1
သို့ ဖြစ် လျှင် မည် သို့ ဆို ရ အံ့ နည်း။ ငါ တို့ သည် ကျေး ဇူး တ ရား ဖောင်း ပွ စေ ရန် အ ပြစ် တ ရား၌ တည် နေ ရ ဦး မည် လော။
2
ထို သို့ မ ဖြစ် စေ ရာ။ အ ပြစ် တ ရား အ ရာ၌ သေ ခဲ့ သော ငါ တို့ သည် ထို တ ရား၌ မည် သို့ ဆက် လက် နေ ထိုင် ရ ဦး မည် နည်း။
3
ခ ရစ် တော် ယေ ရှု ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခဲ့ သ မျှ သော ငါ တို့ သည် သေ တော် မူ ခြင်း ထဲ သို့ ခံ ခဲ့ ကြောင်း သင် တို့ မ သိ ကြ လော။
4
သို့ ဖြစ်၍ ခ ရစ် တော် သည် ခ မည်း တော်၏ ဘုန်း တန် ခိုး တော် ကြောင့် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ သည့် နည်း တူ ငါ တို့ လည်း အ သစ် အ သက် ရှင် လျက် ကျင့် ကြံ ပြု မူ အံ့ သော ငှါ သေ တော် မူ ခြင်း ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ဖြင့် ကိုယ် တော် နှင့် အ တူ သင်္ဂြိုဟ် ခံ ရ ကြ ၏။
5
သေ တော် မူ ခြင်း စံ တော် နှင့် ပူး စိုက် ခြင်း ခံ သည် မှန် လျှင် သေ လွန် ခဲ့ သူ သည် အ ပြစ် နှင့် တ ရား သေ လွတ် ပြီး သည့် အ လျောက် အ ပြစ် တ ရား တည် ရာ ခ န္ဓာ ပျက် သ ဖြင့် ထို တ ရား အောက် ဆက် လက် ကျွန် မ ခံ ရ စေ ရန် ငါ တို့၏ လူ ဟောင်း ကို ကိုယ် တော် နှင့် တ ကွ ကား တင် ကြောင်း သိ မှတ် သော ငါ တို့ သည် ရှင် ပြန် ထ မြောက် တော် မူ ခြင်း စံ တော် နှင့် ပူး စိုက် ခြင်း ခံ ကြ ရ လိမ့် မည်။
6
7
8
ခ ရစ် တော် နှင့် အ တူ သေ ပြီး ဖြစ် သည် မှန် လျှင် လည်း သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ သော ခ ရစ် တော့် အ ပေါ် တွင် သေ ခြင်း တ ရား အုပ် စိုး ခွင့် ကို နောင် မ ရ သ ဖြင့် နောက် တစ် ဖန် သေ တော် မူ ရ မည် မ ဟုတ် ကြောင်း သိ သော ငါ တို့ သည် ကိုယ် တော် နှင့် အ တူ ရှင် လိမ့် မည် ဟု ယုံ ကြည် ကြ ၏။
9
10
ကိုယ် တော် အ သေ ခံ တော် မူ သည် မှာ အ ပြစ် တ ရား အ ရာ၌ တစ် ကြိမ် သာ ခံ တော် မူ၏။ အ သက် ရှင် တော် မူ သည် မှာ ဘု ရား သ ခင့် အ ဖို့ ရှင် တော် မူ၏။
11
ထို နည်း တူ ပင် သင် တို့ သည် အ ပြစ် တ ရား အ ရာ၌ အ သေ ဖြစ် လျက် ဘု ရား သ ခင့် အ ဖို့ မူ ကား ခ ရစ် တော် ယေ ရှု၌ ရှင် နေ သည် ဟု မှတ် ယူ ကြ လော့။
12
ထို ကြောင့် ကိုယ် ခ န္ဓာ၏ တပ် မက် ခြင်း ကို လိုက် နာ စေ ရန် သင် တို့၏ အ နိ စ္စ ခ န္ဓာ၌ အ ပြစ် တ ရား မင်း မ မူ စေ လင့်။
13
ကိုယ် အင်္ဂါ များ ကို လည်း ဒု စ ရိုက် လက် နက် အ ဖြစ် အ ပြစ် တ ရား အား ဆက် သ လျက် မ နေ ကြ လင့်။ သင် တို့ ကိုယ် ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် သူ့ အ ဖြစ် ဖြင့် လည်း ကောင်း၊ ကိုယ် အင်္ဂါ များ ကို သု စ ရိုက် လက် နက် အ ဖြစ် ဖြင့် လည်း ကောင်း၊ ဘု ရား သ ခင် အား ဆက် သ ကြ လော့။
14
သင် တို့ သည် ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ နေ ကြ သည့် အ လျောက် ကိုယ့် အ ပေါ် တွင် အ ပြစ် တ ရား မ အုပ် စိုး ရ။
15
သို့ ဖြစ် လျှင် မည် သို့ နည်း။ ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ သော ကြောင့် ငါ တို့ ပြစ် မှား လျက် နေ ရ ကြ မည် လော။
16
ထို သို့ မ ဖြစ် စေ ရာ။ အ ကြင် တ ရား ထံ လိုက် နာ ရန် ကျွန် အ ဖြစ် ကိုယ် ကို ဆက် သ လျှင် သေ စေ တတ် သော ပြစ် မှား ခြင်း တ ရား ဖြစ် စေ၊ ဖြောင့် မတ် စေ တတ် သော နာ ခံ ခြင်း တ ရား ဖြစ် စေ၊ လိုက် နာ ကြ သော ထို တ ရား၏ ကျွန် ဖြစ် သည် ကို သင် တို့ မ သိ ကြ လော။
17
သင် တို့ သည် အ ပြစ် တ ရား၏ ကျွန် များ ဖြစ် ခဲ့ သော် လည်း။ သင် ကြား ရ သော ဒေ သ နာ နည်း ကို စိတ် စေ တ နာ နှင့် လိုက် နာ လျက်၊ အ ပြစ် တ ရား မှ လွတ် သ ဖြင့်၊ ဖြောင့် မတ် ခြင်း တ ရား၏ ကျွန် များ ဖြစ် ကြ သော ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး လှ ပေ၏။
18
19
ဇာ တိ သ ဘော အ လိုက် သင် တို့ အား နည်း သော ကြောင့် လူ့ စ ရိုက် အ တိုင်း ငါ ဆို ရ လျှင် သင် တို့ သည် ကိုယ် အင်္ဂါ များ ကို ဒု စ ရိုက် အ လို့ ငှါ ညစ် ညှူး ခြင်း၊ မ တ ရား ခြင်း၏ ကျွန် အ ဖြစ် ဆက် သ ဖူး ကြ သ ကဲ့ သို့ ပင် ယ ခု မှာ၊ သန့် ရှင်း ခြင်း အ လို့ ငှါ ဖြောင့် မတ် ခြင်း၏ ကျွန် အ ဖြစ် ဆက် သ ကြ လော့။
20
သင် တို့ သည် ဖြောင့် မတ် ခြင်း တ ရား နှင့် ကင်း လျက် အ ပြစ် တ ရား၏ ကျွန် ဖြစ် ကြ စဉ် ကာ လ၊
21
ခံ စား ရ သော အ ကျိုး ကား အ သို့ နည်း။ သေ ခြင်း၌ အ ဆုံး ရောက် သည့် အ လျောက်၊ သင် တို့ ယ ခု ရှက် သော အ ရာ များ သာ တည်း။
22
ယ ခု မှာ မူ သင် တို့ သည် အ ပြစ် တ ရား မှ လွတ် လျက် ဘု ရား သ ခင်၏ ကျွန် အ ဖြစ် သို့ ရောက် သော ကြောင့် သန့် ရှင်း ခြင်း အ လို့ ငှါ အ ကျိုး ခံ စား ရ သည် ပြင် အ ဆုံး၌ ထာ ဝ ရ အ သက် ရ ကြ လိမ့် မည်။
23
အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။