လုကာ-17

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ၎င်း ပြင် တ ပည့် တော် တို့ အား ကိုယ် တော် က တိုက် လဲ စေ ရန် အ ကြောင်း များ မ ပေါ် လာ ဘဲ မ ရှိ နိုင် သော် လည်း ပေါ် လာ စေ သော သူ၌ အ မင်္ဂ လာ ရှိ၏။
  • 2 ထို သူ သည် ဤ သူ ငယ် တစ် ယောက် ယောက် ကို တိုက် လဲ စေ သည် ထက် လည် တွင် ကြိတ် ဆုံ ကျောက် ဆွဲ လျက် ပင် လယ်၌ ပစ် ချ ခံ ရ လျှင် ကောင်း သေး ၏။
  • 3 ကိုယ် ကို သ တိ မူ ကြ လော့။ ညီ အစ် ကို ချင်း သည် သင့် ကို ပြစ် မှား မိ လျှင် ဆုံး မ လော့။ နောင် တ ရ လျှင် ဖြေ လွှတ် လော့။
  • 4 တစ် နေ့ အ တွင်း ခု နစ် ကြိမ် တိုင် ပြစ် မှား လျက် ကျွန်ုပ် နောင် တ ရ ပါ ပြီ ဟူ ၍ ခု နစ် ကြိမ် တိုင် ဝန် ချ လာ လျှင် ဖြေ လွှတ် ရ မည် ဟု မိန့် တော် မူ ၏။
  • 5 အ ရှင် ဘု ရား အား တ မန် တော် တို့ က တ ပည့် တော် တို့ ယုံ ကြည် ခြင်း ကို တိုး ပွား စေ တော် မူ ပါ ဟု လျှောက် ကြ သော်၊
  • 6 အ ရှင် ဘု ရား က၊ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ ပိုး စာ ပင် အား အ မြစ် ပါ ကျွတ် ၍ ပင် လယ် ထဲ၌ ပေါက် လော့ ဟု ဆို သော် နား ထောင် လိမ့် မည်။
  • 7 သင် တို့ တွင် လယ် ထွန် ဖြစ် စေ၊ သိုး ကျောင်း ဖြစ် စေ ခိုင်း သော ကျွန် သည် လယ် ပြင် မှ ပြန် သည့် ကာ လ အ မြန် လာ၍ စား ပွဲ ထိုင် လော့ ဟု ဆို မည့် သူ ရှိ သ လော။
  • 8 ထို သို့ မ ဆို ဘဲ ငါ စား သောက် ရန် ပြင် ဆင် လော့။ စား သောက် စဉ် ခါး စည်း လျက် လုပ် ဆောင် လော့။ ပြီး မှ စား သောက် တော့ ဟု ဆို မည် မ ဟုတ် လော။
  • 9 အ မိန့် အ တိုင်း ဆောင် ရွက် သော ကြောင့် ကျွန် ကို ကျေး ဇူး တင် တတ် သ လော။
  • 10 ထို နည်း တူ သင် တို့ လည်း အ မိန့် တော် အ တိုင်း အ ပြီး သတ် ဆောင် ရွက် သော် ငါ တို့ သည် အ သုံး မဲ့ ကျွန် များ ဖြစ် ကြ၏။ ဆောင် ရွက် ရန် ကိုယ့် တာ ဝန် ကို သာ ဆောင် ရွက် ခဲ့ ပြီ ဟူ၍ အောက် မေ့ ကြ ဟု မိန့် တော် မူ၏။
  • 11 ယေ ရု ရှ လင် မြို့ သို့ ခ ရီး သွား စဉ် ရှ မာ ရိ နယ် နှင့် ဂါ လိ လဲ နယ် စပ် ကြား တွင် လျှောက် ကြွ၍၊
  • 12 ရွာ တစ် ရွာ သို့ ဝင် ရောက် တော် မူ သည့် ကာ လ လူ နူ ဆယ် ယောက် တို့ သည် ကြို ဆို၍ အို ယေ ရှု သ ခင်၊ သ နား တော် မူ ပါ ဟု အ ဝေး က ရပ် လျက် အ သံ ကျယ် စွာ လျှောက် ထား ကြ၏။
  • 13
  • 14 ကိုယ် တော် သည် မြင် တော် မူ သော် ပ ရော ဟိတ် တို့ ထံ သွား၍ ကိုယ် ကို ပြ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း သူ တို့ သွား စဉ် ပင် သန့် ရာ ရောက် ကြ၏။
  • 15 ရော ဂါ ကင်း ပျောက် ကြောင်း ကို တစ် ယောက် ယောက် သိ မြင် သော်၊ ဘု ရား သ ခင့် ဘုန်း တော် ကို ကျယ် သော အ သံ နှင့် ချီး မြောက် လျက် ပြန် လာ ပြီး လျှင်၊
  • 16 ခြေ တော် ရင်း တွင် ပျပ် ဝပ်၍ ကျေး ဇူး တော် ကို ချီး မွမ်း၏။ ထို သူ ကား ရှ မာ ရိ လူ မျိုး တည်း။
  • 17 ထို အ ခါ ယေ ရှု က၊ ဆယ် ယောက် တို့ သည် သန့် ရာ ရောက် ကြ သည် မ ဟုတ် လော။ ကိုး ယောက် မူ ကား အ ဘယ် မှာ နည်း။
  • 18 ဤ လူ မျိုး ခြား မှ တစ် ပါး ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် ရန် ပြန် လာ သူ တစ် ဦး မျှ မ ရှိ လော ဟု မေး ပြီး လျှင် ထ သွား တော့၊
  • 19 သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု ထို သူ့ အား မိန့် တော် မူ၏။
  • 20 ဘု ရား သ ခင့် နိုင် ငံ တော် သည် မည် သည့် အ ခါ တည် မည် ကို ဖာ ရိ ရှဲ တို့ မေး မြန်း ကြ သော် ကိုယ် တော် က ဘု ရား သ ခင့် နိုင် ငံ တော် တည် ခြင်း သည် မျက် မြင် ထင် ရှား သည် မ ဟုတ်။
  • 21 ကြည့် လော့၊ ဤ တွင် ထို တွင် ရှိ သည် ဟု ဆို ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နိုင် ငံ တော် သည် သင် တို့ ဘောင် တွင် တည် ပြီ ဟု ပြန်၍ မိန့် တော် မူ၏။
  • 22 တ ပည့် တော် တို့ အား လည်း ကိုယ် တော် က လူ့ သား၏ နေ့ တစ် နေ့ နှင့် သင် တို့ ကြုံ ကြိုက် လို သော နေ့ ရက် ကာ လ ရောက် တော့ မည်။ သို့ ရာ တွင် ကြုံ ကြိုက် ကြ ရ ကြ မည် မ ဟုတ်။
  • 23 ထို ကာ လ၊ ကြည့် လော့။ ထို တွင် ဤ တွင် ရှိ သည် ဟု ဆို ကြ သော် လည်း မ လိုက် မ သွား ကြ နှင့်။
  • 24 လျှပ် စစ် သည် မိုး ကောင်း ကင် တစ် ပိုင်း မှ ပြက် သော် တစ် ပိုင်း တိုင် ထွန်း လင်း သ ကဲ့ သို့ ကိုယ့် နေ့ တော်၌ လူ့ သား ဖြစ် လိမ့် မည်။
  • 25 ထို နေ့ တော် မ တိုင် မီ လူ့ သား သည် ဒု က္ခ များ စွာ ခံ၍ ယ ခု လူ မျိုး၏ ငြင်း ပယ် ခြင်း ကို ခံ ရ ဦး မည်။
  • 26 နော ဧ သည် သင်္ဘော ထဲ သို့ ဝင် လျှင် ရေ ဘေး သင့်၍ ရှိ သ မျှ ကို ဖျက် ဆီး သည့် နေ့ မ တိုင် မ ချင်း စား သောက် လျက်၊ အိမ် ထောင် လျက်၊ ပေး စား လျက် ရှိ နေ ကြ ရာ နော ဧ လက် ထက် တွင် ဖြစ် သ ကဲ့ သို့ လူ့ သား၏ နေ့ ရက် ကာ လ တွင် ဖြစ် လိမ့် မည်။
  • 27 -
  • 28 လော တ လက် ထက် တွင် လည်း စား သောက် ရောင်း ဝယ် လျက် စိုက် ပျိုး တည် ဆောက် လျက် ရှိ နေ ကြ ရာ၊
  • 29 သော ဒုံ မြို့ က လော တ ထွက် သွား သည့် နေ့ တွင် ကောင်း ကင် မှ ကန့် မီး ကျ ရွာ၍ ရှိ သ မျှ ကို ဖျက် ဆီး သည့် နည်း တူ၊
  • 30 လူ့ သား ပေါ် တော် မူ သည့် နေ့ တွင် ဖြစ် လိမ့် မည်။
  • 31 ထို နေ့၌ အိမ် မိုး ပေါ် တွင် ရှိ နေ သူ သည် အိမ် တွင်း ရှိ ပ စ္စည်း ကို ယူ ရန် ဆင်း သက် ခြင်း၊ လယ် တွင် ရှိ နေ သူ သည် ပြန် ခြင်း ကို မ ပြု စေ လင့်။
  • 32 လော တ၏ မ ယား ကို သ တိ ရ ကြ လော့။
  • 33 ကိုယ့် အ သက် ကို ရ ရန် ရှာ ကြံ သူ တိုင်း အ သက် ရှုံး လိမ့် မည်။ ရှုံး သူ တိုင်း ကား ရ လိမ့် မည်။
  • 34 ထို ညဉ့်၌ အိပ် ရာ တစ် ခု တွင် လူ နှစ် ဦး ရှိ ရာ တစ် ဦး ကို သိမ်း ယူ၍ တစ် ဦး ကျန် ရစ် လ တ္တံ့။
  • 35 ကြိတ် ဆုံ ကြိတ် လျက် မိန်း မ နှစ် ဦး ရှိ ရာ တစ် ဦး ကို သိမ်း ယူ၍ တစ် ဦး ကျန် ရစ် လ တ္တံ့ ငါ ဆို သည် ဟု မိန့် တော် မူ၏။
  • 36 -
  • 37 ထို အ ခါ တ ပည့် တော် တို့ က အ ရှင် ဘု ရား၊ မည် သည့် အ ရပ် တွင် ဖြစ် ပါ မည် နည်း ဟု မေး လျှောက် ကြ သော် အ သေ ကောင် ရှိ ရာ အ ရပ် တွင် ရွှေ လင်း တ တို့ စု ရုံး ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
回到本卷目录 回到本版本目录 回到首页