1
ပ ထ မ ပ ဋိ ညာဉ် တ ရား တွင် ပင် လော က နှင့် ဆိုင် သော သန့် ရှင်း ရာ ဌာ န နှင့် ဝတ် ပြု ရာ ထုံး နည်း ချက် များ ပါ ရှိ၏။
2
မီး ခုံ တော်၊ စား ပွဲ တော် နှင့် ရှေ့ တော် တင် မုန့် ပါ သော သန့် ရှင်း ရာ ဌာ န ခေါ် တည် လုပ် ပြီး အ ပြင် တဲ တော် တစ် ပိုင်း၊
3
ဒု တိ ယ ကန့် လန့် ကာ အ တွင်း နံ့ သာ ပေါင်း တင် ရှို့ ရာ ရွှေ ပ လ္လင် တော်၊ မ န္န မုန့် ထည့် ရွှေ အိုး မှ စ၍ အ ဖူး ပေါ် သော အာ ရုန်၏ တောင် ဝှေး နှင့် ပ ဋိ ညာဉ် တော် ကျောက် ပြား များ ပါ သော ရွှေ မွမ်း ပ ဋိ ညာဉ် သေ တ္တာ တော်၊ ၎င်း ပေါ် တွင် အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို ဖြန့် မိုး သော ဘုန်း တော် ဆိုင် ရာ ခေ ရု ဗ များ ရှိ သော အ ထူး သန့် ရှင်း ရာ ဌာ န ခေါ် တဲ တော် တစ် ပိုင်း ရှိ၏။ ထို အ ရာ များ ကို စိတ် ဖြာ၍ ငါ တို့ ယ ခု မ ပြော မ ဆို နိုင်။
4
5
6
ဆို ခဲ့ သည့် ဌာ န များ ကို ထို သို့ တည် လုပ် ပြီး နောက် ပ ရော ဟိတ် တို့ သည် ဆိုင် ရာ ဝတ် ဆောင် ရွက် ရန် အ ပြင် တဲ တော် သို့ နေ့ စဉ် ဝင် လေ့ ရှိ ကြ ၏။
7
အ တွင်း တဲ တော် သို့ မူ ကား ပ ရော ဟိတ် မင်း တစ် ပါး တည်း သာ ကိုယ့် အ တွက် နှင့် လူ ပ ရိ သတ် တို့ မိုက် မှား မှု များ အ တွက် ဆက် ကပ် ရန် အ သွေး ပါ လျက် တစ် နှစ် လျှင် တစ် ကြိမ် ဝင် လေ့ ရှိ ၏။
8
ထို သို့ သန့် ရှင်း သော ဝိ ညာဉ် တော် က အ ပြင် တဲ တော် တည် နေ သ မျှ ကာ လ ပတ် လုံး အ ထူး သန့် ရှင်း ရာ ဌာ န သို့ ဝင် ရောက် ရန် လမ်း မ ထင် ရှား သေး ကြောင်း ဖော် ပြ တော် မူ၏။
9
ထို တဲ တော် သည် ပ စ္စု ပ္ပန် ခေတ် ကာ လ၏ ပ မာ ဖြစ် သည့် အ လျောက် အ သစ် ပြု ပြင် ခြင်း ခေတ် ကာ လ မ တိုင် မ ချင်း အာ ဏာ ရှိ သော ရုပ် ခ န္ဓာ့ ဆိုင် ရာ ထုံး နည်း အ ရ စား သောက် ဝတ်၊ ဆေး ကြော ဝတ် အ မျိုး မျိုး မှ စ၍ ဆက် ကပ် သော အ လှူ ဝ တ္ထု နှင့် ပူ ဇော် သ က္ကာ များ သည် ဝတ် ပြု သူ တို့ သြ တ္တ ပ္ပ စိတ် ကို စုံ လင် ရာ မ ရောက် စေ နိုင်။
10
11
ခ ရစ် တော် မူ ကား ရောက် ပြီး သော သု ခ ချမ်း သာ ဆိုင် ရာ ပ ရော ဟိတ် မင်း အ ဖြစ် ထာ ဝ ရ ရွေး နုတ် မှု ပြု ပြီး လျှင် လက် ဖြစ် မ ဟုတ်၊ ယ ခု ဘ ဝ နှင့် မ ဆိုင်၊ သာ၍ ကြီး မြတ် စုံ လင် သော တဲ တော် ကို လွန် ၍ ဆိတ် သွေး၊ နွား သွေး နှင့် မ ဟုတ်၊ ကို ယ့် အ သွေး တော် နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ အ ပြီး သတ် ဝင် ရောက် တော် မူ ပြီ။
12
13
ဆိတ် သွေး၊ နွား ထီး သွေး နှင့် မ သန့် သူ တို့ ကို ပက် ကြဲ ရ သည့် နွား မ တန်း ပြာ မှုန့် သည် ရုပ် ခ န္ဓာ ကို သန့် ရှင်း စေ ကြယ် စေ ခြင်း ငှာ တတ် စွမ်း နိုင် လျှင်၊
14
ထာ ဝ ရ ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ကြန် အင် မ ယွင်း သော ကိုယ် ကို ဆက် ကပ် တော် မူ သော ခ ရစ် တော်၏ အ သွေး တော် သည် အ သေ ဖြစ် သော ကိုယ် ကျင့် များ မှ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် အား ဝတ် ပြု စေ ရန် သင် တို့ သြ တ္တ ပ္ပ စိတ် ကို လွှတ် လျက် သာ၍ စင် ကြယ် စေ မည် မ ဟုတ် လော။
15
ထို ကြောင့် ပ ထ မ ပ ဋိ ညာဉ် ကို လွန် ကြူး မှု များ မှ ရွေး နုတ် ရန် အ သေ ခံ ပြီး နောက် ခေါ် ထား တော် မူ သူ တို့ သည် က တိ တော် အ တိုင်း ထာ ဝ ရ အ မွေ ကို ခံ စား ရ စေ ခြင်း ငှာ ကိုယ် တော် သည် ပ ဋိ ညာဉ် သစ် ဆိုင် ရာ စေ့ စပ် သော အ ရှင် ဖြစ် တော် မူ ၏။
16
သေ တမ်း စာ ရှိ လျှင် ထား သူ၏ သေ ခြင်း လည်း ရှိ ရ မည်။
17
သေ ပြီး မှ သာ သေ တမ်း စာ တည်၏။ ထား သူ ရှင် ခိုက် အ လျှင်း မ တည်။
18
ထို ကြောင့် ဆို ခဲ့ သော ပ ထ မ ပ ဋိ ညာဉ် ကို ပင် အ သွေး ကင်း လျက် ဖွဲ့ ခဲ့ သည် မ ဟုတ်။
19
မော ရှေ သည် ပ ညတ် တ ရား တော် အ တိုင်း ပ ညတ် ဟူ သ မျှ ကို လူ ပ ရိ သတ် အား ပြန် ကြား ပြီး နောက် နွား သွေး၊ ဆိတ် သွေး ကို ရေ၊ သိုး မွေး နီ၊ ဟုဿုပ် ညွန့် များ နှင့် တ ကွ ယူ၍ ထို ကျမ်း နှင့် လူ ပ ရိ သတ် ရှိ သ မျှ အ ပေါ် တွင် သွန်း ပက် လျက်၊
20
ဤ အ သွေး ကား သင် တို့ အား ဘု ရား သ ခင် ပ ညတ် ထား တော် မူ သော ပ ဋိ ညာဉ်၏ အ သွေး တည်း ဟု ဆို၏။
21
တဲ တော် မှ စ၍ ဝတ် ပြု ရာ အ သုံး အ ဆောင် ရှိ သ မျှ အ ပေါ် တွင် လည်း ထို နည်း တူ အ သွေး သွန်း ပက် သည့် အ လျောက်၊
22
ထို တ ရား တော် အ ရ အ ရာ ခပ် သိမ်း ကို အ သွေး နှင့် စင် ကြယ် စေ ရ၏။ သွေး သွန်း ကင်း၍ အ ပြစ် ပြေ လွတ် ခွင့် မ ရှိ ဟု ဆို ရာ ရောက် ၏။
23
သို့ ဖြစ်၍ ကောင်း ကင် အ ရာ များ၏ အ တု ကို ဆို ခဲ့ သော ပူ ဇော် သ က္ကာ များ နှင့် စင် ကြယ် စေ ရ၏။ ကောင်း ကင် အ ရာ များ ကို မူ ကား သာ၍ မြတ် သော ပူ ဇော် သ က္ကာ များ နှင့် စင် ကြယ် စေ ရ၏။
24
ခ ရစ် တော် သည် အ ထူး သန့် ရှင်း ရာ ဌာ န တော် စစ်၏ ပုံ မျှ သာ ဖြစ် သော လက် လုပ် ဌာ န တော် ထဲ သို့ မ ဝင်။ ငါ တို့ အ တွက် ဘု ရား သ ခင် မျက် မှောက် တော် တွင် ထင် ထင် ဖူး မြော် ရန် ကောင်း ကင် ဘုံ ထဲ သို့ ဝင် တော် မူ ၏။
25
ပ ရော ဟိတ် မင်း ဖြစ် သူ သည် ကိုယ့် အ သွေး မ ဟုတ် သော အ သွေး နှင့် အ ထူး သန့် ရှင်း ရာ ဌာ န ထဲ သို့ နှစ် စဉ် ဝင် ရ သ ကဲ့ သို့ ကိုယ် ကို အ ကြိမ် ကြိမ် ဆက် ကပ် ရန် ဝင် တော် မူ သည် မ ဟုတ်။
26
ထို သို့ ဟုတ် ခဲ့ လျှင် ဤ လော က တည် သည် က စ၍ အ ကြိမ် ကြိမ် အ သေ ခံ တော် မူ ခဲ့ ရ လေ ပြီ။ မု ချ ဆို သော် ကိုယ် တော် သည် ကိုယ် ကို ပူ ဇော် ခြင်း အား ဖြင့် အ ပြစ် တ ရား ကို ပယ် ရန် ယ ခု ခေတ် ကာ လ အ ဆုံး၌ တစ် ကြိမ် တည်း ပေါ် ထွန်း တော် မူ ခဲ့ ပြီ။
27
လူ တို့ သည် တစ် ကြိမ် တည်း သေ ပြီး နောက် စီ ရင် ဆုံး ဖြတ် ခံ ရ သည့် နည်း တူ၊
28
ခ ရစ် တော် လည်း အ များ တို့၏ အ ပြစ် ကို ခံ ခြင်း ငှာ တစ် ကြိမ် တည်း ဆက် ကပ် ခံ တော် မူ ပြီး နောက် ကိုယ် တော် ကို စောင့် မျှော် သူ တို့ အား ကယ် တင် ခြင်း ငှာ ပြစ် ဒဏ် မ ခံ ဘဲ ဒု တိ ယ အ ကြိမ် ပေါ် ထွန်း တော် မူ ဦး မည်။