1
ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
2
ထို အ ရာ၌ ရှေး လူ ကြီး တို့ သည် ယုံ ကြည် ခြင်း ကြောင့် အ သ ရေ ရ ကြ၏။
3
ယုံ ကြည် ခြင်း အား ဖြင့် ငါ တို့ သည် ဘု ရား သ ခင့် အ မိန့် တော် အ တိုင်း လော က ဓာတ် များ ပေါ် ရ လျက် မျက် မှောက် ရှိ ရာ များ ဖြစ် ပွား ခဲ့ ကြောင်း နား လည် ရ ကြ၏။
4
ယုံ ကြည် ခြင်း အား ဖြင့် အာ ဗေ လ သည် ကာ ဣ န ထက် ကောင်း မြတ် သော ပူ ဇော် သ က္ကာ ကို ဘု ရား သ ခင့် ထံ ဆက် ကပ် ရာ ထို အ လှူ ဝ တ္ထု နှင့် စပ်၍ ဘု ရား သ ခင် သက် သေ ခံ တော် မူ သည့် အ လျောက် သူ တော် ကောင်း ဟူ သော အ သ ရေ ရ သည့် ပြင် သေ လွန် သော် လည်း ဟော ပြော လျက် ရှိ သေး ၏။
5
ယုံ ကြည် ခြင်း အား ဖြင့် ဧ နောက် သည် သေ ခြင်း နှင့် မ ကြုံ ကြိုက် ဘဲ ဘ ဝ ပြောင်း ရာ ဘု ရား သ ခင် ပြောင်း စေ တော် မူ သည့် အ တိုင်း ကွယ် ပျောက် လေ၏။ ဘ ဝ မ ပြောင်း မီ ဘု ရား သ ခင့် စိတ် တော် နှင့် တွေ့ သူ ဟူ သော အ သ ရေ ရ သူ ဖြစ်၏။
6
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
7
ယုံ ကြည် ခြင်း အား ဖြင့် နော ဧ သည် မျက် ကွယ် သေး သော အ ရာ များ နှင့် စပ်၍ ဗျာ ဒိတ် တော် ကို ခံ ရ သည့် အ လျောက် အိမ် သူ အိမ် သား တို့ ပါ ဘေး လွတ် စေ ရန် ဘု ရား တ ရား ကြည် ညို စွာ သင်္ဘော တည် လျက် လော က သား တို့ ကို အ ပြစ် တင်၍ ယုံ ကြည် ခြင်း ဆိုင် ရာ ဖြောင့် မတ် ခွင့် ကို ပိုင် ရ လေ၏။
8
ယုံ ကြည် ခြင်း အား ဖြင့် အာ ဗြ ဟံ သည် ပိုင် ရ မည့် ပြည် သို့ သွား ရန် ခေါ် တော် မူ သည့် အ လျောက် နာ ခံ လျက် မည် သည့် ဒေ သ မှန်း မ သိ ဘဲ ထွက် သွား လေ၏။
9
ယုံ ကြည် ခြင်း အား ဖြင့် လည်း သူ သည် ဘု ရား သ ခင် တည် ထောင် ပြု စု တော် မူ မည့် အ မြစ် အ ခြေ နှင့် ပြည့် စုံ သော မြို့ တော် ကို မျှော် မြင် သည် နှင့် အ ညီ နိုင် ငံ ခြား သ ဖွယ် က တိ ထား တော် မူ သော ပြည်၌ ဝင် နေ လျက် အ မွေ ခံ ချင်း ဖြစ် သူ ဣ ဇာက်၊ ယာ ကုပ် တို့ နှင့် တ ကွ တဲ များ တွင် နေ ထိုင် ရ လေ၏။
10
11
ယုံ ကြည် ခြင်း အား ဖြင့် စာ ရာ့ ကိုယ် တိုင် ပင် က တိ ထား ခဲ့ သော အ ရှင့် သ စ္စာ တည် တော် မူ ကြောင်း မှတ် ယူ လျက် အ ရွယ် လွန် ပြီး နောက် သ န္ဓေ ယူ နိုင် ခွင့် တန် ခိုး ကို ရ သည် ဖြစ် ၍၊
12
သေ သော ကိုယ် ရှိ သူ မှ ကောင်း ကင် ကြယ် လုံး ရေ ကဲ့ သို့လည်း ကောင်း၊ မ ရေ မ တွက် နိုင် သော သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ သဲ လုံး ကဲ့ သို့လည်း ကောင်း၊ အ များ အ ပြား ပေါက် ပွား ကြ ၏။
13
ထို သူ ရှိ သ မျှ တို့ သည် က တိ ထား တော် မူ ရာ များ ကို မ ခံ စား ရ ဘဲ အ ဓွန့် ရှည် စွာ က မျှော် မြင် အား ရ လျက် မြေ ကြီး ပေါ် တွင် ဧည့် သည် အာ ဂ န္တု မျှ သာ ဖြစ် ကြောင်း ဝန် ခံ ပြီး နောက် ယုံ ကြည် လျက် သေ လွန် ကြ၏။
14
ထို သို့ ဝန် ခံ သူ တို့ သည် ကိုယ် ပိုင် ပြည် ကို တောင့် တ လျက် နေ ကြောင်း ဖော် ပြ ကြ၏။
15
ထွက် လာ ရင်း ပြည် ကို စွဲ လမ်း လျှင် ပြန် ခွင့် ရ ကြ လေ ပြီ။
16
မု ချ အား ဖြင့် သာ၍ မြတ် သော ကောင်း ကင် ပြည် တော် ကို ရှာ ကြံ ကြ သ ဖြင့် ဘု ရား သ ခင် သည် သူ တို့ အ ဖို့ မြို့ တော် ပြင် ဆင် ပြီး ဖြစ် လျက် သူ တို့ ဘု ရား ဟု အ ခေါ် ခံ ရန် ရှက် တော် မ မူ။
17
ယုံ ကြည် ခြင်း အား ဖြင့် အာ ဗြ ဟံ သည် စုံ စမ်း ခံ ရ သည့် ကာ လ ဣ ဇာက် ကို ဆက် ကပ်၏။ ထို သို့ ပင် ဣ ဇာက် မှ သာ သင့် အ မျိုး အ နွယ် ဟု သ မုတ် လိမ့် မည် ဟူ သော က တိ တော် များ ကို ခံ ရ သူ သည် သူ သေ တို့ ထဲ မှ ပင် ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ နိုင် ကြောင်း မှတ် ယူ လျက် ဧ က ပု တ္တ သား ကို ဆက် ကပ် လေ စွ။ ပ မာ ဆို သော် သူ သေ တို့ အ ထဲ မှ ပြန် ရ သည် မှန်၏။
18
19
20
ယုံ ကြည် ခြင်း အား ဖြင့် ဣ ဇာက် သည် ယာ ကုပ် နှင့် ဧ သော တို့ ကို ဖြစ် လ တ္တံ့ သော အ ကြောင်း အ ရာ များ နှင့် စပ်၍ ကောင်း ကြီး ပေး ၏။
21
ယုံ ကြည် ခြင်း အား ဖြင့် ယာ ကုပ် သည် သေ အံ့ ဆဲ ကာ လ၌ တောင် ဝှေး ထိပ် ပေါ် မှာ ဦး ညွတ် လျက် ယော သပ် သား အ သီး အ သီး ကို ကောင်း ချီး ပေး လေ၏။
22
ယုံ ကြည် ခြင်း အား ဖြင့် ယော သပ် သည် သေ ချိန် နီး သော် ဣ သ ရေ လ အ မျိုး သား တို့ ထွက် လွတ် ခွင့် ရ မည့် အ ကြောင်း မြွက် ဆို လျက် ကိုယ့် အ ရိုး ကောက် မှု နှင့် စပ်၍ အ မိန့် ပ ညတ် ထား ခဲ့ ၏။
23
ယုံ ကြည် ခြင်း အား ဖြင့် မော ရှေ ဖွား မြင် သည့် ကာ လ မိ ဘ တို့ သည် အ ဆင်း လှ သော သူ ငယ် ဖြစ် ကြောင်း သိ မြင်၍ ဘု ရင် မင်း အ မိန့် တော် ကို မ ကြောက် ဘဲ သုံး လ ပတ် လုံး ဝှက် ထား ကြ ၏။
24
ယုံ ကြည် ခြင်း အား ဖြင့် မော ရှေ သည် အ ရွယ် ရောက် သည့် ကာ လ ဖာ ရော မင်း သ မီး တော်၏ သား တော် ဘွဲ့ ကို ငြင်း ဆို လျက်၊
25
အ ပြစ်၌ ခေ တ္တ ပျော် ပါး သည် ထက် ဘု ရား သ ခင့် လူ မျိုး တော် နှင့် တ ကွ ညှဉ်း ပန်း ခံ လို သည် မှာ၊
26
အ ကျိုး ဆက် ကို ထောက် မျှော် ၍ ခ ရစ် တော့် အ တွက် ခံ ရ သော ကဲ့ ရဲ့ ခြင်း သည် အိ ဂျစ် ပြည် ရှိ ဘ ဏ္ဍာ ထက် ကြီး မြတ် သော စီး ပွား ဟု မှတ် ယူ လေ၏။
27
ယုံ ကြည် ခြင်း အား ဖြင့် သူ သည် မျက် မြင် မ ရ သော အ ရှင် ကို ဖူး မျှော် ရ သ ကဲ့ သို့ တည် ကြည် စွာ နေ လျက် ဘု ရင် မင်း အ မျက် ကို မ ကြောက် ဘဲ အိ ဂျစ် ပြည် ကို စွန့်၏။
28
ယုံ ကြည် ခြင်း အား ဖြင့် သူ သည် သား ဦး တို့ ကို လုပ် ကြံ သော စေ တ မန် တော် မ ထိ မ ခိုက် စေ ရန် ပ သ ခါ ပွဲ နှင့် အ သွေး သွန်း ပက် ခြင်း ဝတ် ကို စောင့် ရှောက်၏။
29
ယုံ ကြည် ခြင်း အား ဖြင့် သူ တို့ သည် ဖြတ် လိုက် ဆဲ အိ ဂျစ် လူ မျိုး တို့ ကို လွှမ်း မိုး သော ပင် လယ် နီ တစ် လျှောက် ကုန်း ပေါ် တွင် လျှောက် သ ကဲ့ သို့ ဖြတ် သွား ကြ၏။
30
ယုံ ကြည် ခြင်း အား ဖြင့် ယေ ရိ ခေါ မြို့ ကို ခု နစ် ရက် လှည့် ပတ် မိ ကြ သော် မြို့ ရိုး များ ပြို၏။
31
ယုံ ကြည် ခြင်း အား ဖြင့် ပြည် တန် ဆာ ရာ ခပ် သည် သူ လျှို တို့ ကို ငြိမ် ဝပ် စွာ လက် ခံ သော ကြောင့် နား မ ထောင် သူ တို့ နှင့် အ တူ မ ပျက် စီး ရ။
32
ထပ် မံ၍ မည် သို့ ပြော ဆို ရ ဦး မည် နည်း။ ဂိ ဒေါင်၊ ဗာ ရက်၊ ရှံ ဆုံ၊ ယေ ဖ သ၊ ဒါ ဝိဒ်၊ ရှ မွေ လ မှ စ၍ ပ ရော ဖက် တို့ အ ကြောင်း ပြန် ကြား လျှင် အ ချိန် လောက် မည် မ ဟုတ်။
33
ယုံ ကြည် ခြင်း အား ဖြင့် ထို ပု ဂ္ဂိုလ် တို့ သည် နိုင် ငံ များ ကို အောင် နိုင် ခွင့်၊ ဖြောင့် မှန် စွာ စီ ရင် ခွင့်၊ က တိ တော် များ ကို ခံ စား ခွင့်၊ ခြင်္သေ့ များ ကို နှုတ် ပိတ် ခွင့်၊
34
မီး အ ရှိန် ကို ငြိမ်း ခွင့်၊ ဓား ဘေး လွတ် ခွင့်၊ ခွန် အား နည်း သည့် အ ဖြစ် မှ ခွန် အား ကြီး ခွင့်၊ စစ် ရေး ၌ စွမ်း ရည် သ တ္တိ ရှိ ခွင့်၊ လူ မျိုး ခြား တပ် များ ကို တွန်း လှန် ခွင့် ရ ကြ၏။
35
အ ချို့ တို့ သည် သေ ခြင်း မှ ရှင် ပြန် ထ မြောက်၍ ညာ တိ ကာ မ တို့ ထံ ပြန် ရောက် ရာ အ ချို့ တို့ သည် လွန် မြတ် သော ရှင် ပြန် ထ မြောက် ခွင့် ကို ရ စေ ရန် ဘေး လွတ် ခွင့် မ ယူ ဘဲ ချိုး ဖဲ့ ဒဏ် ခံ ကြ၏။
36
ဤ လော က ထက် မြတ် သူ အ ချို့ တို့ သည် သ ရော် ခြင်း၊ ရိုက် နှက် ခြင်း သာ မ က ချည် နှောင် ခြင်း၊ ထောင် ချ ခြင်း များ ဖြင့် စုံ စမ်း ခံ လျက် ခဲ ပစ် ခြင်း၊ သွေး ဆောင် ခြင်း၊ လွှ ဖြတ် ခြင်း၊ ဓား ခုတ် ခြင်း များ ကို ခံ ကြ သည့် ပြင် သိုး ရေ၊ ဆိတ် ရေ ဝတ် လျက်၊ ခို ရာ မဲ့ လျက်၊ ညှဉ်း ပန်း ခြင်း နှိပ် စက် ခြင်း ခံ လျက်၊ တော တောင် ဥ မင် လှိုင် များ တွင် လှည့် ပြောင်း၍ နေ ကြ၏။
37
38
39
ထို သူ ရှိ သ မျှ တို့ သည် ယုံ ကြည် ခြင်း ကြောင့် အ သ ရေ ရ သော် လည်း ငါ တို့ မ ပါ ဘဲ စုံ လင် ရာ မ ရောက် နှင့် ကြ စေ ရန် လွန် ကဲ သော အ ကျိုး ကို ငါ တို့ အ ဖို့ ဘု ရား သ ခင် တင် ကူး စီ မံ တော် မူ သော ကြောင့် က တိ တော် အ တိုင်း မ ခံ စား ကြ ရ သေး။
40