1
စိတ် သန် သော ငါ တို့ သည် စိတ် နုန့် သူ တို့၏ အား နည်း ခြင်း ဝန် များ ကို ထမ်း သင့်၏။ ကိုယ့် စိတ် တွေ့ တိုင်း မ ပြု ဘဲ အ သီး အ သီး တို့ သည်၊
2
အ ပေါင်း အ ဖော်၌ ဆောက် တည် ခြင်း ကောင်း ကျိုး ရှိ စေ ရန် သူ့ စိတ် တွေ့ တိုင်း ပြု ကြ ကုန် အံ့။
3
ကိုယ် တော် ကို ကဲ့ ရဲ့ သူ တို့၏ ကဲ့ ရဲ့ ခြင်း များ သည် အ ကျွန်ုပ် အ ပေါ် သို့ သင့် ရောက် ပါ သည် ဟူ သော ကျမ်း ချက် ရှိ သည့် အ တိုင်း ခ ရစ် တော် ပင် ကိုယ့် စိတ် တွေ့ တိုင်း ပြု တော် မ မူ။
4
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
5
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သ ခင် ဘုန်း တော် ကို တစ် စိတ် တည်း၊ တစ် သံ တည်း ချီး မွမ်း ခွင့် ရှိ စေ ခြင်း ငှါ တည် ကြည် ခြင်း နှင့် နှစ် သိမ့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ အား ခ ရစ် တော် ယေ ရှု၏ ပုံ စံ တော် အ လိုက် တစ် သ ဘော တည်း အ ဖြစ် ကို သ နား တော် မူ ပါ စေ သော။
6
7
သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။
8
ထို သို့ ဆို သော် ဘု ရား သ ခင့် သ စ္စာ တော် ကို ထောက်၍ ခ ရစ် တော် သည် ဘိုး ဘေး တို့ အား ထား တော် မူ ခဲ့ သော က တိ တော် များ ကို အ တည် ပြု ခြင်း ငှါ လည်း ကောင်း၊ ဘု ရား သ ခင်၏ က ရု ဏာ တော် အ တွက် ဘုန်း တော် ကို လူ မျိုး ခြား တို့ ချီး မြှောက် ခွင့် ရှိ စေ ခြင်း ငှါ လည်း ကောင်း၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ဆိုင် ရာ အ မှု တော် ဆောင် ဖြစ် တော် မူ၏။ ထို အ တိုင်း ပင် ကိုယ် တော်၏ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင် အ ကျွန်ုပ် ချီး မွမ်း ပါ မည်။ နာ မ တော် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို ပါ မည် ဟူ၍ လည်း ကောင်း၊
9
10
အို လူ မျိုး ခြား တို့၊ လူ မျိုး တော် နှင့် အ တူ ရွှင် လန်း ကြ လော့ ဟူ၍ လည်း ကောင်း။
11
လူ မျိုး ခြား ရှိ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။ လူ အ မျိုး မျိုး တို့ ချီး မြှောက် ကြ စေ ဟူ၍ လည်း ကောင်း ဗျာ ဒိတ် တော် ရှိ သည် ပြင်။
12
ယေ ရှဲ၏ အ မြစ် အ ညွန့် ထွက် မည့် အ လျောက် လူ မျိုး ခြား တို့ သည် ကိုယ့် အ ပေါ် တွင် အုပ် စိုး ရန် ပေါ် ထွန်း သော ထို အ ရှင် ကို အား ကိုး မျှော် လင့် ကြ လိမ့် မည် ဟု ဟေ ရှာ ယ ဆင့် ဆို သ တည်း။
13
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
14
ညီ အစ် ကို တို့၊ သင် တို့ သည် ပါ ရ မီ နှင့် လည်း ကောင်း၊ အ သိ ပ ညာ နှင့် လည်း ကောင်း စုံ လင် ပြည့် လျှံ သည် ဖြစ်၍ အ ချင်း ချင်း ပဲ့ ပြင် နိုင် ကြောင်း ငါ စိတ် ချ လျက် ရှိ သော် လည်း၊
15
သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် သန့် ရှင်း၍ နှစ် သက် တော် မူ ဖွယ် ပူ ဇော် သ က္ကာ အ ဖြစ် လူ မျိုး ခြား တို့ ကို ဆက် ကပ် ရ အံ့ သော ငှါ ဘု ရား သ ခင့် သ တင်း တော် ဝတ် ကို ပူ ဇော် လျက် လူ မျိုး ခြား တို့ တွင် ခ ရစ် တော် ယေ ရှု၏ အ မှု တော် ဆောင် အ ဖြစ် ဘု ရား သ ခင် ကျေး ဇူး တော် ကို ခံ စား ရ သည့် အ လျောက် ငါ့ ကိုယ် တိုင် သ တိ ပေး၍ ရဲ ရင့် စွာ ရေး လိုက်၏။
16
17
ထို အ ဖြစ် နှင့် ငါ သည် ဘု ရား သ ခင် အား ဝတ် ပြု ခွင့် ကို ထောက်၍ ခ ရစ် တော် ယေ ရှု၌ ဂုဏ် ရောက်၏။
18
နိ မိတ် လ ဏ္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၏ တန် ခိုး နှင့် လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး နှင့် လည်း ကောင်း၊ ငါ့ အ ပြော အ ဆို အ ပြု အ မူ များ အား ဖြင့် လူ မျိုး ခြား တို့ လိုက် နာ စေ အံ့ သော ငှါ ခ ရစ် တော် ပြု တော် မူ သော အ ရာ များ ကို သာ ငါ ပြော ဝံ့ သည့် အ တိုင်း ငါ သည် ယေ ရု ရှ လင် မြို့ က ဣ လု ရိ ပြည် တိုင် အောင် ဒေ သ စာ ရီ လှည့် လည် လျက် ခ ရစ် တော်၏ သ တင်း တော် မြတ် ကို အ ကုန် အ စင် ကြား ပြော ခဲ့ ပြီ။
19
20
ထို သို့ ကိုယ် တော့် အ ကြောင်း သ တင်း မ ရ သူ တို့ သည် ဖူး မြင် ခွင့်၊ မ ကြား ရ သူ တို့ လည်း နား လည် ခွင့် ရ ကြ မည် ဟူ သော ကျမ်း ချက် အ ရ အ ခြား သူ ချ ထား သော တိုက် မြစ် အ ပေါ် မှာ မ တည် မ ဆောက် မိ စေ ရန် ခ ရစ် တော်၏ နာ မ တော် ကို မ ကြား ဘူး သော အ ရပ် များ တွင် သာ ဟော ပြော ရန် သ ဘော ရှိ ခဲ့၏။
21
22
ထို အ မှု ကြောင့် ငါ သည် သင် တို့ ထံ မ လာ ဖြစ် ဘဲ ကြိမ် ဖန် များ စွာ ရှိ နေ ရ သော် လည်း၊
23
ဤ နယ် များ အ တွင်း ဆက် လက် ဟော ပြော ရန် မ ရှိ သော ကြောင့် နှစ် ပေါင်း များ စွာ သင် တို့ ထံ ရောက် လို သည် နှင့် အ ညီ၊
24
စ ပိန် ပြည် သို့ သွား ဖြစ် လျှင် သင် တို့ ကို တွေ့ မြင်၍ အာ ရုံ ဖြေ ပြီး မှ အ ပို့ အ ဆောင် ခံ မည် ဟု မျှော် လင့်၏။
25
ယ ခု မှာ မူ ယေ ရု ရှ လင် မြို့ ရှိ ဆင်း ရဲ သော တ ပည့် တော် တို့ အ တွက် မာ ကေ ဒေါ နိ ပြည်၊ အ ခါ ယ ပြည် နေ အ သင်း တော် သား တို့ သည် စေ တ နာ အ လျောက် ဒါ န စု ဆောင်း ကြ သ ဖြင့် ထို မြို့ ရှိ တ ပည့် တော် တို့ ကို ထောက် ပံ့ ရန် ငါ သွား ရ၏။
26
27
စေ တ နာ အ လျောက် ဆို သော် လည်း နာမ် ဝိ ညာဉ် ဆိုင် ရာ ဒါ န ကို လူ မျိုး ခြား တို့ ဆက် ဆံ ခွင့် ရ ကြ လျှင် ရုပ် ခ န္ဓာ ဆိုင် ရာ ဝတ် တုံ့ ပြု ရန် တာ ဝန် ရှိ ကြ ၏။
28
ထို အ မှု ကို ငါ ဆောင် ရွက် ပြီး စီး သ ဖြင့် သူ တို့ ကောင်း ကျိုး ကို တံ ဆိပ် ခတ် ပြီး လျှင် သင် တို့ ထံ ဝင်၍ စ ပိန် ပြည် သို့ သွား မည်။
29
သင် တို့ ထံ ငါ လာ သည့် ကာ လ၌ လည်း ခ ရစ် တော်၏ ကောင်း ကြီး မင်္ဂ လာ အ ပြည့် အ စုံ နှင့် ရောက် လာ မည် ကို ငါ သိ ၏။
30
အို ညီ အစ် ကို တို့၊ ငါ သည် ယု ဒ ပြည် နေ မ နာ မ ယူ သူ တို့ လက် မှ လွတ် မြောက် ခွင့်၊ ထောက် ပံ့ မှု လည်း ယေ ရု ရှ လင် မြို့ ရှိ တ ပည့် တော် တို့ ရှေ့ လက် ခံ ဖွယ် ဖြစ် ခွင့် ရှိ သ ဖြင့် ဘု ရား သ ခင့် အ လို တော် အ တိုင်း သင် တို့ ထံ ရွှင် လန်း စွာ ရောက် လာ လျက် သင် တို့ နှင့် အ တူ ချမ်း သာ ရ စေ ရန် ငါ့ အ ဖို့ ဘု ရား သ ခင့် ထံ ငါ့ နည်း တူ လုံ့ လ နှင့် ပ ဌ နာ ပြု ကြ မည့် အ ကြောင်း ငါ တို့ အ ရှင် ယေ ရှု ခရစ် ကို လည်း ကောင်း၊ ဝိ ညာဉ် တော် ကြောင့် ရ သော ချစ် ခြင်း မေ တ္တာ ကို လည်း ကောင်း၊ တိုင် တည် လျက် နှိုး ဆော် ပါ၏။
31
32
33
ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ ရှိ သ မျှ နှင့် အ တူ ရှိ တော် မူ ပါ စေ သော။ အာ မင်။