1
ထို အ ခါ ဗင်္ယာ မိန် အ နွယ်၊ အာ ဖိ တီ၊ ဗေ ခေါ ရတ် မြစ်၊ ဇေ ရော့် မြေး၊ အ ဗျေ လ သား၊ ကိ ရှ အ မည် ရှိ သော ပေါ များ သူ တစ် ယောက် ရှိ၏။
2
ထို သူ၌ အ ဆင်း လှ သည့် ရှော လု အ မည် ရှိ သော သား ထူး သား မြတ် တစ် ယောက် ရှိ၏။ ပြည် သူ တ ကာ တို့ ထက် ပ ခုံး စွန်း မြင့်၍ ဣ သ ရေ လ အ မျိုး သား တို့ တွင် သူ့ ထက် ထူး မြတ် သူ မ ရှိ ချေ။
3
ရှော လု အ ဘ ကိ ရှ၏ မြည်း များ ပျောက် လွင့် သော ကြောင့် သား ရှော လု အား ကိ ရှ က၊ ငယ် သား တစ် ယောက် ကို ခေါ်၍ မြည်း များ ကို အ ရှာ ထွက် သွား လော့ ဟု ဆို သည့် အ တိုင်း၊
4
သူ တို့ သည် ဧ ဖ ရိမ် ခင် တန်း နှင့် ရှ လိ ရှ ခ ရိုင် ကို ရှောက်၍ ရှာ သော် လည်း မ တွေ့ လျှင် ရှာ လိမ် ခ ရိုင် နှင့် ဗင်္ယာ မိန် နယ် ကို လည်း ရှောက်၍ မ တွေ့ ကြ ချေ။
5
ဇု ဖ ခ ရိုင် သို့ ရောက် သော်၊ ရှော လု က၊ ပြန် ကြ စို့။ မ ပြန် လျှင် အ ဘ သည် မြည်း များ ကို မေ့ လျော့ လျက် ငါ တို့ အ တွက် စိုး ရိမ် လိမ့် မည် ဟု လိုက် ပါ သော ငယ် သား အား ပြော ဆို ရာ၊
6
ငယ် သား က၊ ထို မြို့ တွင် သြ ဇာ ကြီး သော ဘု ရား သ ခင့် လူ ယုံ တော် တစ် ပါး ရှိ၏။ ဟော ပြော တိုင်း မှန် သည် နှင့် သူ့ ထံ ဝင် ကြ စို့။ ကျွန် တော် တို့ သွား ရ မည့် ခ ရီး ကို ဖော် ပြ ကောင်း ပြ လိမ့် မည် ဟု လျှောက် သော်၊
7
ရှော လု က၊ ဝင် ခဲ့ လျှင် သူ့ အ ဖို့ မည် သည့် အ ရာ ကို ဆောင် ရ မည် နည်း။ ခွက် တွင် ပါ ရှိ သော မုန့် ကုန် ခဲ့ ပြီ ဖြစ်၍၊ ဘု ရား သ ခင့် လူ ယုံ တော် အား ဆက် သ ရန် လက် ဆောင် မ ရှိ။ တစ် စုံ တစ် ရာ ပါ ရှိ သေး သ လော ဟု ငယ် သား အား မေး ပြန် လျှင်၊
8
ငယ် သား က၊ ကျွန် တော့် လက် တွင် ငွေ တစ် မတ် ရှိ သေး၏။ ကျွန် တော် တို့ ခ ရီး ကို ဖော် ပြ ရန်၊ ဘု ရား သ ခင် လူ ယုံ တော် အား ပေး လှူ ပါ မည် ဟု ရှော လု အား ပြန် လျှောက်၏။
9
ရှေး အ ခါ က၊ ဣ သ ရေ လ အ မျိုး သား တို့ သည် ဘု ရား သ ခင် ကို မေး လျှောက် ရန် သွား လို လျှင်၊ ပ ရော ဖက် ဟု ယ ခု ကာ လ ခေါ် သော သူ့ ကို အ မျှော် အ မြင် ဆ ရာ ဟု ခေါ် လေ့ ရှိ သည့် အ တိုင်း၊ အ မျှော် အ မြင် ဆ ရာ့ ထံ သွား ကြ စို့ ဟု ဆို ရိုး ရှိ သ တည်း။
10
ရှော လု က လည်း၊ ကောင်း ပါ ပြီ။ ဝင် ကြ စို့ ဟု ဆို သည့် အ တိုင်း ဘု ရား သ ခင့် လူ ယုံ တော် ရှိ ရာ မြို့ သို့ အ ရောက် တက် သွား ကြ ရာ
11
ရေ ခပ် ရန် ထွက် လာ သော မိန်း မ ငယ် တို့ ကို တွေ့၍ အ မျှော် အ မြင် ဆ ရာ ရှိ သ လော ဟု မေး လျှင် သင် တို့ ရှေ့ တွင် ရှိ ပါ သည်။
12
ယ နေ့ မြို့ တွင်း သို့ ဝင် လာ ပြီ ဖြစ် ပါ၍ အ လျင် အ မြန် ဝင် သွား ကြ လော့။ မြို့ သူ မြို့ သား တို့ သည် မြင့် ရာ ဌာ န၌ ပူ ဇော် ပွဲ ယ နေ့ ပြု လျက် ရှိ၏။
13
မြို့ တွင်း သို့ အ ရှင် တို့ ဝင် လျှင် ဝင် ချင်း၊ မြင့် ရာ ဌာ န သို့ ဘုန်း ပေး ရန် မ တက် မ ကြွ မီ ဆ ရာ ကို တွေ့ ပါ လိမ့် မည်။ ထို ဆ ရာ သည် ပူ ဇော် ပွဲ ကို မင်္ဂ လာ ပေး ရ မည် ဖြစ်၍ သူ မ ရောက် မ ချင်း စား လေ့ မ ရှိ ပါ။ ပေး ပြီး မှ ခေါ် ဖိတ် ခံ ရ သူ တို့ သုံး ဆောင် တတ် ကြ၏။ သို့ ဖြစ်၍ တက် သွား ပါ၊ ယ ခု ပင် တွေ့ ကြ ပါ လိမ့် မည် ဟု ပြန် ပြော သည် နှင့် အ ညီ
14
တက် သွား၍ ဝင် ကြ သော်၊ ရှ မွေ လ သည် မြင့် ရာ ဌာ န သို့ တက် ကြွ ရန် ထွက် လာ စဉ် တွေ့ ကြုံ လေ၏။
15
ရှော လု မ ရောက် မီ တစ် နေ့ တွင် ထာ ဝ ရ ဘု ရား သည် ရှ မွေ လ အား ဗျာ ဒိတ် ပေး တော် မူ သည် မှာ
16
နက် ဖြန် ဤ အ ချိန်၊ ဗင်္ယာ မိန် နယ် သား တစ် ဦး သည် သင် ရှိ ရာ သို့ ငါ စေ လွတ် သည့် အ တိုင်း သင် သည် ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် တွင် မင်း အ ဖြစ် ဘိ သိက် သွန်း ရ မည်။ ငါ့ လူ မျိုး တော် ကို ဖိ လိ တ္တိ လူ မျိုး တို့ လက် တွင်း မှ သူ ကယ် ဆယ် လ တ္တံ့။ ငါ့ ထံ လူ မျိုး တော် အော် ဟစ် သံ ရောက် သည် ဖြစ်၍၊ ငါ ကြည့် ရှု သည် ဟု မိန့် တော် မူ နှင့် သည့် အ လျောက် ရှ မွေ လ တွေ့ မြင် လျှင်
17
ထာ ဝ ရ ဘု ရား က၊ ငါ ဗျာ ဒိတ် ပေး ခဲ့ သော သူ့ ကို ကြည့် လော့။ လူ မျိုး တော့် အ ပေါ် တွင် ထို သူ အာ ဏာ ပိုင် ခွင့် ရှိ လိမ့် မည် ဟု မိန့် တော် မူ ပြန်၏။
18
ထို အ ခါ ရှော လု သည် မြို့ တံ ခါး အ တွင်း ရှိ ရှ မွေ လ ထံ ချဉ်း ကပ်၍ အ မျှော် အ မြင် ဆ ရာ့ အိမ် ကို ညွှန် ပြ ပါ လော့ ဟု တောင်း ပန် သော်၊ ရှ မွေ လ က၊ ငါ သည် အ မျှော် အ မြင် ဆ ရာ ဖြစ်၏။
19
ငါ့ ရှေ့ က မြင့် ရာ ဌာ န သို့ တက် သွား လော့။ ငါ နှင့် အ တူ ယ နေ့ သုံး ဆောင် ရ လိမ့် မည်။ နက် ဖြန် သင့် စိတ် တွင် ရှိ သ မျှ ကို ငါ ဖော် ပြ လျက် သွား ခွင့် ပြု ပါ မည်။
20
လွန် ခဲ့ သော သုံး ရက် က ပျောက် သော မြည်း များ ကို ကား အ ရေး မ ယူ လင့်။ တွေ့ လေ ပြီ။ ဣ သ ရေ လ လူ မျိုး၏ ရ တ နာ မြတ် ရှိ သ မျှ သည် မည် သူ့ အ ဖို့ ဖြစ် သ နည်း။ သင် မှ စ၍ ဆွေ ရင်း မျိုး သား တို့ အ ဖို့ ဖြစ် သည် မ ဟုတ် လော ဟု ရှော လု အား ပြော ဆို လေ၏။
21
ရှော လု က လည်း၊ ကျွန် တော် သည် ဣ သ ရေ လ အ နွယ် များ တွင် အ ထွေး ဆုံး ဖြစ် သော ဗင်္ယာ မိန့် အ နွယ် သား ဖြစ် သည် မ ဟုတ် ပါ လော။ အ ဘ အိမ် ထောင် သည် ဗင်္ယာ မိန့် အ နွယ် အိမ် ထောင် များ တွင် အ သိမ် အ ဖျင်း မျှ သာ ဖြစ် သည် မ ဟုတ် ပါ လော။ ကျွန် တော် အား အ ဘယ် ကြောင့် ထို စ ကား မျိုး ကို မိန့် ဆို တော် မူ သ နည်း ဟု ပြန် လျှောက် လေ၏။
22
ထို အ ခါ ရှ မွေ လ သည် ရှော လု နှင့် ငယ် သား ကို ဧည့် ခန်း အ တွင်း သို့ ခေါ် သွင်း သ ဖြင့် သုံး ကျိပ် ခန့် ရှိ သော ခေါ် ဖိတ် ခံ ရ သူ ပ ရိ သတ် တို့ ထက် ထူး မြတ် သော နေ ရာ ကို ပေး ပြီး နောက်
23
ပွဲ တော် ချက် ကို ခေါ် လျက် သိမ်း ထား ပါ ဆို၍ ငါ အပ် ပေး သော အ သား ကို ယူ ဆောင် ခဲ့ လော့ ဟု မိန့် ဆို သည့် အ တိုင်း
24
ပွဲ တော် ချက် သည် တစ် ပေါင် လုံး ကို ယူ ခဲ့ ပြီး လျှင် ရှော လု ရှေ့ တွင် ခင်း တည် လေ၏။ ရှ မွေ လ က လည်း၊ သင့် ရှေ့ ခင်း တည် ပြီး သော ပွဲ တော် ကို သုံး ဆောင် လော့။ ပ ရိ သတ် ကို ငါ ခေါ် ဖိတ် သည် မှန် သော် လည်း၊ မှန်း ထား သော အ ချိန် မ တိုင် မီ သိမ်း ထား ပြီး ဟု ပြော ဆို လျက် ထို နေ့၌ ရှောလု နှင့် အ တူ သုံး ဆောင် လေ ၏။
25
ထို သူ တို့ သည် မြင့် ရာ ဌာ န မှ မြို့ တွင်း သို့ သက် ဝင် ပြီး လျှင် တိုက် မိုး ရင် ပြင် တွင် ဆွေး နွေး လျက် နေ ကြ လေ၏။
26
ညဉ့် သန့် စင်၍ အ ရုဏ် တက် လု နီး သော် ရှ မွေ လ သည် တိုက် မိုး ရင် ပြင် ပေါ် မှ ရှော လု ကို နှိုး၍ ထ လော့၊ ငါ သွား ခွင့် ပြု မည် ဟု ဆို သော အ ခါ ရှော လု ထ ပြီး လျှင် နှစ် ဦး လုံး ပင် အ ပြင် သို့ ထွက် ကြ၏။
27
မြို့ အ စွန် သို့ ရောက် လျှင် ရှ မွေ လ က၊ ငယ် သား ကို ရှေ့ ကသွား နှင့် စေ။ သင် မူ ကား ရပ် နေ လော့။ ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကို ငါ ပြန် မည် ဟု ရှော လု အား ဆို သည့် အ လျောက် ငယ် သား လွန်၍ သွား သော်၊