1
ငါ သည် အ လွန် ဝမ်း နည်း ခြင်း၊ အ စဉ် စိတ် ပူ ဆွေး ခြင်း ရှိ သည် ဟု သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ငါ့ သြ တ္တ ပ္ပ စိတ် သက် သေ ထောက် ခံ လျက် ပင် မု သာ မ သုံး ဘဲ ခ ရစ် တော်၌ တည် သည့် အ တိုင်း အ ဟုတ် အ မှန် ဆို သည် မှာ၊
2
3
ရုပ် ခ န္ဓာ အ လျောက် ငါ့ အ မျိုး သား ချင်း၊ ငါ့ ညီ အစ် ကို ချင်း များ အ တွက် ခ ရစ် တော့် ထံ မှ ကိုယ် တိုင် ခွာ ခြင်း အ မင်္ဂ လာ ကို ခံ လို သော ဆ န္ဒ ရှိ လေ စွ တ ကား။
4
ထို သူ တို့ ကား ဣ သ ရေ လ လူ မျိုး ဖြစ် လျက် သား တော် အ ဖြစ် ရောက် ခြင်း၊ ဘုန်း ရောင် တော် လင်း ခြင်း၊ ပဋိ ညာဥ် တော် အ ထပ် ထပ် ဖွဲ့ ခြင်း၊ ပ ညတ် တ ရား ပေး ခြင်း၊ ဝတ် ပြု ကိုး ကွယ် ခြင်း၊ က တိ တော် ထား ခြင်း အ ခွင့် များ ကို ရ သူ တို့ ဖြစ် သည့် ပြင်၊
5
ဘိုး တော် ဘေး တော် များ မှ ဆင်း သက် ခွင့်၊ ရုပ် ခ န္ဓာ အ လျောက် ခ ရစ် တော် နှင့် တော် စပ် ခွင့် ရ သူ တို့ ဖြစ် ကြ သ တည်း။ ထို အ ရှင် သည် ရှိ သ မျှ အ ပေါ် တွင် အုပ် စိုး လျက် က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ နှင့် ပြည့် စုံ သော ဘု ရား ဖြစ် တော် မူ၏။ အာ မင်။
6
သို့ ရာ တွင် ဣ သ ရေ လ လူ မျိုး အ ပေါင်း တို့ သည် ဣ သ ရေ လ လူ မျိုး စစ် မ ဟုတ်။ ဣ ဇာက် မှ သာ သင့် အ မျိုး အ နွယ် ဟု သမုတ် လိမ့် မည် ဟူ သော ကျမ်း ချက် အ ရ အာ ဗြ ဟံ့ အ မျိုး အ နွယ် ရှိ သ မျှ တို့ လည်း သား မြေး စစ် မ ဟုတ် သော ကြောင့် ဘု ရား သ ခင့် ဗျာဒိတ် တော် ပျက် သည် ဟု ဆို လျှင် မ မှန် ချေ။
7
8
မု ချ ဆို သော်၊ ယ ခု အ ခါ သ မ ယ ငါ ပြန် လာ ဦး မည် ဖြစ်၍ စာ ရာ သည် သား ကို ရ လိမ့် မည် ဟူ သော ဗျာ ဒိတ် တော် မှာ က တိ တော် ဖြစ် သ ဖြင့် ရုပ် ခ န္ဓာ အ လျောက် ရ သော သား တို့ သည် ဘု ရား သ ခင် ၏ သား မှန် မ ဟုတ်၊ က တိ တော် အ တိုင်း ရ သော သား တို့ ကို သာ အ မျိုး အ နွယ် ဟု မှတ် ယူ တော် မူ၏။
9
10
ထို မျှ မ က ငါ တို့ အ ဘ ဣ ဇာက် ဖြင့် ရေ ဗ က္က သန္ဓေ ရ၍၊
11
အ ဘ တူ ထို သား တို့ မ ဖွား သေး ဘဲ အ ဆိုး အ ကောင်း ကို မျှ မ ပြု ရ သေး မီ ပင် ကိုယ် ကျင့် ကြောင့် မ ဟုတ်၊ ခေါ် ထား တော် မူ သော အ ရှင် ကြောင့် သာ ရွေး ကောက် တော် မူ ခြင်း အ လျောက် ဖြစ် သော ဘု ရား သ ခင့် အ ကြံ တော် တည် စေ ခြင်း ငှါ၊
12
သား ကြီး သည် သား ငယ့် ထံ ကျွန် ခံ ရ လိမ့် မည် ဟု ရေ ဗ က္က အား ဗျာ ဒိတ် တော် ရှိ ၏။
13
ထို အ တိုင်း ပင် ယာ ကုပ် ကို မေ တ္တာ ရှိ သော် လည်း၊ ဧ သော ကို မေ တ္တာ မဲ့ လျက် ငါ နေ ခဲ့ သည် ဟု ကျမ်း ချက် ရှိ သေး သ တည်း။
14
သို့ ဖြစ် လျှင် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင်၌ မ တ ရား ခြင်း ရှိ သ လော။ ထို သို့ မ ဖြစ် စေ ရာ။
15
မော ရှေ အား ကိုယ် တော် က၊ ငါ သ နား မည့် သူ့ ကို သ နား မည်။ ငါ စာ နာ မည့် သူ့ ကို လည်း စာ နာ မည် ဟု မိန့် တော် မူ သည် နှင့် အ ညီ၊
16
သ ဘော ထား သူ၊ လုံ့ လ ထုတ် သူ ကြောင့် မ ဟုတ်။ သ နား တော် မူ သော ဘု ရား သ ခင် ကြောင့် သာ တည်း။
17
ဖာ ရော မင်း အား လည်း သင်၌ ငါ့ တန် ခိုး ကို ပြ ခြင်း ငှါ လည်း ကောင်း၊ ငါ့ နာ မ ကို မြေ တစ် ပြင် လုံး နှံ့ ကြေ ညာ စေ ခြင်း ငှါ လည်း ကောင်း၊ သင့် ကို ငါ ပေါ် ထွန်း စေ ခဲ့ ပြီ ဟု ကျမ်း ဆို ရှိ သည် နှင့် အ ညီ၊
18
သ ဘော တော် အ တိုင်း သ နား တော် မူ၏။ သ ဘော တော် အ တိုင်း လည်း စိတ် ခဲ ယဉ်း စေ တော် မူ ၏။
19
သို့ ဖြစ် လျှင် သင် က၊ အ ဘယ် ကြောင့် အ ပြစ် တင် တော် မူ သေး သ နည်း။ သ ဘော တော် ကို မည် သူ ခု ခံ သ နည်း ဟု မေး ခဲ့ သော်၊
20
အို အ ချင်း လူ၊ ထို သို့ မ မေး သင့်။ ဘု ရား သ ခင့် အား ဆင် ချေ တက် သော သင် ကား မည် သူ နည်း။ ချ ထား သော ပုံ က၊ ပုံ ချ သူ့ အား ငါ့ ကို အ ဘယ် ကြောင့် ဤ သို့ လုပ် ထား ပါ သ နည်း ဟု မေး မြန်း မည် လော။
21
အိုး ထိန်း သည် မြေ စေး တစ် ပုံ ထဲ မှ အိုး ယုတ် အိုး မြတ် လုပ် နိုင် ရန် မြေ စေး ပေါ် တွင် အ ခွင့် မ ရှိ လော။
22
အ ကယ်၍ ဘု ရား သ ခင် သည် ယု ဒ လူ မျိုး အ နက် သာ မ ဟုတ်၊ လူ မျိုး ခြား တို့ အ နက် လည်း ငါ တို့ ကို ခေါ် ထား တော် မူ သည့် အ လျောက် ဘုန်း ပွင့် ခြင်း အ ဖို့ ပြင် ဆင် ပြီး သော ကျေး ဇူး တော့် ဆိုင် ရာ အိုး များ ၌ ကြွယ် ဝ သော ဘုန်း တော် ကို ဖော် ပြ ခွင့် ရ အံ့ သော ငှါ အ မျက် တော် ကို ထင် ရှား စေ ၍ တန် ခိုး တော် ကို လည်း ဖော် ပြ မည့် သ ဘော တော် ရှိ လျက် ပင် ပျက် စီး ခြင်း အ ဖို့ အ ရံ သင့် သော အ မျက် တော့် ဆိုင် ရာ အိုး များ ကို အ လွန် စိတ် ရှည် စွာ သည်း ခံ တော် မူ လျှင် မည် သို့ နည်း။
23
24
25
ထို အ တိုင်း ပင်၊ ဟော ရှေ ကျမ်း တွင် လူ မျိုး တော် မ ဟုတ် သူ့ ကို လူ မျိုး တော်၊ မေ တ္တာ မဲ့ သူ့ ကို မေ တ္တာ ရှိ ဟု ငါ သ မုတ် မည် ဟူ ၍ လည်း ကောင်း၊
26
ငါ့ လူ မျိုး မ ဟုတ် ဟု အ ခေါ် ခံ ရ သော နေ ရာ၌ ပင် အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် သား များ ဟု အ ခေါ် ခံ ရ ကြ လ တ္တံ့ ဟူ ၍ လည်း ကောင်း မိန့် တော် မူ ၏။
27
ဣ သ ရေ လ လူ မျိုး နှင့် စပ်၍ လည်း ဟေ ရှာ ယ က၊ ဣ သ ရေ လူ အ မျိုး သား တို့ သည် သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ များ ပြား သော် လည်း ထာ ဝ ရ ဘု ရား သည် ဤ မြေ ကြီး ပေါ် တွင် ပြ ဌာန်း တော် မူ ချက် ကို အ ဆော တ လျင် အ ပြီး သတ် စီ ရင် တော် မူ မည့် အ လျောက် အ ကြွင်း အ ကျန် သာ ကယ် တင် ရာ ရောက် ကြ လိမ့် မည် ဟု ကြွေး ကြော် ကြ ၏။
28
29
ထို နည်း တူ ပင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ တို့၌ မျိုး စေ့ ကို ချန် ထား တော် မ မူ လျှင် ငါ တို့ သည် သော ဒုံ မြို့ ကဲ့ သို့ လည်း ကောင်း၊ ဂေါ မော ရ မြို့ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ခဲ့ ကြ လေ ပြီ ဟု ဟေ ရှာ ယ ဟော နှင့် သ တည်း။
30
သို့ ဖြစ် လျှင် မည် သို့ ဆို ရ အံ့ နည်း။ ဖြောင့် မတ် ခြင်း ကို မ လိုက် မ ရှာ သော လူ မျိုး ခြား တို့ သည် ယုံ ကြည် ခြင်း ကြောင့် ဖြစ် သော ဖြောင့် မတ် ခြင်း ကို ခံ ရ ကြ ရာ၊
31
ဖြောင့် မတ် ခြင်း တ ရား ကို လိုက် ရှာ သော ဣ သ ရေ လ လူ မျိုး တို့ မူ ကား ထို တ ရား ကို မ မှီ ကြ ချေ။
32
အ သို့ နည်း ဟု ဆို သော် ယုံ ကြည် ခြင်း အား ဖြင့် မ ဟုတ်။ ကိုယ် ကျင့် အား ဖြင့် လိုက် ရှာ၍ တိုက် လဲ ရာ ကျောက် ကို တိုက် လဲ ကြ သော ကြောင့် တည်း။
33
ထို အ တိုင်း ပင် ကြည့် လော့။ တိုက် လဲ ရာ ကျောက်၊ ထိ လဲ ရာ ကျောက် ကို ဇိ အုန် မြို့၌ ငါ ချ ထား၏။ ကိုယ် တော် ကို ယုံ ကြည် သူ သည် အ ရှက် မ ကွဲ ရ ဟု ကျမ်း ဆို ရှိ သ တည်း။