1
ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။
2
ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။
3
သင် တို့ ဘောင် တွင် လူ ရှိ သ မျှ အား ငါ ခံ စား ရ သော ကျေး ဇူး တော် ကြောင့် ထပ် ဆို သည် ကား၊ ကိုယ် ကို ထင် သင့် သည် ထက် လွန်၍ မ ထင် ဘဲ အ သီး အ သီး တို့ အား ဘု ရား သ ခင် ဝေ မျှ တော် မူ သော ယုံ ကြည် ခြင်း ပ မာ ဏ အ တိုင်း သင့် လျော် စွာ ထင် ကြ လော့။
4
တစ် ကိုယ် တည်း၌ အ လုပ် ချင်း မ တူ သော အင်္ဂါ အ များ ရှိ သည့် နည်း တူ၊
5
ခ ရစ် တော်၌ တစ် ကိုယ် တည်း ဖြစ် သော ငါ တို့ အ များ သည် အ သီး အ ခြား အင်္ဂါ ချင်း ဖြစ် ကြ၏။
6
ငါ တို့ ခံ စား ရ သော ကျေး ဇူး တော် အ လျောက် ကွဲ ပြား သော ဆု တော် များ ကို ရ ကြ သော ကြောင့် ဟော ပြော ဆု ဖြစ် လျှင် ယုံ ကြည် ခြင်း ပ မာ ဏ အ တိုင်း ဟော ပြော ခြင်း၊
7
အ မှု တော် ဆောင် ဆု ဖြစ် လျှင် ဆောင် ရွက် ခြင်း၊ သင် ကြား ဆု ဖြစ် လျှင် သင် ကြား ခြင်း၊
8
နှိုး ဆော် ဆု ဖြစ် လျှင် နှိုး ဆော် ခြင်း များ ကို ပြု ကြ ကုန် အံ့။ ပေး ကမ်း သူ သည် နှ မြော ကင်း လျက် ဦး ဆောင် သူ သည် လုံ့ လ ထုတ် လျက် ထောက် မ သူ သည် စိတ် ကြည် လင် လျက် ပြု ကြ စေ။
9
ဟန် မ ဆောင် ဘဲ ချစ် ကြ လော့။ အ ဆိုး ကို ရွံ ရှာ၍ အ ကောင်း ကို မှီ ဝဲ လျက်၊
10
ညီ အစ် ကို ချင်း အ ဖြစ် သင်္ဂ ဟ ဝတ် အ တိုင်း တစ် ယောက် ကို တစ် ယောက် ချစ်၍ ကိုယ့် ထက် ဂုဏ် တင် လျက်၊
11
မ ဖင့် မ နွှဲ လုံ့ လ ထုတ် လျက်၊ စိတ် စေ တ နာ ထက် သန် လျက်၊ အ ရှင် ဘု ရား၏ အ စေ တော် ကို ခံ လျက်၊
12
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
13
14
သင် တို့ ကို ညှဉ်း ပန်း သော သူ တို့ အား၊ မ ကျိန် ဆဲ ဘဲ မေ တ္တာ ပို့၍ ကောင်း ကြီး ပေး ကြ လော့။
15
ရွှင် လန်း သူ တို့ နှင့် ရွှင် လန်း ခြင်း၊ ငို ကြွေး သူ တို့ နှင့် ငို ကြွေး ခြင်း ပြု ကြ လော့။
16
စိတ် ကြီး မ ဝင်၊ ဉာဏ် ကောင်း သည် ဟု မ ထင် ဘဲ အ နိမ့် အ ညံ့ နှင့် ရောင့် ရဲ လျက် အ ချင်း ချင်း တစ် သ ဘော တည်း ရှိ ကြ လော့။
17
အ ဆိုး အ တွက် အ ဆိုး ကို မ တုံ့ မ ပြန် ဘဲ လူ ခပ် သိမ်း တို့ ရှေ့ သင့် လျော် စွာ ပြု မူ ကြံ စည် ကြ လော့။
18
ကိုယ့် တာ ဝန် အ တိုင်း လူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ကြ လော့။
19
လက် စား ချေ ခြင်း သည် ငါ ပိုင် ဖြစ် သည့် အ လျောက် ငါ ဆပ် ပေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကျမ်း ချက် ရှိ သ ဖြင့် အို ချစ် သူ တို့၊ ကိုယ် တိုင် လက် စား မ ချေ ဘဲ အ မျက် တော် ဒဏ် ကို ခွင့် ပြု ကြ လော့။
20
သင်၏ ရန် သူ သည် ဆာ မွတ် လျှင် ကျွေး မွေး လော့။ ငတ် လျှင် လည်း တိုက် လော့။ ထို သို့ ပြု ခြင်း အား ဖြင့် သူ့ ဦး ခေါင်း ပေါ် မှာ မီး ကျီး ပုံ သ ကဲ့ သို့ ဖြစ် စေ လိမ့် မည်။
21
အ ဆိုး ပြု၍ အ ရှုံး မ ခံ နှင့်။ အ ကောင်း ပြု ၍ အ ဆိုး ကို အောင် မြင် လော့။