ဗျာ​ဒိတ်-16

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 စေ တ မန် တော် ခု နစ် ပါး တို့ အား သွား ၍ ဘု ရား သ ခင့် အ မျက် တော် ဖ လား ခု နစ် လုံး ကို မြေ ကြီး ပေါ် သို့ သွန်း လောင်း လော့ ဟု ဗိ မာန် တော် မှ ကျယ် သော အ သံ ကို ငါ ကြား ရ ပြီး နောက်၊
  • 2 ပ ထ မ စေ တ မန် တော် သွား၍ ကိုယ့် ဖ လား ကို မြေ ပေါ် သို့ သွန်း လောင်း သော် သား ရဲ၏ သ ညာ ခံ လျက် ရုပ် ပုံ ကို ရှိ ခိုး သူ တို့ ၌ နာ ကျင် သော အ နာ ဆိုး ပေါက် ၏။
  • 3 ဒု တိ ယ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို သ မု ဒ္ဒ ရာ ပေါ် သို့ သွန်း လောင်း သော် ရေ သည် လူ သေ၏ သွေး ကဲ့ သို့ ဖြစ် သ ဖြင့် သ မု ဒ္ဒ ရာ ရှိ သ တ္တ ဝါ ဟူ သ မျှ သေ ကြ ၏။
  • 4 တ တိ ယ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို မြစ် များ၊ စမ်း ပေါက် များ ပေါ် သို့ သွန်း လောင်း သော် ရေ သည် သွေး ဖြစ် သ ဖြင့်၊
  • 5 ရေ စောင့် တ မန် တော် က ပ စ္စု ပ္ပန်၊ အ တိတ် တည် လျက် အို သန့် ရှင်း တော် မူ သော အ ရှင်၊ ဤ သို့ စီ ရင် တော် မူ ရာ ၌ ဖြောင့် မတ် လှ ပါ ၏။
  • 6 သီး သန့် ထား သူ တို့ နှင့် ပ ရော ဖက် တို့ အ သွေး ကို သွန်း ကြ သော ထို သူ တို့ အား အ သွေး တိုက် တော် မူ သည် မှာ ထိုက် သင့် ဒဏ် ဖြစ် ပါ သည် ဟု လျောက် ကြောင်း ငါ ကြား ၏။
  • 7 ပူ ဇော် ရာ ပ လ္လင် တော် က လည်း ဟုတ် မှန် ပါ၏။ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ စီ ရင် တော် မူ ချက် များ သည် ဟုတ် မှန် ဖြောင့် မတ် ပါ၏ ဟု ထောက် ခံ သည် ကို ကြား ရ ၏။
  • 8 စ တု တ္ထ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို နေ ပေါ် သို့ သွန်း လောင်း သော် လူ တို့ ကို အ ရှိန် ဖြင့် တောက် လောင် သော အ ခွင့် ရ သည့် အ လျောက်၊
  • 9 လူ တို့ လည်း အ လွန် ပူ ပြင်း ၍ ကျွမ်း လောင် ကြ ရာ ဘုန်း တော် ကို ချီး မွမ်း ရန် နောင် တ မ ရ ဘဲ ဤ ဘေး များ ကို အ စိုး ရ သော ဘု ရား သ ခင့် နာ မ တော် အား ပုတ် ခတ် ကြ ၏။
  • 10 ပ ဥ္စ မ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို သား ရဲ၏ ရာ ဇ ပ လ္လင် ပေါ် သို့ သွန်း လောင်း သော် သား ရဲ၏ နိုင် ငံ လုံး မှောင် မိုက် သ ဖြင့် နိုင် ငံ သူ နိုင် ငံ သား တို့ သည် နာ ကျင် ခြင်း ဝေ ဒ နာ ကြောင့် လျှာ ကို ခဲ လျက် ကိုယ့် အ ကျင့် အ ကြံ များ အ တွက် နောင် တ မ ရ ဘဲ ထို ဝေ ဒ နာ နှင့် အ နာ ဆိုး များ ကြောင့် ကောင်း ကင် ဘုံ ရှင် ဘု ရား သ ခင် အား ပုတ် ခတ် ကြ ၏။
  • 11
  • 12 ဆ ဋ္ဌ မ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို ဥ ဖ ရတ် မြစ် ကြီး ပေါ် သို့ သွန်း လောင်း သော် အ ရှေ့ ပြည် ဘု ရင် မင်း တို့ လမ်း ပေါက် စေ ခြင်း ငှါ မြစ် ရေ ခမ်း ခြောက် ၏။
  • 13 ထို အ ခါ နိ မိတ် ပြ လျက် အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင့် နေ့ တော် ကြီး စစ် ပွဲ သို့ တစ် လော က လုံး ရှိ ဘု ရင် မင်း တို့ ကို စု ရုံး စေ ရန် ထွက် သွား သည့် မ သန့် သော ဝိ ညာဉ်၊ နတ် ဆိုး သုံး ကောင် သည် န ဂါး၏ ခံ တွင်း၊ သား ရဲ၏ ခံ တွင်း၊ မိ စ္ဆာ ပ ရော ဖက်၏ ခံ တွင်း များ မှ ဖား သ ဖွယ် ထွက် လာ ပြီး လျှင်၊
  • 14
  • 15 ဟေ ဗြဲ ဘာ သာ ဖြင့် ဟာ မ ဂေ ဒုန် ခေါ် အ ရပ် သို့ စု ရုံး စေ ကြ သည် ကို ငါ မြင် ရ၏။ ငါ သည် ခိုး သူ ကဲ့ သို့ လာ မည်။ အ ချည်း စည်း သွား လာ၍ ရှက် ကွဲ ရာ မ ပေါ် စေ ရန် ကိုယ့် အ ဝတ် များ ကို ထိန်း သိမ်း လျက် စောင့် နေ သူ သည် မင်္ဂ လာ ရှိ ၏။
  • 16
  • 17 သ တ္တ မ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို ကောင်း ကင် လေ ပေါ် သို့ သွန်း လောင်း သော် အ ဆုံး သတ် ပြီ ဟူ၍ ဗိ မာန် တော် ရာ ဇ ပ လ္လင် တော် မှ ကျယ် သော ကြွေး ကြော် သံ ရောက် လာ ရာ၊
  • 18 လျှပ် ပြက် ခြင်း၊ မိုး ချုန်း ခြင်း၊ ထစ် ခြင်း များ ပြင် မြေ ကြီး ပေါ် မှာ လူ နေ သည် က စ၍ မ ဖြစ် စ ဖူး အ လွန် ကြီး ကျယ် ပြင်း ထန် သော င လျင် လှုပ် ခြင်း ဖြစ် သ ဖြင့်၊
  • 19 မြို့ တော် ကြီး သုံး ပိုင်း အက် ကွဲ လျက် လူ မျိုး ခြား တို့ မြို့ များ လည်း ပြို လဲ၏။ ထို သို့ ဗာ ဗု လုန် မြို့ ကြီး ကို ဘု ရား သ ခင် သ တိ ရ၍ အ မျက် တော် စ ပျစ် ရည် အ ရှိန် ဖ လား ကို တိုက် တော် မူ ရာ၊
  • 20 ကျွန်း ရှိ သ မျှ ရှောင် ပြေး၍ တောင် များ ပ ပျောက် သည့် ပြင်၊
  • 21 ကောင်း ကင် မှ ခွက် သုံး ဆယ် ခန့် ရှိ မိုး သီး ကြီး များ ကျ သည် နှင့် လူ တို့ သည် ပြင်း ထန် လှ သော ထို မိုး သီး ဘေး ကြောင့် ဘု ရား သ ခင် အား ပုတ် ခတ် ကြ ၏။
回到本卷目录 回到本版本目录 回到首页