1
ငါ တို့ ပြော ဆို သည့် အ ချက် ကြီး မှာ ကောင်း ကင် ဘုံ ရှိ ဘုန်း တန် ခိုး ရှင်၏ ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ သော အ ရှင်၊
2
လူ မ ဟုတ် ထာ ဝ ရ ဘု ရား စိုက် တော် မူ သော တဲ တော် စစ် နှင့် သန့် ရှင်း ရာ ဌာ န တော်၏ အ မှု တော် ဆောင် အ ရှင်၊ ထို သို့ သော ပ ရော ဟိတ် မင်း ကို ငါ တို့ ရ ရှိ ကြ ၏။
3
အ လှူ ဝ တ္တု နှင့် ပူ ဇော် သ က္ကာ များ ပါ ဆက် ကပ် ရန် ပ ရော ဟိတ် မင်း ရှိ သ မျှ ကို ခန့် ထား သည့် အ လိုက် ဆို ခဲ့ သော အ ရှင် လည်း ဆက် ကပ် ရန် ရှိ ရ၏။
4
တောင် ပေါ် မှာ သင့် အား ပြ သော ပုံ စံ နှင့် အ ညီ အ ရာ ရာ ကို လုပ် ရန် သ တိ ပြု လော့ ဟု တဲ တော် လုပ် အံ့ ဆဲ ဆဲ တွင် ဗျာ ဒိတ် တော် ကို မော ရှေ ခံ ရ သ ကဲ့ သို့ ကောင်း ကင် အ ရာ များ၏ အ တု အ ရိပ် ကို ဆောင်၍ ပ ညတ် တ ရား အ တိုင်း အ လှူ ဝ တ္ထု ဆက် ကပ် သူ များ ရှိ သော ကြောင့် ကိုယ် တော် သည် မြေ ပေါ်၌ စံ တော် မူ လျှင် ပ ရော ဟိတ် ဖြစ် တော့ သည် မ ဟုတ်။
5
6
မု ချ ဆို သော် သာ၍ မြတ် သော က တိ တော် များ နှင့် ဖွဲ့ တော် မူ သည့်၊ သာ၍ မြတ် သော ပ ဋိ ညာဉ့် ဆိုင် ရာ စေ့ စပ် သော အ ရှင် ဖြစ် တော် မူ သည့် အ လျောက် လွန် ကဲ သော ပ ရော ဟိတ် ရာ ထူး ကို ရ ရှိ တော် မူ ၏။
7
ပ ထ မ ပ ဋိ ညာဉ် မ မှား ယွင်း လျှင် ဒု တိ ယ ပ ဋိ ညာဉ် ဖွဲ့ ရန် အ ကြောင်း မ ရှိ။
8
ထို သူ တို့ ကို အ ပြစ် တင် လျက် ထာ ဝ ရ ဘု ရား က ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ နှင့် ပ ဋိ ညာဉ် သစ် ကို ငါ ဖွဲ့ မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။
9
ဘိုး ဘေး များ ကို အိ ဂျစ် ပြည် မှ လက် ဆွဲ ထုတ် ဆောင် စဉ် ကာ လ ငါ ဖွဲ့ ရာ မ တည် နေ ကြ သ ဖြင့် သူ တို့ ကို ငါ အ ရေး မ ယူ သည့် ထို ပ ဋိ ညာဉ် အ တိုင်း မ ဟုတ် ဘဲ၊
10
ထို ကာ လ နောက် ဣ သ ရေ လ အ မျိုး သား တို့ နှင့် ငါ ဖွဲ့ မည့် ပ ဋိ ညာဉ် မှာ သ ဘော ထဲ သို့ ပ ညတ် တ ရား တော် များ ကို ထည့် သွင်း ၍ နှ လုံး ပေါ် တွင် အ က္ခ ရာ တင် လျက် ငါ သည် သူ တို့ ဘု ရား သ ခင် သူ တို့ လည်း ငါ့ လူ မျိုး ဖြစ် သည့် အ လျောက်၊
11
အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား ထာ ဝ ရ ဘု ရား ကို သိ ကျွမ်း လော့ ဟူ၍ သွန် သင် ကြ ရ မည် မ ဟုတ်။ လူ ကြီး လူ ငယ် အ ပေါင်း တို့ သည် ငါ့ ကို သိ ကျွမ်း ကြ လ တ္တံ့။
12
သူ တို့၏ ဒု စ ရိုက် ကို ငါ သ နား၍ အ ပြစ် ကို လည်း မှတ် ထား တော့ မည် မ ဟုတ် ဟု မိန့် တော် မူ၏။
13
အ သစ် ဟူ၍ မိန့် တော် မူ သ ဖြင့် ပ ထ မ ပ ဋိ ညာဉ် ကို ဟောင်း စေ တော် မူ ပြီ ဟောင်း နွမ်း သော အ ရာ မှာ ပ ပျောက် လု ပြီ ဖြစ်၏။