1
ထို ကြောင့် အ သေ ဖြစ် သော ကိုယ် ကျင့် များ မှ နောင် တ ရ ခြင်း၊ ဘု ရား သ ခင် အား ယုံ ကြည် ခြင်း၊ ဆေး ကြော ဝတ် အ ကြောင်း သင် ကြား ခြင်း၊ လက် တင် ခြင်း၊ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း၊ နိ ယာ မ တ ရား စီ ရင် ဆုံး ဖြတ် ခြင်း တည်း ဟူ သော အ မြစ် ကို တစ် ဖန် မ ချ ဘဲ ခ ရစ် တော်၏ မူ လ တ ရား ကို ထား ခဲ့၍ အ ရွယ် ရောက် သူ အ ဖြစ် သို့ တက် ကြ ကုန် အံ့။
2
3
ဘု ရား သ ခင် ခွင့် ပြု တော် မူ လျှင် ထို သို့ တက် ကြ မည်။
4
အ လင်း တော် ပွင့် ခွင့်၊ ကောင်း ကင် ဆု ကျေး ဇူး တော် ကို မြည်း စမ်း ခွင့်၊ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ဆက် ဆံ ခွင့်၊
5
ဘု ရား သ ခင် တ ရား တော် မြတ် နှင့် နောင် ဘ ဝ ဆိုင် ရာ တန် ခိုး များ ကို မြည်း စမ်း ခွင့် ရ ပြီး နောက်၊
6
ဖောက် ပြန် သူ တို့ မှာ ဘု ရား သ ခင့် သား တော် ကို ကိုယ် တိုင် ကား တင် ပြန် လျက် ထုတ် ပြ လျက် နေ သော ကြောင့် နောင် တ ရ အံ့ သော ငှာ တစ် ဖန် အ သစ် ပြု ပြင် နိုင် ရန် မ ရှိ ချေ။
7
အ ကြိမ် ကြိမ် ရွာ သော မိုး ရေ ကို သောက် ပြီး သော် ထွန် ယက် စိုက် ပျိုး သူ တို့ အ ဖို့ အ သုံး ဝင် သည့် ကောက် ပဲ ထွက် စေ သော မြေ သည် ဘု ရား သ ခင့် ထံ ကောင်း ကြီး မင်္ဂ လာ ခံ ရ ၏။
8
ဆူး ပင်၊ ပေါင်း ပင် ပေါက် လျှင် မူ ကား ပယ် ခြင်း ကို ခံ ရ၍ အ မင်္ဂ လာ ခံ ရ နီး သည့် ပြင် အ ဆုံး၌ ကျွမ်း လောင် ဒဏ် ခံ ရ လိမ့် မည်။
9
အ ချင်း ချစ် သူ တို့၊ ဤ သို့ ငါ တို့ ပြော ဆို သော် လည်း သင် တို့ တွင် ကယ် တင် ခြင်း ဆိုင် ရာ ကောင်း မြတ် သော အ ဖြစ် အ နေ တည် သည် ဟု စိတ် ချ ကြ ၏။
10
သီး သန့် ထား တော် မူ သူ တို့ အား ပြု ပြီး ပြု ဆဲ လုပ် ကျွေး မှု၌ နာ မ တော် ကို ထောက်၍ သင် တို့ ပြ သော မေ တ္တာ ကျေး ဇူး နှင့် ကိုယ် ကျင့် များ ကို မေ့ လျော့ ရန် ဘု ရား သ ခင် သည် ဖြောင့် မတ် ခြင်း ကင်း တော် မူ သည် မ ဟုတ်။
11
သင် တို့ အ သီး အ သီး သည် ဆုံး ခန်း တိုင် စုံ လင် သော မျှော် လင့် ခွင့် ရ အံ့ သော ငှာ ထို မျှ လောက် အား ကြီး သော စိတ် ကို ပြ လျက်၊
12
ပျင်း ရိ ခြင်း မ ရှိ ဘဲ ယုံ ကြည် ခြင်း၊ စိတ် ရှည် ခြင်း ကြောင့် က တိ တော် အ တိုင်း အ မွေ ခံ ရ သူ တို့ ပုံ စံ ကို လိုက် သူ များ ဖြစ် စေ လို၏။
13
ဘု ရား သ ခင် သည် အာ ဗြ ဟံ အား က တိ ထား တော် မူ သည့် ကာ လ ကိုယ် တော် ထက် ကြီး မြတ် သူ့ ကို တိုင် တည်၍ သ စ္စာ ထား ရန် မ ရှိ သော ကြောင့် ကိုယ် တော် တိုင် ကို တိုင် တည်၍၊
14
ငါ သည် သင့် အား မု ချ ကောင်း ကြီး ပေး လျက် တိုး တက် ပွား များ စေ မည် ဟု သ စ္စာ ထား တော် မူ ရာ၊
15
အာ ဗြ ဟံ စိတ် ရှည် သ ဖြင့် က တိ တော် အ တိုင်း ခံ ရ၏။
16
လူ တို့ သည် ကိုယ် ထက် ကြီး မြတ် ရာ ကို တိုင် တည်၍ သ စ္စာ ထား တတ် သ ဖြင့် သ စ္စာ ထား ချက် သည် ငြင်း ခုံ ခြင်း ဟူ သ မျှ ကို ပြတ် စဲ စေ လျက် စိတ် ချ ရန် အ ကြောင်း ဖြစ် သည့် အ လျောက်၊
17
ဘု ရား သ ခင် လည်း က တိ ထား ချက် အ တိုင်း အ မွေ ခံ ရ သူ တို့ အား အ ကြံ တော် တည် မြဲ ကြောင်း ဖော် ပြ လို၍ သ စ္စာ ထား ချက် ဖြင့် အာ မ ခံ တော် မူ ၏။
18
သို့ မှ တည် မြဲ ရာ နှစ် ချက် နှင့် စပ်၍ သ စ္စာ ဖျက် တော် မ မူ နိုင် သည် နှင့် အ ညီ ရှေ့၌ ထား သော မျှော် လင့် ရာ ပန်း ကို ဆွဲ ကိုင် ရန် ပြေး ဝင် သော ငါ တို့ သည် ခိုင် ခံ့ စွာ အား ယူ ခွင့် ရ ရှိ ကြ၏။
19
မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
20