1
ထို ကြောင့် ငါ တို့ မျော ပါ မည် စိုး၍ ကြား နာ ခဲ့ သော အ ရာ များ ကို အ ထူး ဂ ရု ပြု သင့် ကြ၏။
2
စေ တ မန် တော် များ ဖြင့် ပေး တော် မူ သော ဗျာ ဒိတ် တော် တည် မြဲ လျက် လွန် ကျူး မှု နှင့် မ လိုက် နာ မှု ရှိ သ မျှ သည် ထိုက် သင့် ရာ ပြစ် ဒဏ် ခံ ရ သည် မှန် က၊
3
ဤ မျှ လောက် ကြီး မြတ် သော ကယ် တင် ခြင်း သ တင်း တော် ကို ဂ ရု မ ပြု လျှင် ငါ တို့ သည် မည် သို့ ဘေး လွတ် ကြ အံ့ နည်း။ ထို သ တင်း တော် ကို အ စ က အ ရှင် ဘု ရား ကြား ပြော တော် မူ ပြီး နောက် ငါ တို့၌ ကြား နာ သူ တို့ တည် မြဲ စေ ကြ သည့် ပြင်၊
4
နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၊ အ မျိုး မျိုး သော အ မှု ကြီး များ နှင့် လည်း ကောင်း၊ အ လို တော် အ လျောက် ဝေ မျှ တော် မူ သည့် သန့် ရှင်း သော် ဝိ ညာဉ် တော် ဆု များ နှင့်လည်း ကောင်း ဘု ရား သ ခင် သက် သေ ခံ တော် မူ၏။
5
ကိုယ် တော် သည် ငါ တို့ ယ ခု မြွက် ဆို ကြ သည့် နောင် လော က ကို စေ တ မန် တော် များ အောက် ချ ထား တော် မူ သည် မ ဟုတ်။
6
ကျမ်း တစ် ချက် တွင် တစ် ဦး က လူ သည် မည် သို့ သော သူ ဖြစ်၍ ကိုယ် တော် အ ရေး ယူ တော် မူ ရ ပါ သ နည်း။ လူ့ သား သည် မည် သို့ သော သူ ဖြစ်၍ ကြည့် ရှု တော် မူ ရ ပါ သ နည်း။
7
လူ ကို စေ တ မန် တော် တို့ အောက် အ နည်း ငယ် သာ နိမ့် စေ တော် မူ ပြီး လျှင် ဘုန်း အ သ ရေ မ ကိုဋ် နှင့် ဆင် ယင် လျက်၊
8
အ ရာ ခပ် သိမ်း ကို သူ့ ခြေ အောက် ချ ထား တော် မူ ပါ ပြီ ဟု ဆင့် ဆို လေ၏။ အ ရာ ခပ် သိမ်း ကို သူ့ အောက် ချ ထား တော် မူ သည် ဟု ဆို သော် မ ချ မ ထား သော အ ရာ မည် သည် မျှ မ ရှိ။ သို့ ရာ တွင် အ ရာ ခပ် သိမ်း ကို သူ့ အောက် ချ ထား တော် မူ သည် ကို ယ ခု ငါ တို့ မ မြင် ရ သေး။
9
ငါ တို့ မြင် ရ သည် မှာ ဘု ရား သ ခင့် ကျေး ဇူး တော် ကြောင့် လူ တိုင်း အ ဖို့ သေ ဘေး ကြုံ ကြိုက် ရ အံ့ သော ငှာ စေ တ မန် တော် တို့ အောက် အ နည်း ငယ် အ နိမ့် ခံ ရ ပြီး လျှင် အ သေ ခံ ခြင်း ဒု က္ခ အ တွက် ဘုန်း သ ရေ မ ကိုဋ် နှင့် ဆင် ယင် ခံ တော် မူ သော ယေ ရှု ကို မြင် ရ ကြ သ တည်း။
10
အ ရာ ခပ် သိမ်း၏ အ ကြောင်း ရင်း နှင့် ပန်း တုံး တိုင် ဖြစ် သော ဘု ရား သ ခင် သည် အ များ သော သား တို့ ကို ဘုန်း ဝင် စား စေ တော် မူ သည် တွင် သူ တို့ ကယ် တင် ပိုင် ရှင် ကို ဒု က္ခ များ ဖြင့် စုံ လင် စေ တော် မူ သည် မှာ သင့် လျော် ပေ၏။
11
သီး သန့် ထား တော် မူ သော အ ရှင် နှင့် ထား သူ တို့ ပါ တစ် မျိုး တည်း ဖြစ် သည့် အ ကြောင်း ကြောင့် ထို အ ရှင် သည် ထို သူ တို့ ကို ညီ ဟူ၍ ခေါ် ခြင်း ငှာ ရှက် တော် မ မူ ဘဲ၊
12
နာ မ တော် ကို အ ကျွန်ုပ် ညီ တို့ အား ဖော် ပြ ပါ မည်။ ပ ရိ သတ် တော့် အ လယ် တွင် ကိုယ် တော် ကို ချီး မွမ်း ပါ မည် ဟူ၍ လည်း ကောင်း၊
13
ကိုယ် တော် ကို ငါ အား ကိုး ပါ မည် ဟူ ၍ လည်း ကောင်း၊ ငါ မှ စ၍ ဘု ရား သ ခင် ပေး သ နား တော် မူ သော သား သ မီး တို့ ရှိ ကြ သည် ဟူ၍ လည်း ကောင်း မြွက် ဆို တော် မူ ၏။
14
သို့ ဖြစ်၍ ထို သား သ မီး တို့ သည် အ သွေး အ သား ရှိ သူ များ ဖြစ် ကြ သည် နှင့် အ ညီ ကိုယ် တော် လည်း သေ ခြင်း တန် ခိုး ရှင် တည်း ဟူ သော မာရ် နတ် ကို အ သေ ခံ တော် မူ ခြင်း ဖြင့် ကန့် ကွက် တော် မူ ၍၊
15
သေ ခြင်း ကို ကြောက် ရွံ့ လျက် တစ် သက် လုံး ကျွန် ခံ သူ တို့ ကို လွတ် မြောက် စေ ရန် အ သွေး အ သား ဖြင့် ခံ ယူ တော် မူ၏။
16
မု ချ အား ဖြင့် ကိုယ် တော် သည် စေ တ မန် တော် များ ကို ကယ် မ တော် မူ သည် မ ဟုတ်။ အာ ဗြ ဟံ့ အ မျိုး အ နွယ် ဖြစ် သူ တို့ ကို ကယ် မ တော် မူ ၏။
17
ထို ကြောင့် ကိုယ် တော် သည် ဘု ရား သ ခင့် ဝေ ယျာ ဝ စ္စ များ တွင် က ရု ဏာ သ စ္စာ နှင့် ပြည် စုံ သော ပ ရော ဟိတ် မင်း ဖြစ် လျက် လူ မျိုး တော်၏ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရ အံ့ သော ငှာ၊
18
ညီ တော် တို့ နှင့် လုံး လုံး တူ ညီ ရန် တာ ဝန် ရှိ၏။ ကိုယ် တော် တိုင် စုံ စမ်း ရာ ရောက်၍ ဒု က္ခ ခံ တော် မူ သ ဖြင့် စုံ စမ်း ခံ ရ သူ တို့ ကို ကယ် မ တော် မူ နိုင် ၏။