1
တောင် ဝှေး နှင့် တူ သော တာ ဝါး တစ် လုံး ကို ငါ ခံ ယူ ပြီး လျှင်၊ ကြား နာ ရ သည် မှာ ထ၍ ဘု ရား သ ခင့် ဗိ မာန် တော် မှ စ သော ပူ ဇော် ရာ ပ လ္လင် တော် နှင့် အ တွင်း ဝတ် ပြု သူ လူ ပ ရိတ် သတ် ကို တိုင်း လော့။
2
အ ပြင် တံ တိုင်း ကို ကား မ တိုင်း ဘဲ လှပ် ထား လော့။ ထို တံ တိုင်း ကို လူ မျိုး ခြား တို့ အား အပ် ပေး ပြီ။ သန့် ရှင်း သော မြို့ တော် ကို လေး ဆယ့် နှစ် လ တိုင် တိုင် ထို သူ တို့ ကျော် နင်း ကြ လိမ့် မည်။
3
မြေ ကြီး ပိုင် ရှင် ရှေ့ တော် တွင် ခ စား ရ သူ သံ လွင် နှစ် ပင်၊ မီး ခုံ နှစ် ခုံ ဖြစ် သော ငါ့ သက် သေ နှစ် ရပ် တို့ သည် ငါ အ ခွင့် ပြု သ ဖြင့် လျှော် တေ ဝတ် လျက် ရက် ပေါင်း တစ် ထောင့် နှစ် ရာ့ ခြောက် ဆယ် တိုင် တိုင် ဟော ပြော ကြ လိမ့် မည်။
4
5
မည် သူ မ ဆို သူ တို့ ကို အ န္တ ရာယ် ပြု လို လျှင် သူ တို့ ခံ တွင်း မှ မီး ထွက် ၍ ရန် သူ တို့ ကို ကျွမ်း လောင် လိမ့် မည်။ မည် သူ မ ဆို သူ တို့ ကို အ န္တ ရာယ် ပြု လို လျှင် ထို သို့ သော သေ ဒဏ် ခံ လိမ့် မည်။
6
ထို သူ တို့ သည် ဟော ပြော ရာ နေ့ ရက် ကာ လ အ တွင်း မိုး မ ရွာ စေ ရန် ကောင်း ကင် ကို ပိတ် ထား ခွင့် ရ သည့် ပြင် အ လို ရှိ တိုင်း ရေကို သွေး ဖြစ် စေ သော ဒဏ် မှ စ၍ မြေ ကြီး ကို ဘေး အ မျိုး မျိုး ဒဏ် ခတ် ခွင့် ရ ကြ ၏။
7
အ ပြီး သတ် သက် သေ ခံ ကြ ပြီး နောက် င ရဲ ချောက် မှ တက် လာ သော သား ရဲ သည် တိုက် လှန် အောင် မြင် လုပ် ကြံ သ ဖြင့်၊
8
သူ တို့ အ လောင်း များ သည် ကိုယ့် အ ရှင် ကား တင် ခံ တော် မူ ရာ အ နက် သ ဘော အ တိုင်း သော ဒုံ နှင့် အိ ဂျစ် ဟူ၍ ခေါ် သော မြို့ တော် ကြီး လမ်း ပေါ် တွင် ရှိ စဉ်၊
9
ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး အ နွယ် တို့ သည် ထို အ လောင်း များ ကို မ သ ဂြ်ိုဟ် စေ ဘဲ၊ သုံး ရက် ခွဲ တိုင် တိုင် ကြည့် နေ ကြ မည့် ပြင်၊
10
မြေ ကြီး ပေါ် မှာ နေ ထိုင် သူ တို့ သည် ညို ညင် စေ ခဲ့ သော ထို ပ ရော ဖက် နှစ် ပါး တို့ အ လောင်း များ ကြောင့် အား ရ ရွှင် လန်း လျက် အ ချင်း ချင်း လက် ဆောင် ပေး ပို့ ကြ လိမ့် မည်။
11
ဆို ခဲ့ သော သုံး ရက် ခွဲ လွန် ပြီး နောက် ဘု ရား သ ခင့် အ ထံ တော် မှ ဇီ ဝ အ သက် ပြန် ရ သော ထို ပု ဂ္ဂိုလ် တို့ ခြေ စုံ ရပ် ကြ ရာ ကြည့် မြင် သ မျှ သော သူ တို့ ၌ များ စွာ ကြောက် ရွံ့ ခြင်း ဖြစ် လိမ့် မည်၊၊
12
ကောင်း ကင် ဘုံ မှ ဤ သို့ တက် ခဲ့ ကြ လော့ ဟု ကျယ် သော အ မိန့် သံ ကို ကြား ကြ ရာ တိမ် တိုက် စီး လျက် တက် သွား သည် ကို ရန် သူ တို့ မြင် ကြ လိမ့် မည်။
13
ထို အ ချိန် နာ ရီ၌ င လျင် လှုပ် သ ဖြင့် မြို့ တော် ဆယ် ပုံ တစ် ပုံ ပြို လဲ၍ လူ ဦး ရေ ခု နစ် ထောင် သေ ကြ ရာ ကြွင်း သော မြို့ သူ မြို့ သား တို့ သည် ထိတ် လန့် လျက် ကောင်း ကင် ဘုံ ရှင် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း ကြ လိမ့် သ တည်း။
14
ဒု တိ ယ အ မင်္ဂ လာ ကုန် ပြီ။ တ တိ ယ အ မင်္ဂ လာ သည် အ လျင် အ မြန် သင့် ရောက် လ တ္တံ့။
15
သ တ္တ မ စေ တ မန် တော် တံ ပိုး မှုတ် သော် ဤ လော က နိုင် ငံ ကို ငါ တို့ အ ရှင် နှင့် ဘိ သိက် တော် ခံ မင်း သည် ပိုင် ရ လေ ပြီ။ ကမ္ဘာ အ ဆက် ဆက် စိုး စံ တော် မူ လိမ့် မည် ဟု ကောင်း ကင် ဘုံ၌ ကျယ် သော မြွက် ဆို သံ များ ကို ငါ ကြား ရ၏။
16
ထို အ ခါ ဘု ရား သ ခင့် ရှေ့ တော်၌ ဆိုင် ရာ ပ လ္လင် များ ထက် ထိုင် နေ သူ အ ကြီး အ ကဲ နှစ် ဆယ့် လေး ပါး တို့ သည်။ ပျပ် ဝပ် ဦး ညွှတ်၍ ဘု ရား သ ခင် ကို ရှိ ခိုး လျက်၊
17
ပ စ္စု ပ္ပန်၊ အ တိတ် တည် တော် မူ သော၊ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ မ ဟာ တန် ခိုး တော် ကို သိမ်း ယူ၍ စိုး စံ တော် မူ ပြီ ဖြစ် သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။
18
လူ မျိုး ခြား တို့ အ မျက် ထွက် ရာ၌ ကိုယ် တော် တိုင် အ မျက် ဒဏ် ထား၍ သူ သေ တို့ ကို စီ ရင် ဆုံး ဖြတ် တော် မူ ရန် အ ချိန် ကျွန် တော် ရင်း ပ ရော ဖက် ဖြစ် သူ၊ သီး သန့် ထား တော် မူ သူ၊ နာ မ တော် ကို ခန့် ညား သူ၊ အ ယုတ် အ မြတ် တို့ အား ဆု သ နား တော် မူ ရန် အ ချိန်၊ မြေ ကြီး ကို ဖျက် ဆီး သူ တို့ အား ဖျက် ဆီး တော် မူ ရန် အ ချိန် တိုင် ရောက် ပါ ပြီ ဟု လျှောက် ဆို ကြ၏။
19
ကောင်း ကင် ဘုံ ရှိ ဘု ရား သ ခင် ဗိ မာန် တော် ပွင့် ၍ အ တွင်း ရှိ ပ ဋိ ညာဉ် တော် သေ တ္တာ ထင် ပေါ် ရာ လျှပ် ပြက် ခြင်း၊ မိုး ချုန်း ခြင်း၊ ထစ် ခြင်း၊ င လျင် လှုပ် ခြင်း၊ သည်း စွာ မိုး သီး ကျ ခြင်း များ ဖြစ် ၏။