား ခန်း က သည်း စွာ ကြွေး ကြော် သံ ကား မည် သို့ နည်း ဟု မေး မြန်း သ ဖြင့် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် သည် ထို တပ် စ ခန်း သို့ ရောက် ကြောင်း သိ ကြ လျှင်
7
ဖိ လိ တ္တိ တပ် သား တို့ က ဘု ရား သ ခင် ထို တပ် စခန်း သို့ ကြွ တော် မူ ပြီ တ ကား ဟု ဆို လျက် ကြောက် ရွံ့ ကြ ကုန်၏။ သူ တို့ က လည်း၊ ငါ တို့၌ အ မင်္ဂ လာ ရှိ၏။ အ ထက် က ထို သို့ တစ် ကြိမ် မျှ မ ဖြစ် ဘူး သေး။
8
ငါ တို့ သည် အ မင်္ဂ လာ ရှိ၏။ တန် ခိုး ကြီး သော ထို ဘု ရား များ လက် တွင်း မှ ငါ တို့ ကို မည် သူ ကယ် ပါ အံ့ နည်း။ ထို ဘု ရား များ ကား အိ ဂျစ် လူ မျိုး တို့ ကို သဲ တော တွင် ဒဏ် အ မျိုး မျိုး ခတ် တော် မူ သော ဘု ရား ပေ တည်း။
9
အ ချင်း ဖိ လိ တ္တိ တို့၊ ဟေ ဗြဲ လူ မျိုး တို့ သည် လူ တို့ ထံ ကျွန် ခံ ရ သည့် နည်း တူ သူ တို့ ထံ အ ချင်း တို့ မ ခံ ရ စေ ခြင်း ငှါ၊ ယောက်ျား ဘာ ဝ အား ဆည်း ကြ ကုန် အံ့။ ယောက်ျား ဘာ ဝ စစ် တိုက် ကြ ကုန် အံ့ ဟု အ ချင်း ချင်း အား ပေး ကြ ပြီး လျှင်
10
စစ် တိုက် သော အ ခါ ဣ သ ရေ လ တပ် ရှုံး ပြန် သ ဖြင့် ကိုယ့် အိမ် သို့ အ သီး အ သီး ပြေး ဝင် ကြ လေ၏။ ဣ သ ရေ လ ခြေ သည် သူ ရဲ သုံး သောင်း သေ သည့် အ လျောက် အ လုပ် အ ကြံ ပြင်း ထန် လှ သည် တ ကား။
11
ဘု ရား သ ခင့် သေ တ္တာ တော် ကို ရန် သူ တို့ သုံ့ ရ သည့် ပြင် ဧ လိ သား ဟော ဖ နိ နှင့် ဖိ န ဟတ် နှစ် ပါး တို့ ကို လည်း အ သေ သတ် ကြ လေ ၏။
12
ဗင်္ယာ မိန် အ နွယ် သား တစ် ယောက် သည် စစ် မြေ ပြင် မှ ပြေး လာ၍ ကိုယ့် အ ဝတ် ဆုတ် လျက် ဦး ခေါင်း ထက် မြေ မုန့် တင် လျက် ရှိ လော မြို့ သို့ တစ် နေ့ ချင်း ဆိုက် ရောက် သည့် ကာ လ
13
ဘု ရား သ ခင့် သေ တ္တာ တော် အ တွက် စိတ် ပူ ဆွေး သော ဧ လိ သည် လမ်း အ နီး ရှိ ဖ တိုင် ပေါ် တွင် မျှော် ကြည့်၍ ထိုင် နေ၏။ ပြေး လာ သူ သည် မြို့ တွင်း ဝင် ရောက် ကြား ပြော လျှင်
14
တစ် မြို့ လုံး အော် ဟစ် ကြ ရာ အော် ဟစ် သံ ကို ဧ လိ ကြား သည် နှင့် ဤ အုတ် အုတ် သဲ သဲ အ သံ ကား မည် သို့ နည်း ဟု မေး စေ သော်၊ ထို သူ လျင် မြန် စွာ လာ ရောက်၍ ဧ လိ ကို ပြော ကြား လေ ၏။
15
ထို အ ခါ ဧ လိ သည် အ သက် ကိုး ဆယ် ရှစ် နှစ် ရှိ၍ မျက် ပျဉ်း ကျ သ ဖြင့် မ မြင် နိုင် ချေ။
16
ပြေး လာ သော သူ က၊ ကျွန် တော် သည် ယ နေ့ တွင် စစ် ရေး မှ ပြေး လာ၍ ဆိုက် ရောက် သူ ဖြစ် ပါ သည် ဟု လျှောက် လျှင် ဧ လိ က၊ ငါ့ သား၊ အ ရေး ကား မည် သို့ နည်း ဟု မေး လေ သော်၊
17
ထို တ မန် က၊ ဣ သ ရေ လ တပ် သည် ဖိ လိ တ္တိ တပ် ရှေ့ ဆုတ် ပြေး ရ၍ အ လုပ် အ ကြံ ပြင်း ထန် လှ ပါ သည်။ အ ရှင့် သား ဟော ဖ နိ နှင့် ဖိ န ဟတ် နှစ် ပါး တို့ သေ ဆုံး ကြ ပါ ပြီ။ ဘု ရား သ ခင့် သေ တ္တာ တော် လည်း သုံ့ ရ ပါ သွား ပြီ ဟု လျှောက် ထား လေ၏။
18
ဘု ရား သ ခင့် သေ တ္တာ တော် အ ကြောင်း ကြား သိ လျှင် ဧ လိ သည် တံ ခါး အ နီး ဖ တိုင် ပေါ် က နောက် ပြန် လဲ သ ဖြင့် လေး လံ သော သူ အို ဖြစ် သည့် အ တိုင်း လည် ဆစ် ကျိုး၍ သေ လေ၏။ ထို သူ သည် ဣ သ ရေ လ လူ မျိုး ကို နှစ် ပေါင်း လေး ဆယ် အုပ် စိုး စီ ရင် သည် ဖြစ် ၏။
19
၎င်း ချွေး မ ဖြစ် သူ ဖိ န ဟတ်၏ မ ယား သည် သ န္ဓေ ရင့် မာ သ ဖြင့် ဘု ရား သ ခင့် သေ တ္တာ တော် သုံ့ ရ ပါ သွား ကြောင်း ကိုလည်း ကောင်း၊ ယော က္ခ မ နှင့် လင် ပါ သေ ဆုံး ကြောင်း ကိုလည်း ကောင်း၊ ကြား သော အ ခါ ဝမ်း နာ ခြင်း ဝေ ဒ နာ ဆိုက်၍ ခါး ကုန်း လျက် မွေး ဖွား လေ ၏။
20
သေ လု ဆဲ တွင် အ နီး ရှိ မိန်း မ တို့ က မ ကြောက် ပါ နှင့်။ သား ယောက်ျား ဖွား မြင် ပြီ ဟု ဆို ကြ သော် လည်း အ ရေး မ ယူ၊ စ ကား မ ဆို နေ လေ၏။
21
နောက် ဘု ရား သ ခင့် သေ တ္တာ တော် သုံ့ ရ ပါ သွား သည် ကိုလည်း ကောင်း၊ ယော က္ခ မ နှင့် လင် ပါ ဆုံး ကြ သည် ကို လည်း ကောင်း အ ကြောင်း ပြု၍ ဣ သ ရေ လ လူ မျိုး၏ ဘုန်း အ သ ရေ ကွယ် ပျောက် ပြီ ဟု ဆို လျက် ထို သား ကို ဣ ခ ဗုဒ် အ မည် ဖြင့် မှည့် လေ၏။
22
ဘု ရား သ ခင့် သေ တ္တာ တော် သုံ့ ရ ပါ သွား သော ကြောင့် ဣ သ ရေ လ လူ မျိုး၏ ဘုန်း အ သ ရေ ကွယ် ပျောက် ပြီ ဟု ဆို ပြန်၏။